သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းနယ္စပ္ မယ္ဆိုင္မွာ ျမန္မာလုပ္သား ၄၀ ခန္႔ ကိုဗစ္ကူးစက္


ထိုင္း-ျမန္မာနယ္စပ္ စစ္ေဆးေရးဂိတ္တခု

(Zawgyi/Unicode)

ထိုင္း-ျမန္မာနယ္စပ္ ေဒသ မယ္ဆိုင္ၿမိဳ ့ ၾကက္သြန္ရံုမွာ အလုပ္လုပ္ေနတဲ့ ျမန္မာအလုပ္သမား ၃၇ဦးဟာ ေမလ၂၆ ရက္ေန့က ကိုဗစ္ကပ္ေရာဂါကူးစက္ခံထားေၾကာင္း စစ္ေဆးေတြ႔ရိွတဲ့အတြက္ထိုင္း- ျမန္မာနယ္စပ္က နယ္စပ္ေက်းရြာေတြမွာ တရားမ၀င္ ၀င္ေရာက္လာသူေတြကို ရွာေဖြစစ္ေဆးၿပီး ကပ္ေရာဂါကာကြယ္ထိန္းခ်ဳပ္မူေတြ လုပ္ေဆာင္ေနၿပီလို႔ ခ်င္းရိုင္ၿမိဳ႕ေတာ္၀န္က ေျပာဆုိသြားပါတယ္။ ဒီသတင္းကုိ ဗြီအိုေအ သတင္းေထာက္ မေအးေအးမာက ေျပာျပေပးမွာပါ။

ထိုင္း-ျမန္မာနယ္စပ္ၿမိဳ႕ျဖစ္တဲ့ မယ္ဆိုင္ၿမိဳ႕ မွာရွိတဲ့ၾကက္သြန္႐ုံမွာ အလုပ္လုပ္ေနတဲ့ ျမန္မာႏိုင္ငံသား(၃၇) ဦး COVID 19 ကူးစက္ခံထားရတာကို ေမလ ၂၆ရက္ေန႔မွာ စစ္ေဆးေတြ႕ရၿပီးေနာက္ ျမန္မာႏိုင္ငံသား အတည္ျပဳလူနာေတြနဲ႔ ဆက္စပ္တဲ့ လူ ၁၇၀ ထက္မနည္းကို အသြားအလာေတြ ကန္႔႔သတ္လိုက္ပါတယ္။

ၾကက္သြန္စက္ရံုကုိ ပစၥည္းပို႔ေနတဲ့ ျမန္မာႏိုင္ငံသားကုန္တင္ယာဥ္ေမာင္းတဦးဟာ ဒီရက္ပို္င္းမွာပဲ ကိုဗစ္ကပ္ပိုး ကူးစက္တာကုိစစ္ေဆးေတြ႔ရွိျပီး ေဆးကုသမူခံေနရတာပါ။ ဒီေနာက္မွာေတာ့ ၾကက္သြန္ရံုမွာ အလုပ္လုပ္ေနတဲ့ ျမန္မာႏိုင္ငံသား ၄၀နီးပါး ကိုဗစ္ကပ္ပိုး ကူးစက္ေနတာကို ထပ္မံေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။ အတည္ျပဳလူနာေတြ႕ရွိတဲ့ ၾကက္သြန္စက္ရံုကုိ ေတာ့လက္ရွိမွာ အသြားအလာေတြ ကန္႕သတ္ထားၿပီး အလားတူ အလုပ္႐ုံ (၁၀) ခုကိုလည္း က်န္းမာေရးစစ္ေဆးမူေတြ လုပ္သြားမယ္လို႔ ထုိင္းအာဏာပိုင္ေတြက ဆုိပါတယ္။

ထိုင္း-ျမန္မာယ္စပ္ ၊ မယ္ဆိုင္ၿမိဳ႕ကို လာေရာက္ခဲ့တဲ့ ခ်င္းရိုင္ၿမိဳ႕ေတာ္၀န္ Mr. Prachaya Prachatakul ကေတာ့ လက္ရွိ နယ္စပ္ေတြမွာ ကိုဗစ္ကပ္ေရာဂါကူးစက္မူေတြ အျဖစ္မ်ားလာကုိ ေတြ ့ရေၾကာင္း ဒီအတြက္ နယ္စပ္ေက်းရြာေတြမွာ ခိုး၀င္သူေတြရွိေနတဲ့အတြက္ တရားမ၀င္ ေနထုိင္ေနတာေတြကို စစ္ေဆး အေရးယူတာအျပင္ ကပ္ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရးေတြ လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း ထုိင္းဘာသာနဲ႔ အခုလိုေျပာဆိုသြားပါတယ္။

“ထိုင္းႏိုင္ငံအေနနဲ ့ ကိုဗစ္၁၉ ကပ္ေရာဂါ အေရးေပၚကာလ မွာ အာဏာပိုင္ အဖြဲ ့အစည္းေတြ အားလံုး နယ္စပ္ေဒသမွာ ကန္ ့သတ္မႈေတြ နဲ ့ အသြားအလာေတြ ပိတ္ပင္ထားေပမယ့္ တရားမ၀င္နည္းလမ္းေတြနဲ ့ သြားလာ ၀င္ေရာက္လာေနတဲ ့ သူေတြရွိေနပါတယ္။

အခုလို ႏွစ္နိုင္ငံၾကား အသြားအျပန္ လုပ္ေနတဲ့အတြက္ ကပ္ေရာဂါလိႈင္းေတြဟာ ဆက္ျဖစ္ေနမွာျဖစ္လို ့ နယ္စပ္ေဒသေတြကို ကိုဗစ္ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္မူေတြ လုပ္ေဆာင္ေနပါျပီ” ဆိုၿပီး ေျပာသြားတာပါ။

အခုရက္ပိုင္းမွာပဲ ထုိင္း-ျမန္မာနယ္စပ္၊ မယ့္ဖာလြန္ေဒသက ေက်းရြာေတြကို ထိုင္းစစ္တပ္ေတြ ပိုက္စိတ္တိုက္ ရွာေဖြ စစ္ေဆးမူေတြ လုပ္ေဆာင္ေနၿပီး တရားမ၀င္ လာေရာက္ေနထိုင္ေနသူေတြကို အေရးယူ ဖမ္းဆီးမႈေတြ လုပ္ေဆာင္ေနပါတယ္။

ထိုင္းႏို္င္ငံမွာ ကုိဗစ္ တတိယလိွုင္း ကူးစက္မူေတြက ေန႔စဥ္ ေထာင္ခ်ီတိုးေနၿပီး ဒီထဲမွာ ေရႊ႕ေျပာင္းျမန္မာ အလုပ္သမားေတြၾကားမွာလည္း ကူးစက္မူေတြျဖစ္ေနပါတယ္။ ထိုင္းႏိုင္ငံမွာေတာ့ေမလ ၂၇ ရက္ေန႔ တေန႔တည္းမွာပဲ ကူးစက္သူ လူနာအသစ္ ၃၃၀၀ေက်ာ္ ရွိေနပါတယ္။

အခုခ်ိန္ထိ ကိုဗစ္အတည္ျပဳလူနာ တသိန္းေလးေသာင္းတေထာင္ေက်ာ္ရွိၿပီး ေသဆံုးသူက ၉၂၀ဦး ထက္မနည္းရွိေနေၾကာင္း ထုိင္းအစိုးရက တရား၀င္သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

..............

ထိုင်းနယ်စပ် မယ်ဆိုင်မှာ မြန်မာလုပ်သား ၄၀ ခန့် ကိုဗစ်ကူးစက်

(Unicode)

ထိုင်း-မြန်မာနယ်စပ် ဒေသ မယ်ဆိုင်မြို့ ကြက်သွန်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၃၇ဦးဟာ မေလ၂၆ ရက်နေ့က ကိုဗစ်ကပ်ရောဂါကူးစက်ခံထားကြောင်း စစ်ဆေးတွေ့ရှိတဲ့အတွက်ထိုင်း- မြန်မာနယ်စပ်က နယ်စပ်ကျေးရွာတွေမှာ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေစစ်ဆေးပြီး ကပ်ရောဂါကာကွယ်ထိန်းချုပ်မူတွေ လုပ်ဆောင်နေပြီလို့ ချင်းရိုင်မြို့တော်ဝန်က ပြောဆိုသွားပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက ပြောပြပေးမှာပါ။

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မယ်ဆိုင်မြို့ မှာရှိတဲ့ကြက်သွန်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား(၃၇) ဦး COVID 19 ကူးစက်ခံထားရတာကို မေလ ၂၆ရက်နေ့မှာ စစ်ဆေးတွေ့ရပြီးနောက် မြန်မာနိုင်ငံသား အတည်ပြုလူနာတွေနဲ့ ဆက်စပ်တဲ့ လူ ၁၇၀ ထက်မနည်းကို အသွားအလာတွေ ကန့့်သတ်လိုက်ပါတယ်။

ကြက်သွန်စက်ရုံကို ပစ္စည်းပို့နေတဲ့ မြန်မာနိုင်ငံသားကုန်တင်ယာဉ်မောင်းတဦးဟာ ဒီရက်ပိုင်းမှာပဲ ကိုဗစ်ကပ်ပိုး ကူးစက်တာကိုစစ်ဆေးတွေ့ရှိပြီး ဆေးကုသမူခံနေရတာပါ။ ဒီနောက်မှာတော့ ကြက်သွန်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၄၀နီးပါး ကိုဗစ်ကပ်ပိုး ကူးစက်နေတာကို ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အတည်ပြုလူနာတွေ့ရှိတဲ့ ကြက်သွန်စက်ရုံကို တော့လက်ရှိမှာ အသွားအလာတွေ ကန့်သတ်ထားပြီး အလားတူ အလုပ်ရုံ (၁၀) ခုကိုလည်း ကျန်းမာရေးစစ်ဆေးမူတွေ လုပ်သွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

ထိုင်း-မြန်မာယ်စပ် ၊ မယ်ဆိုင်မြို့ကို လာရောက်ခဲ့တဲ့ ချင်းရိုင်မြို့တော်ဝန် Mr. Prachaya Prachatakul ကတော့ လက်ရှိ နယ်စပ်တွေမှာ ကိုဗစ်ကပ်ရောဂါကူးစက်မူတွေ အဖြစ်များလာကို တွေ့ရကြောင်း ဒီအတွက် နယ်စပ်ကျေးရွာတွေမှာ ခိုးဝင်သူတွေရှိနေတဲ့အတွက် တရားမဝင် နေထိုင်နေတာတွေကို စစ်ဆေး အရေးယူတာအပြင် ကပ်ရောဂါကာကွယ် ထိန်းချုပ်ရေးတွေ လုပ်ဆောင်နေပြီဖြစ်ကြောင်း ထိုင်းဘာသာနဲ့ အခုလိုပြောဆိုသွားပါတယ်။

“ထိုင်းနိုင်ငံအနေနဲ့ ကိုဗစ်၁၉ ကပ်ရောဂါ အရေးပေါ်ကာလ မှာ အာဏာပိုင် အဖွဲ့အစည်းတွေ အားလုံး နယ်စပ်ဒေသမှာ ကန့်သတ်မှုတွေ နဲ့ အသွားအလာတွေ ပိတ်ပင်ထားပေမယ့် တရားမဝင်နည်းလမ်းတွေနဲ့ သွားလာ ဝင်ရောက်လာနေတဲ့ သူတွေရှိနေပါတယ်။

အခုလို နှစ်နိုင်ငံကြား အသွားအပြန် လုပ်နေတဲ့အတွက် ကပ်ရောဂါလှိုင်းတွေဟာ ဆက်ဖြစ်နေမှာဖြစ်လို့ နယ်စပ်ဒေသတွေကို ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မူတွေ လုပ်ဆောင်နေပါပြီ” ဆိုပြီး ပြောသွားတာပါ။

အခုရက်ပိုင်းမှာပဲ ထိုင်း-မြန်မာနယ်စပ်၊ မယ့်ဖာလွန်ဒေသက ကျေးရွာတွေကို ထိုင်းစစ်တပ်တွေ ပိုက်စိတ်တိုက် ရှာဖွေ စစ်ဆေးမူတွေ လုပ်ဆောင်နေပြီး တရားမဝင် လာရောက်နေထိုင်နေသူတွေကို အရေးယူ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ် တတိယလှိုင်း ကူးစက်မူတွေက နေ့စဉ် ထောင်ချီတိုးနေပြီး ဒီထဲမှာ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေကြားမှာလည်း ကူးစက်မူတွေဖြစ်နေပါတယ်။ ထိုင်းနိုင်ငံမှာတော့မေလ ၂၇ ရက်နေ့ တနေ့တည်းမှာပဲ ကူးစက်သူ လူနာအသစ် ၃၃၀၀ကျော် ရှိနေပါတယ်။

အခုချိန်ထိ ကိုဗစ်အတည်ပြုလူနာ တသိန်းလေးသောင်းတထောင်ကျော်ရှိပြီး သေဆုံးသူက ၉၂၀ဦး ထက်မနည်းရှိနေကြောင်း ထိုင်းအစိုးရက တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG