သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နယ္စပ္တင္းက်ပ္မႈၾကားက ႏိုင္ငံျခားသား ၃,၀၀၀ ေက်ာ္ဝင္ေရာက္ခဲ့ - ထိုင္းထုတ္ျပန္


ကန္ခ်နဘူရီျပည္နယ္ထဲကုိ ခိုးဝင္လာတဲ့ ျမန္မာႏုိင္ငံသားမ်ား။ (ေမ ၁၃၊ ၂၀၂၁)

(Zawgyi / Unicode)

ထိုင္း-ျမန္မာနယ္စပ္ ကန္ခ်နဘူရီျပည္နယ္အတြင္းမွာ ထိုင္းလံုၿခံဳေရးတပ္ဖဲြ႔ေတြ တင္းက်ပ္စြာ ခ်ထားတဲ့ၾကားကပဲ ျမန္မာႏုိင္ငံသား အမ်ားစုပါတဲ့ တရားမဝင္ ႏုိင္ငံျခားသားေတြ ဝင္ေရာက္လာတာ မတ္လကေန ေမလအထိဆုိရင္ လူဦးေရ ၃,၀၀၀ ေက်ာ္ရွိေၾကာင္း ထုိင္းအာဏာပိုင္ေတြက ထုတ္ေဖာ္ေျပာဆုိပါတယ္။ အျပည့္အစုံကို မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္း-ျမန္မာနယ္စပ္ ကန္ခ်နဘူရီျပည္နယ္ထဲကို မတ္လကေန ေမလအတြင္း ေတာလမ္းေတြကေနတဆင့္ ျမန္မာႏုိင္ငံသားေတြ အစုလုိက္ အၿပံဳလိုက္ ဝင္ေရာက္လာေနတာေၾကာင့္ ထုိင္းအာဏာပိုင္ေတြက လုံၿခံဳေရးတင္းက်ပ္ၿပီး ဖမ္းဆီးမႈေတြ လုပ္ေနတာပါ။ မတ္လကေန ေမလလယ္အထိ ဖမ္းမိတဲ့ တရားမဝင္ ႏုိင္ငံျခားသား ၃,၀၀၀ ေက်ာ္ရွိေၾကာင္း ထုိင္းအာဏာပိုင္ေတြက ထုတ္ေဖာ္ေျပာဆိုခ်က္ကို ကုိးကားၿပီး ထုိင္းေတာင္ပုိင္းအေျခစိုက္ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးေရးေဖာင္ေဒးရွင္းက အလုပ္သမားေရး လႈပ္ရွားသူ ဦးမင္းဦးက အခုလိုေျပာပါတယ္။

“၃ လေပါင္းေပါ့၊ မတ္ကေန အခု ၅ လပိုင္းအထိေပါ့၊ မတ္လထဲမွာ ၁,၃၀၀ ေက်ာ္မိတယ္၊ ဧၿပီလထဲမွာပဲ ၁,၃၀၀ ေက်ာ္ ၁,၄၀၀ နီးပါးပဲ၊ က်န္တဲ့ဟာေတြက အခုေနာက္ပုိင္း ထပ္မိတာေပါ့၊ အဲဒါေပါင္းလိုက္ရင္ ၃,၀၀၀ ေက်ာ္တယ္။ အဲဒီထဲမွာ ျမန္မာအမ်ားဆံုးပဲ။ က်ေနာ္ေျပာတာက ျမန္မာတဖဲြ႔တည္းကို ေျပာတာမဟုတ္ဘူး။ ျမန္မာေရာ လာအိုေရာ ကေမၻာဒီးယားေရာ အားလံုးကိုေျပာတာပါ၊ ျမန္မာကေတာ့ အမ်ားဆံုးေပါ့။”

ျမန္မာႏုိင္ငံမွာ ႏုိင္ငံေရးမတည္ၿငိမ္မႈ၊ စီးပြားေရး အဆင္မေျပမႈေတြေၾကာင့္ အိမ္နီးခ်င္း ထိုင္းႏုိင္ငံထဲကုိ ျမန္မာႏို္္င္ငံသားေတြ အစုလိုက္အၿပံဳလိုက္ ဝင္ေရာက္လာေနၾကတာ ျဖစ္တယ္လို႔လည္း အလုပ္သမား အခြင့္အေရး လႈပ္ရွားသူေတြက သံုးသပ္ၾကပါတယ္။

ကန္ခ်နဘူရီျပည္နယ္ စံခဘူရီခ႐ုိင္ ေနာင္လူနယ္စပ္ကေန တရားမဝင္ ဝင္ေရာက္လာတဲ့ ျမန္မာႏို္္င္ငံသားမ်ားကို ဖမ္းမိတာဟာ ဧၿပီလနဲ႔ ေမလ တလေက်ာ္အတြင္း လူဦးေရ ၉၂၇ ဦးရွိတယ္လို႔လည္း ေနာင္လူနယ္စပ္မွာရွိတဲ့ ထုိင္းနယ္ျခားေစာင့္တပ္က မေန႔က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ေမလ ၁၃ ရက္ေန႔ကေတာ့ ပကၽြတ္ခ႐ုိင္ထဲမွာ ျမန္မာႏုိင္ငံသား ၅၀ ေလာက္ ထပ္မံဖမ္းဆီးခံရေၾကာင္း ဦးမင္းဦးက ဆက္ေျပာျပပါတယ္။

“၅၀ ကေတာ့ ပကၽြတ္ခ႐ုိင္ တာဘြန္ (ေက်းရြာအုပ္စု) ကေတာ့ ေအာင္ႏိြဳင္းလို႔ေခၚတယ္။ ရြာကေတာ့ ရြာအမွတ္ ၁၂၊ အဲဒီေနရာကေန ဝင္လာတာေပါ့ဗ်ာ၊ အဲဒီေနရာမွာ မိတာေပါ့။ ဖမ္းမိတာ ဒါက ပကၽြတ္ၿမိဳ႕နယ္၊ ၿမိဳ႕နဲ႔နီးနီးေပါ့၊ သူတို႔ကလည္း မိတာကလည္း ဟုိမွာကလည္း ေနစရာ စားစရာေရာ အလုပ္အကုိင္ ရွားပါးတာေတြ၊ အလုပ္ေတြ မရိွတဲ့အခါက်ေတာ့ ထုိင္းကလည္း အနီးဆံုးျဖစ္ေနတယ္ေလ။ ေနာက္တခုက ဒီမွာရိွတဲ့ ေဆြမ်ိဳးသားခ်င္းေတြ ေခၚလို႔ ဆက္သြယ္ၿပီးေတာ့လည္း လာၾကတာမ်ိဳး။ ေနာက္တခုကေတာ့ ပဲြစားေတြက အယံုသြင္းတာကို မိၿပီး လာၾကတာေပါ့။”

ထုိင္းကိုခိုးဝင္လာတဲ့ ျမန္မာႏုိင္ငံသားေတြဟာ အရင္ကဆုိရင္ ဆယ္ဂဏန္းေလာက္ အစုအေဝးသာ ရွိခဲ့ေပမယ့္ အခုလပို္င္းေတြမွာေတာ့ တေန႔တည္း ရာဂဏန္းေလာက္ထိ ဝင္လာေနၾကတာပါ။ ထိုင္းလံုၿခံဳေရးတပ္ဖဲြ႔ေတြ လံုၿခံဳေရးအားနည္းတဲ့ ေတာလမ္းေတြကို သံုးၿပီး ဝင္ေနၾကတာလို႔လည္း ထုိင္းအာဏာပိုင္ေတြက ဆုိပါတယ္။ တခ်ိဳ႕လည္း ေက်းရြာေတြကိုေရာက္ၿပီး တပတ္ ၁၀ ရက္ၾကာမွ ထုိင္းႏုိင္ငံသားေတြက သတင္းေပးလို႔ ဖမ္းမိတာေတြလည္း ရွိေနပါတယ္။

ထိုင္းရဲဗိုလ္ခ်ဳပ္ Narit Thawornwong နဲ႔ အဖြဲ႔ဝင္ေတြဟာ အခုရက္ပိုင္းအတြင္းမွာ ထိုင္း-ျမန္မာနယ္စပ္ေဒသေတြကို ရဟတ္ယာဥ္နဲ႔ သြားေရာက္စစ္ေဆးခဲ့ၿပီး နယ္စပ္လံုၿခံဳေရးကို ပုိမို္ေစာင့္ၾကည့္ဖို႔အတြက္ သက္ဆိုင္ရာ နယ္စပ္အာဏာပုိင္ေတြကို ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ လံုၿခံဳေရးတပ္ေတြ တိုးျမႇင့္ခ်ထားၿပီး ၂၄ နာရီ ကင္းလွည့္ဖို႔ ညႊန္ၾကားခဲ့တယ္လို႔လည္း ေဒသဆုိင္ရာ ထုိင္းသတင္းေတြမွာ ေဖာ္ျပၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------

(Unicode)

နယ်စပ်တင်းကျပ်မှုကြားက နိုင်ငံခြားသား ၃,၀၀၀ ကျော်ဝင်ရောက်ခဲ့ - ထိုင်းထုတ်ပြန်

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ်အတွင်းမှာ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေ တင်းကျပ်စွာ ချထားတဲ့ကြားကပဲ မြန်မာနိုင်ငံသား အများစုပါတဲ့ တရားမဝင် နိုင်ငံခြားသားတွေ ဝင်ရောက်လာတာ မတ်လကနေ မေလအထိဆိုရင် လူဦးရေ ၃,၀၀၀ ကျော်ရှိကြောင်း ထိုင်းအာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုပါတယ်။ အပြည့်အစုံကို မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ်ထဲကို မတ်လကနေ မေလအတွင်း တောလမ်းတွေကနေတဆင့် မြန်မာနိုင်ငံသားတွေ အစုလိုက် အပြုံလိုက် ဝင်ရောက်လာနေတာကြောင့် ထိုင်းအာဏာပိုင်တွေက လုံခြုံရေးတင်းကျပ်ပြီး ဖမ်းဆီးမှုတွေ လုပ်နေတာပါ။ မတ်လကနေ မေလလယ်အထိ ဖမ်းမိတဲ့ တရားမဝင် နိုင်ငံခြားသား ၃,၀၀၀ ကျော်ရှိကြောင်း ထိုင်းအာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေး လှုပ်ရှားသူ ဦးမင်းဦးက အခုလိုပြောပါတယ်။

“၃ လပေါင်းပေါ့၊ မတ်ကနေ အခု ၅ လပိုင်းအထိပေါ့၊ မတ်လထဲမှာ ၁,၃၀၀ ကျော်မိတယ်၊ ဧပြီလထဲမှာပဲ ၁,၃၀၀ ကျော် ၁,၄၀၀ နီးပါးပဲ၊ ကျန်တဲ့ဟာတွေက အခုနောက်ပိုင်း ထပ်မိတာပေါ့၊ အဲဒါပေါင်းလိုက်ရင် ၃,၀၀၀ ကျော်တယ်။ အဲဒီထဲမှာ မြန်မာအများဆုံးပဲ။ ကျနော်ပြောတာက မြန်မာတဖွဲ့တည်းကို ပြောတာမဟုတ်ဘူး။ မြန်မာရော လာအိုရော ကမ္ဘောဒီးယားရော အားလုံးကိုပြောတာပါ၊ မြန်မာကတော့ အများဆုံးပေါ့။”

မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေး အဆင်မပြေမှုတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံထဲကို မြန်မာနို်င်ငံသားတွေ အစုလိုက်အပြုံလိုက် ဝင်ရောက်လာနေကြတာ ဖြစ်တယ်လို့လည်း အလုပ်သမား အခွင့်အရေး လှုပ်ရှားသူတွေက သုံးသပ်ကြပါတယ်။

ကန်ချနဘူရီပြည်နယ် စံခဘူရီခရိုင် နောင်လူနယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနို်င်ငံသားများကို ဖမ်းမိတာဟာ ဧပြီလနဲ့ မေလ တလကျော်အတွင်း လူဦးရေ ၉၂၇ ဦးရှိတယ်လို့လည်း နောင်လူနယ်စပ်မှာရှိတဲ့ ထိုင်းနယ်ခြားစောင့်တပ်က မနေ့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မေလ ၁၃ ရက်နေ့ကတော့ ပကျွတ်ခရိုင်ထဲမှာ မြန်မာနိုင်ငံသား ၅၀ လောက် ထပ်မံဖမ်းဆီးခံရကြောင်း ဦးမင်းဦးက ဆက်ပြောပြပါတယ်။

“၅၀ ကတော့ ပကျွတ်ခရိုင် တာဘွန် (ကျေးရွာအုပ်စု) ကတော့ အောင်နွိုင်းလို့ခေါ်တယ်။ ရွာကတော့ ရွာအမှတ် ၁၂၊ အဲဒီနေရာကနေ ဝင်လာတာပေါ့ဗျာ၊ အဲဒီနေရာမှာ မိတာပေါ့။ ဖမ်းမိတာ ဒါက ပကျွတ်မြို့နယ်၊ မြို့နဲ့နီးနီးပေါ့၊ သူတို့ကလည်း မိတာကလည်း ဟိုမှာကလည်း နေစရာ စားစရာရော အလုပ်အကိုင် ရှားပါးတာတွေ၊ အလုပ်တွေ မရှိတဲ့အခါကျတော့ ထိုင်းကလည်း အနီးဆုံးဖြစ်နေတယ်လေ။ နောက်တခုက ဒီမှာရှိတဲ့ ဆွေမျိုးသားချင်းတွေ ခေါ်လို့ ဆက်သွယ်ပြီးတော့လည်း လာကြတာမျိုး။ နောက်တခုကတော့ ပွဲစားတွေက အယုံသွင်းတာကို မိပြီး လာကြတာပေါ့။”

ထိုင်းကိုခိုးဝင်လာတဲ့ မြန်မာနိုင်ငံသားတွေဟာ အရင်ကဆိုရင် ဆယ်ဂဏန်းလောက် အစုအဝေးသာ ရှိခဲ့ပေမယ့် အခုလပိုင်းတွေမှာတော့ တနေ့တည်း ရာဂဏန်းလောက်ထိ ဝင်လာနေကြတာပါ။ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေ လုံခြုံရေးအားနည်းတဲ့ တောလမ်းတွေကို သုံးပြီး ဝင်နေကြတာလို့လည်း ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ တချို့လည်း ကျေးရွာတွေကိုရောက်ပြီး တပတ် ၁၀ ရက်ကြာမှ ထိုင်းနိုင်ငံသားတွေက သတင်းပေးလို့ ဖမ်းမိတာတွေလည်း ရှိနေပါတယ်။

ထိုင်းရဲဗိုလ်ချုပ် Narit Thawornwong နဲ့ အဖွဲ့ဝင်တွေဟာ အခုရက်ပိုင်းအတွင်းမှာ ထိုင်း-မြန်မာနယ်စပ်ဒေသတွေကို ရဟတ်ယာဉ်နဲ့ သွားရောက်စစ်ဆေးခဲ့ပြီး နယ်စပ်လုံခြုံရေးကို ပိုမိုစောင့်ကြည့်ဖို့အတွက် သက်ဆိုင်ရာ နယ်စပ်အာဏာပိုင်တွေကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လုံခြုံရေးတပ်တွေ တိုးမြှင့်ချထားပြီး ၂၄ နာရီ ကင်းလှည့်ဖို့ ညွှန်ကြားခဲ့တယ်လို့လည်း ဒေသဆိုင်ရာ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG