သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏုိင္ငံတြင္း ႏုိင္ငံျခားသားေတြ ကိုဗစ္ကာကြယ္ေဆး ထိုးေပးမည္


ဘန္ေကာက္ၿမိဳ႕မွာ သံဃာေတာ္ေတြကို ကိုဗစ္ကာကြယ္ေဆး ထုိးေပးေနတဲ့ က်န္းမာေရးဝန္ထမ္းတဦး။ (ေမ ၁၈၊ ၂၀၂၁)

(Zawgyi / Unicode)

ထိုင္းႏုိင္ငံမွာ တေက်ာ့ျပန္ ကုိဗစ္တတိယလႈိင္း ကူးစက္မႈႏႈန္းဟာ စိုးရိမ္စရာ အေျခအေန ျဖစ္လာတာေၾကာင့္ အေရးေပၚအေျခအေနကို ေနာက္ထပ္ႏွစ္လ တိုးျမႇင့္လိုက္သလို ထုိင္းႏုိင္ငံအတြင္းမွာ ေရာက္ရွိေနတဲ့ ႏုိင္ငံျခားသားေတြ ကာကြယ္ေဆးထိုးဖို႔အတြက္ ဇြန္လ ၇ ရက္ေန႔ကစတင္ၿပီး စာရင္းေပးသြင္းဖို႔ ရက္သတ္မွတ္လိုက္ပါတယ္။ အျပည့္အစုံကုိ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္းႏုိင္ငံအတြင္း ေရာက္ရွိေနၾကတဲ့ ႏုိင္ငံျခားသားအားလံုးဟာ မိမိေရာက္ရွိေနတဲ့ ေဒသက အနီးဆံုး က်န္းမာေရးစင္တာေတြမွာ ကာကြယ္ေဆးထိုးဖို႔ ဇြန္လ ၇ ရက္ေန႔ကစၿပီး မွတ္ပံုတင္ၾကမွာ ျဖစ္တယ္လို႔ ႏုိင္ငံျခားေရးဌာနက ေျပာေရးဆုိခြင့္ရွိသူက ထုတ္ျပန္ေျပာဆိုသြားပါတယ္။

ေရႊ႕ေျပာင္းအလုပ္သမားေတြၾကားမွာေတာ့ ကိုဗစ္ကာကြယ္ေဆးထုိးဖို႔ မွတ္ပံုတင္ၾကမလား ဆိုတာ ေသခ်ာမသိရေသးေပမယ့္ အမ်ားစုက ကိုဗစ္ကာကြယ္ေဆးထုိးဖို႔ စိုးရိမ္စိတ္ေတြ ရွိိေနတယ္လို႔ ေရႊ႕ေျပာင္းအလုပ္သမား အခြင့္အေရးကြန္ရက္ရဲ႕ ဥကၠ႒ ဦးေအာင္ေက်ာ္က ဆုိပါတယ္။

“ေရႊ႕ေျပာင္းအလုပ္သမားေတြကို သူတို႔ စက္႐ုံအလုပ္႐ုံ အသီးသီးကေန သတင္းအခ်က္အလက္ေတြ ေတာင္းေနတာ ၾကာၿပီ။ လုပ္သားေတြက မေပးၾကဘူး။ အခုလို ေရႊ႕ေျပာင္းအလုပ္သမားေတြကို ထုိင္းဥပေဒပုဒ္မ ၃၃ အရ လူူမႈဖူလံုေရး (ပကန္ဆန္ခြန္း) ဝင္ထားတဲ့အတြက္ တန္းတူခံစားခြင့္ ရွိတယ္ဆုိၿပီး ထုိးေပးတာကို မင္းတို႔ထုိးသင့္ပါတယ္လို႔ က်ေနာ္တို႔က အႀကံျပဳတယ္။ ထိုင္းသတင္းေတြမွာလည္း တကယ္လည္း ပါတဲ့ကိစၥေတြ ရွိေနတာက အခန္႔မသင့္လို႔ ေလျဖတ္တာတုိ႔ ေသဆံုးတာတို႔ေတြ ျဖစ္ေနေတာ့ သူတို႔က မထုိးခ်င္ဘူးဆိုၿပီး ျငင္းဆန္ေနၾကတာခင္ဗ်။”

၂၀၂၁ ဧၿပီလကစၿပီး ဘန္ေကာက္ၿမိဳ႕ ဧရိယာထဲက ႏုိက္ကလပ္ေတြကေန စတင္ကူးစက္ ျပန္႔လာတဲ့ ကိုဗစ္တတိယလႈိင္းဟာ အခုဆိုရင္ စက္႐ုံေတြ ေဆာက္လုပ္ေရးဆိုက္ေတြက ေရႊ႕ေျပာင္းအလုပ္သမားေတြကို ကူးစက္လာေနသလို အက်ဥ္းေထာင္ေတြထဲမွာလည္း စိုးရိမ္ဖြယ္ ျပန္႔ပြားကူးစက္လာေနတာပါ။

အခုဆိုရင္ တလအတြင္း ႏုိင္ငံတဝန္း ပိုးေတြ႔လူနာ ၉၄,၀၀၀ အထိ ျမင့္တက္သြားခဲ့တယ္္လို႔ ထုိင္းသတင္းေတြမွာ ေဖာ္ျပၾကပါတယ္။

ထိုင္းႏုိင္ငံမွာ ျမန္မာႏုိင္ငံသားေတြ အပါအဝင္ ကူးစက္ျမန္ ကိုဗစ္ေရာဂါပိုး အမ်ဳိးအစားသစ္ ကူးစက္သူ ေရႊ႕ေျပာင္းအလုပ္သမား ၁၅ ေယာက္နဲ႔ ထိုင္းႏုိင္ငံသား ၂၁ ေယာက္ စုစုေပါင္း ၃၆ ေယာက္ကို ပထမဆုံးအႀကိမ္အျဖစ္ စစ္ေဆးေတြ႔ရွိခဲ့ေၾကာင္း ထိုင္းက်န္းမာေရး အရာရွိေတြက ေသာၾကာေန႔က ေျပာပါတယ္။

ေသာၾကာေန႔မွာပဲ ထိုင္းဝန္ႀကီးခ်ဳပ္ Prayuth Chan-o-cha ဦးေဆာင္ၿပီး Centre for COVID-19 Situation Administration (CCSA) ကပ္ေရာဂါထိန္းခ်ဳပ္ေရး ဗဟိုက တာဝန္ရွိသူေတြနဲ႔ က်န္းမာေရးဝန္ႀကီးဌာနတို႔ ေတြ႔ဆံုေဆြးေႏြးပြဲအၿပီးမွာ ကပ္ေဘးအေရးေပၚကာလ ေနာက္ထပ္ႏွစ္လ တိုးျမႇင့္ဖုိ႔ ဆံုးျဖတ္လိုက္တာျဖစ္ေၾကာင္း ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ ထဝီဆင္က ထိုင္းဘာသာနဲ႔ ေျပာသြားပါတယ္။

ထိုင္းႏုိင္ငံမွာ ကုိဗစ္အတည္ျပဳလူနာ ၁၂၆,၀၀၀ ေက်ာ္ရွိၿပီး ေမလ ၂၂ ရက္ေန႔ တေန႔တည္းမွာပဲ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၃,၀၅၂ ေယာက္ထိ ရွိေနပါတယ္။ ကုိဗစ္တတိယလႈိင္း ကူးစက္မႈမွာေတာ့ ေန႔စဥ္ ေထာင္ခ်ီကူးစက္မႈေတြျဖစ္ေနၿပီး အခုထိ ေသဆံုးသူ ၇၅၉ ဦးထိရွိလာေၾကာင္း ထုိင္းအစုိးရက အတည္ျပဳ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ထိုင်းနိုင်ငံတွင်း နိုင်ငံခြားသားတွေ ကိုဗစ်ကာကွယ်ဆေး ထိုးပေးမည်

ထိုင်းနိုင်ငံမှာ တကျော့ပြန် ကိုဗစ်တတိယလှိုင်း ကူးစက်မှုနှုန်းဟာ စိုးရိမ်စရာ အခြေအနေ ဖြစ်လာတာကြောင့် အရေးပေါ်အခြေအနေကို နောက်ထပ်နှစ်လ တိုးမြှင့်လိုက်သလို ထိုင်းနိုင်ငံအတွင်းမှာ ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေ ကာကွယ်ဆေးထိုးဖို့အတွက် ဇွန်လ ၇ ရက်နေ့ကစတင်ပြီး စာရင်းပေးသွင်းဖို့ ရက်သတ်မှတ်လိုက်ပါတယ်။ အပြည့်အစုံကို မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေကြတဲ့ နိုင်ငံခြားသားအားလုံးဟာ မိမိရောက်ရှိနေတဲ့ ဒေသက အနီးဆုံး ကျန်းမာရေးစင်တာတွေမှာ ကာကွယ်ဆေးထိုးဖို့ ဇွန်လ ၇ ရက်နေ့ကစပြီး မှတ်ပုံတင်ကြမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ပြောဆိုသွားပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေကြားမှာတော့ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ မှတ်ပုံတင်ကြမလား ဆိုတာ သေချာမသိရသေးပေမယ့် အများစုက ကိုဗစ်ကာကွယ်ဆေးထိုးဖို့ စိုးရိမ်စိတ်တွေ ရှိနေတယ်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က ဆိုပါတယ်။

“ရွှေ့ပြောင်းအလုပ်သမားတွေကို သူတို့ စက်ရုံအလုပ်ရုံ အသီးသီးကနေ သတင်းအချက်အလက်တွေ တောင်းနေတာ ကြာပြီ။ လုပ်သားတွေက မပေးကြဘူး။ အခုလို ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းဥပဒေပုဒ်မ ၃၃ အရ လူူမှုဖူလုံရေး (ပကန်ဆန်ခွန်း) ဝင်ထားတဲ့အတွက် တန်းတူခံစားခွင့် ရှိတယ်ဆိုပြီး ထိုးပေးတာကို မင်းတို့ထိုးသင့်ပါတယ်လို့ ကျနော်တို့က အကြံပြုတယ်။ ထိုင်းသတင်းတွေမှာလည်း တကယ်လည်း ပါတဲ့ကိစ္စတွေ ရှိနေတာက အခန့်မသင့်လို့ လေဖြတ်တာတို့ သေဆုံးတာတို့တွေ ဖြစ်နေတော့ သူတို့က မထိုးချင်ဘူးဆိုပြီး ငြင်းဆန်နေကြတာခင်ဗျ။”

၂၀၂၁ ဧပြီလကစပြီး ဘန်ကောက်မြို့ ဧရိယာထဲက နိုက်ကလပ်တွေကနေ စတင်ကူးစက် ပြန့်လာတဲ့ ကိုဗစ်တတိယလှိုင်းဟာ အခုဆိုရင် စက်ရုံတွေ ဆောက်လုပ်ရေးဆိုက်တွေက ရွှေ့ပြောင်းအလုပ်သမားတွေကို ကူးစက်လာနေသလို အကျဉ်းထောင်တွေထဲမှာလည်း စိုးရိမ်ဖွယ် ပြန့်ပွားကူးစက်လာနေတာပါ။

အခုဆိုရင် တလအတွင်း နိုင်ငံတဝန်း ပိုးတွေ့လူနာ ၉၄,၀၀၀ အထိ မြင့်တက်သွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အပါအဝင် ကူးစက်မြန် ကိုဗစ်ရောဂါပိုး အမျိုးအစားသစ် ကူးစက်သူ ရွှေ့ပြောင်းအလုပ်သမား ၁၅ ယောက်နဲ့ ထိုင်းနိုင်ငံသား ၂၁ ယောက် စုစုပေါင်း ၃၆ ယောက်ကို ပထမဆုံးအကြိမ်အဖြစ် စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထိုင်းကျန်းမာရေး အရာရှိတွေက သောကြာနေ့က ပြောပါတယ်။

သောကြာနေ့မှာပဲ ထိုင်းဝန်ကြီးချုပ် Prayuth Chan-o-cha ဦးဆောင်ပြီး Centre for COVID-19 Situation Administration (CCSA) ကပ်ရောဂါထိန်းချုပ်ရေး ဗဟိုက တာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ ကပ်ဘေးအရေးပေါ်ကာလ နောက်ထပ်နှစ်လ တိုးမြှင့်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ထဝီဆင်က ထိုင်းဘာသာနဲ့ ပြောသွားပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၁၂၆,၀၀၀ ကျော်ရှိပြီး မေလ ၂၂ ရက်နေ့ တနေ့တည်းမှာပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃,၀၅၂ ယောက်ထိ ရှိနေပါတယ်။ ကိုဗစ်တတိယလှိုင်း ကူးစက်မှုမှာတော့ နေ့စဉ် ထောင်ချီကူးစက်မှုတွေဖြစ်နေပြီး အခုထိ သေဆုံးသူ ၇၅၉ ဦးထိရှိလာကြောင်း ထိုင်းအစိုးရက အတည်ပြု ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG