သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကူးစက်မှုတိုးလာတဲ့ ထိုင်းနိုင်ငံ ကာကွယ်ဆေး ပိုဝယ်နိုင်ဖို့ လိုလား


ကိုဗစ်ကာကွယ်ဆေး ထိုးဖို့ ပြင်ဆင်နေတဲ့ ထိုင်းကျန်းမာရေးဝန်ထမ်းတဦး။ (မတ် ၁၇၊ ၂၀၂၁)
ကိုဗစ်ကာကွယ်ဆေး ထိုးဖို့ ပြင်ဆင်နေတဲ့ ထိုင်းကျန်းမာရေးဝန်ထမ်းတဦး။ (မတ် ၁၇၊ ၂၀၂၁)

(Zawgyi / Unicode)

ထိုင်းနိုင်ငံသားတွေအတွက် ကိုဗစ်ရောဂါကာကွယ်ဆေး ပထမတလုံးကို လူအရေအတွက် များနိုင်သမျှများများ ထိုးပေးနိုင်ဖို့ ကာကွယ်ဆေး ထပ်ရချင်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ဘန်ကောက်မြို့တော်မှာ ရောဂါပိုးကူးစက်သူ အရေအတွက် စံချိန်တင် တိုးလာချိန်မှာပဲ ဝန်ကြီးချုပ် ပရာယုသ် ချန်အိုချာက အခုလို ပြောလိုက်တာပါ။

ဘန်ကောက်မြို့တော်မှာ ကိုဗစ်ကာကွယ်ရေး ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို မေလ ၁၇ ရက်နေ့အထိ သက်တမ်းတိုးလိုက်တယ်လို့ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့က သောကြာညမှာ ကြေညာပါတယ်။ အဲဒီကန့်သတ်ချက်တွေဟာ မူလက ဒီသီတင်းပတ်ကုန်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။

စားသောက်ဆိုင်တွေအနေနဲ့ ပါဆယ်ပဲ ရောင်းရမှာဖြစ်သလို ဘားတွေ၊ လေ့ကျင့်ခန်းလုပ်တဲ့ ခန်းမတွေ၊ အားကစားရုံတွေနဲ့ လက်ဝှေ့ရုံတွေ အပါအဝင် နေရာဌာန ၃၅ မျိုးကို ပိတ်ထားရမှာဖြစ်ပြီး တခြား စီးပွားရေးလုပ်ငန်းတွေအတွက် ဖွင့်တဲ့အချိန်ကို ကန့်သတ်ထားပါတယ်။

ဘန်ကောက်မြို့တော်မှာ ကိုဗစ်ကူးစက်သူ အရေအတွက်ဟာ ဒီလအစောပိုင်းကတည်းက နေ့စဉ် ၅၀၀ ကျော် တိုးလာနေပြီး လျော့ကျမယ့် အရိပ်လက္ခဏာ မတွေ့ရသေးဘူးလို့ ထိုင်းအစိုးရရဲ့ COVID-19 အခြေအနေဆိုင်ရာဌာန ပြောခွင့်ရ Taweesilp Visanuyothin က ပြောပါတယ်။ ဒီကနေ့ဆိုရင် ထိုင်းနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ ၂,၄၁၉ ယောက် ထပ်တိုးသလို သေဆုံးသူ ၂၇ ယောက် ထပ်တိုးပါတယ်။

ထိုင်းနိုင်ငံလူဦးရေရဲ့ ၂ ရာခိုင်နှုန်းကျော်ပဲ ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးရသေးပြီး လူအများအပြားကို ဆေးထိုးပေးမယ့် အစီအစဉ်က နောက်လအထိ စနိုင်ဦးမှာ မဟုတ်သေးပါဘူး။

အရွယ်ရောက်ပြီးသားလူဦးရေ သန်းပေါင်း ၆၀ လောက်ရှိတဲ့ ထိုင်းနိုင်ငံမှာ လူတိုင်းကို ကာကွယ်ဆေးနှစ်ကြိမ် ထိုးပေးနိုင်ဖို့ ဆေးအရေအတွက် သန်း ၁၂၀ ထက်မနည်း လိုအပ်ပြီး နိုင်ငံခြားသား အလုပ်သမားတွေ အတွက်လည်း ထည့်စဉ်းစားရမယ်လို့ ဝန်ကြီးချုပ် ပရာယုသ်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)









XS
SM
MD
LG