သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းအက်ဥ္းေထာင္ေတြမွာ ကိုဗစ္ကူးစက္သူ တိုးလာ


ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ အခ်ဳပ္ေထာင္ထဲတြင္ ေတြ႔ရတဲ့ အစိုးရဆန္႔က်င္ေရးလႈပ္ရွားမႈ လူငယ္ေခါင္းေဆာင္ Panupong "Mike" Jadnok နဲ႔ Jatupat "Pai" Boonpattararaksa။ (မတ္ ၁၅၊ ၂၀၂၁)

[Zawgyi/Unicode]

ထိုင္းႏုိင္ငံရဲ႕ ကုိဗစ္တတိယလိႈင္းအတြင္း ေန႔စဥ္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူအေရအတြက္ ၄,၈၈၇ ေယာက္နဲ႔ စံခ်ိန္ခ်ဳိးေအာင္ တုိးမ်ားလာတဲ့ထဲ ၂,၈၃၅ ေယာက္က ေထာင္က်အက်ဥ္းသားေတြ ျဖစ္ၾကပါတယ္။ လူျပည့္က်ပ္ေနတဲ့ ထိုင္းအက်ဥ္းေထာင္ေတြထဲမွာ ကိုဗစ္ကူးစက္မႈ ေနာက္တေက်ာ့ျပန္ျဖစ္ေနတာပါ။

“အခ်ဳပ္ေထာင္က အခန္းတုိ္င္းကို လံုးဝပိတ္ထားလိုက္ပါၿပီ။ တခ်ဳိ႕ဧရိယာေတြမွာ ပိုးကူးစက္ လူနာေတြကို ကုသဖို႔ ယာယီေဆး႐ံုေတြလည္း ေဆာက္ထားၿပီးပါၿပီ။” လို႔ အက်ဥ္းဦးစီးဌာန အမႈေဆာင္ ဒါ႐ိုက္တာခ်ဳပ္ Ayuth Sintoppant က ဒီကေန႔ အြန္လိုင္းသတင္းစာရွင္းလင္းပြဲမွာေျပာခဲ့ပါတယ္။

ဘန္ေကာက္ၿမိဳ႕ေတာ္ အခ်ဳပ္ေထာင္တြင္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူေတြထဲ အမႈစစ္ဖို႔ ဆိုင္းငံ့ထားတဲ့ အစိုးရဆန္႔က်င္ေရးလႈပ္ရွားမႈ လူငယ္ေခါင္းေဆာင္ Panupong "Mike" Jadnok လည္း ပါဝင္ပါတယ္။

မေန႔ ေမလ ၁၂ ရက္က အာမခံနဲ႔ျပန္လြတ္လာတဲ့ Panusaya ကေတာ့ သူ ေဆး႐ံု ေရာက္ သားၿပီး ကိုဗစ္ကူးစက္ခံေနရေၾကာင္း စမ္းသပ္ေတြ႔ရွိတဲ့အတြက္ လႊတ္ေပးလိုက္ေၾကာင္း တြစ္တာကေန ေရးပါတယ္။ တျခား အက်ဥ္းခ်ခံထားရတဲ့ လူ႔အခြင့္အေရးလႈပ္ရွားသူ ေရွ႕ေန အာႏြန္ နမ္ပါနဲ႔ တက္ႂကြ လႈပ္ရွားသူ ေနာက္တေယာက္လည္းပဲ ပိုးကူးစက္အတည္ျပဳခံထားၾကရပါတယ္။

မႏွစ္က ကပ္ေရာဂါစကတည္းက ထိုင္းႏုိင္ငံမွာ ပိုးေတြ႔အတည္ျပဳလူနာ စုစုေပါင္း ၉၄,၀၀၀ နီးပါး ရွိေနၿပီး အခုေနာက္ဆံုးေသဆံုးသူ ၃၂ ေယာက္နဲ႔ေပါင္းရင္ ေသဆံုးသူ စုစုေပါင္းက ၅၁၈ ေယာက္ ရွိေနၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းအကျဉ်းထောင်တွေမှာ ကိုဗစ်ကူးစက်သူ တိုးလာ

ထိုင်းနိုင်ငံရဲ့ ကိုဗစ်တတိယလှိုင်းအတွင်း နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက် ၄,၈၈၇ ယောက်နဲ့ စံချိန်ချိုးအောင် တိုးများလာတဲ့ထဲ ၂,၈၃၅ ယောက်က ထောင်ကျအကျဉ်းသားတွေ ဖြစ်ကြပါတယ်။ လူပြည့်ကျပ်နေတဲ့ ထိုင်းအကျဉ်းထောင်တွေထဲမှာ ကိုဗစ်ကူးစက်မှု နောက်တကျော့ပြန်ဖြစ်နေတာပါ။

“အချုပ်ထောင်က အခန်းတိုင်းကို လုံးဝပိတ်ထားလိုက်ပါပြီ။ တချို့ဧရိယာတွေမှာ ပိုးကူးစက် လူနာတွေကို ကုသဖို့ ယာယီဆေးရုံတွေလည်း ဆောက်ထားပြီးပါပြီ။” လို့ အကျဉ်းဦးစီးဌာန အမှုဆောင် ဒါရိုက်တာချုပ် Ayuth Sintoppant က ဒီကနေ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။

ဘန်ကောက်မြို့တော် အချုပ်ထောင်တွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေထဲ အမှုစစ်ဖို့ ဆိုင်းငံ့ထားတဲ့ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှု လူငယ်ခေါင်းဆောင် Panupong "Mike" Jadnok လည်း ပါဝင်ပါတယ်။

မနေ့ မေလ ၁၂ ရက်က အာမခံနဲ့ပြန်လွတ်လာတဲ့ Panusaya ကတော့ သူ ဆေးရုံ ရောက် သားပြီး ကိုဗစ်ကူးစက်ခံနေရကြောင်း စမ်းသပ်တွေ့ရှိတဲ့အတွက် လွှတ်ပေးလိုက်ကြောင်း တွစ်တာကနေ ရေးပါတယ်။ တခြား အကျဉ်းချခံထားရတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ရှေ့နေ အာနွန် နမ်ပါနဲ့ တက်ကြွ လှုပ်ရှားသူ နောက်တယောက်လည်းပဲ ပိုးကူးစက်အတည်ပြုခံထားကြရပါတယ်။

မနှစ်က ကပ်ရောဂါစကတည်းက ထိုင်းနိုင်ငံမှာ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း ၉၄,၀၀၀ နီးပါး ရှိနေပြီး အခုနောက်ဆုံးသေဆုံးသူ ၃၂ ယောက်နဲ့ပေါင်းရင် သေဆုံးသူ စုစုပေါင်းက ၅၁၈ ယောက် ရှိနေပြီဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG