သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာကုိဗစ္ကူးစက္မႈသစ္ ကူးစက္ျမန္ဗုိင္းရပ္စ္ပုိးေၾကာင့္ ျဖစ္ႏုိင္ (ေဒါက္တာခင္ခင္ႀကီး)


ေဒါက္တာခင္ခင္ႀကီး။

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ မၾကာေသးခင္ကစလုိ႔ ကုိဗစ္ေရာဂါ ကူးစက္မႈေတြ တုိးလာေနတာဟာ အိမ္နီးခ်င္း အိႏၵိယႏုိင္ငံက ကူးစက္ျမန္ ပုိးမ်ဳိးကဲြသစ္ေၾကာင့္ ျဖစ္မွာကုိ က်န္းမာေရး တာဝန္ရွိသူေတြ စုိးရိမ္ေနပါတယ္။ ျမန္မာႏုိင္ငံမွာ ကူးစက္မႈႏႈန္း ခန္႔မွန္းေခ် ၃ ရာခုိင္ႏႈန္းေလာက္ ရွိေနရာကေန ဒီတပတ္ထဲမွာ ၂ ဆနီးပါး ၆ ရာခုိင္ႏႈန္းေလာက္အထိ တုိးလာခဲ့ၿပီး အိႏိၵယႏုိင္ငံ နယ္စပ္မွာဆိုရင္လည္း ၆၀ ရာခုိင္ႏႈန္းအထိ ရွိခဲ့တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန သတင္းျပန္ၾကားေရး အဖဲြ႔ဝင္ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။ ကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာန ညႊန္ၾကားေရးမွဴးလည္းျဖစ္တဲ့ ေဒါက္တာခင္ခင္ႀကီးကုိ ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

အခု ကုိဗစ္ပိုး စစ္တဲ့အထဲက ပိုးေတြ႔ႏႈန္း ထူးထူးျခားျခား တက္လာတာကို ေဒါက္တာခင္ခင္ႀကီးက “ပိုးေတြ႔တဲ့ႏႈန္းကုိ အရင္ကနဲ႔ ႏႈိင္းဆလုိက္ရင္ ၿပီးခဲ့တဲ့အပတ္ေလာက္က စၿပီးေတာ့ ၃ ရာခုိင္ႏႈန္းေက်ာ္ေက်ာ္ တက္လာတဲ့ေန႔ေတြ စရွိလာပါတယ္။ ဒါေပမယ့္ တေန႔မွာေတာ့ ၉၆ ေယာက္ တက္ၿပီးေတာ့ ၅.၃၇ ရာခုိင္ႏႈန္းအထိ တက္သြားတာကို ေတြ႔ရပါတယ္။ အဲဒီလုိပဲ ၿပီးခဲ့တဲ့ တရက္ျခားမွာ စစ္ေဆးတဲ့သူ ၁,၂၀၀ ေက်ာ္မွာ ပုိးေတြ႔တဲ့သူ ၇၂ ဦး ေတြ႔ပါတယ္။ ဒါလည္း ပိုးေတြ႔တဲ့ ရာခုိင္ႏႈန္း ၅.၈၅ ဆုိေတာ့ ၆ ရာခုိင္ႏႈန္းနီးနီး ရွိလာတာ ေတြ႔ရပါတယ္။” လုိ႔ ေျပာပါတယ္။

ကိုဝင္းမင္း - အဲ့ဒီေတာ့ ပုိးေတြ႔ႏႈန္းတက္လာတဲ့ အေၾကာင္းရင္း ထူးျခားမႈေရာ ေတြ႔ထားမိလား။

ေဒါက္တာခင္ခင္ႀကီး - “ျမန္မာႏုိင္ငံရဲ႕ ေနရာ ၂ ေနရာမွာ ၿမိဳ႕နယ္ ၂ ခုမွာ အစုလုိက္ ပုိးေတြ႔သူေတြ ျဖစ္ပြားတာေတြရွိလို႔ ျဖစ္ပါတယ္။ ပထမ ၉၆ ေယာက္ေတြ႔တယ္ဆုိတဲ့ ဟာမွာလည္း စစ္ကိုင္းတုိင္း တမူးမွာျဖစ္ပြားတဲ့ ပုိးေတြ႔သူ စုစုေပါင္း ၅၆ ေယာက္ပါလုိ႔ ျဖစ္ပါတယ္။ အဲဒီေန႔မွာပဲ ခ်င္းျပည္နယ္ တြန္းဇံၿမိဳ႕နယ္က က်ည္ခါးဆုိတဲ့ ေက်းရြာမွာလည္း ပိုးေတြ႔ရွိသူ ၁၁ ယောက္ေတြ႔ပါတယ္။ တေန႔က ၇၂ ေယာက္မွာလည္း စစ္ကုိင္းတုိင္း တမူးက ေရာဂါျဖစ္ပြားသူ ေနာက္ထပ္ ၃၁ ေယာက္ ပါပါတယ္။ ဒါဆုိရင္ စစ္ကုိင္းတုိင္း တမူးမွာ ေရာဂါျဖစ္ပြားတဲ့သူက ၁၀၀ နီးနီးကပ္ေနၿပီဆုိတာ ေတြ႔ရမွာ ျဖစ္ပါတယ္။”

ကိုဝင္းမင္း - ဒီေနရာမွာ တျခားေဒသေတြမွာေရာ တက္လာတဲ့ ထူးျခားမႈ ေတြ႔မိသေးလား။

ေဒါက္တာခင္ခင္ႀကီး - “ေရာဂါျဖစ္ပြားမႈေတြက အမ်ားအားျဖင့္ေတာ့ ပုံမွန္အားျဖင့္ဆုိရင္ေတာ့ တုိင္းနဲ႔ျပည္နယ္ေတြအႏွံ႔ ျဖစ္တယ္ဆုိေပမယ့္ တုိင္းနဲ႔ျပည္နယ္တုိင္း မဟုတ္ဘဲနဲ႔ တခ်ဳိ႕တုိင္းနဲ႔ျပည္နယ္ရဲ႕ ၿမိဳ႕နယ္ေတြမွာပဲ ပိုၿပီးေတာ့ ျဖစ္ေနတာကို ေတြ႔ရွိရမွာ ျဖစ္ပါတယ္။ အထူးသျဖင့္ တနသၤာရီတုိင္းဆုိရင္ ထားဝယ္မွာ ျဖစ္ပြားတာေတြ ေတြ႔ရပါတယ္။ ဧရာဝတီတုိင္းဆုိရင္ ပုသိမ္မွာ ေတြ႔ရတာ မ်ားပါတယ္။ အဲလုိပဲ မြန္ျပည္နယ္မွာဆုိ ေမာ္လၿမိဳင္မွာ ေတြ႔ရတယ္။ စစ္ကိုင္းတုိင္းဆုိရင္ မုံရြာမွာ ေတြ႔ရွိရတာ မ်ားပါတယ္။”

ကိုဝင္းမင္း - အဲဒီေတာ့ အိႏၵိယနယ္စပ္မွာရွိတဲ့ ျပည္နယ္နဲ႔တုိင္းမွာ အခုလို ပိုးေတြ႔ႏႈန္း တက္လာတာေၾကာင့္ ျမန္မာတျပည္လုံး တုိင္းနဲ႔ျပည္နယ္မွာ ပုိးေတြ႔ႏႈန္း အေနအထားေရာ ထူးျခားမႈျဖစ္လာလား။

ေဒါက္တာခင္ခင္ႀကီး - “၂၇ ရက္ ၅ လအထိဆုိရင္ေတာ့ ရန္ကုန္တုိင္းက အမ်ားဆုံးေပါ့။ ဒုတိယက စစ္ကိုင္း၊ တတိယက ဧရာဝတီ၊ စတုတၳေနရာမွာ တနသၤာရီနဲ႔ ပၪၥမေတာ့ မြန္ ရွိေနပါတယ္။ သုိ႔ေသာ္ စစ္ကိုင္းတုိင္း တမူးမွာ ပိုးေတြ႔ရွိမႈေတြက ပိုတက္လာတဲ့အတြက္ စစ္ကိုင္းတုိင္းမွာ Case ေတြ ျဖစ္ပြားမႈက ရန္ကုန္တုိင္းထက္ ပိုၿပီးေတာ့ သာခ်င္ေတာင္ သာႏုိင္ပါတယ္။ စာရင္းအတိအက်ေတာ့ က်မတုိ႔ မလုပ္ရေသးပါဘူး။ ၂၇ ရက္ေန႔အထိကေတာ့ ရန္ကုန္တုိင္းက အမ်ားဆုံးေပမယ့္ ၂၈ ရက္ ေဒတာအရဆုိရင္ေတာ့ စစ္ကုိင္းတုိင္းက အမ်ားဆုံးျဖစ္သြားတဲ့ အေနအထား ရွိပါတယ္။”

ကုိဝင္းမင္း - ဒီေနရာမွာ စစ္ကုိင္းတုိင္းရဲ႕ ပုိးေတြ႔တာ စတက္လာတာရဲ႕ ထူးျခားမႈေရာ သတိထားမိလား။

ေဒါက္တာခင္ခင္ႀကီး - “စစ္ကုိင္းတုိင္းမွာျဖစ္တယ္ ဆုိတာကလည္း ဒီေနရာမွာ အခ်ဳပ္ခံရတဲ့သူ ၃ ေယာက္မွာ စၿပီးေတြ႔တာ ျဖစ္ပါတယ္။ အဲဒီ ၃ ေယာက္ကေန သူတုိ႔ရဲ႕ Contact ေတြ စစ္လိုက္တဲ့အခါမွာ ေနာက္ထပ္ ပုိးေတြ႔တဲ့သူ ၅၃ ေယာက္ေတြ႔တာ ျဖစ္ပါတယ္။ တေန႔မွာေတာ့ ထပ္စစ္လုိက္တာ ေနာက္ထပ္ ၃၁ ေယာက္ ေတြ႔ပါတယ္။ ဒါေတြက အဲဒီေနရာမွာပဲ အစုလို္က္ေတြ႔ရွိတယ္ ဆုိတာက ဒီေနရာမွာ ေရာဂါျဖစ္ပြားမႈက သာမန္ထက္ကို ကူးစက္မႈေတြက ပိုျမန္တယ္ဆုိတာကုိ လုံးဝ ေဖာ္ျပေနပါတယ္။ ေနာက္တခုက တမူးတို႔ က်ည္ခါးတို႔ အဲဒီေနရာေတြက အိႏၵိယ Border နဲ႔လည္း နီးစပ္ေနတယ္၊ တရားမဝင္ သြားလာတာေတြ ရွိတယ္။ တရားဝင္ကေတာ့ ဧၿပီလ ၂၇ ရက္ကစၿပီးေတာ့ ပိတ္ထားေပမယ့္ တရားမဝင္တဲ့ နယ္စပ္ၿမိဳ႕ေတြဆုိေတာ့ ဝင္ထြက္တာေတြကလည္း ျဖစ္ႏုိင္ေခ်ေတာ့ ရွိပါတယ္။”

ကုိဝင္းမင္း - အခုလုိ ျဖစ္ႏုိင္ေခ်အတြက္ သံသယျဖစ္စရာ အခ်က္အလက္ေတြေရာ ေတြ႔ထားလား။

ေဒါက္တာခင္ခင္ႀကီး - “လက္ရွိအေနအထားအရေတာ့ ထူးျခားခ်က္က အရင္ထက္စာလုိ႔ရွိရင္ ပိုၿပီးေတာ့ ကူးစက္မႈက ျမန္ဆန္တယ္။ အထူးသျဖင့္ဆုိ ပထမ ၅ ေယာက္စစ္တယ္၊ ၃ ေယာက္ပုိးေတြ႔တယ္ဆုိေတာ့ ဒါ ၆၀ ရာခုိင္ႏႈန္း ပိုးေတြ႔ႏႈန္း ျဖစ္ပါတယ္။ ေနာက္ထပ္ သူ႔ရဲ႕ Contact ေတြ ၉၇ ေယာက္ စစ္တာမွာ ၅၃ ေယာက္ေတြ႔တယ္။ စသျဖင့္ ဒါကိုၾကည့္လုိက္ရင္ ကူးစက္မႈ Transmission က အလြန္ျမန္ေနတယ္၊ မ်ားေနတယ္ဆုိတာ သိႏိုင္တဲ့အတြက္ ဒါဟာ ဗီဇေျပာင္းပုိး၊ အထူးသျဖင့္ အိႏၵိယက ဗီဇေျပာင္းပိုးမ်ား ျဖစ္ေနမလားဆုိၿပီးေတာ့ က်မတို႔အေနနဲ႔ သံသယရွိပါတယ္။ ဒါနဲ႔ပတ္သက္လို႔ရွိရင္ ဓာတ္ခြဲနမူနာေတြကို Reference Lab မွာ ေပးပို႔ဖို႔ကိစၥေတြ ေဆာင္ရြက္ေနသလိုပဲ တၿပိဳင္နက္တည္းမွာလည္း ျမန္မာႏုိင္ငံ DMR မွာလည္း Genetic Sequencing လုိ႔ေခၚတဲ့ မ်ဳိး႐ုိးဗီဇ စစ္ေဆးတဲ့ဟာေတြ လုပ္ဖုိ႔လည္း ေဆာင္ရြက္ေနပါတယ္။ ဒါေၾကာင့္မုိ႔ ျပည္သူေတြအေနနဲ႔ေတာ့ ေပါ့ဆလို႔မရတဲ့ အေနအထား ျဖစ္ပါတယ္။ အဲလိုပဲ ခ်င္းျပည္နယ္ က်ည္ခါးမွာလည္း ၁၁ ေယာက္ ပုိးေတြ႔ပါတယ္။ ၁၁ ေယာက္ထဲမွာ ၇ ေယာက္က ေအာက္ဆီဂ်င္ေပးရတဲ့ အေနအထား ရွိတဲ့အတြက္ အသင့္အတင့္ ဆုိးတယ္လို႔ ေျပာလုိ႔ရပါတယ္။”

ကိုဝင္းမင္း - ဟုတ္ကဲ့၊ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ေဒါက္တာခင္ခင္ႀကီးခင္ဗ်ား။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

မြန်မာကိုဗစ်ကူးစက်မှုသစ် ကူးစက်မြန်ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်နိုင် (ဒေါက်တာခင်ခင်ကြီး)

မြန်မာနိုင်ငံမှာ မကြာသေးခင်ကစလို့ ကိုဗစ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာဟာ အိမ်နီးချင်း အိန္ဒိယနိုင်ငံက ကူးစက်မြန် ပိုးမျိုးကွဲသစ်ကြောင့် ဖြစ်မှာကို ကျန်းမာရေး တာဝန်ရှိသူတွေ စိုးရိမ်နေပါတယ်။ မြန်မာနိုင်ငံမှာ ကူးစက်မှုနှုန်း ခန့်မှန်းချေ ၃ ရာခိုင်နှုန်းလောက် ရှိနေရာကနေ ဒီတပတ်ထဲမှာ ၂ ဆနီးပါး ၆ ရာခိုင်နှုန်းလောက်အထိ တိုးလာခဲ့ပြီး အိန္ဒိယနိုင်ငံ နယ်စပ်မှာဆိုရင်လည်း ၆၀ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန သတင်းပြန်ကြားရေး အဖွဲ့ဝင် ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ ကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူးလည်းဖြစ်တဲ့ ဒေါက်တာခင်ခင်ကြီးကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

အခု ကိုဗစ်ပိုး စစ်တဲ့အထဲက ပိုးတွေ့နှုန်း ထူးထူးခြားခြား တက်လာတာကို ဒေါက်တာခင်ခင်ကြီးက “ပိုးတွေ့တဲ့နှုန်းကို အရင်ကနဲ့ နှိုင်းဆလိုက်ရင် ပြီးခဲ့တဲ့အပတ်လောက်က စပြီးတော့ ၃ ရာခိုင်နှုန်းကျော်ကျော် တက်လာတဲ့နေ့တွေ စရှိလာပါတယ်။ ဒါပေမယ့် တနေ့မှာတော့ ၉၆ ယောက် တက်ပြီးတော့ ၅.၃၇ ရာခိုင်နှုန်းအထိ တက်သွားတာကို တွေ့ရပါတယ်။ အဲဒီလိုပဲ ပြီးခဲ့တဲ့ တရက်ခြားမှာ စစ်ဆေးတဲ့သူ ၁,၂၀၀ ကျော်မှာ ပိုးတွေ့တဲ့သူ ၇၂ ဦး တွေ့ပါတယ်။ ဒါလည်း ပိုးတွေ့တဲ့ ရာခိုင်နှုန်း ၅.၈၅ ဆိုတော့ ၆ ရာခိုင်နှုန်းနီးနီး ရှိလာတာ တွေ့ရပါတယ်။” လို့ ပြောပါတယ်။

ကိုဝင်းမင်း - အဲ့ဒီတော့ ပိုးတွေ့နှုန်းတက်လာတဲ့ အကြောင်းရင်း ထူးခြားမှုရော တွေ့ထားမိလား။

ဒေါက်တာခင်ခင်ကြီး - “မြန်မာနိုင်ငံရဲ့ နေရာ ၂ နေရာမှာ မြို့နယ် ၂ ခုမှာ အစုလိုက် ပိုးတွေ့သူတွေ ဖြစ်ပွားတာတွေရှိလို့ ဖြစ်ပါတယ်။ ပထမ ၉၆ ယောက်တွေ့တယ်ဆိုတဲ့ ဟာမှာလည်း စစ်ကိုင်းတိုင်း တမူးမှာဖြစ်ပွားတဲ့ ပိုးတွေ့သူ စုစုပေါင်း ၅၆ ယောက်ပါလို့ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ ချင်းပြည်နယ် တွန်းဇံမြို့နယ်က ကျည်ခါးဆိုတဲ့ ကျေးရွာမှာလည်း ပိုးတွေ့ရှိသူ ၁၁ ယောက်တွေ့ပါတယ်။ တနေ့က ၇၂ ယောက်မှာလည်း စစ်ကိုင်းတိုင်း တမူးက ရောဂါဖြစ်ပွားသူ နောက်ထပ် ၃၁ ယောက် ပါပါတယ်။ ဒါဆိုရင် စစ်ကိုင်းတိုင်း တမူးမှာ ရောဂါဖြစ်ပွားတဲ့သူက ၁၀၀ နီးနီးကပ်နေပြီဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။”

ကိုဝင်းမင်း - ဒီနေရာမှာ တခြားဒေသတွေမှာရော တက်လာတဲ့ ထူးခြားမှု တွေ့မိသေးလား။

ဒေါက်တာခင်ခင်ကြီး - “ရောဂါဖြစ်ပွားမှုတွေက အများအားဖြင့်တော့ ပုံမှန်အားဖြင့်ဆိုရင်တော့ တိုင်းနဲ့ပြည်နယ်တွေအနှံ့ ဖြစ်တယ်ဆိုပေမယ့် တိုင်းနဲ့ပြည်နယ်တိုင်း မဟုတ်ဘဲနဲ့ တချို့တိုင်းနဲ့ပြည်နယ်ရဲ့ မြို့နယ်တွေမှာပဲ ပိုပြီးတော့ ဖြစ်နေတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် တနင်္သာရီတိုင်းဆိုရင် ထားဝယ်မှာ ဖြစ်ပွားတာတွေ တွေ့ရပါတယ်။ ဧရာဝတီတိုင်းဆိုရင် ပုသိမ်မှာ တွေ့ရတာ များပါတယ်။ အဲလိုပဲ မွန်ပြည်နယ်မှာဆို မော်လမြိုင်မှာ တွေ့ရတယ်။ စစ်ကိုင်းတိုင်းဆိုရင် မုံရွာမှာ တွေ့ရှိရတာ များပါတယ်။”

ကိုဝင်းမင်း - အဲဒီတော့ အိန္ဒိယနယ်စပ်မှာရှိတဲ့ ပြည်နယ်နဲ့တိုင်းမှာ အခုလို ပိုးတွေ့နှုန်း တက်လာတာကြောင့် မြန်မာတပြည်လုံး တိုင်းနဲ့ပြည်နယ်မှာ ပိုးတွေ့နှုန်း အနေအထားရော ထူးခြားမှုဖြစ်လာလား။

ဒေါက်တာခင်ခင်ကြီး - “၂၇ ရက် ၅ လအထိဆိုရင်တော့ ရန်ကုန်တိုင်းက အများဆုံးပေါ့။ ဒုတိယက စစ်ကိုင်း၊ တတိယက ဧရာဝတီ၊ စတုတ္ထနေရာမှာ တနင်္သာရီနဲ့ ပဉ္စမတော့ မွန် ရှိနေပါတယ်။ သို့သော် စစ်ကိုင်းတိုင်း တမူးမှာ ပိုးတွေ့ရှိမှုတွေက ပိုတက်လာတဲ့အတွက် စစ်ကိုင်းတိုင်းမှာ Case တွေ ဖြစ်ပွားမှုက ရန်ကုန်တိုင်းထက် ပိုပြီးတော့ သာချင်တောင် သာနိုင်ပါတယ်။ စာရင်းအတိအကျတော့ ကျမတို့ မလုပ်ရသေးပါဘူး။ ၂၇ ရက်နေ့အထိကတော့ ရန်ကုန်တိုင်းက အများဆုံးပေမယ့် ၂၈ ရက် ဒေတာအရဆိုရင်တော့ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်သွားတဲ့ အနေအထား ရှိပါတယ်။”

ကိုဝင်းမင်း - ဒီနေရာမှာ စစ်ကိုင်းတိုင်းရဲ့ ပိုးတွေ့တာ စတက်လာတာရဲ့ ထူးခြားမှုရော သတိထားမိလား။

ဒေါက်တာခင်ခင်ကြီး - “စစ်ကိုင်းတိုင်းမှာဖြစ်တယ် ဆိုတာကလည်း ဒီနေရာမှာ အချုပ်ခံရတဲ့သူ ၃ ယောက်မှာ စပြီးတွေ့တာ ဖြစ်ပါတယ်။ အဲဒီ ၃ ယောက်ကနေ သူတို့ရဲ့ Contact တွေ စစ်လိုက်တဲ့အခါမှာ နောက်ထပ် ပိုးတွေ့တဲ့သူ ၅၃ ယောက်တွေ့တာ ဖြစ်ပါတယ်။ တနေ့မှာတော့ ထပ်စစ်လိုက်တာ နောက်ထပ် ၃၁ ယောက် တွေ့ပါတယ်။ ဒါတွေက အဲဒီနေရာမှာပဲ အစုလိုက်တွေ့ရှိတယ် ဆိုတာက ဒီနေရာမှာ ရောဂါဖြစ်ပွားမှုက သာမန်ထက်ကို ကူးစက်မှုတွေက ပိုမြန်တယ်ဆိုတာကို လုံးဝ ဖော်ပြနေပါတယ်။ နောက်တခုက တမူးတို့ ကျည်ခါးတို့ အဲဒီနေရာတွေက အိန္ဒိယ Border နဲ့လည်း နီးစပ်နေတယ်၊ တရားမဝင် သွားလာတာတွေ ရှိတယ်။ တရားဝင်ကတော့ ဧပြီလ ၂၇ ရက်ကစပြီးတော့ ပိတ်ထားပေမယ့် တရားမဝင်တဲ့ နယ်စပ်မြို့တွေဆိုတော့ ဝင်ထွက်တာတွေကလည်း ဖြစ်နိုင်ချေတော့ ရှိပါတယ်။”

ကိုဝင်းမင်း - အခုလို ဖြစ်နိုင်ချေအတွက် သံသယဖြစ်စရာ အချက်အလက်တွေရော တွေ့ထားလား။

ဒေါက်တာခင်ခင်ကြီး - “လက်ရှိအနေအထားအရတော့ ထူးခြားချက်က အရင်ထက်စာလို့ရှိရင် ပိုပြီးတော့ ကူးစက်မှုက မြန်ဆန်တယ်။ အထူးသဖြင့်ဆို ပထမ ၅ ယောက်စစ်တယ်၊ ၃ ယောက်ပိုးတွေ့တယ်ဆိုတော့ ဒါ ၆၀ ရာခိုင်နှုန်း ပိုးတွေ့နှုန်း ဖြစ်ပါတယ်။ နောက်ထပ် သူ့ရဲ့ Contact တွေ ၉၇ ယောက် စစ်တာမှာ ၅၃ ယောက်တွေ့တယ်။ စသဖြင့် ဒါကိုကြည့်လိုက်ရင် ကူးစက်မှု Transmission က အလွန်မြန်နေတယ်၊ များနေတယ်ဆိုတာ သိနိုင်တဲ့အတွက် ဒါဟာ ဗီဇပြောင်းပိုး၊ အထူးသဖြင့် အိန္ဒိယက ဗီဇပြောင်းပိုးများ ဖြစ်နေမလားဆိုပြီးတော့ ကျမတို့အနေနဲ့ သံသယရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ရှိရင် ဓာတ်ခွဲနမူနာတွေကို Reference Lab မှာ ပေးပို့ဖို့ကိစ္စတွေ ဆောင်ရွက်နေသလိုပဲ တပြိုင်နက်တည်းမှာလည်း မြန်မာနိုင်ငံ DMR မှာလည်း Genetic Sequencing လို့ခေါ်တဲ့ မျိုးရိုးဗီဇ စစ်ဆေးတဲ့ဟာတွေ လုပ်ဖို့လည်း ဆောင်ရွက်နေပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့တော့ ပေါ့ဆလို့မရတဲ့ အနေအထား ဖြစ်ပါတယ်။ အဲလိုပဲ ချင်းပြည်နယ် ကျည်ခါးမှာလည်း ၁၁ ယောက် ပိုးတွေ့ပါတယ်။ ၁၁ ယောက်ထဲမှာ ၇ ယောက်က အောက်ဆီဂျင်ပေးရတဲ့ အနေအထား ရှိတဲ့အတွက် အသင့်အတင့် ဆိုးတယ်လို့ ပြောလို့ရပါတယ်။”

ကိုဝင်းမင်း - ဟုတ်ကဲ့၊ ကျေးဇူးအများကြီးတင်ပါတယ် ဒေါက်တာခင်ခင်ကြီးခင်ဗျား။

XS
SM
MD
LG