{{Zawgyi/Unicode}}
ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံက ကုန္ကူးၿပီး ျပန္လာသူေတြကို COVID-19 ေရာဂါ စစ္ေဆးခဲ့တာမွာ နွစ္ပတ္အတြင္း COVID-19 ေရာဂါပိုးေတြ႔ ရွိသူ ၁၂ ေယာက္အထိ တိုးလာတယ္လို႔ ျပည္နယ္က်န္းမာေရးဦးစီးဌာနက ေျပာပါတယ္။ ကမ္းကပ္ခြင့္ မျပဳေသးတဲ့ ကုန္သေဘၤာေပၚမွာ အတည္ျပဳလူနာေတြကို ေတ႔ြ႐ွိတာျဖစ္ပါတယ္။ ရခိုင္ျပည္နယ္ထဲမွာ ကိုဗစ္ဆိုင္ရာ စည္းကမ္းတင္းက်ပ္မႈေတြ က်န္းမာေရးဝန္ႀကီးဌာနက မလုပ္ေသးေပမယ့္ ျပည္သူလူထုအေနနဲ႔ က်န္းမာေရးသတိရွိဖို႔ တိုက္တြန္းထားပါတယ္။ ရခိုင္ျပည္နယ္ကလာတဲ့ သတင္းအျပည့္အစံုကို ကိုခင္ေမာင္စိုးမင္း ကေျပာျပပါမယ္။
ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံက ကုန္ကူးၿပီး ျပန္လာသူေတြကို COVID-19 ေရာဂါ စစ္ေဆးခဲ့တာမွာ နွစ္ပတ္အတြင္း COVID-19 ေရာဂါပိုးေတြ႔ ရွိသူ ၁၂ေယာက္အထိ ရွိေနၿပီလို႔ ျပည္နယ္က်န္းမာေရးဦးစီးဌာနက ေျပာခြင့္ရ ေဒါက္တာ စုိးဝင္းပိုင္ကေျပာပါတယ္။
ကမ္းကပ္ခြင့္ မေပးေသးတဲ့ ကုန္သေဘၤာ ၂ စင္းေပၚ ပါလာသူေတြကို သီးျခားခဲြထားၿပီး ေစာင့္ၾကည့္ေနတာမွာ လြန္ခဲ့တဲ့ သီတင္းပါတ္ေတြက ကိုဗစ္ အတည္ျပဳလူနာ ပထမ ၄ ေယာက္ ေတ႔ြ႐ွိခဲ့တဲ့အတြက္ သူတို႔ကို စစ္ေတြေဆး႐ံုမွာ ကုသမႈေပးခဲ့တာ အခုေတာ့ ေရာဂါေပ်ာက္ကင္းသြားၿပီလို႔ ေဒါက္တာ စိုးဝင္းပိုင္ကေျပာပါတယ္။ ေနာက္ထပ္ေတ႔ြ႐ွိထားတဲ့ အတည္ျပဳလူနာ ၈ ေယာက္ကိုလည္း ေဆးကုသေပးေနပါတယ္။
“ေနာက္ထပ္ ထပ္ေတြ႔တာဘယ္ေလာက္ က်ေနာ္ကေတာ့ ၁၂ ေယာက္ပဲ သိေသးတယ္။ ၁၂ ေယာက္မွာ ေလးေယာက္က ဆင္းသြားၿပီေပါ့ေနာ္။ ေနာက္တစ္ေယာက္ကလည္း ဆင္းၿပီလား မဆင္းေသးဘူးလား က်ေနာ္ေသခ်ာမသိေသးဘူး။ က်ေနာ္က ရန္ကုန္ေရာက္ေနတာ အခုေလာေလာဆယ္ကေတာ့ ၁၂ ေယာက္ပဲ က်ေနာ္သိထားတာဟုတ္။ ဒီေန႔စစ္တာ ရွိ္ေကာင္းရွိလမ့္မယ္။ ဘာလို႔လည္း ဆိုေတာ့ က်ေနာ္တို႔က တနဂၤလာနဲ႔ ေသာၾကာ ႏွစ္ရက္မွာ နယ္စပ္ကုန္သြယ္ေရးက လာတဲ့ သူေတြကို စစ္တာေပါ့ေနာ္။ ဒီေန႔ေတာ့ ရွိမယ္။ အေျဖကေတာ့ သိရအံုးမွာ မဟုတ္ေသးဘူး။ က်ေနာ္လည္း မသိေသးဘူးဟုတ္။”
အခုလို ဘဂၤလားေဒ႐ွ္႔ႏိုင္ငံဖက္ ျဖတ္ေက်ာ္သြားလာ ကုန္ကူးေနသူေတြ ေရာဂါကူးစက္မႉေတြရွိေနေပမယ့္လည္း စစ္ေတြ - ဘဂၤလားေဒရွ္႕ ကုန္သြယ္ေရးကေတာ့ ပံုမွန္လည္ပတ္ေနဆဲျဖစ္တယ္လို႔ ရခိုင္ျပည္ နယ္ကုန္သည္မ်ားအသင္းဥကၠ႒ ဦးတင္ေအာင္ဦး ကေျပာပါတယ္။
“ လက္ရွိအခ်ိန္ထိေတာ့ အဲလိုပိတ္ဖို႔အထိေတာ့ ညြန္ၾကားလာတာေတာ့မရွိေသးပါဘူး။ အခုက နယ္စပ္ကုန္သြယ္ေရးက ျပန္ဝင္လာတဲ့ သေဘၤာေတြကိုေတာ့ က်ေနာ္တို႔ သတ္မွတ္ထား တဲ့ေနရာမွာQ ဝင္ေစၿပီးေတာ့ အဲ Q ကေနၿပီးေတာ့မွ နွားေခါင္းတို႔ပတ္ကေတာ့ နွစ္ႀကိမ္ ယူရတာေပါ့။ လက္ရွိမွာေတာ့ ပိုးေတြ႔ေနတာေတာ့ ရွိပါတယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္ထိက ေတာ့ ျပည္နယ္ေကာင္စီဖက္ကေကာ ဘာမွ ကုန္သြယ္ေရးလမ္းေၾကာင္းပိတ္ဖို႔ ဘာညာ အေျခအေနက်ေနာ္တို႔ ညြန္ၾကားလာတဲ့ ကိစၥေတာ့ မရွိေသးပါဘူး။ ကုန္သြယ္ေရး လမ္း ေၾကာင္း ကလည္းပံုမွန္အတိုင္း ဆက္သြားေနပါတယ္။”
လက္ရွိအခ်ိန္ထိ ဘဂၤလားေဒရ္ွ႕ဖက္က ျပန္လာတဲ့ကုန္သည္ေတြကို စစ္ေတြၿမိဳ႕အျပင္ဖက္ ေရြမင္းဂံ သေဘၤာဆိပ္မွာ ထားရွိတာျဖစ္ၿပီး ဒီကေန႔အထိ အသြားအလာ ကန္႔သတ္ခန္႔ ထားရတဲ့ ကုန္သယ္၄၃ေယာက္အထိ ရွိတယ္လို႔ က်န္းမာေရးဦးစီးဌာနက ေျပာပါတယ္။
Bangladesh ႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈႏိုင္မႈ အေျခအေနဟာ သတ္မွတ္ထားတဲ့ အဆင့္ ၄ ဆင့္မွာ အျမင့္ဆံုးအဆင့္ျဖစ္တဲ့ အလြန္ကူးစက္ႏိုင္တဲ့အဆင့္မွာ ႐ွိတဲ့အတြက္ ဘဂၤလားေဒ႐ွ္႕ႏိုင္ငံကို ခရီးမသြားဖုိ႔ အေမရိကန္ေရာဂါထိမ္းခ်ဳပ္ ကာကြယ္ေရးအဖဲြ႔ CDC က ထုတ္ျပန္ထားပါတယ္။
ကိုဗစ္ကူးစက္မႉေတြနဲ႔ ပတ္သတ္ၿပီး စစ္ေတြၿမိဳ႕တြင္း ကိုဗက္စည္းကမ္း တင္းက်ပ္တာေတြ မလုပ္ေသးေပမယ့္ ျပည္သူလူထုအေနနဲ႔ မေပါ့ဆဖို႔ ျပည္နယ္က်န္းမာေရးဦးစီးဌာန ေျပာခြင့္ရ ေဒါက္တာ စိုးဝင္းပိုင္က ေျပာပါတယ္။
“ လက္ေဆးဖို႔ အိမ္ျပင္မထြက္ဖို႔ လူစုလူေဝးမလုပ္ဖို႔ တစ္ေယာက္နဲ႔ တစ္ေယာက္ ၆ေပ အကြာေနဖို႔ဆိုတာကလည္း လူတိုင္းနားလည္ထားသင့္တာေပါ့ဒါ ခဏခဏလည္း ေျပာေနျကတယ္။ ဒါေတြကေတာ့ အျမဲတမ္းလိုက္နာဖို႔ လိုတာေပါ့။ ဆရာတို႔ က်န္မာေရးဌာနကလည္း နယ္စပ္ကုန္သြယ္ေရးက ျပန္လာတာေတြရွိတယ္ဆိုရင္ သိတယ္ဆိုတာကလည္း အားလံုးကို လိုက္ၾကည့္ေနလို႔ သိတာမဟုတ္ဘူးေလ။ သတင္းေပးတဲ့သူ ပူးေပါင္း ေဆာင္ရြက္တဲ့ သူေတြရွိလို႔ သတင္းေပးတယ္ဆိုရင္ Quarantine ဝင္ရတာေပါ့ေနာ္။ ေရာဂါကူးစက္ႏိုင္ေျခရွိတဲ့ အတြက္ ျပည္သူလူထုနဲ႔ မထိေတြ႔ခင္မွာ ၁၀ရက္ Quarantineဝင္ သံုးရက္ တစ္ႀကိမ္စစ္ မေတြ႔ရင္ ၇ရက္တစ္ႀကိမ္စစ္လို႔ မေတြ႔ရင္ေတာင္မွ ၁၀ရက္ Quarantine ထားၿပီးမွ သြားခိုင္းတာ အဲဒီလုပ္ငန္းေတြကို ဆရာတို႔ ေဆာင္ရြက္ေနတယ္။”
စစ္ေတြၿမိဳ႕ထဲမွာေတာ့ ေစ်းေတြ စားေသာက္ဆိုင္ေတြနဲ႔ စတိုးဆိုင္ေတြကလည္း ပံုမွန္ဖြင့္ထားသလို ျပည္သူလူူထုၾကားမွာလည္း ပံုမွန္သြားလာေနၾကၿပီး ႏွာေခါင္းစည္း အကာအကြယ္ေတြလည္း သိပ္မတပ္ၾကေတာ့ပါဘူး။
ျမန္မာ့အိမ္နီးခ်င္း ထိုင္းႏိုင္ငံနဲ႔ အိႏၵိယႏိုင္ငံတို႔မွာ ကိုဗစ္ကပ္ေရာဂါကူးစက္မႈ စိုးရိမ္စရာေကာင္းေလာက္တဲ့ အေျခအေနျဖစ္ေနတာမို႔ နယ္စပ္ အဝင္အထြက္ေတြကို ၾကပ္မတ္ေစာင့္ၾကည့္ စစ္ေဆးေနတယ္လို႔ ဗဟုိကူးစက္ေရာဂါ တုိက္ဖ်က္ေရးဌာန ညႊန္ၾကားေရးဌာနမွဴး ေဒၚခင္ခင္ႀကီးက ဗီအိုေအ ျမန္မာပိုင္းကို ေျပာထားပါတယ္။
က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ေမလ ၂၃ရက္ ည ၈ နာရီ ထုတ္ျပန္ခ်က္အရ တႏိုင္ငံလံုး ဓါတ္ခဲြ နမူနာ ၆၇၈ ကိုစစ္ေဆးတဲ့ထဲက ကိုဗစ္အတည္ျပဳလူနာ ၆ ေယာက္႐ွိပါတယ္။
ျမန္မာႏိုင္ငံမွာ ေလာေလာဆယ္အထိ စုစုေပါင္း အတည္ျပဳလူနာက (၁၄၃,၂၃၄) ေယာက္႐ွိၿပီး၊ ေသဆံုးသူ စုစုေပါင္း ၃၂၁၆၊ ျပန္လည္ေနေကာင္း လာသူ (၁၃၂,၁၉၄) ေယာက္႐ွိတယ္လို႔ က်န္းမာေရးဌာနရဲ႕ စာရင္းမွာ ေဖာ္ျပထားပါတယ္။
...................................
{{Unicode}}
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကုန်ကူးပြီး ပြန်လာသူတွေကို COVID-19 ရောဂါ စစ်ဆေးခဲ့တာမှာ နှစ်ပတ်အတွင်း COVID-19 ရောဂါပိုးတွေ့ ရှိသူ ၁၂ ယောက်အထိ တိုးလာတယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။ ကမ်းကပ်ခွင့် မပြုသေးတဲ့ ကုန်သင်္ဘောပေါ်မှာ အတည်ပြုလူနာတွေကို တေ့ွရှိတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ကိုဗစ်ဆိုင်ရာ စည်းကမ်းတင်းကျပ်မှုတွေ ကျန်းမာရေးဝန်ကြီးဌာနက မလုပ်သေးပေမယ့် ပြည်သူလူထုအနေနဲ့ ကျန်းမာရေးသတိရှိဖို့ တိုက်တွန်းထားပါတယ်။ ရခိုင်ပြည်နယ်ကလာတဲ့ သတင်းအပြည့်အစုံကို ကိုခင်မောင်စိုးမင်း ကပြောပြပါမယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကုန်ကူးပြီး ပြန်လာသူတွေကို COVID-19 ရောဂါ စစ်ဆေးခဲ့တာမှာ နှစ်ပတ်အတွင်း COVID-19 ရောဂါပိုးတွေ့ ရှိသူ ၁၂ယောက်အထိ ရှိနေပြီလို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ပြောခွင့်ရ ဒေါက်တာ စိုးဝင်းပိုင်ကပြောပါတယ်။
ကမ်းကပ်ခွင့် မပေးသေးတဲ့ ကုန်သင်္ဘော ၂ စင်းပေါ် ပါလာသူတွေကို သီးခြားခွဲထားပြီး စောင့်ကြည့်နေတာမှာ လွန်ခဲ့တဲ့ သီတင်းပါတ်တွေက ကိုဗစ် အတည်ပြုလူနာ ပထမ ၄ ယောက် တေ့ွရှိခဲ့တဲ့အတွက် သူတို့ကို စစ်တွေဆေးရုံမှာ ကုသမှုပေးခဲ့တာ အခုတော့ ရောဂါပျောက်ကင်းသွားပြီလို့ ဒေါက်တာ စိုးဝင်းပိုင်ကပြောပါတယ်။ နောက်ထပ်တေ့ွရှိထားတဲ့ အတည်ပြုလူနာ ၈ ယောက်ကိုလည်း ဆေးကုသပေးနေပါတယ်။
“နောက်ထပ် ထပ်တွေ့တာဘယ်လောက် ကျနော်ကတော့ ၁၂ ယောက်ပဲ သိသေးတယ်။ ၁၂ ယောက်မှာ လေးယောက်က ဆင်းသွားပြီပေါ့နော်။ နောက်တစ်ယောက်ကလည်း ဆင်းပြီလား မဆင်းသေးဘူးလား ကျနော်သေချာမသိသေးဘူး။ ကျနော်က ရန်ကုန်ရောက်နေတာ အခုလောလောဆယ်ကတော့ ၁၂ ယောက်ပဲ ကျနော်သိထားတာဟုတ်။ ဒီနေ့စစ်တာ ရှိကောင်းရှိလိမ့်မယ်။ ဘာလို့လည်း ဆိုတော့ ကျနော်တို့က တနင်္ဂလာနဲ့ သောကြာ နှစ်ရက်မှာ နယ်စပ်ကုန်သွယ်ရေးက လာတဲ့ သူတွေကို စစ်တာပေါ့နော်။ ဒီနေ့တော့ ရှိမယ်။ အဖြေကတော့ သိရအုံးမှာ မဟုတ်သေးဘူး။ ကျနော်လည်း မသိသေးဘူးဟုတ်။”
အခုလို ဘင်္ဂလားဒေရှ့်နိုင်ငံဖက် ဖြတ်ကျော်သွားလာ ကုန်ကူးနေသူတွေ ရောဂါကူးစက်မှူတွေရှိနေပေမယ့်လည်း စစ်တွေ - ဘင်္ဂလားဒေရှ့် ကုန်သွယ်ရေးကတော့ ပုံမှန်လည်ပတ်နေဆဲဖြစ်တယ်လို့ ရခိုင်ပြည် နယ်ကုန်သည်များအသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦး ကပြောပါတယ်။
“ လက်ရှိအချိန်ထိတော့ အဲလိုပိတ်ဖို့အထိတော့ ညွန်ကြားလာတာတော့မရှိသေးပါဘူး။ အခုက နယ်စပ်ကုန်သွယ်ရေးက ပြန်ဝင်လာတဲ့ သင်္ဘောတွေကိုတော့ ကျနော်တို့ သတ်မှတ် ထား တဲ့နေရာမှာQ ဝင်စေပြီးတော့ အဲ Q ကနေပြီးတော့မှ နှားခေါင်းတို့ပတ်ကတော့ နှစ်ကြိမ် ယူရတာပေါ့။ လက်ရှိမှာတော့ ပိုးတွေ့နေတာတော့ ရှိပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိက တော့ ပြည်နယ်ကောင်စီဖက်ကကော ဘာမှ ကုန်သွယ်ရေး လမ်းကြောင်းပိတ်ဖို့ ဘာညာ အခြေအနေကျနော်တို့ ညွန်ကြားလာတဲ့ ကိစ္စတော့ မရှိသေးပါဘူး။ ကုန်သွယ်ရေး လမ်း ကြောင်း ကလည်းပုံမှန်အတိုင်း ဆက်သွားနေပါတယ်။”
လက်ရှိအချိန်ထိ ဘင်္ဂလားဒေရ်ှ့ဖက်က ပြန်လာတဲ့ကုန်သည်တွေကို စစ်တွေမြို့အပြင် ဖက်ရွေမင်းဂံ သင်္ဘောဆိပ်မှာ ထားရှိတာဖြစ်ပြီး ဒီကနေ့အထိ အသွားအလာ ကန့်သတ်ခန့် ထားရတဲ့ ကုန်သယ် ၄၃ယောက်အထိ ရှိတယ်လို့ ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။ Bangladesh နိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုနိုင်မှု အခြေအနေဟာ သတ်မှတ်ထားတဲ့ အဆင့် ၄ ဆင့်မှာ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ အလွန်ကူးစက်နိုင်တဲ့အဆင့်မှာ ရှိတဲ့အတွက် ဘင်္ဂလားဒေရှ့်နိုင်ငံကို ခရီးမသွားဖို့ အမေရိကန်ရောဂါထိမ်းချုပ် ကာကွယ်ရေးအဖွဲ့ CDC က ထုတ်ပြန်ထားပါတယ်။
ကိုဗစ်ကူးစက်မှူတွေနဲ့ ပတ်သတ်ပြီး စစ်တွေမြို့တွင်း ကိုဗက်စည်းကမ်း တင်းကျပ်တာတွေ မလုပ်သေးပေမယ့် ပြည်သူလူထုအနေနဲ့ မပေါ့ဆဖို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာန ပြောခွင့်ရ ဒေါက်တာ စိုးဝင်းပိုင်က ပြောပါတယ်။
ဒေါက်တာ စိုးဝင်းပိုင်အသံ
“ လက်ဆေးဖို့ အိမ်ပြင်မထွက်ဖို့ လူစုလူဝေးမလုပ်ဖို့ တစ်ယောက်နဲ့ တစ်ယောက် ၆ပေ အကွာနေဖို့ဆိုတာကလည်း လူတိုင်းနားလည်ထားသင့်တာပေါ့ဒါ ခဏခဏလည်း ပြောနေ ကြတယ်။ ဒါတွေကတော့ အမြဲတမ်းလိုက်နာဖို့ လိုတာပေါ့။ ဆရာတို့ ကျန်မာရေး ဌာနက လည်း နယ်စပ်ကုန်သွယ်ရေးက ပြန်လာတာတွေရှိတယ်ဆိုရင် သိတယ်ဆိုတာ ကလည်း အားလုံးကို လိုက်ကြည့်နေလို့ သိတာမဟုတ်ဘူးလေ။ သတင်းပေးတဲ့သူ ပူးပေါင်း ဆောင်ရွက် တဲ့ သူတွေရှိလို့ သတင်းပေးတယ်ဆိုရင် Quarantine ဝင်ရတာပေါ့နော် ရောဂါကူးစက်နိုင်ခြေရှိတဲ့ အတွက် ပြည်သူလူထုနဲ့ မထိတွေ့ခင်မှာ ၁၀ရက် Quarantineဝင် သုံးရက် တစ်ကြိမ်စစ် မတွေ့ရင် ၇ရက်တစ်ကြိမ်စစ်လို့ မတွေ့ရင်တောင်မှ ၁၀ရက် Quarantine ထားပြီးမှ သွားခိုင်းတာ အဲဒီလုပ်ငန်းတွေကို ဆရာတို့ ဆောင်ရွက်နေတယ်။”
စစ်တွေမြို့ထဲမှာတော့ ဈေးတွေ စားသောက်ဆိုင်တွေနဲ့ စတိုးဆိုင်တွေကလည်း ပုံမှန်ဖွင့်ထားသလို ပြည်သူလူူထုကြားမှာလည်း ပုံမှန်သွားလာနေကြပြီး နှာခေါင်းစည်း အကာအကွယ်တွေလည်း သိပ် မတပ်ကြတော့ပါဘူး။ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့မှာ ကိုဗစ်ကပ်ရောဂါကူးစက်မှု စိုးရိမ်စရာကောင်းလောက်တဲ့ အခြေအနေဖြစ်နေတာမို့ နယ်စပ် အဝင်အထွက်တွေကို ကြပ်မတ်စောင့်ကြည့် စစ်ဆေးနေတယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးဌာနမှူး ဒေါ်ခင်ခင်ကြီးက ဗီအိုအေ မြန်မာပိုင်းကို ပြောထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေလ ၂၃ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ တနိုင်ငံလုံး ဓါတ်ခွဲ နမူနာ ၆၇၈ ကိုစစ်ဆေးတဲ့ထဲက ကိုဗစ်အတည်ပြုလူနာ ၆ ယောက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ လောလောဆယ်အထိ စုစုပေါင်း အတည်ပြုလူနာက (၁၄၃,၂၃၄) ယောက်ရှိပြီး၊ သေဆုံးသူ စုစုပေါင်း ၃၂၁၆၊ ပြန်လည်နေကောင်း လာသူ (၁၃၂,၁၉၄) ယောက်ရှိတယ်လို့ ကျန်းမာရေးဌာနရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။