သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္ကူးစက္သူ တရက္အတြင္း ၁၀၀ နီးပါးရွိ


Donation website of UK Myanmar

ZawGyi/Unicode

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ အတည္ျပဳလူနာအေရအတြက္ ေမလ ၂၇ ရက္ေန႔က ၁၀၀ နီးပါး႐ွိတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းေတြက အတည္ျပဳလူနာ တေန႔ကို ၂၀၊ ၃၀ ဝန္းက်င္မွာ ႐ွိေနရာက ခုလို ၁၀၀ နီးပါးထိတက္လာတာပါ။ ကူးစက္သူ ျပန္မ်ားလာတဲ့အတြက္ ျပည္သူေတြ သတိထား ေနထုိင္သြားလာဖုိ႔ ဗဟိုကူးစက္ေရာဂါ တုိက္ဖ်က္ေရးဌာနတာဝန္႐ွိသူတဦးက သတိေပးပါတယ္။ ရခိုင္ကလာတဲ့ ဒီသတင္းကို ကိုသိန္းထိုက္ဦးက ေျပာျပထားပါတယ္။

ေန႔စဥ္ ကုိဗစ္ ဓာတ္ခဲြနမူနာစစ္ေဆးမႈ ေသာင္းဂဏန္းထိ႐ွိခဲ့တဲ့ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းခဲ့ၿပီးေနာက္ပိုင္း ေထာင္ဂဏန္းအထိ သိသိသာသာ ေလ်ာ့သြားခဲ့သလို ေန႔စဥ္ အတည္ျပဳလူနာဟာလည္း အေတာ္နည္းသြားခဲ့ပါတယ္။ ေန႔စဥ္ ဓာတ္ခဲြစစ္ေဆးတဲ့ နမူနာက ၂,၀၀၀ ေအာက္ေလာက္ပဲ ႐ွိခဲ့ၿပီး အတည္ျပဳလူနာကလည္း ဆယ္ဂဏန္းေလာက္သာ ေတြ႕႐ွိခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း အတည္ျပဳလူနာ၂၀ ေက်ာ္ ၃၀ ဝန္းက်င္ေလာက္သာ႐ွိခဲ့ရာက ေမလ ၂၇ ရက္ေန႔မွာေတာ့ အတည္ျပဳလူနာ ၉၆ ေယာက္ေတြ႕တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့ပါတယ္။ ၂၇ ရက္ေန႔ ည ၈ နာရီထုတ္ျပန္ခ်က္အရ ဓါတ္ခဲြနမူနာ ၁,၇၈၈ ခုမွာ အတည္ျပဳ လူနာ ၉၆ ေယာက္ကို ေတြ႔ခဲ့တာပါ။

အတည္ျပဳလူနာအမ်ားစုက ခ်င္းျပည္နယ္ တီးခါးၿမိဳ႕နဲ႔ စစ္ကိုင္းတိုင္းေဒသႀကီး တမူးၿမိဳ႕နယ္က ျဖစ္ၾကတယ္လို႔ ဗဟိုကူးစက္ေရာဂါ တုိက္ဖ်က္ေရးဌာန ညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက ဗီြအိုေအကို ေျပာပါတယ္။

“မေန႔ကဆိုရင္ က်မတို႔ ၁၇၀ ေက်ာ္ ၁၈၀ နီးပါး စစ္ေဆးတာမွာ ၉၆ ေယာက္ေတြ႔တယ္ေနာ္။ ၉၆ ေယာက္ေတြ႔တာက ျပည္နယ္နဲ႔ တိုင္းအနွံ႔ကျဖစ္ပါတယ္။ အထူးသျဖင့္ ႏွစ္ေနရာမွာေတာ့ အစုလိုက္ အျပံဳလိုက္ျဖစ္တာကိုေတြ႔ရတယ္။ ဒါကေတာ့ စကိုင္းတိုင္း တမူးမွာရယ္။ ခ်င္းျပည္နယ္ တီခါးမွာရယ္ေပါ့ေနာ္။ အဲဒီမွာေတာ့ အစုလိုက္ အျပံဳလိုက္ ေတြ႔တာေတာ့ ရွိပါတယ္။ ဒါေၾကာင့္မိုလို႔ ပိုးေတြ႔တဲ့ဂဏန္းက ၉၆ ျဖစ္ၿပီးေတာ့ ပိုးေတြ႔တဲ့ ရာခိုင္နႉန္းကေတာ့ ၅.၃၇ ျဖစ္သြားတာ ျဖစ္ပါတယ္။ အရင္တုန္းက ရက္ေတြကို ၾကည့္လုိက္မယ္ဆိုရင္ ၃% ေက်ာ္တဲ့ရက္ တရက္ရွိတာကို ေတြ႔ရမွာျဖစ္ပါတယ္။ အမ်ားစုကေတာ့ ၃% ကပ္ေနတာကိုေတြ႔ရမွာ ျဖစ္ပါတယ္။ ဒီလိုမျဖစ္ခင္ ေလးငါးရက္ အလိုကတည္းက ေရာဂါျဖစ္ပြားမႈႏႉန္းက တက္လာတယ္ဆိုတာကို သတိထားၾကည့္မယ္ဆိုရင္ ေတြ႔မွာျဖစ္ပါတယ္။ မေန႔ကေတာ့ အစုလိုက္အျပံဳလိုက္ case ေတြကို ေပါင္းလိုက္လို႔ျဖစ္ပါ တယ္။ တမူးက ပိုးေတြ႔လူနာ ၅၆ ေယာက္ရွိပါတယ္။ ခ်င္းျပည္နယ္ တီခါးၿမိဳ႕နယ္က ပိုးေတြ႔လူနာ ၁၁ ေယာက္ရွိပါတယ္။ တျခားတိုင္းနဲ႔ ျပည္နယ္ေတြက ေပါင္းလိုက္ေတာ့ ၉၆ ေယာက္ ျဖစ္သြားတာ ျဖစ္ပါတယ္။ ျပည္ပက ဝင္လာသူေတြ မဟုတ္ပါဘူး ျပည္တြင္းက သူေတြပဲ ျဖစ္ပါတယ္။”

ျပည္တြင္းမွာ ကိုဗစ္ကူးစက္မႈတိုးလာတဲ့အတြက္ ျပည္သူေတြအေနနဲ႔ မေပါ့ဆသင့္သလို ပိုးေတြ႔တဲ့ ၿမိဳ႕နယ္ေတြကိုလည္း အသြားအလာ ကန္႔သတ္ခ်က္ေတြ အိမ္ျပင္မထြက္ဖို႔ စည္းကမ္းခ်က္ ထုတ္ျပန္တာေတြ လုပ္သြားဖို႔ စီစဥ္ေနတယ္လို႔လည္း ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“ဒါျပည္သူေတြအေနနဲ႔ မေပါ့ဆဖို႔ လိုပါတယ္။ လက္ရွိအေနအထားအရဆိုရင္ ဒါ အစုလိုက္ အျပံဳလိုက္ အမ်ားႀကီးျဖစ္တဲ့ အေနအထားေတာ့ မဟုတ္ပါဘူး။ သို႔ေသာ္ တေနရာထဲမွာ ကြက္ၿပီးေတာ့ ျဖစ္ေနၿပီ အတိုင္းအတာတခုအထိေတာ့ စမ်ားလာၿပီဆိုၿပီးေတာ့ ေျပာလို႔ရပါတယ္။ ဒါေတြကို က်မတို႔ ေကာင္းေကာင္းထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ က်မတို႔ ေဆာင္ရြက္ေန ပါတယ္။ ဒါမ်ိဳး ဆက္မျဖစ္ဖို႔အတြက္ တေယာက္စီတေယာက္စီက အထူးဂရုစိုက္ဖို႔ လိုသလိုပဲ က်မတို႔ ေရာဂါျဖစ္ပြားတဲ့ ၿမိဳ႕နယ္ေတြကိုလည္း နဂိုကလိုပဲ Stay home ေတြ သတ္မွတ္ဖို႔ ကိစၥရပ္ေတြ ဒါမ်ိဳးေတြလည္း ေဆာင္ရြက္ေနပါတယ္။ ဒါေတြကို ည ၈ နာရီမွာ အသြားအလာပိတ္ပင္တားဆီးမယ့္ အေနအထားေတြ ဒါေတြကို ေၾကျငာမွာျဖစ္ပါတယ္။ အဲေတာ့ ေစာင့္ၾကည့္နားေထာင္ၾကပါလို႔ေျပာခ်င္ပါတယ္။”

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးကတည္းက အာဏာရွင္ဆန္႔က်င္လွုပ္ရွားေတြ တႏိုင္ငံလံုး ၿမိဳ႕စံုမွာ ဒီကေန႔အထိ လုပ္ေနၾကပါတယ္။ အခုဆို ေစ်းဆိုင္ေတြ စားေသာက္ဆိုင္ေတြ ေတာ္ေတာ္မ်ားမ်ားလည္း ပံုမွန္လို ျပန္လည္ဖြင့္ေနၾကသလို ျပည္သူေတြၾကားမွာလည္း ႏွာေခါင္းစည္း အကာအကြယ္ ဝတ္ဆင္သူက ေတာ္ေတာ္ နည္းသြားပါၿပီ။ေဒါက္တာခင္ခင္ႀကီးကေတာ့ က်န္းမာေရး အသိပညာေပးေတြတိုးျမင့္လုပ္ေဆာင္သြားဖို႔ စီစဥ္ေနတယ္လို႔ ေျပာပါတယ္။

“လုပ္ဖို႔အစီအစဥ္ရွိပါတယ္။ လက္ကိုင္ စပီကာေတြနဲ႔ က်န္းမာေရး အသိပညာေပးတဲ့ ကိစၥရပ္ေတြကို ပိုၿပီးေတာ့ တိုးျမွင့္ေဆာင္ရြက္ဖို႔ ကိစၥရပ္ေတြ ဒါေတြလည္း ေဆာင္ရြက္မွာ ျဖစ္ပါတယ္။ ဘာျဖစ္လို႔လည္း ဆိုတာ့ က်မတို႔ ကိုဗစ္-၁၉ ကို အဓိက ကာကြယ္ႏိုင္တာက သူ႕ရဲ႕စည္းကမ္းေတြကို လိုက္နာမွသာ ကာကြယ္ႏိုင္မွာ ျဖစ္ပါတယ္။ က်မတို႔ ဘယ္ေလာက္ပဲ ေနာက္ကေနၿပီးေတာ့ေပါ့ေနာ္။ ပိုးေတြ႔တာေတြကို ရွာေဖြတယ္။ သူတို႔ကို ထိေရာက္တဲ့ ကုသမႈေတြ ေပးတယ္ဆိုေပမယ့္လည္း ေနာက္ထပ္ ပိုးေတြ႔တဲ့ လူနာမျဖစ္ေအာင္ မတားဆီးႏုိင္ဘူး က်န္းမာေရးအသိပညာမေပးႏိုင္ဘူးဆိုရင္ ပိုးေတြ႔တဲ့ လူနာေတြက မ်ားမွာ ျဖစ္ပါတယ္။”

ကိုဗစ္ေရာဂါ ကူးစက္မႈ ဒုတိယလႈိင္းထဲမွာ ႐ွိေနတဲ့ ျမန္မာႏိုင္ငံမွာ တတိယလႈိင္း ျဖစ္မလာေအာင္ က်န္းမာေရးဌာနကေတာ့ လုပ္ေဆာင္ေနတယ္လို႔လည္း ေျပာပါတယ္။ အခုေလာေလာဆယ္အထိ ျမန္မာႏိုင္ငံမွာ အတည္ျပဳလူနာ စုစုေပါင္း ၁ သိန္း ၄ ေသာင္း ၃ ေထာင္ေက်ာ္ (၁၄၃,၄၁၄) ၊ ေသဆံုးသူ ၃,၂၁၆ ေယာက္နဲ႔ျပန္လည္ေနေကာင္းလာသူ ၁ သိန္း ၃ ေသာင္း ၂ ေထာင္ေက်ာ္ (၁၃၂,၂၆၉) ႐ွိတယ္လို႔ က်န္းမာေရးဌာနရဲ႕ေမလ ၂၇ ရက္အထိ စာရင္းမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


====

Unicode

မြန်မာ ကိုဗစ်ကူးစက်သူ တရက်အတွင်း ၁၀၀ နီးပါးရှိ

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ အတည်ပြုလူနာအရေအတွက် မေလ ၂၇ ရက်နေ့က ၁၀၀ နီးပါးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေက အတည်ပြုလူနာ တနေ့ကို ၂၀၊ ၃၀ ဝန်းကျင်မှာ ရှိနေရာက ခုလို ၁၀၀ နီးပါးထိတက်လာတာပါ။ ကူးစက်သူ ပြန်များလာတဲ့အတွက် ပြည်သူတွေ သတိထား နေထိုင်သွားလာဖို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနတာဝန်ရှိသူတဦးက သတိပေးပါတယ်။ ရခိုင်ကလာတဲ့ ဒီသတင်းကို ကိုသိန်းထိုက်ဦးက ပြောပြထားပါတယ်။

နေ့စဉ် ကိုဗစ် ဓာတ်ခွဲနမူနာစစ်ဆေးမှု သောင်းဂဏန်းထိရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ထောင်ဂဏန်းအထိ သိသိသာသာ လျော့သွားခဲ့သလို နေ့စဉ် အတည်ပြုလူနာဟာလည်း အတော်နည်းသွားခဲ့ပါတယ်။ နေ့စဉ် ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာက ၂,၀၀၀ အောက်လောက်ပဲ ရှိခဲ့ပြီး အတည်ပြုလူနာကလည်း ဆယ်ဂဏန်းလောက်သာ တွေ့ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အတည်ပြုလူနာ၂၀ ကျော် ၃၀ ဝန်းကျင်လောက်သာရှိခဲ့ရာက မေလ ၂၇ ရက်နေ့မှာတော့ အတည်ပြုလူနာ ၉၆ ယောက်တွေ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ၂၇ ရက်နေ့ ည ၈ နာရီထုတ်ပြန်ချက်အရ ဓါတ်ခွဲနမူနာ ၁,၇၈၈ ခုမှာ အတည်ပြု လူနာ ၉၆ ယောက်ကို တွေ့ခဲ့တာပါ။

အတည်ပြုလူနာအများစုက ချင်းပြည်နယ် တီးခါးမြို့နဲ့ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်က ဖြစ်ကြတယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကို ပြောပါတယ်။

“မနေ့ကဆိုရင် ကျမတို့ ၁၇၀ ကျော် ၁၈၀ နီးပါး စစ်ဆေးတာမှာ ၉၆ ယောက်တွေ့တယ်နော်။ ၉၆ ယောက်တွေ့တာက ပြည်နယ်နဲ့ တိုင်းအနှံ့ကဖြစ်ပါတယ်။ အထူးသဖြင့် နှစ်နေရာမှာတော့ အစုလိုက် အပြုံလိုက်ဖြစ်တာကိုတွေ့ရတယ်။ ဒါကတော့ စကိုင်းတိုင်း တမူးမှာရယ်။ ချင်းပြည်နယ် တီခါးမှာရယ်ပေါ့နော်။ အဲဒီမှာတော့ အစုလိုက် အပြုံလိုက် တွေ့တာတော့ ရှိပါတယ်။ ဒါကြောင့်မိုလို့ ပိုးတွေ့တဲ့ဂဏန်းက ၉၆ ဖြစ်ပြီးတော့ ပိုးတွေ့တဲ့ ရာခိုင်နှူန်းကတော့ ၅.၃၇ ဖြစ်သွားတာ ဖြစ်ပါတယ်။ အရင်တုန်းက ရက်တွေကို ကြည့်လိုက်မယ်ဆိုရင် ၃% ကျော်တဲ့ရက် တရက်ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ အများစုကတော့ ၃% ကပ်နေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုမဖြစ်ခင် လေးငါးရက် အလိုကတည်းက ရောဂါဖြစ်ပွားမှုနှူန်းက တက်လာတယ်ဆိုတာကို သတိထားကြည့်မယ်ဆိုရင် တွေ့မှာဖြစ်ပါတယ်။ မနေ့ကတော့ အစုလိုက်အပြုံလိုက် case တွေကို ပေါင်းလိုက်လို့ဖြစ်ပါ တယ်။ တမူးက ပိုးတွေ့လူနာ ၅၆ ယောက်ရှိပါတယ်။ ချင်းပြည်နယ် တီခါးမြို့နယ်က ပိုးတွေ့လူနာ ၁၁ ယောက်ရှိပါတယ်။ တခြားတိုင်းနဲ့ ပြည်နယ်တွေက ပေါင်းလိုက်တော့ ၉၆ ယောက် ဖြစ်သွားတာ ဖြစ်ပါတယ်။ ပြည်ပက ဝင်လာသူတွေ မဟုတ်ပါဘူး ပြည်တွင်းက သူတွေပဲ ဖြစ်ပါတယ်။”

ပြည်တွင်းမှာ ကိုဗစ်ကူးစက်မှုတိုးလာတဲ့အတွက် ပြည်သူတွေအနေနဲ့ မပေါ့ဆသင့်သလို ပိုးတွေ့တဲ့ မြို့နယ်တွေကိုလည်း အသွားအလာ ကန့်သတ်ချက်တွေ အိမ်ပြင်မထွက်ဖို့ စည်းကမ်းချက် ထုတ်ပြန်တာတွေ လုပ်သွားဖို့ စီစဉ်နေတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“ဒါပြည်သူတွေအနေနဲ့ မပေါ့ဆဖို့ လိုပါတယ်။ လက်ရှိအနေအထားအရဆိုရင် ဒါ အစုလိုက် အပြုံလိုက် အများကြီးဖြစ်တဲ့ အနေအထားတော့ မဟုတ်ပါဘူး။ သို့သော် တနေရာထဲမှာ ကွက်ပြီးတော့ ဖြစ်နေပြီ အတိုင်းအတာတခုအထိတော့ စများလာပြီဆိုပြီးတော့ ပြောလို့ရပါတယ်။ ဒါတွေကို ကျမတို့ ကောင်းကောင်းထိန်းချုပ်နိုင်ဖို့အတွက် ကျမတို့ ဆောင်ရွက်နေ ပါတယ်။ ဒါမျိုး ဆက်မဖြစ်ဖို့အတွက် တယောက်စီတယောက်စီက အထူးဂရုစိုက်ဖို့ လိုသလိုပဲ ကျမတို့ ရောဂါဖြစ်ပွားတဲ့ မြို့နယ်တွေကိုလည်း နဂိုကလိုပဲ Stay home တွေ သတ်မှတ်ဖို့ ကိစ္စရပ်တွေ ဒါမျိုးတွေလည်း ဆောင်ရွက်နေပါတယ်။ ဒါတွေကို ည ၈ နာရီမှာ အသွားအလာပိတ်ပင်တားဆီးမယ့် အနေအထားတွေ ဒါတွေကို ကြေငြာမှာဖြစ်ပါတယ်။ အဲတော့ စောင့်ကြည့်နားထောင်ကြပါလို့ပြောချင်ပါတယ်။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက အာဏာရှင်ဆန့်ကျင်လှုပ်ရှားတွေ တနိုင်ငံလုံး မြို့စုံမှာ ဒီကနေ့အထိ လုပ်နေကြပါတယ်။ အခုဆို ဈေးဆိုင်တွေ စားသောက်ဆိုင်တွေ တော်တော်များများလည်း ပုံမှန်လို ပြန်လည်ဖွင့်နေကြသလို ပြည်သူတွေကြားမှာလည်း နှာခေါင်းစည်း အကာအကွယ် ဝတ်ဆင်သူက တော်တော် နည်းသွားပါပြီ။ဒေါက်တာခင်ခင်ကြီးကတော့ ကျန်းမာရေး အသိပညာပေးတွေတိုးမြင့်လုပ်ဆောင်သွားဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

“လုပ်ဖို့အစီအစဉ်ရှိပါတယ်။ လက်ကိုင် စပီကာတွေနဲ့ ကျန်းမာရေး အသိပညာပေးတဲ့ ကိစ္စရပ်တွေကို ပိုပြီးတော့ တိုးမြှင့်ဆောင်ရွက်ဖို့ ကိစ္စရပ်တွေ ဒါတွေလည်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတာ့ ကျမတို့ ကိုဗစ်-၁၉ ကို အဓိက ကာကွယ်နိုင်တာက သူ့ရဲ့စည်းကမ်းတွေကို လိုက်နာမှသာ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ကျမတို့ ဘယ်လောက်ပဲ နောက်ကနေပြီးတော့ပေါ့နော်။ ပိုးတွေ့တာတွေကို ရှာဖွေတယ်။ သူတို့ကို ထိရောက်တဲ့ ကုသမှုတွေ ပေးတယ်ဆိုပေမယ့်လည်း နောက်ထပ် ပိုးတွေ့တဲ့ လူနာမဖြစ်အောင် မတားဆီးနိုင်ဘူး ကျန်းမာရေးအသိပညာမပေးနိုင်ဘူးဆိုရင် ပိုးတွေ့တဲ့ လူနာတွေက များမှာ ဖြစ်ပါတယ်။”

ကိုဗစ်ရောဂါ ကူးစက်မှု ဒုတိယလှိုင်းထဲမှာ ရှိနေတဲ့ မြန်မာနိုင်ငံမှာ တတိယလှိုင်း ဖြစ်မလာအောင် ကျန်းမာရေးဌာနကတော့ လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။ အခုလောလောဆယ်အထိ မြန်မာနိုင်ငံမှာ အတည်ပြုလူနာ စုစုပေါင်း ၁ သိန်း ၄ သောင်း ၃ ထောင်ကျော် (၁၄၃,၄၁၄) ၊ သေဆုံးသူ ၃,၂၁၆ ယောက်နဲ့ပြန်လည်နေကောင်းလာသူ ၁ သိန်း ၃ သောင်း ၂ ထောင်ကျော် (၁၃၂,၂၆၉) ရှိတယ်လို့ ကျန်းမာရေးဌာနရဲ့မေလ ၂၇ ရက်အထိ စာရင်းမှာ ဖော်ပြထားပါတယ်။

#MyanmarCOVID #COVID #voaburmese #ကိုဗစ် #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG