သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္ကူးစက္မႈႏႈန္း တိုးလာ


ရန္ကုန္ၿမိဳ႕ရွိ ဧရာဝတီကိုဗစ္စင္တာမွာ ကုိဗစ္ကာကြယ္ေဆး ထုိးခံေနတဲ့ က်န္းမာေရးဝန္ထမ္းတဦး။ (ဇန္နဝါရီ ၂၇၊ ၂၀၂၁)

(Zawgyi / Unicode)

အာရွေဒသမွာ ကိုဗစ္ျဖစ္ပြားမႈ အမ်ားဆံုးျဖစ္ေနတဲ့ အိႏိၵယမွာ ေန႔စဥ္ပိုးေတြ႔မႈ စက်လာခ်ိန္ ျမန္မာႏုိင္ငံမွာေတာ့ ျပန္စတက္လာေနပါတယ္။

အိႏိၵယမွာ ၿပီးခဲ့တဲ့ တလခြဲအတြင္း ပထမဆံုးအႀကိမ္အေနနဲ႔ ေန႔စဥ္ပိုးေတြမႈ ၁၇၀,၀၀၀ ေက်ာ္အျဖစ္ စံခ်ိန္တင္ က်ဆင္းလာခ်ိန္မွာ ျမန္မာႏိုင္ငံမွာေတာ့ ဒီရက္ပိုင္းထဲ ရာဂဏန္းနားကို ျပန္စတက္လာၿပီး ထိန္းခ်ဳပ္မႈေတြ ျပန္စလုပ္လာေနပါတယ္။

ျမန္မာႏုိင္ငံမွာ မေန႔က လူေပါင္း ၁,၂၀၀ ကို စစ္ေဆးခဲ့ရာမွာ ၇၂ ဦးမွာ ပိုးေတြ႔ခဲ့ကာ တေန႔တုန္းကဆိုရင္ ၉၆ ဦးအထိ ဓာတ္ခဲြအတည္ျပဳ ေတြ႔ရွိပါတယ္။ မေန႔တုန္းကပဲ အိႏိၵယနယ္စပ္ရွိ အျဖစ္မ်ားလာတဲ့ ခ်င္းျပည္နယ္က တြန္းဇံနဲ႔ စစ္ကိုင္းတိုင္းက တမူးၿမိဳ႕ေတြမွာ Stay at Home အိမ္ထဲမွာေနၾကဖို႔ အသြားအလာ ကန္႔သတ္လိုက္ပါတယ္။ တခ်ိန္တည္းမွာ အိႏိၵယနဲ႔ ထိုင္းနယ္စပ္ၿမိဳ႕ေတြက ျပည္တြင္းေလေၾကာင္းလိုင္းေတြကိုလည္း ပိတ္လိုက္ပါတယ္။

ခုလိုအခ်ိန္မွာ ကိုဗစ္စျဖစ္ခဲ့တဲ့ တ႐ုတ္ႏုိင္ငံမွာေတာ့ ဒီေန႔ပိုးေတြ႔သူသစ္ ၁၆ ဦးသာ ေတြ႔ရွိခဲ့ေပမယ့္ ၂ ဦးက ေဟာင္ေကာင္နဲ႔ ဆက္စပ္ေနတဲ့ Guangdong ျပည္နယ္မွာ ျပည္တြင္းအခ်င္းခ်င္း ကူးခဲ့ရတာလို႔ အမ်ိဳးသားက်န္းမာေရးေကာ္မရွင္က ထုတ္ျပန္လိုက္ပါတယ္။

မေလးရွားႏိုင္ငံမွာေတာ့ မေန႔ ေသာၾကာတရက္တည္း ပိုးေတြ႔သူသစ္ ၈,၀၀၀ ပထမဆံုး စံခ်ိန္တင္တက္လာတာမို႔ ကိုဗစ္ကူးစက္မႈ ဆိုးလာေနတာ ထိန္းခ်ဳပ္ေရး ဇြန္လ ၁ ရက္ကစၿပီး ၂ ပတ္ၾကာ ကန္႔သတ္မႈအျပည့္နီးပါး လုပ္ေတာ့မယ္လို႔ ဝန္ႀကီးခ်ဳပ္ Muhyiddin Yassin က ေၾကညာလိုက္ပါတယ္။

ဖိလစ္ပိုင္မွာေတာ့ ကိုဗစ္ပိုးစစ္ခ ျပႆနာေၾကာင့္ ေဆာ္ဒီအာေရးဗ်ကိုသြားမယ့္ အလုပ္သမားေတြကို ဆိုင္းငံ့လိုက္ပါတယ္။ COVID-19 ေဆးစစ္ခကို အလုပ္သမားေတြဘက္က က်ခံရမယ့္အေပၚ ဖိလစ္ပိုင္အစိုးရဘက္ကေတာ့ ေဆာ္ဒီဘက္ကသာ က်ခံသင့္တယ္လို႔ဆိုၿပီး မေန႔က အလုပ္သမား ၄၀၀ ပါသြားမယ့္ ေလယာဥ္ေတြကို ဆိုင္းငံ့လိုက္ပါတယ္။

ျမန္မာ ကိုဗစ္ကူးစက္မႈႏႈန္း တိုးလာ
please wait

No media source currently available

0:00 0:01:16 0:00
တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

မြန်မာ ကိုဗစ်ကူးစက်မှုနှုန်း တိုးလာ

အာရှဒေသမှာ ကိုဗစ်ဖြစ်ပွားမှု အများဆုံးဖြစ်နေတဲ့ အိန္ဒိယမှာ နေ့စဉ်ပိုးတွေ့မှု စကျလာချိန် မြန်မာနိုင်ငံမှာတော့ ပြန်စတက်လာနေပါတယ်။

အိန္ဒိယမှာ ပြီးခဲ့တဲ့ တလခွဲအတွင်း ပထမဆုံးအကြိမ်အနေနဲ့ နေ့စဉ်ပိုးတွေမှု ၁၇၀,၀၀၀ ကျော်အဖြစ် စံချိန်တင် ကျဆင်းလာချိန်မှာ မြန်မာနိုင်ငံမှာတော့ ဒီရက်ပိုင်းထဲ ရာဂဏန်းနားကို ပြန်စတက်လာပြီး ထိန်းချုပ်မှုတွေ ပြန်စလုပ်လာနေပါတယ်။

မြန်မာနိုင်ငံမှာ မနေ့က လူပေါင်း ၁,၂၀၀ ကို စစ်ဆေးခဲ့ရာမှာ ၇၂ ဦးမှာ ပိုးတွေ့ခဲ့ကာ တနေ့တုန်းကဆိုရင် ၉၆ ဦးအထိ ဓာတ်ခွဲအတည်ပြု တွေ့ရှိပါတယ်။ မနေ့တုန်းကပဲ အိန္ဒိယနယ်စပ်ရှိ အဖြစ်များလာတဲ့ ချင်းပြည်နယ်က တွန်းဇံနဲ့ စစ်ကိုင်းတိုင်းက တမူးမြို့တွေမှာ Stay at Home အိမ်ထဲမှာနေကြဖို့ အသွားအလာ ကန့်သတ်လိုက်ပါတယ်။ တချိန်တည်းမှာ အိန္ဒိယနဲ့ ထိုင်းနယ်စပ်မြို့တွေက ပြည်တွင်းလေကြောင်းလိုင်းတွေကိုလည်း ပိတ်လိုက်ပါတယ်။

ခုလိုအချိန်မှာ ကိုဗစ်စဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ ဒီနေ့ပိုးတွေ့သူသစ် ၁၆ ဦးသာ တွေ့ရှိခဲ့ပေမယ့် ၂ ဦးက ဟောင်ကောင်နဲ့ ဆက်စပ်နေတဲ့ Guangdong ပြည်နယ်မှာ ပြည်တွင်းအချင်းချင်း ကူးခဲ့ရတာလို့ အမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်။

မလေးရှားနိုင်ငံမှာတော့ မနေ့ သောကြာတရက်တည်း ပိုးတွေ့သူသစ် ၈,၀၀၀ ပထမဆုံး စံချိန်တင်တက်လာတာမို့ ကိုဗစ်ကူးစက်မှု ဆိုးလာနေတာ ထိန်းချုပ်ရေး ဇွန်လ ၁ ရက်ကစပြီး ၂ ပတ်ကြာ ကန့်သတ်မှုအပြည့်နီးပါး လုပ်တော့မယ်လို့ ဝန်ကြီးချုပ် Muhyiddin Yassin က ကြေညာလိုက်ပါတယ်။

ဖိလစ်ပိုင်မှာတော့ ကိုဗစ်ပိုးစစ်ခ ပြဿနာကြောင့် ဆော်ဒီအာရေးဗျကိုသွားမယ့် အလုပ်သမားတွေကို ဆိုင်းငံ့လိုက်ပါတယ်။ COVID-19 ဆေးစစ်ခကို အလုပ်သမားတွေဘက်က ကျခံရမယ့်အပေါ် ဖိလစ်ပိုင်အစိုးရဘက်ကတော့ ဆော်ဒီဘက်ကသာ ကျခံသင့်တယ်လို့ဆိုပြီး မနေ့က အလုပ်သမား ၄၀၀ ပါသွားမယ့် လေယာဉ်တွေကို ဆိုင်းငံ့လိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG