သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေရာဂါဇစ္ျမစ္ ရွာေဖြေရး ႏိုင္ငံေရးအားၿပိဳင္မႈေတြအေပၚ WHO သတိေပး


ကမာၻ ့က်န္းမာေရးအဖြဲ ့ႀကီး WHO အဖြဲ႔ရံုုးခ်ဳပ္

(Zawgyi/Unicode)

ကိုဗစ္ေရာဂါပိုးရဲ႕ မူရင္းဇစ္ျမစ္ကို ရွာေဖြေဖာ္ထုတ္ဖို ့အားထုတ္မႈေတြမွာ ႏိုင္ငံေရးေၾကာင့္ အဟန္႔အတား ျဖစ္ေနရတယ္လို႔ ကမာၻ ့က်န္းမာေရးအဖြဲ ့ႀကီး WHO က သတိေပး ေျပာၾကားလိုက္ပါတယ္။

“ျဖစ္စဥ္တခုလံုးမွာ ႏိုင္ငံေရး အဆိပ္သင့္ေနပါတယ္။ သိပၸံပညာကို ႏိုင္ငံေရးနဲ ့ကြဲကြဲျပားျပားရွိေစဖို ့က်ေနာ္တို ့ေတာင္းဆိုပါတယ္။ လိုအပ္တဲ့ အေျဖရွာတဲ့ ေနရာမွာလည္း သင့္တင့္ေလ်ာက္ပက္တဲ့ ပတ္၀န္းက်င္လိုအပ္ပါတယ္” လို ့WHO ရဲ႕ အေရးေပၚဌာန အႀကီးအကဲ Michael Ryan က ဆြစ္ဇာလန္ႏိ္ုင္ငံ ဂ်နီဗာ႐ုံးခ်ဳပ္မွာ ေသာၾကာေန႔က သတင္းေထာက္ေတြကို ေျပာဆိုလိုက္တာပါ။

ကုလသမဂၢက်န္းမာေရးေအဂ်င္စီတခုျဖစ္တဲ့ WHO ဟာလည္း COVID-19 ရဲ႕ ဇစ္ျမစ္နဲ ့ပက္သက္ၿပီး နက္နက္ရႈိင္းရႈိင္း စံုစမ္းေဖာ္ထုတ္ဖို ့ဖိအားသစ္ေတြကို ရင္ဆိုင္ေနရေပမယ့္ ေနာက္ထပ္ ေလ့လာစံုစမ္းမႈအတြက္ တိတိက်က် အခ်ိန္သတ္မွတ္တာေတာ့ မရွိေသးပါဘူး။

Covid-19 ဗိုင္းရပ္စ္ပိုးဟာ သဘာ၀ကေန ေပၚေပါက္လာတာလား၊ တ႐ုတ္ႏိုင္ငံ ဓာတ္ခြဲခန္းထဲက စတင္ပ်ံ႕ႏွံ႔ လာတာလား ဆိုတာကို သိႏိုင္ေအာင္ စုံစမ္းဖို႔ အေမရိကန္သမၼတ ဂ်ိဴးဘိုင္ဒန္က ဒီသီတင္းပတ္ထဲမွာပဲ ေထာက္လွမ္းေရး ေအဂ်င္စီေတြကို ၫႊန္ၾကားထားပါတယ္။

ကမာၻတ၀န္း လူ ၃ သန္းခဲြ ေက်ာ္ ေသဆုံးခဲ့ရတဲ့ ဗိုင္းရပ္စ္ပိုးရဲ႕ ဇစ္ျမစ္နဲ႔ ပတ္သက္လို႔ ေရေရရာရာ မသိရပဲ ျဖစ္ေနခ်ိန္မွာပဲ က်ယ္က်ယ္ျပန္႔ျပန္႔ စုံစမ္းဖို႔ ဖိအားေပး ေတာင္းဆိုမႈေတြ ထြက္ေပၚေနတာပါ။ WHO အဖဲြ႕၀င္ ႏိုင္ငံေတြနဲ႔ အစည္းအေ၀းမွာလည္း ဥေရာပသမဂၢ (EU) နဲ႔ တျခားႏိုင္ငံေတြက ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ ေဖာ္ထုတ္ဖို႔ ေတာင္းဆိုထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ကိုဗစ်ရောဂါဇစ်မြစ် ရှာဖွေရေး နိုင်ငံရေးအားပြိုင်မှုတွေအပေါ် WHO သတိပေး

(Unicode)

ကိုဗစ်ရောဂါပိုးရဲ့ မူရင်းဇစ်မြစ်ကို ရှာဖွေဖော်ထုတ်ဖို့အားထုတ်မှုတွေမှာ နိုင်ငံရေးကြောင့် အဟန့်အတား ဖြစ်နေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က သတိပေး ပြောကြားလိုက်ပါတယ်။

“ဖြစ်စဉ်တခုလုံးမှာ နိုင်ငံရေး အဆိပ်သင့်နေပါတယ်။ သိပ္ပံပညာကို နိုင်ငံရေးနဲ့ကွဲကွဲပြားပြားရှိစေဖို့ကျနော်တို့တောင်းဆိုပါတယ်။ လိုအပ်တဲ့ အဖြေရှာတဲ့ နေရာမှာလည်း သင့်တင့်လျောက်ပက်တဲ့ ပတ်ဝန်းကျင်လိုအပ်ပါတယ်” လို့WHO ရဲ့ အရေးပေါ်ဌာန အကြီးအကဲ Michael Ryan က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာရုံးချုပ်မှာ သောကြာနေ့က သတင်းထောက်တွေကို ပြောဆိုလိုက်တာပါ။

ကုလသမဂ္ဂကျန်းမာရေးအေဂျင်စီတခုဖြစ်တဲ့ WHO ဟာလည်း Covid-19 ရဲ့ ဇစ်မြစ်နဲ့ပက်သက်ပြီး နက်နက်ရှိုင်းရှိုင်း စုံစမ်းဖော်ထုတ်ဖို့ဖိအားသစ်တွေကို ရင်ဆိုင်နေရပေမယ့် နောက်ထပ် လေ့လာစုံစမ်းမှုအတွက် တိတိကျကျ အချိန်သတ်မှတ်တာတော့ မရှိသေးပါဘူး။

Covid-19 ဗိုင်းရပ်စ်ပိုးဟာ သဘာဝကနေ ပေါ်ပေါက်လာတာလား၊ တရုတ်နိုင်ငံ ဓာတ်ခွဲခန်းထဲက စတင်ပျံ့နှံ့ လာတာလား ဆိုတာကို သိနိုင်အောင် စုံစမ်းဖို့ အမေရိကန်သမ္မတ ဂျိူးဘိုင်ဒန်က ဒီသီတင်းပတ်ထဲမှာပဲ ထောက်လှမ်းရေး အေဂျင်စီတွေကို ညွှန်ကြားထားပါတယ်။

ကမ္ဘာတဝန်း လူ ၃ သန်းခွဲ ကျော် သေဆုံးခဲ့ရတဲ့ ဗိုင်းရပ်စ်ပိုးရဲ့ ဇစ်မြစ်နဲ့ ပတ်သက်လို့ ရေရေရာရာ မသိရပဲ ဖြစ်နေချိန်မှာပဲ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းဖို့ ဖိအားပေး တောင်းဆိုမှုတွေ ထွက်ပေါ်နေတာပါ။ WHO အဖွဲ့ဝင် နိုင်ငံတွေနဲ့ အစည်းအဝေးမှာလည်း ဥရောပသမဂ္ဂ (EU) နဲ့ တခြားနိုင်ငံတွေက ရှင်းရှင်းလင်းလင်းဖြစ်အောင် ဖော်ထုတ်ဖို့ တောင်းဆိုထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG