သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းႏုိင္ငံမွာ ကုိဗစ္အေရးေပၚအေျခအေန သက္တမ္း ၂ လတုိး


ထုိင္းႏုိင္ငံမွာ ေဒသခံျပည္သူတဦးကုိ ကိုဗစ္ကာကြယ္ေဆး ထုိးေပးေနတဲ့ က်န္းမာေရးဝန္ထမ္း။ (ေမ ၁၀၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာေရႊ႕ေျပာင္းအလုပ္သမား အမ်ားအျပား ရွိေနတဲ့ ထုိင္းႏိုင္ငံမွာ တေက်ာ့ျပန္ ကိုဗစ္ တတိယလႈိင္း ကူးစက္မႈႏႈန္းက စိုးရိမ္ရတဲ့ အေျခအေနကို ေရာက္လာေနတာေၾကာင့္ အေရးေပၚအေျခေနကို ေနာက္ထပ္ ၂ လ တိုးျမႇင့္ဖို႔ ထိုင္းအစိုးရက ဆံုးျဖတ္လိုက္ပါတယ္။

ထိုင္းဝန္ႀကီးခ်ဳပ္ Prayuth Chan-o-cha ဦးေဆာင္ၿပီး ထိုင္း ကပ္ေရာဂါထိန္းခ်ဳပ္ေရးဆိုင္ရာ ဗဟိုဌာန (CCSA) တာဝန္ရွိသူေတြနဲ႔ က်န္းမာေရးဝန္ႀကီးဌာနတို႔ ေတြ႔ဆံုေဆြးေႏြးပြဲအၿပီးမွာ အခုလို ဆံုးျဖတ္လိုက္တာပါ။ ဒါ့အျပင္ ထိုင္းႏိုင္ငံတြင္း ေရာက္ေနတဲ့ ႏိုင္ငံျခားသားေတြ ကာကြယ္ေဆးထုိးဖို႔ မိမိေရာက္ေနတဲ့ ေဒသက အနီးဆံုး က်န္းမာေရးဌာနမွာ ဇြန္လ ၇ ရက္မွာ စတင္စာရင္းေပးဖို႔ပါ ညႊန္ၾကားခဲ့ပါတယ္။

အခုဆိုရင္ တလအတြင္း ႏုိင္ငံတဝန္း ပိုးေတြ႔လူနာ ၉၄,၀၀၀ အထိ ျမင့္တက္သြားခဲ့တယ္္လို႔ ထုိင္းသတင္းေတြမွာ ေဖာ္ျပၾကပါတယ္။

ထိုင္းႏုိင္ငံမွာ ျမန္မာႏုိင္ငံသားေတြ အပါအဝင္ ကူးစက္ျမန္ ကိုဗစ္ေရာဂါပိုး အမ်ဳိးအစားသစ္ ကူးစက္ခံရသူ ေရႊ႕ေျပာင္းအလုပ္သမား ၁၅ ေယာက္နဲ႔ ထိုင္းႏုိင္ငံသား ၂၁ ေယာက္ စုစုေပါင္း ၃၆ ေယာက္ကို ပထမဆုံးအႀကိမ္အျဖစ္ စစ္ေဆးေတြ႔ရွိခဲ့ေၾကာင္း ထိုင္းက်န္းမာေရး အရာရွိေတြက ေသာၾကာေန႔က ေျပာပါတယ္။

ထိုင္းႏုိင္ငံမွာ ေမလ ၂၁ ရက္ ေသာၾကာေန႔ တရက္တည္းမွာတင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၃,၄၈၁ ေယာက္နဲ႔ ေသဆံုးသူ ၃၂ ေယာက္ရွိေနတာ ျဖစ္ၿပီး စုစုေပါင္း ကူးစက္ခံရသူက ၁၂၃,၀၀၀ ေက်ာ္ ရွိေနပါတယ္။

ထိုင္းအစိုးရက အခုအခါမွာ အိႏၵိယ၊ ပါကစၥတန္၊ ဘဂၤလားေဒ့ရွ္နဲ႔ နီေပါႏိုင္ငံေတြက လာသူေတြကို ထိုင္းႏိုင္ငံသားမဟုတ္ရင္ ႏိုင္ငံတြင္း ဝင္ေရာက္ခြင့္ မေပးပါဘူး။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ထိုင်းနိုင်ငံမှာ ကိုဗစ်အရေးပေါ်အခြေအနေ သက်တမ်း ၂ လတိုး

မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြား ရှိနေတဲ့ ထိုင်းနိုင်ငံမှာ တကျော့ပြန် ကိုဗစ် တတိယလှိုင်း ကူးစက်မှုနှုန်းက စိုးရိမ်ရတဲ့ အခြေအနေကို ရောက်လာနေတာကြောင့် အရေးပေါ်အခြေနေကို နောက်ထပ် ၂ လ တိုးမြှင့်ဖို့ ထိုင်းအစိုးရက ဆုံးဖြတ်လိုက်ပါတယ်။

ထိုင်းဝန်ကြီးချုပ် Prayuth Chan-o-cha ဦးဆောင်ပြီး ထိုင်း ကပ်ရောဂါထိန်းချုပ်ရေးဆိုင်ရာ ဗဟိုဌာန (CCSA) တာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ အခုလို ဆုံးဖြတ်လိုက်တာပါ။ ဒါ့အပြင် ထိုင်းနိုင်ငံတွင်း ရောက်နေတဲ့ နိုင်ငံခြားသားတွေ ကာကွယ်ဆေးထိုးဖို့ မိမိရောက်နေတဲ့ ဒေသက အနီးဆုံး ကျန်းမာရေးဌာနမှာ ဇွန်လ ၇ ရက်မှာ စတင်စာရင်းပေးဖို့ပါ ညွှန်ကြားခဲ့ပါတယ်။

အခုဆိုရင် တလအတွင်း နိုင်ငံတဝန်း ပိုးတွေ့လူနာ ၉၄,၀၀၀ အထိ မြင့်တက်သွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အပါအဝင် ကူးစက်မြန် ကိုဗစ်ရောဂါပိုး အမျိုးအစားသစ် ကူးစက်ခံရသူ ရွှေ့ပြောင်းအလုပ်သမား ၁၅ ယောက်နဲ့ ထိုင်းနိုင်ငံသား ၂၁ ယောက် စုစုပေါင်း ၃၆ ယောက်ကို ပထမဆုံးအကြိမ်အဖြစ် စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထိုင်းကျန်းမာရေး အရာရှိတွေက သောကြာနေ့က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ မေလ ၂၁ ရက် သောကြာနေ့ တရက်တည်းမှာတင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃,၄၈၁ ယောက်နဲ့ သေဆုံးသူ ၃၂ ယောက်ရှိနေတာ ဖြစ်ပြီး စုစုပေါင်း ကူးစက်ခံရသူက ၁၂၃,၀၀၀ ကျော် ရှိနေပါတယ်။

ထိုင်းအစိုးရက အခုအခါမှာ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါနိုင်ငံတွေက လာသူတွေကို ထိုင်းနိုင်ငံသားမဟုတ်ရင် နိုင်ငံတွင်း ဝင်ရောက်ခွင့် မပေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG