သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းနယ္စပ္မွာ ေတာင္အာဖရိက ကို႐ိုနာဗိုင္းရပ္စ္ မ်ဳိးဗီဇကဲြ ေတြ႔ရွိ


နယ္စပ္မွတဆင့္ ထုိင္းႏုိင္ငံထဲ တရားမဝင္ ဝင္ေရာက္ခဲ့ၾကတဲ့ ျမန္မာေရြႊ႕ေျပာင္းလုပ္သားေတြကို ထိန္းသိမ္းထားၿပီးေနာက္ ကုိယ္အပူခ်ိန္ တုိင္းတာစစ္ေဆးေနတဲ့ ထုိင္းတာဝန္ရွိသူတဦး။ (ေမ ၉၊ ၂၀၂၁)

(Zawgyi / Unicode)

ထိုင္းႏုိင္ငံ နယ္စပ္တဝိုက္ ေတာင္အာဖရိကမွာ ေတြ႔ရတဲ့ ကို႐ိုနာဗိုင္းရပ္စ္ မ်ိဳးဗီဇကြဲ ကူးစက္သူ ၃ ဦး ေတြ႔ရွိခဲ့တာေၾကာင့္ နယ္စပ္အဝင္အထြက္ေတြကို တင္းက်ပ္သြားမယ္လို႔ အာဏာပိုင္ေတြက ဒီကေန႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ေမလ ၄ ရက္ေန႔တုန္းက မေလးရွားကေန ထိုင္းကို တရားမဝင္ ဝင္ေရာက္လာတဲ့ သူတေယာက္မွာ ဒီမ်ိဳးဗီဇကြဲ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေနတာကို ပထမဆုံး ေတြ႔ခဲ့ပါတယ္။ အဲဒီေနာက္ပိုင္း နယ္စပ္ေဒသတဝိုက္ အသြားအလာေတြ ကန္႔သတ္ထားခဲ့တာပါ။ အခုကူးစက္သူ ၃ ဦးက ျပည္တြင္းကူးစက္တာ ျဖစ္ပါတယ္။

ဒီ ေတာင္အာဖရိကက မ်ိဳးကြဲဗိုင္းရပ္စ္နဲ႔ ပတ္သက္လို႔ စိုးရိမ္မႈေတြ ရွိေနေပမယ့္ COVID-19 ကာကြယ္ေဆးထိုး လုပ္ငန္းစဥ္ေတြက ေရာဂါကူးစက္မႈႏႈန္းနဲ႔ အေသအေပ်ာက္ႏႈန္းကို ေလွ်ာ့ခ်ေပးႏုိင္မယ္လို႔ ေရာဂါထိန္းခ်ဳပ္ေရးဌာန အႀကီးအကဲက ေျပာပါတယ္။

နယ္စပ္ေဒသတေလွ်ာက္ ေစာင့္ၾကည့္စစ္ေဆးဖို႔ လူအင္အား၊ စစ္ေဆးေရးဂိတ္ေတြနဲ႔ ေစာင့္ၾကည့္စနစ္ေတြ တိုးျမႇင့္ျပဳလုပ္သြားမွာျဖစ္သလို တာဝန္ရွိသူေတြ အေနနဲ႔လည္း တရားမဝင္ ေရႊ႕ေျပာင္း နယ္စပ္ျဖတ္ေက်ာ္လာသူေတြနဲ႔ ပတ္သက္လို႔ တင္းတင္းက်ပ္က်ပ္ ကိုင္တြယ္ဖို႔ အစိုးရက အမိန္႔ထုတ္ထားပါတယ္။

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ ေဆာက္လုပ္ေရးလုပ္သားေတြ ေနထိုင္တဲ့ ေနရာ ၁၁ ခုမွာလည္း ကိုဗစ္ကူးစက္ထားတဲ့သူေတြ ရွိတာေၾကာင့္ အလုပ္သမားေတြကို အသြားအလာေတြ ကန္႔သတ္ ေစာင့္ၾကည့္ေနပါတယ္။ ဘန္ေကာက္ၿမိဳ႕တြင္း ဒီလို အလုပ္သမားေတြေနထိုင္တဲ့ အိမ္ရာ ၄၀၀ ေက်ာ္မွာ အလုပ္သမား ၆၂,၀၀၀ ေက်ာ္ေလာက္ရွိၿပီး ထက္ဝက္ေလာက္က ေရႊ႕ေျပာင္းအလုပ္သမားေတြ ျဖစ္ပါတယ္။ ဒါ့အျပင္ ဘန္ေကာက္ၿမိဳ႕တဝိုက္ ေစ်းေတြနဲ႔ ဆက္သြယ္ေရး စင္တာေတြမွာလည္း အသြားအလာ ကန္႔သတ္ထားပါတယ္။

အခုထိ ထိုင္းႏုိင္ငံမွာ ကိုဗစ္ကူးစက္ထားသူ ၁၂၉,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူက ၇၇၆ ေယာက္ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ထိုင်းနယ်စပ်မှာ တောင်အာဖရိက ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲ တွေ့ရှိ

ထိုင်းနိုင်ငံ နယ်စပ်တဝိုက် တောင်အာဖရိကမှာ တွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲ ကူးစက်သူ ၃ ဦး တွေ့ရှိခဲ့တာကြောင့် နယ်စပ်အဝင်အထွက်တွေကို တင်းကျပ်သွားမယ်လို့ အာဏာပိုင်တွေက ဒီကနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့တုန်းက မလေးရှားကနေ ထိုင်းကို တရားမဝင် ဝင်ရောက်လာတဲ့ သူတယောက်မှာ ဒီမျိုးဗီဇကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတာကို ပထမဆုံး တွေ့ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း နယ်စပ်ဒေသတဝိုက် အသွားအလာတွေ ကန့်သတ်ထားခဲ့တာပါ။ အခုကူးစက်သူ ၃ ဦးက ပြည်တွင်းကူးစက်တာ ဖြစ်ပါတယ်။

ဒီ တောင်အာဖရိကက မျိုးကွဲဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေပေမယ့် COVID-19 ကာကွယ်ဆေးထိုး လုပ်ငန်းစဉ်တွေက ရောဂါကူးစက်မှုနှုန်းနဲ့ အသေအပျောက်နှုန်းကို လျှော့ချပေးနိုင်မယ်လို့ ရောဂါထိန်းချုပ်ရေးဌာန အကြီးအကဲက ပြောပါတယ်။

နယ်စပ်ဒေသတလျှောက် စောင့်ကြည့်စစ်ဆေးဖို့ လူအင်အား၊ စစ်ဆေးရေးဂိတ်တွေနဲ့ စောင့်ကြည့်စနစ်တွေ တိုးမြှင့်ပြုလုပ်သွားမှာဖြစ်သလို တာဝန်ရှိသူတွေ အနေနဲ့လည်း တရားမဝင် ရွှေ့ပြောင်း နယ်စပ်ဖြတ်ကျော်လာသူတွေနဲ့ ပတ်သက်လို့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ အစိုးရက အမိန့်ထုတ်ထားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆောက်လုပ်ရေးလုပ်သားတွေ နေထိုင်တဲ့ နေရာ ၁၁ ခုမှာလည်း ကိုဗစ်ကူးစက်ထားတဲ့သူတွေ ရှိတာကြောင့် အလုပ်သမားတွေကို အသွားအလာတွေ ကန့်သတ် စောင့်ကြည့်နေပါတယ်။ ဘန်ကောက်မြို့တွင်း ဒီလို အလုပ်သမားတွေနေထိုင်တဲ့ အိမ်ရာ ၄၀၀ ကျော်မှာ အလုပ်သမား ၆၂,၀၀၀ ကျော်လောက်ရှိပြီး ထက်ဝက်လောက်က ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဘန်ကောက်မြို့တဝိုက် ဈေးတွေနဲ့ ဆက်သွယ်ရေး စင်တာတွေမှာလည်း အသွားအလာ ကန့်သတ်ထားပါတယ်။

အခုထိ ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်ထားသူ ၁၂၉,၀၀၀ ကျော်နဲ့ သေဆုံးသူက ၇၇၆ ယောက် ရှိပါတယ်။

XS
SM
MD
LG