သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏုိင္ငံတြင္း ကိုဗစ္ကူးစက္ခံရသူ ျမန္မာ ၅၀၀ ေက်ာ္ ခဲြျခားခံရဆိုၿပီး ဆႏၵျပ


ဆႏၵထုတ္ေဖာ္ေနတဲ့ ဖက္ခ်ဘူရီျပည္နယ္ လွ်ပ္စစ္စက္႐ုံက ယာယီေဆး႐ုံမွာ ကုသမႈခံေနရတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ား။ (ေမ ၂၇၊ ၂၀၂၁။ ဓာတ္ပုံ - CJ)

(Zawgyi / Unicode)

ထိုင္းႏုိင္ငံမွာ COVID-19 ကပ္ေရာဂါ ဒုတိယအမ်ားဆံုး ျဖစ္ပြားေနတဲ့ ဖက္ခ်ဘူရီျပည္နယ္ ေခါင္ယိုင္ၿမိဳ႕ လွ်ပ္စစ္စက္႐ုံအတြင္းက ယာယီေဆး႐ုံအတြင္းမွာ ေဆးကုသခံေနရတဲ့ ကိုဗစ္ကပ္ေရာဂါ ကူးစက္ခံေနရတဲ့ ျမန္မာ ၅၀၀ ေက်ာ္ဟာ ယာယီေဆး႐ုံမွာ မီးျပတ္လတ္ရာကစလို႔ အဆင္မေျပမႈျဖစ္ၿပီး ေမလ ၂၇ ရက္ေန႔က စက္႐ုံေရွ႕က ကြင္းျပင္မွာ စု႐ုံး ဆႏၵျပခဲ့ၾကပါတယ္။ အျပည့္အစုံကို မေအးေအးမာ တင္ျပေပးထားပါတယ္။

လွ်ပ္စစ္စက္႐ုံအတြင္းက ယာယီေဆး႐ုံမွာ ေဆးကုသခံေနရတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၅၀၀ ေက်ာ္ဟာ ေမလ ၂၇ ရက္ေန႔က စက္႐ုံေရွ႕က ကြင္းျပင္မွာ စု႐ုံး ဆႏၵျပခဲ့ၾကတာပါ။

စက္႐ုံအတြင္းမွာ မီးျပတ္လပ္ေနတာ၊ အစားအေသာက္ အဆင္မေျပတာနဲ႔ ခြဲျခားဆက္ဆံခံရတာေတြေၾကာင့္ အခုလို ဆႏၵျပခဲ့ၾကတာျဖစ္တယ္လို႔ ထိုင္းသတင္းေတြမွာ ေဖာ္ျပၾကပါတယ္။

ဆႏၵျပမႈျဖစ္ပြားေနတဲ့ စက္႐ုံကို ရဲ စစ္တပ္အင္အား ၃၀၀ ေက်ာ္က အျပင္ကေန လံုၿခံဳေရးယူၿပီး ေစာင့္ၾကည့္ေနၾကတာကိုလည္း ထိုင္း႐ုပ္သံသတင္းေတြမွာ ေဖာ္ျပၾကပါတယ္။

ထိုင္းႏုိင္ငံသား အလုပ္သမားေတြကိုေတာ့ ျပင္ပေဆး႐ုံေတြမွာ ေဆးကုသေပးေနၿပီး ျမန္မာႏုိင္ငံသားေတြကိုေတာ့ စက္႐ုံတြင္းက ရြက္ဖ်င္တဲထိုးထားတဲ့ ယာယီေဆး႐ုံမွာ ကုသေပးေနတယ္လို႔ ဆႏၵျပသူေတြက ေထာက္ျပၾကပါတယ္။

လူမႈဖူလံုေရး အာမခံေၾကးေတြ ေပးသြင္းထားတာမို႔ ထုိင္းေဆး႐ုံေတြမွာ တရားဝင္ကုသခြင့္ ေပးဖို႔ကုိလည္း ေတာင္းဆိုၾကပါတယ္။

မ်ားေသာအားျဖင့္ အစုလိုက္အၿပဳံလိုက္ ကူးစက္မႈေတြကို ယာယီေဆး႐ုံေတြမွာပဲ ကုသေပးေနတာေတြ ရွိေနၿပီး ကူးစက္သူတိုင္း ေဆးရံုသြားခြင့္ မရတာေတာ့ရွိေၾကာင္း FED အဖဲြ႔က အလုပ္သမားေရး တက္ႂကြလႈပ္ရွားသူ ဦးမင္းဦးက ေျပာျပပါတယ္။

“က်ေနာ္ထင္တယ္ အဲဒါေတြက ျဖစ္မွာပဲ။ ဒါေပမယ့္ က်ေနာ္တို႔ ေရႊ႕ေျပာင္းအလုပ္သမားေတြကေတာ့ ပိုျဖစ္တယ္။ သို႔ေသာ္ သူတို႔ ထုိင္းေတြခ်င္းမွာလည္း ဟုိတေလာက ေတာ္ေတာ္ေလး ေသသြားတယ္။ ေရာဂါျဖစ္တာ ေဆး႐ုံကလာေခၚဖို႔ကို ေစာင့္တယ္၊ လာမေခၚလို႔ အသက္ႀကီးတဲ့သူေတြဆို ႏွစ္ေယာက္လား ေသသြားတာရွိတယ္။ ဒါက က်ေနာ္သိရသေလာက္ပဲ ဆံုးသြားတာ။ လာေခၚတာကိုေစာင့္ရင္း ေလးငါးေျခာက္ရက္ တပတ္ၾကာေလာက္မွာ ေသကုန္တယ္။ နာတာရွည္ေရာဂါရွိသူေတြ၊ ေရာဂါအခံရိွသူေတြ၊ အသက္ႀကီးသူေတြကေတာ့ အႏၱရာယ္ နည္းနည္းရွိတာေပါ့။”

လူမႈဖူလံုေရး အာမခံေၾကးေတြ ေပးေဆာင္ထားရေပမယ့္ တကယ္တမ္း ေဆးကုသေပးရာမွာ ထိုင္းနဲ႔ ျမန္မာအလုပ္သမားအခ်င္းခ်င္း ခြဲျခားဆက္ဆံခံေနရတယ္လို႔ ျမန္မာအလုပ္သမားေတြက ေထာက္ျပေျပာဆုိခဲ့တာနဲ႔ ပတ္သက္ၿပီး ေျပလည္ႏုိင္ဖို႔ ဖက္ခ်ဘူရီၿမိဳ႕ပိုင္ ကိုယ္တိုင္ လာေရာက္ ေျဖရွင္းေပးခဲ့ပါတယ္။ ဒုတိယၿမိဳ႕ပိုင္ Mr. Natthawut Phetphonprasorn က အခုလို ေျပာဆိုသြားပါတယ္။

“အခုလို ျဖစ္ပြားရတာဟာ စက္႐ုံတြင္းမွာ မီးအားသံုးတာမ်ားၿပီး လွ်ပ္စစ္မီး ျပတ္ေတာက္သြားခဲ့လို႔ ရာသီဥတု ပူျပင္းေနတဲ့အခ်ိန္ အလုပ္သမားေတြအတြက္ ေနထိုင္ေရးခက္ခဲမႈ ျဖစ္ရတာပါ။ အျမန္ဆံုး မီးျပန္ရေအာင္ လုပ္ေဆာင္ေပးေနပါတယ္။” ဆုိၿပီး ထုိင္းဘာသာနဲ႔ ေျပာဆုိသြားတာပါ။

အဲဒီစက္႐ုံအတြင္းမွာ ကိုဗစ္ကူးစက္လူနာ ၁,၃၀၀ ေက်ာ္ရွိေနေၾကာင္း ဖက္ခ်ဘူရီ ကပ္ေရာဂါထိန္းခ်ဳပ္ေရးအဖဲြ႔ကေတာ့ ထုတ္ျပန္ထားပါတယ္။

ေမလ ၂၈ ရက္ေန႔မွာေတာ့ ဖက္ခ်ဘူရီျပည္နယ္ အုပ္ခ်ဳပ္ေရးအာဏာပိုင္ေတြနဲ႔ က်န္းမာေရးဌာန ပူးတြဲ အေရးေပၚအစည္းအေဝး က်င္းပခဲ့ၿပီး ျမန္မာအလုပ္သမားေတြ ကုသေရး အဆင္ေျပေအာင္ လုပ္ေဆာင္ေပးဖို႔အတြက္ အစည္းအေဝး လုပ္ခဲ့ၾကပါတယ္။

အခုဆိုရင္ စမုတ္ပရာကမ္ျပည္နယ္ထဲမွာလည္း ႏုိင္ငံျခားသား အလုပ္သမားေတြ ၈၀၀ ထက္မနည္း ကူးစက္မႈေတြ ျဖစ္တာေၾကာင့္ အဲဒီေနရာကိုလည္း ေသာၾကာေန႔ကစၿပီး ပိတ္ဆို႔မႈေတြလုပ္ထားေၾကာင္း ဦးမင္းဦးက ေျပာပါတယ္။

“ေျပာမယ္ဆိုရင္ေတာ့ လူ ၈,၀၀၀ ေလာက္ေနတဲ့ အိမ္ေတြၾကားမွာ အလုပ္သမားေတြ ႏုိင္ငံျခားသား အလုပ္သမားေတြဆုိေတာ့ ေျပာရရင္ က်ေနာ္တို႔ ေရႊ႕ေျပာင္းအလုပ္သမားပဲ ေျပာခ်င္တာပါ။ အဲဒီမွာလည္း ကိုဗစ္အုပ္စုလိုက္ ေတြ့တာေပါ့။ အေယာက္ ၈၀၀ ေလာက္ေတြ႔တယ္။ အဲဒီမွာလည္း ဗမာေတြ အမ်ားႀကီးပါတယ္။ အဲဒါက စမုတ္ပရာကမ္မွာ၊ အဲဒီမွာလည္း Lockdown ေတြ ခ်ထားတာပဲ အဲဒါႀကီးတခုလံုးကို။”

ကိုဗစ္တတိယလႈိင္း ကူးစက္ေနတဲ့ ထိုင္းႏုိင္ငံမွာ ေမလ ၂၉ ရက္ေန႔အထိ အတည္ျပဳလူနာ စုစုေပါင္း ၁ သိန္းခဲြေလာက္ရိွၿပီး ေသဆံုးသူက ၉၈၈ ဦးထက္မနည္း ရွိသလို ေမလ ၂၉ ရက္ေန႔ တေန႔တည္းမွာပဲ ကူးစက္သူ လူနာအသစ္ ၄,၈၀၀ ေက်ာ္ရိွပါတယ္။ ေန႔စဥ္လည္း အတည္ျပဳလူနာ ေထာင္ဂဏန္းထိ တိုးလာေနပါတယ္။ ဒီထဲမွာ ႏုိင္ငံျခားသား ေရႊ႕ေျပာင္းအလုပ္သမားေတြက အမ်ားစုျဖစ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ထိုင်းနိုင်ငံတွင်း ကိုဗစ်ကူးစက်ခံရသူ မြန်မာ ၅၀၀ ကျော် ခွဲခြားခံရဆိုပြီး ဆန္ဒပြ

ထိုင်းနိုင်ငံမှာ COVID-19 ကပ်ရောဂါ ဒုတိယအများဆုံး ဖြစ်ပွားနေတဲ့ ဖက်ချဘူရီပြည်နယ် ခေါင်ယိုင်မြို့ လျှပ်စစ်စက်ရုံအတွင်းက ယာယီဆေးရုံအတွင်းမှာ ဆေးကုသခံနေရတဲ့ ကိုဗစ်ကပ်ရောဂါ ကူးစက်ခံနေရတဲ့ မြန်မာ ၅၀၀ ကျော်ဟာ ယာယီဆေးရုံမှာ မီးပြတ်လတ်ရာကစလို့ အဆင်မပြေမှုဖြစ်ပြီး မေလ ၂၇ ရက်နေ့က စက်ရုံရှေ့က ကွင်းပြင်မှာ စုရုံး ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံကို မအေးအေးမာ တင်ပြပေးထားပါတယ်။

လျှပ်စစ်စက်ရုံအတွင်းက ယာယီဆေးရုံမှာ ဆေးကုသခံနေရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀၀ ကျော်ဟာ မေလ ၂၇ ရက်နေ့က စက်ရုံရှေ့က ကွင်းပြင်မှာ စုရုံး ဆန္ဒပြခဲ့ကြတာပါ။

စက်ရုံအတွင်းမှာ မီးပြတ်လပ်နေတာ၊ အစားအသောက် အဆင်မပြေတာနဲ့ ခွဲခြားဆက်ဆံခံရတာတွေကြောင့် အခုလို ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ဆန္ဒပြမှုဖြစ်ပွားနေတဲ့ စက်ရုံကို ရဲ စစ်တပ်အင်အား ၃၀၀ ကျော်က အပြင်ကနေ လုံခြုံရေးယူပြီး စောင့်ကြည့်နေကြတာကိုလည်း ထိုင်းရုပ်သံသတင်းတွေမှာ ဖော်ပြကြပါတယ်။

ထိုင်းနိုင်ငံသား အလုပ်သမားတွေကိုတော့ ပြင်ပဆေးရုံတွေမှာ ဆေးကုသပေးနေပြီး မြန်မာနိုင်ငံသားတွေကိုတော့ စက်ရုံတွင်းက ရွက်ဖျင်တဲထိုးထားတဲ့ ယာယီဆေးရုံမှာ ကုသပေးနေတယ်လို့ ဆန္ဒပြသူတွေက ထောက်ပြကြပါတယ်။

လူမှုဖူလုံရေး အာမခံကြေးတွေ ပေးသွင်းထားတာမို့ ထိုင်းဆေးရုံတွေမှာ တရားဝင်ကုသခွင့် ပေးဖို့ကိုလည်း တောင်းဆိုကြပါတယ်။

များသောအားဖြင့် အစုလိုက်အပြုံလိုက် ကူးစက်မှုတွေကို ယာယီဆေးရုံတွေမှာပဲ ကုသပေးနေတာတွေ ရှိနေပြီး ကူးစက်သူတိုင်း ဆေးရုံသွားခွင့် မရတာတော့ရှိကြောင်း FED အဖွဲ့က အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ဦးမင်းဦးက ပြောပြပါတယ်။

“ကျနော်ထင်တယ် အဲဒါတွေက ဖြစ်မှာပဲ။ ဒါပေမယ့် ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေကတော့ ပိုဖြစ်တယ်။ သို့သော် သူတို့ ထိုင်းတွေချင်းမှာလည်း ဟိုတလောက တော်တော်လေး သေသွားတယ်။ ရောဂါဖြစ်တာ ဆေးရုံကလာခေါ်ဖို့ကို စောင့်တယ်၊ လာမခေါ်လို့ အသက်ကြီးတဲ့သူတွေဆို နှစ်ယောက်လား သေသွားတာရှိတယ်။ ဒါက ကျနော်သိရသလောက်ပဲ ဆုံးသွားတာ။ လာခေါ်တာကိုစောင့်ရင်း လေးငါးခြောက်ရက် တပတ်ကြာလောက်မှာ သေကုန်တယ်။ နာတာရှည်ရောဂါရှိသူတွေ၊ ရောဂါအခံရှိသူတွေ၊ အသက်ကြီးသူတွေကတော့ အန္တရာယ် နည်းနည်းရှိတာပေါ့။”

လူမှုဖူလုံရေး အာမခံကြေးတွေ ပေးဆောင်ထားရပေမယ့် တကယ်တမ်း ဆေးကုသပေးရာမှာ ထိုင်းနဲ့ မြန်မာအလုပ်သမားအချင်းချင်း ခွဲခြားဆက်ဆံခံနေရတယ်လို့ မြန်မာအလုပ်သမားတွေက ထောက်ပြပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ပြေလည်နိုင်ဖို့ ဖက်ချဘူရီမြို့ပိုင် ကိုယ်တိုင် လာရောက် ဖြေရှင်းပေးခဲ့ပါတယ်။ ဒုတိယမြို့ပိုင် Mr. Natthawut Phetphonprasorn က အခုလို ပြောဆိုသွားပါတယ်။

“အခုလို ဖြစ်ပွားရတာဟာ စက်ရုံတွင်းမှာ မီးအားသုံးတာများပြီး လျှပ်စစ်မီး ပြတ်တောက်သွားခဲ့လို့ ရာသီဥတု ပူပြင်းနေတဲ့အချိန် အလုပ်သမားတွေအတွက် နေထိုင်ရေးခက်ခဲမှု ဖြစ်ရတာပါ။ အမြန်ဆုံး မီးပြန်ရအောင် လုပ်ဆောင်ပေးနေပါတယ်။” ဆိုပြီး ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။

အဲဒီစက်ရုံအတွင်းမှာ ကိုဗစ်ကူးစက်လူနာ ၁,၃၀၀ ကျော်ရှိနေကြောင်း ဖက်ချဘူရီ ကပ်ရောဂါထိန်းချုပ်ရေးအဖွဲ့ကတော့ ထုတ်ပြန်ထားပါတယ်။

မေလ ၂၈ ရက်နေ့မှာတော့ ဖက်ချဘူရီပြည်နယ် အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ ကျန်းမာရေးဌာန ပူးတွဲ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ပြီး မြန်မာအလုပ်သမားတွေ ကုသရေး အဆင်ပြေအောင် လုပ်ဆောင်ပေးဖို့အတွက် အစည်းအဝေး လုပ်ခဲ့ကြပါတယ်။

အခုဆိုရင် စမုတ်ပရာကမ်ပြည်နယ်ထဲမှာလည်း နိုင်ငံခြားသား အလုပ်သမားတွေ ၈၀၀ ထက်မနည်း ကူးစက်မှုတွေ ဖြစ်တာကြောင့် အဲဒီနေရာကိုလည်း သောကြာနေ့ကစပြီး ပိတ်ဆို့မှုတွေလုပ်ထားကြောင်း ဦးမင်းဦးက ပြောပါတယ်။

“ပြောမယ်ဆိုရင်တော့ လူ ၈,၀၀၀ လောက်နေတဲ့ အိမ်တွေကြားမှာ အလုပ်သမားတွေ နိုင်ငံခြားသား အလုပ်သမားတွေဆိုတော့ ပြောရရင် ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားပဲ ပြောချင်တာပါ။ အဲဒီမှာလည်း ကိုဗစ်အုပ်စုလိုက် တွေ့တာပေါ့။ အယောက် ၈၀၀ လောက်တွေ့တယ်။ အဲဒီမှာလည်း ဗမာတွေ အများကြီးပါတယ်။ အဲဒါက စမုတ်ပရာကမ်မှာ၊ အဲဒီမှာလည်း Lockdown တွေ ချထားတာပဲ အဲဒါကြီးတခုလုံးကို။”

ကိုဗစ်တတိယလှိုင်း ကူးစက်နေတဲ့ ထိုင်းနိုင်ငံမှာ မေလ ၂၉ ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း ၁ သိန်းခွဲလောက်ရှိပြီး သေဆုံးသူက ၉၈၈ ဦးထက်မနည်း ရှိသလို မေလ ၂၉ ရက်နေ့ တနေ့တည်းမှာပဲ ကူးစက်သူ လူနာအသစ် ၄,၈၀၀ ကျော်ရှိပါတယ်။ နေ့စဉ်လည်း အတည်ပြုလူနာ ထောင်ဂဏန်းထိ တိုးလာနေပါတယ်။ ဒီထဲမှာ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေက အများစုဖြစ်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG