သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဗီယက္နမ္မွာ ကူးစက္ျမန္ ကုိဗစ္ပုိးသစ္ ေတြ႔ရွိ


ဗီယက္နမ္မွာ ကုိဗစ္ကာကြယ္ေဆးထုိးဖို႔ ေစာင့္ဆုိင္းေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (မတ္ ၈၊ ၂၀၂၁)

(Zawgyi / Unicode)

ဗီယက္နမ္ႏိုင္ငံမွာ အိႏၵိယနဲ႔ ၿဗိတိန္ႏိုင္ငံေတြမွာ စေတြ႔ခဲ့ရတဲ့ ကို႐ုိနာဗိုင္းရပ္စ္ ဗီဇေျပာင္းပိုးသစ္ အမ်ိဳးအစား ၂ မ်ိဳးေပါင္းထားတဲ့ ပိုးမ်ိဳးသစ္ကို ေတြ႔ရွိရေၾကာင္း ဗီယက္နမ္အစိုးရ ႐ုပ္သံ VTV က စေနေန႔မွာ ေၾကညာခဲ့ပါတယ္။

ဒီပိုးသစ္မ်ိဳးဟာ ေလမွာ အလ်င္အျမန္ ပ်ံ႕ႏွံ႔ႏိုင္စြမ္းရွိေနတယ္လို႔ ဗီယက္နမ္ က်န္းမာေရးဝန္ႀကီးရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီး အာဏာပိုင္ေတြက သတင္းထုတ္ျပန္လုိက္တာ ျဖစ္ပါတယ္။

မႏွစ္က ကို႐ုိနာဗိုင္းရပ္စ္ ကပ္ေရာဂါ ျဖစ္ပြားမႈကို ေအာင္ေအာင္ျမင္ျမင္ ထိန္းခ်ဳပ္ႏိုင္ခဲ့တဲ့ ဗီယက္နမ္ႏိုင္ငံမွာ အခု ဧၿပီလကစၿပီး ဒီေရာဂါကူးစက္မႈ တိုးလာေနတာ ေတြ႔ရၿပီး အခုဆို ဒီေရာဂါကူးစက္သူ ၇,၀၀၀ နီးပါးနဲ႔ ေသဆံုးရသူ ၅၀ နီးပါး ရွိလာေနတာပါ။

ဗီယက္နမ္ႏိုင္ငံမွာ အရင္က ၿဗိတိန္မ်ိးကြဲလို႔ သိၾကတဲ့ အမ်ိဳးအစား ကူးစက္မႈရွိေနရာကေန မၾကာေသးခင္ကမွ အိႏၵိယမ်ိဳးကြဲလို႔ သိၾကတဲ့ ပိုးအမ်ိဳးအစား ေတြ႔ခဲ့ရတဲ့ေနာက္ ခုေနာက္ဆံုးေတြ႔လာရတဲ့ ဗီဇေျပာင္းမ်ိဳးသစ္ဟာ အရင္အမ်ိဳးအစားေတြထက္ ကူးစက္မႈ ပိုျမန္တာ ေတြ႔ရတယ္လို႔ ဗီယက္နမ္ က်န္းမာေရးဝန္ႀကီး Nguyen Thanh Long က ေျပာပါတယ္။

ဒီမ်ိဳးသစ္နဲ႔ပတ္သက္တဲ့ အခ်က္လက္ေတြကို မၾကာခင္မွာ ထုတ္ျပန္မွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

SARS-CoV-2 ကို႐ုိနာဗိုင္းရပ္စ္ ပိုးေတြထဲမွာ တကမာၻလံုးအတြက္ စိုးရိမ္ရတဲ့ ဗီဇေျပာင္းမ်ိဳးသစ္ ၄ ခုရွိၿပီး သူတို႔ကို အိႏၵိယ၊ ၿဗိတိန္၊ ေတာင္အာဖရိကနဲ႔ ဘရာဇီးလ္ႏိုင္ငံေတြမွာ စတင္ေတြ႔ရေၾကာင္း WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီးက ထုတ္ျပန္ထားပါတယ္။ အခု အသစ္ထပ္ေတြ႔ရတဲ့ ဗီယက္နမ္က ဗီဇေျပာင္းပိုးသစ္နဲ႔ ပတ္သက္ၿပီး WHO က ခ်က္ခ်င္း တုံ႔ျပန္ေျပာဆိုတာေတာ့ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ဗီယက်နမ်မှာ ကူးစက်မြန် ကိုဗစ်ပိုးသစ် တွေ့ရှိ

ဗီယက်နမ်နိုင်ငံမှာ အိန္ဒိယနဲ့ ဗြိတိန်နိုင်ငံတွေမှာ စတွေ့ခဲ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ် ဗီဇပြောင်းပိုးသစ် အမျိုးအစား ၂ မျိုးပေါင်းထားတဲ့ ပိုးမျိုးသစ်ကို တွေ့ရှိရကြောင်း ဗီယက်နမ်အစိုးရ ရုပ်သံ VTV က စနေနေ့မှာ ကြေညာခဲ့ပါတယ်။

ဒီပိုးသစ်မျိုးဟာ လေမှာ အလျင်အမြန် ပျံ့နှံ့နိုင်စွမ်းရှိနေတယ်လို့ ဗီယက်နမ် ကျန်းမာရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ကိုးကားပြီး အာဏာပိုင်တွေက သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

မနှစ်က ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားမှုကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံမှာ အခု ဧပြီလကစပြီး ဒီရောဂါကူးစက်မှု တိုးလာနေတာ တွေ့ရပြီး အခုဆို ဒီရောဂါကူးစက်သူ ၇,၀၀၀ နီးပါးနဲ့ သေဆုံးရသူ ၅၀ နီးပါး ရှိလာနေတာပါ။

ဗီယက်နမ်နိုင်ငံမှာ အရင်က ဗြိတိန်မျိးကွဲလို့ သိကြတဲ့ အမျိုးအစား ကူးစက်မှုရှိနေရာကနေ မကြာသေးခင်ကမှ အိန္ဒိယမျိုးကွဲလို့ သိကြတဲ့ ပိုးအမျိုးအစား တွေ့ခဲ့ရတဲ့နောက် ခုနောက်ဆုံးတွေ့လာရတဲ့ ဗီဇပြောင်းမျိုးသစ်ဟာ အရင်အမျိုးအစားတွေထက် ကူးစက်မှု ပိုမြန်တာ တွေ့ရတယ်လို့ ဗီယက်နမ် ကျန်းမာရေးဝန်ကြီး Nguyen Thanh Long က ပြောပါတယ်။

ဒီမျိုးသစ်နဲ့ပတ်သက်တဲ့ အချက်လက်တွေကို မကြာခင်မှာ ထုတ်ပြန်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ် ပိုးတွေထဲမှာ တကမ္ဘာလုံးအတွက် စိုးရိမ်ရတဲ့ ဗီဇပြောင်းမျိုးသစ် ၄ ခုရှိပြီး သူတို့ကို အိန္ဒိယ၊ ဗြိတိန်၊ တောင်အာဖရိကနဲ့ ဘရာဇီးလ်နိုင်ငံတွေမှာ စတင်တွေ့ရကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားပါတယ်။ အခု အသစ်ထပ်တွေ့ရတဲ့ ဗီယက်နမ်က ဗီဇပြောင်းပိုးသစ်နဲ့ ပတ်သက်ပြီး WHO က ချက်ချင်း တုံ့ပြန်ပြောဆိုတာတော့ မရှိသေးပါဘူး။

XS
SM
MD
LG