(Zawgyi/Unicode)
ကမၻာ့က်န္းမာေရး အဖြဲ႔ႀကီး WHO ရဲ႕ ႏွစ္ပတ္လည္ ညီလာခံကို တနလာၤေန႔က ဖြင့္လွစ္ခဲ႔တဲ႔ WHO အႀကီးအကဲက ကမၻာတလႊား Covid-19 ကပ္ေဘးႀကီး အတြင္း အသက္ဆံုးရံႈးခဲ႔ရတဲ႔ က်န္းမာေရး လုပ္သား ၁၁၅,၀၀၀ ကို ေအာက္ေမ႔ ဂုဏ္ျပဳခဲ႔ပါတယ္။ ကမၻာတလႊားက က်န္းမာေရး ေစာင့္ေရွာက္ ျပဳစုေပးတဲ႔ လုပ္သားေတြဟာ ၁၈ လ နီးပါးၾကာ အသက္အႏၱရာယ္ၾကားမွာ ၾကံ့ၾကံ့ခံ ရပ္တည္ ေဆာင္ရြက္ခဲ႔ၾကတယ္လို႔ WHO အႀကီးအကဲ Tedros Adhanom Ghebreyesus က WHO ညီလာခံမွာ ေျပာပါတယ္။ က်န္းမာေရး လုပ္သားေတြဟာ အသက္ေပါင္းမ်ားစြာ ကယ္တင္ခဲ႔ၾကသလို၊ အစြမ္းကုန္ ႀကိဳးစားေပမယ့္လည္း လက္လႊတ္လိုက္ရတဲ႔ ပုဂၢိဳလ္ေတြ အတြက္လည္း ရုန္းကန္ခဲ႔ၾကတယ္လို႔လည္း သူက ဆက္ေျပာပါတယ္။
လတ္တေလာ သီတင္းပတ္ေတြ အတြင္းမွာ ကူးစက္မႈအသစ္နဲ႔ ေသဆံုးမႈႏႈန္း က်ဆင္းလာတဲ႔ အေပၚမွာ ေက်နပ္အားရ ျဖစ္ေပမယ့္လည္း ကမၻာဟာ သိပ္ၿပီး အႏၱရာယ္ႀကီးတဲ႔ အေျခအေနမွာ ရွိေနဆဲ ဆိုတာကိုလည္း သတိေပးခဲ႔ပါတယ္။
ကပ္ေဘးေရာဂါႀကီးက မၿပီးဆံုးေသးေၾကာင္း၊ ႏုိင္ငံတိုင္းမွာ ကူးစက္မႈႏႈန္းကို မထိန္ခ်ဳပ္ႏုိင္ဘဲနဲ႔ ကပ္ေဘးႀကီး ၿပီးဆံုးမွာ မဟုတ္ဘူးလို႔လည္း ေျပာပါတယ္။ Covid-19 ကာကြယ္ေဆး ျဖန္႔ေ၀မႈမွာ မတရားသျဖင့္ မညီမွ်မႈဟာ ကပ္ေဘးေရာဂါႀကီး သက္ဆိုးရွည္ေစမယ္လို႔ WHO အႀကီးအကဲက သံုးႏႈန္းၿပီး ကမၻာ့ အခ်မ္းသာဆံုး ႏုိင္ငံေတြကို ထပ္ၿပီး ေ၀ဖန္ခဲ႔ပါတယ္။ ကာကြယ္ေဆးအားလံုးရဲ႕ ၇၅ ရာခိုင္ႏႈန္းေက်ာ္ကုိ ႏုိင္ငံ ၁၀ ခုေလာက္မွာ ထိုးႏွံခဲ႔ေၾကာင္းလည္း သူက ေထာက္ျပပါတယ္။ WHO အဖြဲ႔၀င္ ႏုိင္ငံေတြ အားလံုး လာမယ့္ စက္တင္ဘာလ အေရာက္မွာ အနည္းဆံုး ႏုိင္ငံ လူဦးေရရဲ႕ ၁၀ ရာခို္င္ႏႈန္းကို ကာကြယ္ေဆး ထိုးႏွံေပးႏုိင္ေရးနဲ႔ လာမယ့္ ဒီဇင္ဘာ အေရာက္မွာ အနည္းဆံုး ႏုိင္ငံ လူဦးေရရဲ႕ ၃၀ ရာခုိင္ႏႈန္း ကာကြယ္ေဆးထိုးႏွံေရး ေဆာင္ရြက္ၾကဖို႔လည္း WHO အႀကီးအကဲက တိုက္တြန္းပါတယ္။
အိႏၵိယ ႏုိင္ငံမွာေတာ့ ၿပီးခဲ႔တဲ႔ ၂၄ နာရီ အတြင္း Covid-19 နဲ႔ ေသဆံုးသူ ၄,၀၀၀ ေက်ာ္ ရွိေၾကာင္း က်န္းမာေရး ၀န္ႀကီးဌာနက ေၾကညာခဲ႔တာေၾကာင့္ တနလာၤေန႔မွာဘဲ အိႏၵိယႏုိင္ငံဟာ ကမၻာမွာ Covid-19 နဲ႔ ဆက္စပ္ ေသဆံုးရသူ ၃၀၀,၀၀၀ ေက်ာ္တဲ႔ တတိယေျမာက္ ႏုိင္ငံ ျဖစ္သြားပါတယ္။ အေမရိကန္ ျပည္ေထာင္စုက ေသဆံုးသူ ၅၉၀,၀၀၀ နီးပါးနဲ႔ အမ်ားဆံုး ျဖစ္ၿပီး ဘရာဇီလ္း ႏုိင္ငံကေတာ့ ေသဆံုးသူ ၄၅၀,၀၀၀ နီးပါးနဲ႔ ဒုတိယ အမ်ားဆံုး ျဖစ္ေၾကာင္း Johns Hopkins ကိုရိုနာဗိုင္းရပ္စ္ အခ်က္အလက္ဆိုင္ရာ ဌာနက ေဖာ္ျပထားပါတယ္။
.....................................................................
ကိုဗစ်တိုက်ဖျက်ရေးမှာ အသက်ပေးသွားတဲ့ ကျန်းမာရေးဝန်ထမ်း တသိန်းကျော် WHO ဂုဏ်ပြု
(Unicode)
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ရဲ့ နှစ်ပတ်လည် ညီလာခံကို တနလာၤနေ့က ဖွင့်လှစ်ခဲ့တဲ့ WHO အကြီးအကဲက ကမ္ဘာတလွှား Covid-19 ကပ်ဘေးကြီး အတွင်း အသက်ဆုံးရှုံးခဲ့ရတဲ့ ကျန်းမာရေး လုပ်သား ၁၁၅,၀၀၀ ကို အောက်မေ့ ဂုဏ်ပြုခဲ့ပါတယ်။ ကမ္ဘာတလွှားက ကျန်းမာရေး စောင့်ရှောက် ပြုစုပေးတဲ့ လုပ်သားတွေဟာ ၁၈ လ နီးပါးကြာ အသက်အန္တရာယ်ကြားမှာ ကြံ့ကြံ့ခံ ရပ်တည် ဆောင်ရွက်ခဲ့ကြတယ်လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က WHO ညီလာခံမှာ ပြောပါတယ်။ ကျန်းမာရေး လုပ်သားတွေဟာ အသက်ပေါင်းများစွာ ကယ်တင်ခဲ့ကြသလို၊ အစွမ်းကုန် ကြိုးစားပေမယ့်လည်း လက်လွှတ်လိုက်ရတဲ့ ပုဂ္ဂိုလ်တွေ အတွက်လည်း ရုန်းကန်ခဲ့ကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။
လတ်တလော သီတင်းပတ်တွေ အတွင်းမှာ ကူးစက်မှုအသစ်နဲ့ သေဆုံးမှုနှုန်း ကျဆင်းလာတဲ့ အပေါ်မှာ ကျေနပ်အားရ ဖြစ်ပေမယ့်လည်း ကမ္ဘာဟာ သိပ်ပြီး အန္တရာယ်ကြီးတဲ့ အခြေအနေမှာ ရှိနေဆဲ ဆိုတာကိုလည်း သတိပေးခဲ့ပါတယ်။
ကပ်ဘေးရောဂါကြီးက မပြီးဆုံးသေးကြောင်း၊ နိုင်ငံတိုင်းမှာ ကူးစက်မှုနှုန်းကို မထိန်ချုပ်နိုင်ဘဲနဲ့ ကပ်ဘေးကြီး ပြီးဆုံးမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ Covid-19 ကာကွယ်ဆေး ဖြန့်ဝေမှုမှာ မတရားသဖြင့် မညီမျှမှုဟာ ကပ်ဘေးရောဂါကြီး သက်ဆိုးရှည်စေမယ်လို့ WHO အကြီးအကဲက သုံးနှုန်းပြီး ကမ္ဘာ့ အချမ်းသာဆုံး နိုင်ငံတွေကို ထပ်ပြီး ဝေဖန်ခဲ့ပါတယ်။ ကာကွယ်ဆေးအားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်ကို နိုင်ငံ ၁၀ ခုလောက်မှာ ထိုးနှံခဲ့ကြောင်းလည်း သူက ထောက်ပြပါတယ်။ WHO အဖွဲ့ဝင် နိုင်ငံတွေ အားလုံး လာမယ့် စက်တင်ဘာလ အရောက်မှာ အနည်းဆုံး နိုင်ငံ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးနဲ့ လာမယ့် ဒီဇင်ဘာ အရောက်မှာ အနည်းဆုံး နိုင်ငံ လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးနှံရေး ဆောင်ရွက်ကြဖို့လည်း WHO အကြီးအကဲက တိုက်တွန်းပါတယ်။
အိန္ဒိယ နိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်း Covid-19 နဲ့ သေဆုံးသူ ၄,၀၀၀ ကျော် ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့တာကြောင့် တနလာၤနေ့မှာဘဲ အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ Covid-19 နဲ့ ဆက်စပ် သေဆုံးရသူ ၃၀၀,၀၀၀ ကျော်တဲ့ တတိယမြောက် နိုင်ငံ ဖြစ်သွားပါတယ်။ အမေရိကန် ပြည်ထောင်စုက သေဆုံးသူ ၅၉၀,၀၀၀ နီးပါးနဲ့ အများဆုံး ဖြစ်ပြီး ဘရာဇီလ်း နိုင်ငံကတော့ သေဆုံးသူ ၄၅၀,၀၀၀ နီးပါးနဲ့ ဒုတိယ အများဆုံး ဖြစ်ကြောင်း Johns Hopkins ကိုရိုနာဗိုင်းရပ်စ် အချက်အလက်ဆိုင်ရာ ဌာနက ဖော်ပြထားပါတယ်။