သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်(စ်) မူလဇစ်မြစ် အမေရိကန် စုံစမ်းဖော်ထုတ်မည်


တရုတ်နိုင်ငံ ဓာတ်ခွဲခန်း Wuhan Institute of Virology
တရုတ်နိုင်ငံ ဓာတ်ခွဲခန်း Wuhan Institute of Virology

(Zawgyi/Unicode)

ကမ္ဘာတဝန်း လူပေါင်းသန်းချီ သေဆုံးခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးရဲ့ ဇစ်မြစ်ကို အမေရိကန် ထိပ်တန်း ထောက်လှမ်းရေး အေဂျင်စီတွေ ထပ်မံစုံစမ်းစစ်ဆေးပြီး တွေ့ရှိချက်တွေကို အများပြည်သူ သိနိုင်အောင် ထုတ်ဖော်ပြောဆိုမယ့်အကြောင်း သမ္မတ Joe Biden က ပြောဆိုလိုက်ပါတယ်။

ရက်ပေါင်း ၉၀ ကြာ စုံစမ်းစစ်ဆေးမှုက တွေ့ရှိချက်တွေကို အများပြည်သူကို အပြည့်အ၀ ချပြမှာဖြစ်ကြောင်း Ohio ပြည်နယ်၊ Cleveland မြို့ကိုသွားဖို့ ကြာသပတေးနေ့က Air Force One အထူးလေယာဉ်ပေါ် မတက်ခင်မှာ သမ္မတဘိုင်ဒင်က သတင်းထောက်တွေကို ပြောလိုက်တာပါ။

ကိုဗစ်ကပ်ရောဂါ ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ တရုတ်နိုင်ငံ ဓာတ်ခွဲခန်းကနေ စတင် ပျံ့နှံ့တာ ဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းပြောဆိုချက်တွေ ထွက်ပေါ်လာရာက အမေရိကန် အမျိုးသားဓာတ်ခွဲခန်းတွေ အပါအဝင် လိုအပ်တဲ့ အထောက်အကူတွေနဲ့ ပြန်လည်စုံစမ်းစစ်ဆေးဖို့ အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့ကပဲ ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။

အမေရိကန် ထိပ်တန်း ထောက်လှမ်းရေး အေဂျင်စီတွေကတော့ သူတို့ရရှိထားတဲ့ အချက်အလက်တွေအရ၊ COVID-19 ရောဂါပိုးဟာ လူဖန်တီးတာ၊ ဒါမှမဟုတ် မျိုးဗီဇပြုပြင်ထားတာ မဟုတ်ကြောင်း သိပ္ပံပညာရှင်တွေရဲ့ ယူဆချက်ကို လက်ခံကြောင်း ပြီးခဲ့တဲ့နှစ်ထဲမှာပဲ ပြောဆိုထားတာပါ။

ဒါပေမဲ့လည်း သဘာဝအတိုင်း တိရစ္ဆာန်ကနေ လူကိုကူးစက်ရာက ပျံ့နှံ့ခဲ့တာလား၊ ဒါမှမဟုတ် ဓာတ်ခွဲခန်းကနေ မတော်တဆ ပျံ့နှံ့ခဲ့တာလား ဆိုတာတွေကို စဉ်းစားဆုံးဖြတ်နိုင်အောင် ထပ်မံရရှိတဲ့ အချက်အလက်တွေ၊ ထောက်လှမ်းရေး သတင်းတွေကို မနားမနေ ဆက်လက် စုဆောင်းနေဆဲ ဖြစ်ကြောင်းလည်း ပြောဆိုထားကြပါတယ်။

အမေရိကန် အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးရဲ့ ကြာသပတေးနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ဗိုင်းရပ်စ်ပိုးရဲ့ ဇစ်မြစ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို အဖြေပေးနိုင်ဖို့ ထောက်လှမ်းရေး အေဂျင်စီတွေ ကြိုးပမ်းနေကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


...........

(Unicode)







XS
SM
MD
LG