သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းေနာက္ပိုင္း ကိုဗစ္ဓာတ္ခဲြအတည္ျပဳမႈ စံခ်ိန္တင္


ခ်င္းျပည္နယ္ က်ီခါးၿမိဳ႕မွာ COVID-19 နဲ႔ ေသဆုံးခဲ့တဲ့ ကိုယ္ဝန္ေဆာင္အမ်ဳိးသမီးရဲ႕ ဈာပနျမင္ကြင္း။

(Zawgyi / Unicode)

ျမန္မာႏိုင္ငံထဲ စစ္အာဏာသိမ္းအၿပီး ကိုဗစ္ ဓာတ္ခဲြအတည္ျပဳမႈ အျမင့္မားဆံုးေန႔အျဖစ္ မေန႔က စံခ်ိန္တင္ တက္သြားခဲ့ပါတယ္။ အာဏာမသိမ္းခင္ အရင္ COVID-19 ဒုတိယလိႈင္း တက္ခဲ့တုန္းက အျမင့္ဆံုး စစ္ေဆးေတြ႔ရွိႏႈန္းၿပီးရင္ မေန႔ေတြ႔ႏႈန္းက အမ်ားဆံုးစံခ်ိန္လည္း ျဖစ္ပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ အရင္ရက္ေတြက ေန႔စဥ္ ၁၀၀ ဝန္းက်င္ ပုိးေတြ႔သူသစ္ ရွိခဲ့ရာကေန အခု မေန႔က ၂၀၀ ေက်ာ္အဆင့္ကို ခုန္တက္သြားတာပါ။ စစ္ေဆးခဲ့သူ ၁,၇၇၈ ေယာက္မွာ ၂၁၂ ဦး ေတြ႔ခဲ့တာမို႔ ေတြ႔ႏႈန္း ၁၁ ရာခုိင္ႏႈန္းေက်ာ္အထိ ျဖစ္သြားခဲ့ပါတယ္။ ေတြ႔ရွိသူေတြထဲမွာ ခ်င္းျပည္နယ္ စစ္ကိုင္းတိုင္းနဲ႔ တနသၤာရီတိုင္းေတြက အမ်ားဆံုးျဖစ္ၾကပါတယ္။

အိႏိၵယႏုိ္င္ငံဘက္မွာ ကူးစက္ျမန္ ျပင္းထန္လာတဲ့ ဗီဇေျပာင္းမ်ိဳးကြဲသစ္ ျမန္မာနယ္စပ္ကို ဝင္လာၿပီလို႔ က်န္းမာေရးတာဝန္ရွိသူေတြ စိုးရိမ္လာခဲ့အၿပီး တေန႔ကပဲ ေသဆံုးသူကလည္း တရက္တည္း ၃ ဦးအျဖစ္ ဒီနယ္စပ္က ခ်င္းျပည္နယ္ က်ီခါးၿမိဳ႕မွာ စံခ်ိန္တင္ ေသဆံုးခဲ့ရတာေၾကာင့္ စိုးရိမ္မႈေတြ ပိုမ်ားလာေနပါတယ္။

မေန႔က ပိုးေတြ႔သူေတြထဲ အမ်ားဆံုးၿမိဳ႕ကလည္း အိႏိၵယနယ္စပ္ၿမိဳ႕ က်ီခါးပါတဲ့ တြန္းဇံၿမိဳ႕နယ္ျဖစ္ၿပီး ၅၂ ဦးအထိ ရွိခဲ့ပါတယ္။ ေနာက္ထပ္ အိႏိၵယနယ္စပ္ၿမိဳ႕ျဖစ္တဲ့ စစ္ကိုင္းတိုင္းက တမူးမွာလည္း ဒုတိယအမ်ားဆံုးအျဖစ္ ပိုးေတြ႔သူ ၅၀ ဦးအထိ ထပ္ရွိေနခဲ့ပါတယ္။

ေနာက္အျဖစ္မ်ားလာတာေတာ့ ထိုင္းဘက္နယ္စပ္ရွိ ရွမ္းျပည္နယ္ တာခ်ီလိတ္မွာ တရက္တြင္း ၃၀ ဦးနဲ႔ တနသၤာရီတိုင္း တနသၤာရီၿမိဳ႕မွာ ၂၇ ဦးရွိကာ အရင္ ပိုးေတြ႔အမ်ားဆံုး ျဖစ္ခဲ့တဲ့ ရန္ကုန္ကို ေက်ာ္တက္လာေနၾကပါၿပီ။

စစ္အာဏာသိမ္းအၿပီး က်န္းမာေရးဝန္ထမ္းေတြ စစ္ေကာင္စီနဲ႔ မပူးေပါင္း မေဆာင္ရြက္ေရး CDM လုပ္ခဲ့တာေၾကာင့္ က်န္းမာေရးလုပ္ငန္းေတြ အျပည့္မလည္ႏိုင္ခ်ိန္ ပိုးစစ္မႈလည္း အရင္ ေသာင္းဂဏန္းကေန အခုေထာင္ဂဏန္းအထိ ၁၀ ဆဝန္းက်င္ထိ က်လာခ်ိန္မွာ တကယ္တမ္း ပိုးသစ္ေတြ႔သူက ဒီထက္ပိုမ်ားမွာကိုလည္း စိုးရိမ္မႈတခ်ိဳ႕ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

စစ်အာဏာသိမ်းနောက်ပိုင်း ကိုဗစ်ဓာတ်ခွဲအတည်ပြုမှု စံချိန်တင်

မြန်မာနိုင်ငံထဲ စစ်အာဏာသိမ်းအပြီး ကိုဗစ် ဓာတ်ခွဲအတည်ပြုမှု အမြင့်မားဆုံးနေ့အဖြစ် မနေ့က စံချိန်တင် တက်သွားခဲ့ပါတယ်။ အာဏာမသိမ်းခင် အရင် COVID-19 ဒုတိယလှိုင်း တက်ခဲ့တုန်းက အမြင့်ဆုံး စစ်ဆေးတွေ့ရှိနှုန်းပြီးရင် မနေ့တွေ့နှုန်းက အများဆုံးစံချိန်လည်း ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အရင်ရက်တွေက နေ့စဉ် ၁၀၀ ဝန်းကျင် ပိုးတွေ့သူသစ် ရှိခဲ့ရာကနေ အခု မနေ့က ၂၀၀ ကျော်အဆင့်ကို ခုန်တက်သွားတာပါ။ စစ်ဆေးခဲ့သူ ၁,၇၇၈ ယောက်မှာ ၂၁၂ ဦး တွေ့ခဲ့တာမို့ တွေ့နှုန်း ၁၁ ရာခိုင်နှုန်းကျော်အထိ ဖြစ်သွားခဲ့ပါတယ်။ တွေ့ရှိသူတွေထဲမှာ ချင်းပြည်နယ် စစ်ကိုင်းတိုင်းနဲ့ တနင်္သာရီတိုင်းတွေက အများဆုံးဖြစ်ကြပါတယ်။

အိန္ဒိယနိုင်ငံဘက်မှာ ကူးစက်မြန် ပြင်းထန်လာတဲ့ ဗီဇပြောင်းမျိုးကွဲသစ် မြန်မာနယ်စပ်ကို ဝင်လာပြီလို့ ကျန်းမာရေးတာဝန်ရှိသူတွေ စိုးရိမ်လာခဲ့အပြီး တနေ့ကပဲ သေဆုံးသူကလည်း တရက်တည်း ၃ ဦးအဖြစ် ဒီနယ်စပ်က ချင်းပြည်နယ် ကျီခါးမြို့မှာ စံချိန်တင် သေဆုံးခဲ့ရတာကြောင့် စိုးရိမ်မှုတွေ ပိုများလာနေပါတယ်။

မနေ့က ပိုးတွေ့သူတွေထဲ အများဆုံးမြို့ကလည်း အိန္ဒိယနယ်စပ်မြို့ ကျီခါးပါတဲ့ တွန်းဇံမြို့နယ်ဖြစ်ပြီး ၅၂ ဦးအထိ ရှိခဲ့ပါတယ်။ နောက်ထပ် အိန္ဒိယနယ်စပ်မြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်းက တမူးမှာလည်း ဒုတိယအများဆုံးအဖြစ် ပိုးတွေ့သူ ၅၀ ဦးအထိ ထပ်ရှိနေခဲ့ပါတယ်။

နောက်အဖြစ်များလာတာတော့ ထိုင်းဘက်နယ်စပ်ရှိ ရှမ်းပြည်နယ် တာချီလိတ်မှာ တရက်တွင်း ၃၀ ဦးနဲ့ တနင်္သာရီတိုင်း တနင်္သာရီမြို့မှာ ၂၇ ဦးရှိကာ အရင် ပိုးတွေ့အများဆုံး ဖြစ်ခဲ့တဲ့ ရန်ကုန်ကို ကျော်တက်လာနေကြပါပြီ။

စစ်အာဏာသိမ်းအပြီး ကျန်းမာရေးဝန်ထမ်းတွေ စစ်ကောင်စီနဲ့ မပူးပေါင်း မဆောင်ရွက်ရေး CDM လုပ်ခဲ့တာကြောင့် ကျန်းမာရေးလုပ်ငန်းတွေ အပြည့်မလည်နိုင်ချိန် ပိုးစစ်မှုလည်း အရင် သောင်းဂဏန်းကနေ အခုထောင်ဂဏန်းအထိ ၁၀ ဆဝန်းကျင်ထိ ကျလာချိန်မှာ တကယ်တမ်း ပိုးသစ်တွေ့သူက ဒီထက်ပိုများမှာကိုလည်း စိုးရိမ်မှုတချို့ ရှိနေပါတယ်။

XS
SM
MD
LG