သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တြန္းဇံမွာ ကိုဗစ္ေၾကာင့္ ေသဆံုးသူ တိုးလာ


ရန္ကုန္တိုင္းေဒသႀကီး၊ ကိုဗစ္-၁၉ ေရာဂါကုသေရးဌာန (သုဝဏၰ)၊ ကိုဗစ္-၁၉ ေရာဂါအထူးၾကပ္မတ္ကုသေဆာင္ (ICU)မွာ ေရာဂါျပင္းထန္စြာခံစားေနရသူကို ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။(ဓာတ္ပုံ -Ministry of Health and Sports, Myanmar - ဒီဇင္ဘာ ၃၁၊ ၂၀၂၀)

[Zawgyi/Unicode]

ခ်င္းျပည္နယ္၊ တြန္းဇံၿမိဳ႕က က်ီခါးတိုက္နယ္ေဆး႐ုံမွာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ အခုရက္ပိုင္း ေသဆုံးသူ ၅ ဦးအထိ ရွိေနပါၿပီ။ ေဆးကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းအင္အား မလုံေလာက္သလို ေဆးဝါးနဲ႔ ပစၥည္းကိရိယာလိုအပ္ခ်က္ေတြလည္း ရွိေနပါတယ္။ စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕မွာလည္း ကိုဗစ္ကပ္ေရာဂါ ျပန႔္ပြားမႈအေျခအေနေၾကာင့္ မလိုအပ္ရင္ အိမ္ျပင္မထြက္ဖို႔ (Stay at Home) ကန႔္သတ္လိုက္ပါတယ္။ ျမန္မာႏိုင္ငံက ကိုဗစ္ ကပ္ေရာဂါေနာက္ဆံုးအေျခအေန ရန္ကုန္ကလာတဲ့ သတင္းကို အလိမၼာကေျပာျပပါမယ္။

ကိုဗစ္အတည္ျပဳလူနာ တိုးလာေနတဲ့ ခ်င္းျပည္နယ္မွာ ဒီေန႔ ဇြန္လ ၃ ရက္ ေန႔လယ္ ၂ နာရီ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ကိုဗစ္ အတည္ျပဳလူနာ ၃၇ ေယာက္႐ွိပါတယ္။ တြန္းဇံၿမိဳ႕နယ္မွာ ၃၃ ေယာက္၊ ဖလမ္းၿမိဳ႕နယ္မွာ အတည္ျပဳလူနာ ၄ ေယာက္ ျဖစ္ပါတယ္။

တြန္းဇံၿမိဳ႕ နယ္၊ က်ီခါးတိုက္နယ္ေဆး႐ုံမွာ ကုသမႈခံယူေနတဲ့ ကိုဗစ္လူနာ ၃ ဦး ဒီေန႔ ေသဆုံးခဲ့ပါတယ္။ ေသဆုံးသူေတြဟာ အသက္ ၅၄ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတဦးနဲ႔ အသက္ ၅၀ နဲ႔ ၇၁ ႏွစ္အ႐ြယ္ အမ်ိဳးသား ႏွစ္ဦးတို႔ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ တနဂၤေႏြညတုန္းက ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတဦးနဲ႔ အဂၤါေန႔တုန္းက အမ်ိဳးသားတဦး ေသဆုံးခဲ့လို႔ ဒါဟာ ၅ ရက္အတြင္းမွာ ေသဆုံးသူ ၅ ဦးအထိ ရွိေနတာပါ။ ႏွလံုးေရာဂါ အခံ႐ွိသူ တေယာက္ကလဲြလုိ႔ က်န္ေသဆုံးသူေတြဟာ ေရာဂါအခံမရွိဘဲ ကိုဗစ္ေၾကာင့္ ေသဆုံးၾကတာျဖစ္တယ္လို႔ တြန္းဇံၿမိဳ႕နယ္ ကိုဗစ္တိုက္ဖ်က္ေရး တာဝန္ရွိသူတဦးက ဗြီအိုေအကို ေျပာပါတယ္။

“တေယာက္ကေတာ့ ႏွလုံးေရာဂါအခံ ရွိတယ္။ တျခားသူေတြ က်ေတာ့မရွိဘူး။ ကိုဗစ္ေၾကာင့္ပဲ။ အရင္ဆုံးသြားတဲ့ ကိုယ္ဝန္ေဆာင္သည္ဆိုလည္း အခံေရာဂါ မရွိဘူး။ ကိုဗစ္ေၾကာင့္ ေသတာမ်ားတယ္။”

ခ်င္းျပည္နယ္၊ တြန္းဇံၿမိဳ႕မွာ ဒီေန႔အထိ ကိုဗစ္အတည္ျပဳလူနာ စုစုေပါင္း ၉၂ ဦး ရွိေနၿပီး က်ီခါးမွာေတာ့ လူနာ ၈၄ ဦး ရွိတယ္လို႔လည္း သူကေျပာပါတယ္။ လူနာေတြနဲ႔ ထိေတြ႕ဆက္စပ္ခဲ့သူေတြကို လိုက္လံရွာေဖြဖို႔ အခက္ေတြ႕ေနၿပီး လတ္တေလာ လိုအပ္ခ်က္ျဖစ္တဲ့ က်န္းမာေရးဝန္ထမ္း အင္အားနဲ႔ ေဆးဝါး၊ ပစၥည္းကိရိယာ လိုအပ္ခ်က္ေတြကို အလ်င္မီေအာင္ ေဆာင္႐ြက္ေနရတယ္လို႔ ကိုဗစ္တိုက္ဖ်က္ေရး တာဝန္ရွိသူက ဆက္ေျပာပါတယ္။

“က်ီခါးမွာ ဆရာဝန္မရွိဘူး။ အခု ဆရာဝန္တေယာက္ လုပ္အားေပးအေနနဲ႔ သြားတယ္။ သူနာျပဳတေယာက္ရယ္၊ CDM မဝင္တဲ့ က်န္းမာေရးဝန္ထမ္းေတြနဲ႔ေပါ့။ က်ီခါးက်ေတာ့ Positive လူနာထဲမွာ အသက္ရႈက်ပ္တာတို႔ ဘာတို႔ဆို ေဆး႐ုံမွာ ထားတယ္။ တျခားလူနာေတြက်ေတာ့ ဒီတိုင္း အိမ္မွာပဲ Home Quarantine ေပါ့။ တြန္းဇံမွာက်ေတာ့ Positive လူနာအကုန္လုံးကို Quarantine Center မွာထားတယ္၊ ေဆး႐ုံမွာ ထားတယ္။ တျခားေရာဂါတခုခုနဲ႔ ေဆး႐ုံေရာက္တယ္ဆို ကိုဗစ္စစ္တယ္။ Contact Person လုပ္မယ္ဆိုရင္ တၿမိဳ႕လုံးျဖစ္သြားမွာ။ လိုအပ္ခ်က္ကေတာ့ အခု Volunteer ေတြကေတာ့ တတ္ႏိုင္သေလာက္ လုပ္ႏိုင္တဲ့ဘက္ကေန ကူေနတာရွိတယ္။ ေအာက္စီဂ်င္တို႔ တျခား material ပစၥည္းလိုတာရွိတယ္။ အခုႏိုင္ငံေရးအေျခအေန မေကာင္းတဲ့အခါက်ေတာ့ Positive ေတြကို ေဆးေပးႏိုင္ဖို႔ တတ္ႏိုင္သေလာက္ ႀကိဳးစားၿပီးေတာ့ လုပ္ေပးရတယ္။”

စစ္ကိုင္းတိုင္းထဲက ကိုဗစ္အတည္ျပဳလူနာ တိုးေနတဲ့ ကေလးၿမိဳ႕နယ္ထဲမွာလည္း မလုိအပ္ရင္ အိမ္ျပင္မထြက္ၾကဖုိ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီေန႔ကစၿပီး Stay at Home ထုတ္ျပန္ ကန္႔သတ္ထားပါတယ္။

က်န္းမာေရးဌာနရဲ႕ ဇြန္လ ၂ ရက္ေန႔ စာရင္းအရ ကေလးၿမိဳ႕မွာ ကိုဗစ္ အတည္ျပဳလူနာသစ္ ၁၃ ေယာက္ ရွိေနပါတယ္။ ကေလးၿမိဳ႕က ဝယ္စလီေဆး႐ုံမွာ ဆရာဝန္ ၁ ဦးနဲ႔ သူနာျပဳဆရာမ ၇ ဦးတို႔မွာ ကိုဗစ္ေရာဂါကူးစက္ခံထားရလို႔ သူတို႔ေတြကို သီးျခားထားၿပီး ေဆး႐ုံကိုလည္း အဝင္အထြက္ ပိတ္ထားတယ္လို႔ ေဆး႐ုံတာဝန္ရွိသူတဦးက ဗြီအိုေအကို ေျပာပါတယ္။

“သူတို႔ကို Quarantine ထားထားတယ္။ အေျခအေန ဆိုးတာႀကီးေတာ့ မဟုတ္ပါဘူး။ Positive ျဖစ္လို႔ သူတို႔ကို သီးသန႔္ထားထားတာေပါ့ေနာ္။ ေဆး႐ုံကိုေတာ့ ေရာဂါျပန႔္ပြားမွာစိုးလို႔ ေလာေလာဆယ္ေတာ့ မေန႔ညေနကစၿပီးေတာ့ Lockdown ခ်လိုက္တယ္။ ဝန္ထမ္းေတြကိုလည္း မျပန္ခိုင္းဘူး။ သူတို႔အတြက္လည္း သီးသန႔္ ထမင္းခ်က္ေကြၽးတာေပါ့ေနာ္၊ ဘယ္သူမွ မျပန္ရေအာင္။ ဒီထဲမွာေတာ့ Duty က်တဲ့ ဆရာဝန္၊ ဆရာမေတြ ရွိေသးတယ္ေလ။ သူတို႔ကိုမျပန္ခိုင္းေတာ့ဘူး။ ဒီမွာပဲ အကုန္အိပ္ခိုင္းတယ္။”

စစ္အာဏာသိမ္းမႈေၾကာင့္ ႏိုင္ငံတြင္း ပဋိပကၡေတြနဲ႔ မတည္မၿငိမ္ျဖစ္ေနခ်ိန္ တေက်ာ့ျပန္ကိုဗစ္ကူးစက္မႈေတြနဲ႔ ေသဆုံးသူေတြ ရွိလာေနတဲ့အေပၚ ျပည္သူတခ်ဳိ႕က စိုးရိမ္ေနၾကပါတယ္။

အၾကမ္းမဖက္တဲ့ အာဏာဖီဆန္ေရး CDM လႈပ္ရွားမႈမွာ က်န္းမာေရးဝန္ထမ္းေတြလည္း ပါဝင္ေနၾကသလို ကိုဗစ္တိုက္ဖ်က္ရာမွာ လုပ္အားေပးခဲ့တဲ့ ေစတနာ့ဝန္ထမ္းေတာ္ေတာ္မ်ားမ်ားလည္း အကူအညီေပးႏို္င္ဖုိ႔ ခက္ခဲတဲ့အေျခအေန ေရာက္ေနၾကပါတယ္။

ကိုဗစ္ကာကြယ္ေဆးထိုး အစီအစဥ္ေတြကိုလည္း တႏိုင္ငံလံုး အတိုင္းအတာနဲ႔ က်ယ္က်ယ္ျပန္႔ျပန္႔ မလုပ္ႏုိင္ေသးတဲ့ အေျခအေနမွာ ႐ွိေနပါတယ္။

တြန္းဇံမွာ ကိုဗစ္ေၾကာင့္ ေသဆံုးသူ တိုးလာ
please wait

No media source currently available

0:00 0:04:15 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တွန်းဇံမှာ ကိုဗစ်ကြောင့် သေဆုံးသူ တိုးလာ

ချင်းပြည်နယ်၊ တွန်းဇံမြို့က ကျီခါးတိုက်နယ်ဆေးရုံမှာ ကိုဗစ်ကပ်ရောဂါကြောင့် အခုရက်ပိုင်း သေဆုံးသူ ၅ ဦးအထိ ရှိနေပါပြီ။ ဆေးကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းအင်အား မလုံလောက်သလို ဆေးဝါးနဲ့ ပစ္စည်းကိရိယာလိုအပ်ချက်တွေလည်း ရှိနေပါတယ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာလည်း ကိုဗစ်ကပ်ရောဂါ ပြန့်ပွားမှုအခြေအနေကြောင့် မလိုအပ်ရင် အိမ်ပြင်မထွက်ဖို့ (Stay at Home) ကန့်သတ်လိုက်ပါတယ်။ မြန်မာနိုင်ငံက ကိုဗစ် ကပ်ရောဂါနောက်ဆုံးအခြေအနေ ရန်ကုန်ကလာတဲ့ သတင်းကို အလိမ္မာကပြောပြပါမယ်။

ကိုဗစ်အတည်ပြုလူနာ တိုးလာနေတဲ့ ချင်းပြည်နယ်မှာ ဒီနေ့ ဇွန်လ ၃ ရက် နေ့လယ် ၂ နာရီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ် အတည်ပြုလူနာ ၃၇ ယောက်ရှိပါတယ်။ တွန်းဇံမြို့နယ်မှာ ၃၃ ယောက်၊ ဖလမ်းမြို့နယ်မှာ အတည်ပြုလူနာ ၄ ယောက် ဖြစ်ပါတယ်။

တွန်းဇံမြို့ နယ်၊ ကျီခါးတိုက်နယ်ဆေးရုံမှာ ကုသမှုခံယူနေတဲ့ ကိုဗစ်လူနာ ၃ ဦး ဒီနေ့ သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေဟာ အသက် ၅၄ နှစ်အရွယ် အမျိုးသမီးတဦးနဲ့ အသက် ၅၀ နဲ့ ၇၁ နှစ်အရွယ် အမျိုးသား နှစ်ဦးတို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေညတုန်းက ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးနဲ့ အင်္ဂါနေ့တုန်းက အမျိုးသားတဦး သေဆုံးခဲ့လို့ ဒါဟာ ၅ ရက်အတွင်းမှာ သေဆုံးသူ ၅ ဦးအထိ ရှိနေတာပါ။ နှလုံးရောဂါ အခံရှိသူ တယောက်ကလွဲလို့ ကျန်သေဆုံးသူတွေဟာ ရောဂါအခံမရှိဘဲ ကိုဗစ်ကြောင့် သေဆုံးကြတာဖြစ်တယ်လို့ တွန်းဇံမြို့နယ် ကိုဗစ်တိုက်ဖျက်ရေး တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“တယောက်ကတော့ နှလုံးရောဂါအခံ ရှိတယ်။ တခြားသူတွေ ကျတော့မရှိဘူး။ ကိုဗစ်ကြောင့်ပဲ။ အရင်ဆုံးသွားတဲ့ ကိုယ်ဝန်ဆောင်သည်ဆိုလည်း အခံရောဂါ မရှိဘူး။ ကိုဗစ်ကြောင့် သေတာများတယ်။”

ချင်းပြည်နယ်၊ တွန်းဇံမြို့မှာ ဒီနေ့အထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၉၂ ဦး ရှိနေပြီး ကျီခါးမှာတော့ လူနာ ၈၄ ဦး ရှိတယ်လို့လည်း သူကပြောပါတယ်။ လူနာတွေနဲ့ ထိတွေ့ဆက်စပ်ခဲ့သူတွေကို လိုက်လံရှာဖွေဖို့ အခက်တွေ့နေပြီး လတ်တလော လိုအပ်ချက်ဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်း အင်အားနဲ့ ဆေးဝါး၊ ပစ္စည်းကိရိယာ လိုအပ်ချက်တွေကို အလျင်မီအောင် ဆောင်ရွက်နေရတယ်လို့ ကိုဗစ်တိုက်ဖျက်ရေး တာဝန်ရှိသူက ဆက်ပြောပါတယ်။

“ကျီခါးမှာ ဆရာဝန်မရှိဘူး။ အခု ဆရာဝန်တယောက် လုပ်အားပေးအနေနဲ့ သွားတယ်။ သူနာပြုတယောက်ရယ်၊ CDM မဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ပေါ့။ ကျီခါးကျတော့ Positive လူနာထဲမှာ အသက်ရှုကျပ်တာတို့ ဘာတို့ဆို ဆေးရုံမှာ ထားတယ်။ တခြားလူနာတွေကျတော့ ဒီတိုင်း အိမ်မှာပဲ Home Quarantine ပေါ့။ တွန်းဇံမှာကျတော့ Positive လူနာအကုန်လုံးကို Quarantine Center မှာထားတယ်၊ ဆေးရုံမှာ ထားတယ်။ တခြားရောဂါတခုခုနဲ့ ဆေးရုံရောက်တယ်ဆို ကိုဗစ်စစ်တယ်။ Contact Person လုပ်မယ်ဆိုရင် တမြို့လုံးဖြစ်သွားမှာ။ လိုအပ်ချက်ကတော့ အခု Volunteer တွေကတော့ တတ်နိုင်သလောက် လုပ်နိုင်တဲ့ဘက်ကနေ ကူနေတာရှိတယ်။ အောက်စီဂျင်တို့ တခြား material ပစ္စည်းလိုတာရှိတယ်။ အခုနိုင်ငံရေးအခြေအနေ မကောင်းတဲ့အခါကျတော့ Positive တွေကို ဆေးပေးနိုင်ဖို့ တတ်နိုင်သလောက် ကြိုးစားပြီးတော့ လုပ်ပေးရတယ်။”

စစ်ကိုင်းတိုင်းထဲက ကိုဗစ်အတည်ပြုလူနာ တိုးနေတဲ့ ကလေးမြို့နယ်ထဲမှာလည်း မလိုအပ်ရင် အိမ်ပြင်မထွက်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ကစပြီး Stay at Home ထုတ်ပြန် ကန့်သတ်ထားပါတယ်။

ကျန်းမာရေးဌာနရဲ့ ဇွန်လ ၂ ရက်နေ့ စာရင်းအရ ကလေးမြို့မှာ ကိုဗစ် အတည်ပြုလူနာသစ် ၁၃ ယောက် ရှိနေပါတယ်။ ကလေးမြို့က ဝယ်စလီဆေးရုံမှာ ဆရာဝန် ၁ ဦးနဲ့ သူနာပြုဆရာမ ၇ ဦးတို့မှာ ကိုဗစ်ရောဂါကူးစက်ခံထားရလို့ သူတို့တွေကို သီးခြားထားပြီး ဆေးရုံကိုလည်း အဝင်အထွက် ပိတ်ထားတယ်လို့ ဆေးရုံတာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“သူတို့ကို Quarantine ထားထားတယ်။ အခြေအနေ ဆိုးတာကြီးတော့ မဟုတ်ပါဘူး။ Positive ဖြစ်လို့ သူတို့ကို သီးသန့်ထားထားတာပေါ့နော်။ ဆေးရုံကိုတော့ ရောဂါပြန့်ပွားမှာစိုးလို့ လောလောဆယ်တော့ မနေ့ညနေကစပြီးတော့ Lockdown ချလိုက်တယ်။ ဝန်ထမ်းတွေကိုလည်း မပြန်ခိုင်းဘူး။ သူတို့အတွက်လည်း သီးသန့် ထမင်းချက်ကျွေးတာပေါ့နော်၊ ဘယ်သူမှ မပြန်ရအောင်။ ဒီထဲမှာတော့ Duty ကျတဲ့ ဆရာဝန်၊ ဆရာမတွေ ရှိသေးတယ်လေ။ သူတို့ကိုမပြန်ခိုင်းတော့ဘူး။ ဒီမှာပဲ အကုန်အိပ်ခိုင်းတယ်။”

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတွင်း ပဋိပက္ခတွေနဲ့ မတည်မငြိမ်ဖြစ်နေချိန် တကျော့ပြန်ကိုဗစ်ကူးစက်မှုတွေနဲ့ သေဆုံးသူတွေ ရှိလာနေတဲ့အပေါ် ပြည်သူတချို့က စိုးရိမ်နေကြပါတယ်။

အကြမ်းမဖက်တဲ့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ကျန်းမာရေးဝန်ထမ်းတွေလည်း ပါဝင်နေကြသလို ကိုဗစ်တိုက်ဖျက်ရာမှာ လုပ်အားပေးခဲ့တဲ့ စေတနာ့ဝန်ထမ်းတော်တော်များများလည်း အကူအညီပေးနိုင်ဖို့ ခက်ခဲတဲ့အခြေအနေ ရောက်နေကြပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုး အစီအစဉ်တွေကိုလည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်သေးတဲ့ အခြေအနေမှာ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG