သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခ်င္းျပည္နယ္ တြန္းဇံမွာ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတဦး ကိုဗစ္ေရာဂါနဲ႔ ေသဆံုး


သုဝဏၰ ဧရာဝတီ ကိုဗစ္စင္တာ အထူးၾကပ္မတ္ကုသေဆာင္မွာ ေရာဂါျပင္းထန္စြာ ခံစားေနရသူတဦးကို ကုသေစာင့္ေရွာက္မႈေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဇန္နဝါရီ ၂၁၊ ၂၀၂၁။ ဓာတ္ပုံ - MOHS)

[Zawgyi/Unicode]

ခ်င္းျပည္နယ္၊ တြန္းဇံၿမိဳ႕နယ္မွာ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတဦး ကိုဗစ္ကပ္ေရာဂါနဲ႔ေသဆုံးခဲ့ပါတယ္။ ကိုဗစ္ကပ္ေရာဂါ ကူးစက္သူမ်ားေနတဲ့ တြန္းဇံၿမိဳ႕နယ္မွာ ကိုဗစ္အတည္ျပဳလူနာ ေလာေလာဆယ္ ၄၀ ေက်ာ္႐ွိေနပါတယ္။ ေဆးဝါးနဲ႔ က်န္းမာေရးဝန္ထမ္း လိုအပ္ခ်က္ေတြရွိေနတဲ့ ခ်င္းျပည္နယ္အတြင္းက ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈနဲ႔ပတ္သက္လို႔ ရန္ကုန္ကလာတဲ့သတင္းကို အလိမၼာက တင္ဆက္ေပးမွာပါ။

ကိုဗစ္အတည္ျပဳလူနာေတြ မ်ားေနတဲ့အတြက္ မလိုအပ္ရင္ အိမ္ျပင္မထြက္ဖို႔ (Stay at Home) ကန္႔သတ္ခ်က္ထုတ္ထားတဲ့ ခ်င္းျပည္နယ္၊ တြန္းဇံၿမိဳ႕နယ္အတြင္းမွာ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတဦး ကိုဗစ္ကပ္ေရာဂါနဲ႔ ေသဆုံးခဲ့ပါတယ္။ ကိုယ္ဝန္ ၈ လ လြယ္ထားရတဲ့ ၃၈ ႏွစ္အ႐ြယ္ အဲဒီအမ်ိဳးသမီးဟာ နာတာရွည္ေရာဂါအခံ မရွိဘဲ ကိုဗစ္ေရာဂါနဲ႔ ေသဆုံးခဲ့တာလို႔ တြန္းဇံၿမိဳ႕နယ္ ကိုဗစ္တိုက္ဖ်က္ေရး တာဝန္ရွိသူတဦးက ဗီြအိုေအကိုေျပာပါတယ္။ သူဟာ က်ီခါးတိုက္နယ္ေဆး႐ုံမွာ တက္ေရာက္ကုသစဥ္ ေသဆံုးခဲ့တာျဖစ္ပါတယ္။

“ကေလးလည္း တခါတည္း ဆုံးသြားတယ္။ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီး ကိုဗစ္နဲ႔ ဆုံးသြားတဲ့အခါမွာ တခါတည္း သူ႔ကေလးကို ၾကည့္တဲ့အခါမွာ သူ႔ကေလးလည္း ဗိုက္ထဲမွာ ဆုံးၿပီးသား။”

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက Stay at Home ထုတ္ျပန္ထားတဲ့ ၿမိဳ႕နယ္ထဲမွာ ခ်င္းျပည္နယ္အတြင္းက တြန္းဇံၿမိဳ႕နယ္အျပင္ စစ္ကိုင္းတိုင္းထဲက တမူးၿမိဳ႕နယ္တို႔ ပါဝင္ပါတယ္။ အိႏၵိယႏိုင္ငံနဲ႔ ခ်င္းျပည္နယ္ နယ္စပ္ - တြန္းဇံၿမိဳ႕နယ္က က်ီခါးတိုက္နယ္ေဆး႐ုံက တာဝန္ခံ ဆရာဝန္ဟာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ CDM လႈပ္႐ွားမႈမွာ ပါဝင္ေနတဲ့အတြက္၊ လုပ္အားေပးဆရာဝန္တဦးနဲ႔သာ အဓိကထား ကုသေနရတာပါ။ ပိုးေတြ႕လူနာေတြအတြက္ လိုအပ္တဲ့ေဆးဝါးေတြကို က်န္းမာေရးဌာနကေန မွာယူထားၿပီး၊ အျပင္အလႉရွင္ေတြရဲ႕ အကူအညီေတြလည္း လိုအပ္ေနတယ္လို႔ တြန္းဇံၿမိဳ႕နယ္ ကိုဗစ္တိုက္ဖ်က္ေရး တာဝန္ရွိသူက ဗီြအိုေအကိုေျပာပါတယ္။

“က်ီခါးက်ေတာ့ မီးစက္ေတြလိုတယ္၊ ေအာက္စီဂ်င္ေတြလိုတယ္။ ဒါေပမဲ့ အခုအလႉေငြလည္း ရွာေနတယ္ဆိုေတာ့ အဲဒါကေတာ့ အဆင္ေျပေလာက္တယ္ ထင္တယ္။ တြန္းဇံမွာက်ေတာ့ အရင္ကိုဗစ္ကာလ စုေဆာင္းထားတာရွိတယ္၊ ေအာက္စီဂ်င္အတြက္ကေတာ့ အဆင္ေျပတယ္။ အခု တြန္းဇံမွာ ကိုဗစ္ Positive လူနာ ၄၃ ေယာက္ရွိတယ္။ အဲဒါေတာင္မွ အိမ္တိုင္ရာေရာက္ သြားၿပီးေတာ့စစ္တာမဟုတ္ဘူး။ ေဆး႐ုံျပတဲ့သူကို မသကၤာလို႔စစ္တာ။ ဒီတပတ္အေျခအေနဆိုရင္ေတာ့ ထပ္တိုးလာမယ့္အေျခအေနရွိတယ္။”

ပိုးေတြ႕လူနာ ၇ ဦးကိုသာ ေဆး႐ုံမွာထားရွိၿပီး၊ က်န္တဲ့ ၃၆ ဦးကိုေတာ့ သီးျခားခဲြထားတဲ့ Quarantine Center မွာ ထား ထားတယ္လို႔ ေျပာပါတယ္။ လူနာေတြကို ေစာင့္ၾကပ္ဖို႔အတြက္ ရဲနဲ႔ ေဒသခံလူငယ္ေတြက အခ်ိန္ခြဲၿပီး တာဝန္ယူထားတယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ ျပည္တြင္းမွာ ကိုဗစ္ေရာဂါပိုး ကူးစက္ႏႈန္း ၂ ဆတိုးခဲ့ၿပီး အခုကူးစက္ေနတဲ့ ကိုဗစ္အမ်ိဳးအစားဟာ အိႏၵိယႏိုင္ငံက လာတဲ့ ကူးစက္ျမန္ေရာဂါပိုးျဖစ္ႏိုင္တဲ့ သံသယေၾကာင့္ စစ္ေဆးေနတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာခြင့္ရ ေဒါက္တာခင္ခင္ႀကီးက ဗီြအိုေအကိုေျပာထားပါတယ္။

“ဒါနဲ႔ပတ္သက္လို႔ရွိရင္ ဓာတ္ခြဲနမူနာေတြကို Reference Lab မွာ ေပးပို႔ဖို႔ကိစၥေတြ ေဆာင္႐ြက္ေနသလိုပဲ တၿပိဳင္နက္တည္းမွာလည္း ျမန္မာႏိုင္ငံ DMR မွာလည္း Genetic Sequencing လို႔ေခၚတဲ့ မ်ိဳး႐ိုးဗီဇ စစ္ေဆးတဲ့ဟာေတြ လုပ္ဖို႔လည္း ေဆာင္႐ြက္ေနပါတယ္။ ဒါေၾကာင့္မို႔ ျပည္သူေတြအေနနဲ႔ေတာ့ ေပါ့ဆလို႔မရတဲ့ အေနအထား ျဖစ္ပါတယ္။”

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က အတည္ျပဳလူနာ ၉၆ ေယာက္ေတ႔ြ႐ွိခဲ့ၿပီး ဒါဟာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ေနာက္ပိုင္း အမ်ားဆံုး အေရအတြက္ျဖစ္ပါတယ္။ ကူးစက္သူအမ်ားစုက ခ်င္းျပည္နယ္ထဲက ျဖစ္ၾကပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ေမလ ၃၀ ရက္ ၈ နာရီ ထုတ္ျပန္ခ်က္အရ ဓာတ္ခြဲနမူနာ ၉၁၂ ခုကို စစ္ေဆးရာမွာ အတည္ျပဳလူနာသစ္ ၄၅ ေယာက္ ႐ွိခဲ့ပါတယ္။ ကိုဗစ္အတည္ျပဳလူနာ စုစုေပါင္းကေတာ့ ၁၄၃,၅၇၁ ေယာက္ျဖစ္ပါတယ္။ စစ္အာဏာသိမ္းခဲ့ၿပီးေနာက္ ဆရာဝန္ေတြ၊ ေဆးဝန္ထမ္းေတြ ဆႏၵျပလို႔ ပိတ္ထားခဲ့တဲ့ ေဆး႐ံုေတြ ျပန္လည္ လည္ပါတ္ေနေပမဲ့ အၾကမ္းမဖက္ CDM လႈပ္႐ွားမႈမွာ ဆရာဝန္အမ်ားအျပား ဆက္လက္ ပါဝင္ေနၾကသလို ကာကြယ္ေဆးထိုးအစီအစဥ္ေတြကိုလည္း က်ယ္က်ယ္ျပန္႔ျပန္႔ မလုပ္ႏိုင္ေသးပါဘူး။ ကိုဗစ္ေရာဂါ ႐ွိ၊ မ႐ွိ ဓါတ္ခဲြနမူနာ ေန႔စဥ္ စစ္ေဆးေနတဲ့ အေရအတြက္ကလည္း စစ္အာဏာ မသိမ္းခင္ကထက္ အမ်ားႀကီးနည္းသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ချင်းပြည်နယ် တွန်းဇံမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ကိုဗစ်ရောဂါနဲ့ သေဆုံး

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ကိုဗစ်ကပ်ရောဂါနဲ့သေဆုံးခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါ ကူးစက်သူများနေတဲ့ တွန်းဇံမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ လောလောဆယ် ၄၀ ကျော်ရှိနေပါတယ်။ ဆေးဝါးနဲ့ ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်တွေရှိနေတဲ့ ချင်းပြည်နယ်အတွင်းက ကိုဗစ်ကပ်ရောဂါ ကူးစက်မှုနဲ့ပတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက တင်ဆက်ပေးမှာပါ။

ကိုဗစ်အတည်ပြုလူနာတွေ များနေတဲ့အတွက် မလိုအပ်ရင် အိမ်ပြင်မထွက်ဖို့ (Stay at Home) ကန့်သတ်ချက်ထုတ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ကိုဗစ်ကပ်ရောဂါနဲ့ သေဆုံးခဲ့ပါတယ်။ ကိုယ်ဝန် ၈ လ လွယ်ထားရတဲ့ ၃၈ နှစ်အရွယ် အဲဒီအမျိုးသမီးဟာ နာတာရှည်ရောဂါအခံ မရှိဘဲ ကိုဗစ်ရောဂါနဲ့ သေဆုံးခဲ့တာလို့ တွန်းဇံမြို့နယ် ကိုဗစ်တိုက်ဖျက်ရေး တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။ သူဟာ ကျီခါးတိုက်နယ်ဆေးရုံမှာ တက်ရောက်ကုသစဉ် သေဆုံးခဲ့တာဖြစ်ပါတယ်။

“ကလေးလည်း တခါတည်း ဆုံးသွားတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီး ကိုဗစ်နဲ့ ဆုံးသွားတဲ့အခါမှာ တခါတည်း သူ့ကလေးကို ကြည့်တဲ့အခါမှာ သူ့ကလေးလည်း ဗိုက်ထဲမှာ ဆုံးပြီးသား။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက Stay at Home ထုတ်ပြန်ထားတဲ့ မြို့နယ်ထဲမှာ ချင်းပြည်နယ်အတွင်းက တွန်းဇံမြို့နယ်အပြင် စစ်ကိုင်းတိုင်းထဲက တမူးမြို့နယ်တို့ ပါဝင်ပါတယ်။ အိန္ဒိယနိုင်ငံနဲ့ ချင်းပြည်နယ် နယ်စပ် - တွန်းဇံမြို့နယ်က ကျီခါးတိုက်နယ်ဆေးရုံက တာဝန်ခံ ဆရာဝန်ဟာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့အတွက်၊ လုပ်အားပေးဆရာဝန်တဦးနဲ့သာ အဓိကထား ကုသနေရတာပါ။ ပိုးတွေ့လူနာတွေအတွက် လိုအပ်တဲ့ဆေးဝါးတွေကို ကျန်းမာရေးဌာနကနေ မှာယူထားပြီး၊ အပြင်အလှူရှင်တွေရဲ့ အကူအညီတွေလည်း လိုအပ်နေတယ်လို့ တွန်းဇံမြို့နယ် ကိုဗစ်တိုက်ဖျက်ရေး တာဝန်ရှိသူက ဗွီအိုအေကိုပြောပါတယ်။

“ကျီခါးကျတော့ မီးစက်တွေလိုတယ်၊ အောက်စီဂျင်တွေလိုတယ်။ ဒါပေမဲ့ အခုအလှူငွေလည်း ရှာနေတယ်ဆိုတော့ အဲဒါကတော့ အဆင်ပြေလောက်တယ် ထင်တယ်။ တွန်းဇံမှာကျတော့ အရင်ကိုဗစ်ကာလ စုဆောင်းထားတာရှိတယ်၊ အောက်စီဂျင်အတွက်ကတော့ အဆင်ပြေတယ်။ အခု တွန်းဇံမှာ ကိုဗစ် Positive လူနာ ၄၃ ယောက်ရှိတယ်။ အဲဒါတောင်မှ အိမ်တိုင်ရာရောက် သွားပြီးတော့စစ်တာမဟုတ်ဘူး။ ဆေးရုံပြတဲ့သူကို မသင်္ကာလို့စစ်တာ။ ဒီတပတ်အခြေအနေဆိုရင်တော့ ထပ်တိုးလာမယ့်အခြေအနေရှိတယ်။”

ပိုးတွေ့လူနာ ၇ ဦးကိုသာ ဆေးရုံမှာထားရှိပြီး၊ ကျန်တဲ့ ၃၆ ဦးကိုတော့ သီးခြားခွဲထားတဲ့ Quarantine Center မှာ ထား ထားတယ်လို့ ပြောပါတယ်။ လူနာတွေကို စောင့်ကြပ်ဖို့အတွက် ရဲနဲ့ ဒေသခံလူငယ်တွေက အချိန်ခွဲပြီး တာဝန်ယူထားတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ပြည်တွင်းမှာ ကိုဗစ်ရောဂါပိုး ကူးစက်နှုန်း ၂ ဆတိုးခဲ့ပြီး အခုကူးစက်နေတဲ့ ကိုဗစ်အမျိုးအစားဟာ အိန္ဒိယနိုင်ငံက လာတဲ့ ကူးစက်မြန်ရောဂါပိုးဖြစ်နိုင်တဲ့ သံသယကြောင့် စစ်ဆေးနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကိုပြောထားပါတယ်။

“ဒါနဲ့ပတ်သက်လို့ရှိရင် ဓာတ်ခွဲနမူနာတွေကို Reference Lab မှာ ပေးပို့ဖို့ကိစ္စတွေ ဆောင်ရွက်နေသလိုပဲ တပြိုင်နက်တည်းမှာလည်း မြန်မာနိုင်ငံ DMR မှာလည်း Genetic Sequencing လို့ခေါ်တဲ့ မျိုးရိုးဗီဇ စစ်ဆေးတဲ့ဟာတွေ လုပ်ဖို့လည်း ဆောင်ရွက်နေပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့တော့ ပေါ့ဆလို့မရတဲ့ အနေအထား ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အတည်ပြုလူနာ ၉၆ ယောက်တေ့ွရှိခဲ့ပြီး ဒါဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း အများဆုံး အရေအတွက်ဖြစ်ပါတယ်။ ကူးစက်သူအများစုက ချင်းပြည်နယ်ထဲက ဖြစ်ကြပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မေလ ၃၀ ရက် ၈ နာရီ ထုတ်ပြန်ချက်အရ ဓာတ်ခွဲနမူနာ ၉၁၂ ခုကို စစ်ဆေးရာမှာ အတည်ပြုလူနာသစ် ၄၅ ယောက် ရှိခဲ့ပါတယ်။ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်းကတော့ ၁၄၃,၅၇၁ ယောက်ဖြစ်ပါတယ်။ စစ်အာဏာသိမ်းခဲ့ပြီးနောက် ဆရာဝန်တွေ၊ ဆေးဝန်ထမ်းတွေ ဆန္ဒပြလို့ ပိတ်ထားခဲ့တဲ့ ဆေးရုံတွေ ပြန်လည် လည်ပါတ်နေပေမဲ့ အကြမ်းမဖက် CDM လှုပ်ရှားမှုမှာ ဆရာဝန်အများအပြား ဆက်လက် ပါဝင်နေကြသလို ကာကွယ်ဆေးထိုးအစီအစဉ်တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်သေးပါဘူး။ ကိုဗစ်ရောဂါ ရှိ၊ မရှိ ဓါတ်ခွဲနမူနာ နေ့စဉ် စစ်ဆေးနေတဲ့ အရေအတွက်ကလည်း စစ်အာဏာ မသိမ်းခင်ကထက် အများကြီးနည်းသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG