သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ ၄ လအတြင္း ကိုဗစ္အတည္ျပဳလူနာသစ္ အမ်ားဆုံးေတြ႕ရွိ


Covid-19 ပညာေပးဆိုင္းဘုတ္အနီးျဖတ္သန္းသြားေသာ လံုျခံဳေရးတပ္ဖြဲ ့မ်ား (ဓာတ္ပံု- YE AUNG THU / AFP)

(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါ ကူးစက္သူ လူနာသစ္ ၂၁၂ ေယာက္ ေသာၾကာေန႔က အတည္ျပဳလိုက္တဲ့အတြက္ ၄ လအတြင္း အမ်ားဆုံးျဖစ္ခဲ့ပါတယ္။ အိမ္နီးခ်င္း ႏိုင္ငံေတြနဲ႔စာရင္ အတည္ျပဳလူနာ အေရအတြက္ နည္းပါးေနတယ္ ဆိုေပမဲ့ ျမန္မာႏိုင္ငံမွာ ေဖေဖၚဝါရီ ၁ ရက္ စစ္တပ္အာဏာသိမ္းခဲ့ခ်ိန္ကစၿပီး ေရာဂါပိုး စမ္းသပ္စစ္ေဆးမႈေတြကိုလည္း ေသေသခ်ာခ်ာ မလုပ္ႏိုင္ပဲ ျဖစ္ေနတာပါ။

အိမ္နီးခ်င္း အိႏၵိယႏိုင္ငံမွာေတာ့ ကူးစက္ျမန္ဗီဇေျပာင္း ပိုးသစ္ေတြ႕ေနရၿပီး အခု အိႏၵိယ - ျမန္မာနယ္စပ္နားက ခ်င္းျပည္နယ္မွာ Covid 19 ကူးစက္မႈ တိုးလာေနတာေၾကာင့္ ဒီပိုးသစ္အမ်ိဳးအစား ျမန္မာျပည္တြင္း ကူးစက္ျပန္႔ႏွံ႕မွာကို စိုးရိမ္လာၾကတာ ျဖစ္ပါတယ္။

အိႏၵိယနယ္စပ္ကေန ၁၃ မိုင္အကြာမွာရွိတဲ့ တြန္းဇံၿမိဳ႕မွာ ၾကာသပေတးေန႔က ကိုဗစ္ေရာဂါေၾကာင့္ ၃ ဦးေသဆံုးခဲ့ရတဲ့ အတြက္ ေဒသခံေတြ ေၾကာက္လန္႔ေနၾကၿပီး အျပင္မထြက္ရဲပဲ ျဖစ္ေနၾကတယ္လို႔ ဇိုမီးေစာင့္ေရွာက္ေရးနဲ႔ ဖြ႕ံၿဖိဳးေရးဆိုင္ရာ အကူညီေပးေနတဲ့ အဖြဲ႔က ေျပာေၾကာင္း ႐ိုက္တာသတင္းမွာ ေဖၚျပပါတယ္။

မၾကာေသးခင္ ရက္ေတြအတြင္း ေရာဂါကူးစက္မႈႏႈန္းဟာ ၁၀ ရာခိုင္ႏႈန္းေက်ာ္အထိ ရွိလာေနတာေၾကာင့္လည္း က်န္းမာေရးလုပ္သားေတြ စိုးရိမ္ေနၾကပါတယ္။

စစ္တပ္အာဏာသိမ္းၿပီးတဲ့ ေနာက္မွာ က်န္းမာေရးလုပ္သားအမ်ားစုက အၾကမ္းမဖက္အာဏာဖီဆန္တဲ့ CDM လႈပ္ရွားမႈမွာ ပါဝင္ေနၾကတာေတၾကာင့္ ႏိုင္ငံတြင္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ ရွိမရွိ စမ္းသပ္စစ္ေဆးမႈေတြလည္း ထိထိေရာက္ေရာက္ မလုပ္ႏိုင္ပဲျဖစ္ေနတယ္လို႔ က်န္းမာေရး၀န္ထမ္းေတြက ေျပာပါတယ္။

စစ္တပ္အာဏာမသိမ္းခင္က သီတင္းပတ္ထဲမွာ တရက္ကိုလူေပါင္း ၁၇ ၀၀၀ ေက်ာ္ အတြက္ ဒီေရာဂါပိုး ရွိမရွိ စစ္ေဆးေပးႏိုင္ခဲ့ေပမယ့္ အခု ေသာၾကာအထိ တပတ္အတြင္းမွာေတာ့ တရက္ကို လူေပါင္း ၁၅၀၀ ေက်ာ္အတြက္သာ စစ္ေဆးေပးႏိုင္ေတာ့တာ ျဖစ္ပါတယ္။

......................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာနိုင်ငံမှာ ၄ လအတွင်း ကိုဗစ်အတည်ပြုလူနာသစ် အများဆုံးတွေ့ရှိ

(Unicode)
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်သူ လူနာသစ် ၂၁၂ ယောက် သောကြာနေ့က အတည်ပြုလိုက်တဲ့အတွက် ၄ လအတွင်း အများဆုံးဖြစ်ခဲ့ပါတယ်။ အိမ်နီးချင်း နိုင်ငံတွေနဲ့စာရင် အတည်ပြုလူနာ အရေအတွက် နည်းပါးနေတယ် ဆိုပေမဲ့ မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး ရောဂါပိုး စမ်းသပ်စစ်ဆေးမှုတွေကိုလည်း သေသေချာချာ မလုပ်နိုင်ပဲ ဖြစ်နေတာပါ။

အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာတော့ ကူးစက်မြန်ဗီဇပြောင်း ပိုးသစ်တွေ့နေရပြီး အခု အိန္ဒိယ - မြန်မာနယ်စပ်နားက ချင်းပြည်နယ်မှာ Covid 19 ကူးစက်မှု တိုးလာနေတာကြောင့် ဒီပိုးသစ်အမျိုးအစား မြန်မာပြည်တွင်း ကူးစက်ပြန့်နှံ့မှာကို စိုးရိမ်လာကြတာ ဖြစ်ပါတယ်။

အိန္ဒိယနယ်စပ်ကနေ ၁၃ မိုင်အကွာမှာရှိတဲ့ တွန်းဇံမြို့မှာ ကြာသပတေးနေ့က ကိုဗစ်ရောဂါကြောင့် ၃ ဦးသေဆုံးခဲ့ရတဲ့ အတွက် ဒေသခံတွေ ကြောက်လန့်နေကြပြီး အပြင်မထွက်ရဲပဲ ဖြစ်နေကြတယ်လို့ ဇိုမီးစောင့်ရှောက်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အကူညီပေးနေတဲ့ အဖွဲ့က ပြောကြောင်း ရိုက်တာသတင်းမှာ ဖေါ်ပြပါတယ်။

မကြာသေးခင် ရက်တွေအတွင်း ရောဂါကူးစက်မှုနှုန်းဟာ ၁၀ ရာခိုင်နှုန်းကျော်အထိ ရှိလာနေတာကြောင့်လည်း ကျန်းမာရေးလုပ်သားတွေ စိုးရိမ်နေကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့ နောက်မှာ ကျန်းမာရေးလုပ်သားအများစုက အကြမ်းမဖက်အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတာတေကြာင့် နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေလည်း ထိထိရောက်ရောက် မလုပ်နိုင်ပဲဖြစ်နေတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က သီတင်းပတ်ထဲမှာ တရက်ကိုလူပေါင်း ၁၇ ၀၀၀ ကျော် အတွက် ဒီရောဂါပိုး ရှိမရှိ စစ်ဆေးပေးနိုင်ခဲ့ပေမယ့် အခု သောကြာအထိ တပတ်အတွင်းမှာတော့ တရက်ကို လူပေါင်း ၁၅၀၀ ကျော်အတွက်သာ စစ်ဆေးပေးနိုင်တော့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG