သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းမွာ ျမန္မာအပါအဝင္ ေရႊ႕ေျပာင္းလုပ္သားေတြ ကိုဗစ္ကာကြယ္ေဆးစထိုး


ဖူးခက္ကအားကစားရံုမွာ ကိုဗစ္ကာကြယ္ေဆးထိုေနပံု (ဖူးခက္က်န္းမာေရးဌာန) ဇြန္လ ၃ ရက္ ၂၀၂၁

Zawgyi/Unicode

ကူးစက္သူအမ်ားအျပားနဲ႔ ကိုဗစ္တတိယလႈိင္းကို ရင္ဆိုင္ေနရတဲ့ ထုိင္းႏိုင္ငံမွာ ျမန္မာအပါအဝင္ ေ႐ႊ႕ေျပာင္းလုပ္ သားတခ်ဳိ႕ကုိ ကိုဗစ္ေရာဂါကာကြယ္ေဆးေတြ စတင္ထုိးေပးေနပါၿပီ။ ထိုင္းနိုင္ငံေတာင္ပိုင္းနဲ႔ ေျမာက္ပိုင္း ျပည္နယ္တခ်ဳိ ႔မွာ ဇြန္ ၃ ရက္ကစၿပီး ေ႐ႊ႕ေျပာင္း အလုပ္သမားေတြကို ကိုဗစ္ကာကြယ္ေဆးေတြ စထိုးေနတဲ့အေၾကာင္း ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံမွာ ႏိုင္ငံျခားသားေတြ အမ်ားဆံုး သြားေရာက္လည္ပတ္တဲ့ ပင္လယ္ကမ္းေျခရွိရာ ဖူးခက္နဲ ့ခ်င္းရိုင္ ျပည္နယ္ေတြမွာ ကိုဗစ္ကာကြယ္ေဆးကို ဇြန္လ ၃ ရက္ေန႔မွာ စထိုးေပးေနပါတယ္။ ဖူးခက္္ျပည္နယ္မွာ ကိုဗစ္ကာကြယ္ေဆးထိုးဖို႔ တရား၀င္မွတ္ပံုတင္ထားတဲ့ ျမန္မာအပါ၀င္ နိုင္ငံျခားသား ၂၈,၀၀၀ ေက်ာ္ကို တရုတ္ႏိုင္ငံထုတ္ Sinovac ကာကြယ္ေဆးကို ေမလ ၃ ရက္ေန႔ကစၿပီး ထိုးေပးေနပါတယ္။

စဖန္ဟင္ အားကစားရံုအတြင္းမွာ ကာကြယ္ေဆးထိုးေပးေနတာနဲ႔ပတ္သက္လုိ႔ နယ္ေျမ ကပ္ေရာဂါထိန္းခ်ဳပ္ေရးဆိုင္ရာ ေျပာေရးဆိုခြင့္ရွိသူ Dr. Chalermpong Sukonthaphon ေဒါက္တာ က်လန္ဖြန္ ဆူကြန္တပြန္က ထုိင္းဘာသာနဲ႔ အခုလိုေျပာသြားပါတယ္။

"ဖူးခက္ျပည္နယ္က တကမၻာလံုးကလာတဲ့ ရင္းနွီးျမွုပ္ႏံွသူေတြနဲ့ ကမၻာလွည့္ခရီးသြားေတြ အမ်ားဆံုးလာေနတ့ဲ့ျပည္နယ္ျဖစ္တာေႀကာင့္ ကုိဗစ္ကပ္ေရာဂါကင္းစင္ဇံုအျဖစ္ မႀကာခင္ပံုမွန္အတို္င္းျပန္ျပီးလည္ပတ္ႏိုင္ဖို့အတြက္ျပည္နယ္ ထဲမွာရွိတဲ့ ထိုင္းျပည္သူေတြသာမက ႏိုင္ငံျခားသားေတြအတြက္ပါကာကြယ္ေဆးေတြ ထုိးေပးေနပါတယ္" ဆုိျပီးေျပာသြားပါတယ္။

ဖူးခက္က ဟိုတယ္နဲ႔ခရီးသြားလုပ္ငန္း၊ စားေသာက္ဆုိင္လုပ္ငန္းေတြမွာ ျမန္မာနိုင္ငံက ေ႐႕ႊေျပာင္းလုပ္သားေတြ အမ်ားဆံုး အလုပ္လုပ္ကိုင္ေနၾကတာပါ။ ခ်င္း႐ိုင္မွာဆိုလည္း ေစ်းအေရာင္းအဝယ္လုပ္ငန္း လုပ္ေနၾကတဲ့ ျမန္မာႏိုင္ငံသားေတြ မ်ားပါတယ္။

ဖူးခက္မွာ အလုပ္လုပ္ေနၾကတဲ့ ျမန္မာႏိုင္ငံသားေတြ ကိုဗစ္ကာကြယ္ေဆးထိုးၾကတဲ့ အေျခအေနကို ထိုင္းေတာင္ပိုင္းမွာ အေျခစိုက္တဲ့ ပညာေရးနဲ႔ဖြံျဖိဳးေရးေဖာင္ေဒးရွင္းက အလုပ္သမားေရးရာတာ၀န္ခံ ဦးမင္းဦးက ခုလိုေျပာျပပါတယ္။

"ဖူးခက္မွာကေတာ့ မေန့ကတည္းစျပီ းထိုးေပးေနျပီ သူတို့ေနရာေတြကေတာ့အမ်ဳိးမ်ိဳးေပါ့ ဖူးခက္မွာ ေရႊေျပာင္းအလုပ္သမားေတြအတြက္ ေဆးထိုးမယ့္ေနရာေတြလည္း ေထာင္နဲ့ခ်ီရွိတဲ့ အလုပ္သမားေတြအတြက္ေဆးထိုးမယ့္ေနရာေတြေပါ့ အခုဆုိရင္ ေထာင္နဲ့ခ်ီရွိတဲ့ေဆးထုိးခံမယ့္ လူေတြအတြက္စီစဥ္ျပီးေနရာေတြကိုလုပ္ေပးေနတယ္ အဓိကလုပ္ေပးေနတာကေတာ့က်န္းမာေရးဌာနအပါအ၀င္ ဖူးခက္က ေရြေျပာင္းအလုပ္သမားအဖဲြ့အစည္းေတြကျမန္မာေစတနာ၀န္ထမ္းေတြ လူထုအေျချပဳအဖဲြ ့အစည္းေတြလည္းရိွတယ္ေလ။"

ဖူးခက္ဟာ ပင္လယ္ကမ္းေျခၿမိဳ႕ ျဖစ္တာေၾကာင့္ ကမၻာလွည့္ခရီးသြားေတြ လည္ပတ္ႏိုင္ဖို႔ ဇူလိုင္လကစျပီး အကန့္အသတ္နဲ႔ ျပန္ဖြင့္ဖို႔ ထုိင္းအစိုးရက ျပင္ဆင္ထားပါတယ္။ ဒါေၾကာင့္အခုလို ကာကြယ္ေဆးထိုးတဲ့ အစီအစဥ္ကို ထုိ္င္းအစိုးရက လုပ္ေနတာျဖစ္တယ္လို႔ ဦးမင္းဦးကေျပာပါတယ္။

"က်ေနာ္တို့သိတာ ဖူးခက္ပဲရွိေသးတယ္ က်ေနာ္တို့ ဖန္ငေတာင ္မပါေသးဘူး က်ေနာ္တို့ ဖန္ငမွာက တကြမ္ပါေက်းရြာအုပ္စုကလူေတြကို 7 ရက္ေန့မွစာရင္းသြင္းမွာ ၇ လပုိင္းေလာက္မွ ျဖစ္မယ္ စာရင္းသြင္းတာကို ေတာ့က်ေနာ္တို့ FED က နယ္ေျမခံက်န္းမာေရးဌာန၀န္ထမ္းေတြနဲ့ပူးေပါင္းျပီး အလုပ္သမားေတြ ကာကြယ္ေဆးထုိးဖို့စာရင္းသြင္းေအာင္လို့ေတာ့ က်ေနာ္တို့စီစဥ္ထားတယ္။"

ထိုင္းျမန္မာနယ္စပ္ ထုိင္းေျမာက္ပိုင္း ခ်င္းရိုင္ျပည္နယ္ မယ္ဆိုင္ၿမိဳ ့မွာေတာ့ ျမန္မာအပါအ၀င္ ႏို္င္ငံျခားသားအလုပ္သမားေတြကိုလည္း အိႏိၵယနိုင္ငံကမွာယူတဲ့ ကိုဗစ္ကာကြယ္ေဆး ထိုးေပးေနျပီျဖစ္ေၾကာင္း နယ္ေျမက်န္းမာေရးဌာနေတြရဲ ့ သတင္းထုတ္ျပန္ခ်က္မွာေဖၚျပထားပါတယ္။

ထုိင္းႏိုင္ငံက နိုင္ငံျခားသားအလုပ္သမားေတြအေနနဲ႔ လူမႈဖူလံုေရးက်န္းမာေရး အာမခံခ်က္ လုပ္ထားတဲ့ သက္ေသခံ စာရြက္စာတမ္းေတြနဲ ့အတူ အလုပ္ရွင္ကိုယ္တိုင္ စာရင္းေပးၿပီး ကာကြယ္ေဆး ထိုးႏိုင္ပါတယ္။

ဇြန္လ ၃ ရက္ေန ့တေန႔ထဲ ဖူးခက္တခုထဲမွာပဲ နိုင္ငံျခားသား အလုပ္သမား ၄,၀၀၀ ေက်ာ္ ထိုးေပးခဲ့ျပီး ျဖစ္ေႀကာင္းဖူးခက္ျမိဳ ့နယ္အတြင္း တရား၀င္မွတ္ပံုတင္ထားၾကတဲ့ နိုင္ငံျခားျခားအလုပ္သမား ၂၈,၀၀၀ ေက်ာ္ကို အားလံုး ကာကြယ္ေဆးထိုးေပးသြားမွာျဖစ္တယ္လို ့ ထိုင္းအာဏာပုိင္ေတြက ေျပာၾကားထားပါတယ္။

ႏိုင္ငံျခားသား အလာမ်ားတဲ့ ျပည္နယ္တခ်ဳိ႕မွာ ကိုဗစ္ကာကြယ္ေဆးထိုးမႈ စတင္ေနေပမဲ့ တျခားေနရာေတြမွာေတာ့ က်ယ္က်ယ္ျပန္႔ျပန္႔ မလုပ္ေသးပါဘူး။ဇြန္လ ၄ ရက္ေန႔အထိ ထိုင္းႏိုင္ငံမွာ ကုိဗစ္ အတည္ျပဳလူနာ ၁၇၂,၀၀၀ နီးပါး၊ ေသဆံုးသူ ၁m၁၇၇ ေယာက္႐ွိတယ္လို႔ ထိုင္းအစုိးရက ထုတ္ျပန္ထားပါတယ္။ ေန႔စဥ္အတည္ျပဳလူနာကလည္း ေထာင္ေက်ာ္႐ွိေနဆဲျဖစ္တာမွာ ဇြန္လ ၄ ရက္ေန႔က ကူးစက္သူ ၂,၆၀၀ ေက်ာ္ ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


Unicode

ထိုင်းမှာ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားတွေ ကိုဗစ်ကာကွယ်ဆေးစထိုး

ကူးစက်သူအများအပြားနဲ့ ကိုဗစ်တတိယလှိုင်းကို ရင်ဆိုင်နေရတဲ့ ထိုင်းနိုင်ငံမှာ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ် သားတချို့ကို ကိုဗစ်ရောဂါကာကွယ်ဆေးတွေ စတင်ထိုးပေးနေပါပြီ။ ထိုင်းနိုင်ငံတောင်ပိုင်းနဲ့ မြောက်ပိုင်း ပြည်နယ်တချို့မှာ ဇွန် ၃ ရက်ကစပြီး ရွှေ့ပြောင်း အလုပ်သမားတွေကို ကိုဗစ်ကာကွယ်ဆေးတွေ စထိုးနေတဲ့အကြောင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ အများဆုံး သွားရောက်လည်ပတ်တဲ့ ပင်လယ်ကမ်းခြေရှိရာ ဖူးခက်နဲ့ချင်းရိုင် ပြည်နယ်တွေမှာ ကိုဗစ်ကာကွယ်ဆေးကို ဇွန်လ ၃ ရက်နေ့မှာ စထိုးပေးနေပါတယ်။ ဖူးခက်ပြည်နယ်မှာ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ တရားဝင်မှတ်ပုံတင်ထားတဲ့ မြန်မာအပါဝင် နိုင်ငံခြားသား ၂၈,၀၀၀ ကျော်ကို တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေးကို မေလ ၃ ရက်နေ့ကစပြီး ထိုးပေးနေပါတယ်။

စဖန်ဟင် အားကစားရုံအတွင်းမှာ ကာကွယ်ဆေးထိုးပေးနေတာနဲ့ပတ်သက်လို့ နယ်မြေ ကပ်ရောဂါထိန်းချုပ်ရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Dr. Chalermpong Sukonthaphon ဒေါက်တာ ကျလန်ဖွန် ဆူကွန်တပွန်က ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။

"ဖူးခက်ပြည်နယ်က တကမ္ဘာလုံးကလာတဲ့ ရင်းနှီးမြှုပ်နံှသူတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေ အများဆုံးလာနေတဲ့ပြည်နယ်ဖြစ်တာကြောင့် ကိုဗစ်ကပ်ရောဂါကင်းစင်ဇုံအဖြစ် မကြာခင်ပုံမှန်အတိုင်းပြန်ပြီးလည်ပတ်နိုင်ဖို့အတွက်ပြည်နယ် ထဲမှာရှိတဲ့ ထိုင်းပြည်သူတွေသာမက နိုင်ငံခြားသားတွေအတွက်ပါကာကွယ်ဆေးတွေ ထိုးပေးနေပါတယ်" ဆိုပြီးပြောသွားပါတယ်။

ဖူးခက်က ဟိုတယ်နဲ့ခရီးသွားလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းတွေမှာ မြန်မာနိုင်ငံက ရေ့ွှပြောင်းလုပ်သားတွေ အများဆုံး အလုပ်လုပ်ကိုင်နေကြတာပါ။ ချင်းရိုင်မှာဆိုလည်း ဈေးအရောင်းအဝယ်လုပ်ငန်း လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေ များပါတယ်။

ဖူးခက်မှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ကိုဗစ်ကာကွယ်ဆေးထိုးကြတဲ့ အခြေအနေကို ထိုင်းတောင်ပိုင်းမှာ အခြေစိုက်တဲ့ ပညာရေးနဲ့ဖွံဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက ခုလိုပြောပြပါတယ်။

"ဖူးခက်မှာကတော့ မနေ့ကတည်းစပြီ းထိုးပေးနေပြီ သူတို့နေရာတွေကတော့အမျိုးမျိုးပေါ့ ဖူးခက်မှာ ရွှေပြောင်းအလုပ်သမားတွေအတွက် ဆေးထိုးမယ့်နေရာတွေလည်း ထောင်နဲ့ချီရှိတဲ့ အလုပ်သမားတွေအတွက်ဆေးထိုးမယ့်နေရာတွေပေါ့ အခုဆိုရင် ထောင်နဲ့ချီရှိတဲ့ဆေးထိုးခံမယ့် လူတွေအတွက်စီစဉ်ပြီးနေရာတွေကိုလုပ်ပေးနေတယ် အဓိကလုပ်ပေးနေတာကတော့ကျန်းမာရေးဌာနအပါအဝင် ဖူးခက်က ရွေပြောင်းအလုပ်သမားအဖွဲ့အစည်းတွေကမြန်မာစေတနာဝန်ထမ်းတွေ လူထုအခြေပြုအဖွဲ့အစည်းတွေလည်းရှိတယ်လေ။"

ဖူးခက်ဟာ ပင်လယ်ကမ်းခြေမြို့ ဖြစ်တာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ လည်ပတ်နိုင်ဖို့ ဇူလိုင်လကစပြီး အကန့်အသတ်နဲ့ ပြန်ဖွင့်ဖို့ ထိုင်းအစိုးရက ပြင်ဆင်ထားပါတယ်။ ဒါကြောင့်အခုလို ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်ကို ထိုင်းအစိုးရက လုပ်နေတာဖြစ်တယ်လို့ ဦးမင်းဦးကပြောပါတယ်။

"ကျနော်တို့သိတာ ဖူးခက်ပဲရှိသေးတယ် ကျနော်တို့ ဖန်ငတောင ်မပါသေးဘူး ကျနော်တို့ ဖန်ငမှာက တကွမ်ပါကျေးရွာအုပ်စုကလူတွေကို 7 ရက်နေ့မှစာရင်းသွင်းမှာ ၇ လပိုင်းလောက်မှ ဖြစ်မယ် စာရင်းသွင်းတာကို တော့ကျနော်တို့ FED က နယ်မြေခံကျန်းမာရေးဌာနဝန်ထမ်းတွေနဲ့ပူးပေါင်းပြီး အလုပ်သမားတွေ ကာကွယ်ဆေးထိုးဖို့စာရင်းသွင်းအောင်လို့တော့ ကျနော်တို့စီစဉ်ထားတယ်။"

ထိုင်းမြန်မာနယ်စပ် ထိုင်းမြောက်ပိုင်း ချင်းရိုင်ပြည်နယ် မယ်ဆိုင်မြို့မှာတော့ မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေကိုလည်း အိန္ဒိယနိုင်ငံကမှာယူတဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေပြီဖြစ်ကြောင်း နယ်မြေကျန်းမာရေးဌာနတွေရဲ့ သတင်းထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

ထိုင်းနိုင်ငံက နိုင်ငံခြားသားအလုပ်သမားတွေအနေနဲ့ လူမှုဖူလုံရေးကျန်းမာရေး အာမခံချက် လုပ်ထားတဲ့ သက်သေခံ စာရွက်စာတမ်းတွေနဲ့အတူ အလုပ်ရှင်ကိုယ်တိုင် စာရင်းပေးပြီး ကာကွယ်ဆေး ထိုးနိုင်ပါတယ်။

ဇွန်လ ၃ ရက်နေ့တနေ့ထဲ ဖူးခက်တခုထဲမှာပဲ နိုင်ငံခြားသား အလုပ်သမား ၄,၀၀၀ ကျော် ထိုးပေးခဲ့ပြီး ဖြစ်ကြောင်းဖူးခက်မြို့နယ်အတွင်း တရားဝင်မှတ်ပုံတင်ထားကြတဲ့ နိုင်ငံခြားခြားအလုပ်သမား ၂၈,၀၀၀ ကျော်ကို အားလုံး ကာကွယ်ဆေးထိုးပေးသွားမှာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောကြားထားပါတယ်။

နိုင်ငံခြားသား အလာများတဲ့ ပြည်နယ်တချို့မှာ ကိုဗစ်ကာကွယ်ဆေးထိုးမှု စတင်နေပေမဲ့ တခြားနေရာတွေမှာတော့ ကျယ်ကျယ်ပြန့်ပြန့် မလုပ်သေးပါဘူး။ဇွန်လ ၄ ရက်နေ့အထိ ထိုင်းနိုင်ငံမှာ ကိုဗစ် အတည်ပြုလူနာ ၁၇၂,၀၀၀ နီးပါး၊ သေဆုံးသူ ၁m၁၇၇ ယောက်ရှိတယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။ နေ့စဉ်အတည်ပြုလူနာကလည်း ထောင်ကျော်ရှိနေဆဲဖြစ်တာမှာ ဇွန်လ ၄ ရက်နေ့က ကူးစက်သူ ၂,၆၀၀ ကျော် ရှိခဲ့ပါတယ်။

#MyanmarMigrants #COVID #Thailand #AyeAyeMar #voaburmese #ရွှေ့ပြောင်းလုပ်သား #ကိုဗစ် #ထိုင်း #အေးအေးမာ #ဗွီအိုအေမြန်မာပိုင်း

XS
SM
MD
LG