သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွား နာလန်မထူနိုင်လျှင် ဘိန်းထုတ်လုပ်မှု တိုးလာဖွယ်ရှိ


မှတ်တမ်းဓါတ်ပုံ - ၂၀၁၆ နိုဝင်ဘာတုန်းက ကရင်ပြည်နယ်ရှိ ဘိန်းစိုက်ခင်းတခု။
မှတ်တမ်းဓါတ်ပုံ - ၂၀၁၆ နိုဝင်ဘာတုန်းက ကရင်ပြည်နယ်ရှိ ဘိန်းစိုက်ခင်းတခု။

(Zawgyi/Unicode)

COVID-19 ကပ်ရောဂါ ဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ ရက်စစ်တပ်က အာဏာသိမ်း ခဲ့ပြီးတဲ့နောက် ကျဆင်းသွားတဲ့ စီးပွားရေးတွေ ပြန်ပြီး ကောင်းအောင် မလုပ်နိုင်ဘူးဆိုရင် မြန်မာနိုင်ငံတွင်း ဘိန်းစိမ်းစိုက်ပျိုးရေး ပြန်ပြီး တိုးလာနိုင်ခြေရှိတယ်လို့ UNODC မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ကြီးက သတိပေးလိုက်ပါတယ်။

ကမ္ဘာမှာ အာဖဂန်နစ်စတန်နိုင်ငံဟာ ဘိန်းဖြူထုတ်တဲ့ကုန်ကြမ်းဖြစ်တဲ့ ဘိန်းစိမ်းထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်ပြီး ဒုတိယအများဆုံး နိုင်ငံကတော့ မြန်မာနိုင်ငံဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာဟာ ဒီမူးယစ်ဆေးတွေကို အရှေ့နဲ့ အရှေ့တောင်အာရှ နိုင်ငံအများစုအတွက် အဓိက တင်ပို့နေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

UNODC ရဲ့ မှတ်တမ်းအရ မြန်မာနိုင်ငံရဲ့ ဘိန်းစိမ်းထုတ်လုပ်မှုဟာ ၂၀၁၄ ကစပြီး တဖြေးဖြေး ကျဆင်းလာနေပြီး ပြီးခဲ့တဲ့ နှစ်က မက်ထရစ်တန်ချိန် ၄၀၅ ပဲ ထုတ်တော့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုဆိုရင် လယ်သမားတွေ၊ အလုပ်သမားတွေ အများစုဟာ အလုပ်လက်မဲ့တွေ ဖြစ်လာနေတာကြောင့် ဘိန်းပြန်စိုက်ဖို့ လုပ်လာနိုင်တယ်လို့ UNODC ကပြောပါတယ်။

ငွေကို လွယ်လွယ်ကူကူနဲ့ ရနိုင်တဲ့ဒီဘိန်းစိုက်ပျိုးမှုကို ဆင်းရဲတွင်းနက်လာတဲ့ ဒေသခံတွေ ပြန်ပြီး လုပ်ဆောင်လာနိုင်ကြောင်း UNODC ရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ် ဒေသဆိုင်ရာ ကိုယ်စားလှယ် Jeremy Douglas က ပြောပါတယ်။

တချိန်ထဲမှာပဲ နှစ်ကုန်ချိန်ကစပြီး တရုတ်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ လာအိုနိုင်ငံမှာ methamphetamine ထုတ်လုပ်တဲ့ ဓါတုပစ္စည်း အမြောက်အများ ဖမ်းဆီးရမိခဲ့ ပါတယ်။ ဒီဓါတုပစ္စည်းတွေကို တရုတ်စက်ရုံတွေကနေ ရွှေတြိဂံ က ဆေးချက်ရုံတွေဆီ မူးယစ်ဂိုဏ်းတွေက ပို့ဆောင်နေတာ ဖြစ်ပြီး ဒီ မြန်မာနယ်စပ်မှာ ချက်လုပ်တဲ့ မူးယစ်ဆေးတွေဟာ ထိုင်းကနေတဆင့် အာရှ - ပစိဖိတ် ဒေသကို တင်ပို့နေတာ ဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာပဲ မြန်မာဘက်ကလာတဲ့ meth စိတ်ကြွဆေး သန်းပေါင်း ၃၀၀ ကျော်ကို ဒီလမ်းကြောင်းပေါ်မှာ ဖမ်းဆီးရမိခဲ့တာပါ။

တိုက်ရိုက် လင့်ခ်


............


(Unicode)






XS
SM
MD
LG