သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းျပည္နယ္က မူးယစ္ေဆးျပႆနာ


ရွမ္းျပည္နယ္အတြင္းက ဘိန္းစိုက္ခင္း
ရွမ္းျပည္နယ္က မူးယစ္ေဆးျပႆနာ
please wait

No media source currently available

0:00 0:05:40 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ ဘိန္းအမ်ားဆံုးထြက္တဲ့ေနရာဟာ ရွမ္းျပည္နယ္ ျဖစ္ပါတယ္။ တရုတ္အစိုးရ ဖိအားေပးမႈေၾကာင့္ နယ္စပ္ေဒသျဖစ္တဲ့ ကိုးကန္႔၊ ဝ နဲ႔ မိုင္းလားေဒသေတြဟာ ဘိ္န္းမဲ့ေဒသေတြ ျဖစ္သြားေပမယ့္ က်န္တဲ့ေဒသေတြမွာ အနည္းနဲ႔အမ်ား ဘိန္းစိုက္ၾကပါတယ္။ စီးပြားေရးလိုအပ္ခ်က္အရ ဆင္းရဲသားေတာင္သူေတြ ဘိန္းစိုက္ၾကတာ ျဖစ္ပါတယ္။ ကုလသမဂၢ မူးယစ္ေဆးနဲ႔ ရာဇဝတ္မႈ တိုက္ဖ်က္ေရးရံုး UNODC က ရွမ္းျပည္နယ္က ေက်းရြာ (၅၉၉) ကို ၂၀၁၈ က စစ္တမ္းေကာက္ယူတဲ့အခါမွာ ေလးပံုတစ္ပံုေလာက္မွာ ဘိန္းစိုက္ပ်ဳိးၾကတာ ေတြ႔ရတယ္လို႔ ဆိုပါတယ္။ ရြာသားဦးေရ တဝက္ေက်ာ္ေလာက္ ဘိန္းစိုက္ၾကတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ရွမ္းျပည္နယ္မွာ အိမ္ေထာင္စု (၉) စု ရိွရင္ (၁) စုက ဘိန္းစိုက္တဲ့သေဘာ ျဖစ္ေနပါတယ္။ နယ္စပ္ေဒသေတြျဖစ္တဲ့ ကိုးကန္႔၊ ဝ နဲ႔ မိုင္လားေဒသေတြမွာ ဘိန္းစိုက္ပ်ဳိးမႈ ကင္းရွင္းပါတယ္။ ဒါေပမဲ့ သူတို႔နဲ႔ ဆက္စပ္ေနတဲ့ ရွမ္းျပည္နယ္အေရွ ႔ပိုင္းမွာ ေက်းရြာ (၃၄)% ဘိန္းစိုက္ၾကၿပီး ရွမ္းျပည္နယ္ေတာင္ပိုင္းမွာ ေက်းရြာ (၃၀)% ေျမာက္ပိုင္းမွာ (၉)% ဘိန္းစိုက္ပ်ဳိးၾကပါတယ္။ ေက်းရြာအားလံုးကို ၿခံဳၾကည့္မယ္ဆိုရင္ ဘိန္းစိုက္တဲ့ရြာက (၂၂)%၊ မစိုက္တဲ့ရြာက (၇၈)% ရိွေနပါတယ္။ ဘိန္းကိုခ်ည္းသက္သက္ စိုက္ပ်ဳိးတဲ့ အိမ္ေထာင္စုကေတာ့ မရိွသေလာက္ ရွားပါးတယ္လို႔ ဆုိပါတယ္။

ရွမ္းျပည္နယ္အေရွ ႔ပိုင္းနဲ႔ ေတာင္ပိုင္းက အိမ္ေထာင္စုေတြဟာ သူတုိ႔ရဲ ႔စိုက္ခင္း (၄၀) ရာခိုင္ႏႈန္းနီးပါးမွာ ဘိန္းစိုက္ပ်ဳိးပါတယ္။ ေျမာက္ပိုင္းမွာေတာ့ စိုက္ခင္းရဲ ႔ (၇၀) ရာခိုင္ႏႈန္းဟာ ဘိန္းခင္းေတြ ျဖစ္ေနပါတယ္။ ရွမ္းျပည္နယ္မွာ ဘိန္း (၁) ဧက စိုက္ပ်ဳိးတဲ့စရိတ္ဟာ ေဒၚလာ (၁၄၀) လို႔ သိရပါတယ္။ ဒီအထဲမွာ တဝက္ေလာက္က ေပါင္းသင္ခနဲ႔ ဘိန္းသီးကို ဓါးနဲ႔ျခစ္ခအတြက္ ေပးရတဲ့ ကုန္က်စရိတ္ ျဖစ္ပါတယ္။ ဘိန္းစိမ္း (၁) ကီလိုရဲ ႔ ပ်မ္းမွ်ေစ်းႏႈန္းဟာ ေဒၚလာ (၁၄၀) နီးပါး ျဖစ္တဲ့အတြက္ စိုက္ပ်ဳိးသူဟာ တြက္ေခ်ကိုက္ပါတယ္။ ရွမ္းျပည္ရဲ ႔ ေက်းလက္ေဒသ ျပႆနာဟာ ဘိန္းနဲ႔ မပတ္သက္တဲ့ အလုပ္အကိုင္ ရွားပါးတာ ျဖစ္ပါတယ္။ အျခားအလုပ္အကိုင္ မရိွတာဟာ ဘိန္းစိုက္ရတဲ့အေၾကာင္းရင္းတခု ျဖစ္ပါတယ္။ အျခားအလုပ္အကိုင္ေတြ ရိွတဲ့အရပ္မွာ ဘိန္းမစိုက္သူေတြ မ်ားလာတာ ေတြ႔ရပါတယ္။

ဘိန္းမစိုက္တဲ့အိမ္ေထာင္စုဟာ ဝင္ေငြေလ်ာ့သြားပါတယ္။ ရွမ္းျပည္နယ္ေျမာုက္ပိုင္းမွာ ဘိန္းမစိုက္တဲ့အတြက္ ဝင္ေငြ (၂၆)% ေလ်ာ့နည္းသြားၿပီး၊ အေရွ ႔ပိုင္းမွာ (၈၀)% ေတာင္ပိုင္းမွာ (၅၀)% ဝင္ေငြက်ဆင္းသြားတယ္လို႔ စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။ ဘိန္းစိုက္တဲ့ေက်းရြာ (၂၀)% ေလာက္သာ ကားလမ္းနဲ႔ ဆက္သြယ္ႏိုင္ပါတယ္။ အမ်ားစုဟာ ေဝးလံေခ်ာင္းၾကားမွာ တည္ရိွၾကပါတယ္။ လမ္းပန္းဆက္သြယ္ေရး ခက္ခဲတဲ့ေနရာေတြမွာ ဘိန္းစိုက္ပ်ဳိးၾကတာ မ်ားပါတယ္။ ေဝးလံတဲ့ေဒသမွာ ေနထုိင္သူဟာ လူေနမႈအဆင့္အတန္းကို ျမွင့္တင္ဖို႔ အခြင့္အလမ္းနည္းပါးတာမို႔ ဆင္းရဲတြင္းက မထြက္ႏုိင္ပဲ ျဖစ္ေနပါတယ္။ စိုက္ပ်ဳိးေရးလုပ္သူေတြဟာ သူတုိ႔ထုတ္လုပ္တဲ့ လယ္ယာထြက္ကုန္ကို ေရာင္းခ်ႏုိင္ဖို႔ လုိပါတယ္။ ဒီေနရာမွာ ဘိန္းမစိုက္တဲ့ ေက်းရြာေတြဟာ ဘိန္းစိုက္တဲ့ေက်းရြာေတြထက္ အမ်ားႀကီးသာေနပါတယ္။

လယ္သမားအဖြဲ႔အစည္းရိွတဲ့ ေက်းရြာေတြဟာ လယ္ယာထြက္ပစၥည္း ေရာင္းခ်ရာမွာ ေစ်းေကာင္းေကာင္း ပိုၿပီးအဆင္ေျပတာကို ေတြ႔ရပါတယ္။ စစ္တမ္းေကာက္ယူတဲ့ ေက်းရြာေတြရဲ ႔ လယ္ယာကုန္ထုတ္လုပ္မႈကို ေလ့လာတဲ့အခါမွာ ဆန္းစပါးစိုက္ပ်ဳိးသူက (၉၂) ရာခိုင္ႏႈန္း၊ ေျပာင္းစိုက္သူက (၇၆) ရာခိုင္ႏႈန္း၊ ပဲစိုက္သူ (၂၆) ရာခိုင္ႏႈန္းနဲ႔ ဘိန္းစိုက္သူ (၂၂) ရာခိုင္ႏႈန္း ရိွပါတယ္။ ဘိန္းစုိက္သူ အမ်ားစုဟာ ေတာင္ကုန္းေဒသမွာ ေနထိုင္သူေတြ ျဖစ္ၾကပါတယ္။ ရွမ္းျပည္နယ္အေရွ ႔ပိုင္းနဲ႔ ေတာင္ပိုင္းက ေတာင္သူ (၈၀) ရာခိုင္ႏႈန္းဟာ ဘိန္းကို (၅) ဧကသာ အမ်ားဆံုး စိုက္ပ်ဳိးၾကပါတယ္။ ေျမာက္ပိုင္းဘိန္းခင္းကေတာ့ (၅) ဧကထက္ ပို္မ်ားတယ္လို႔ ဆိုပါတယ္။ ဘိန္းမစိုက္တဲ့ရြာဟာ ဘိန္းစိုက္တဲ့ရြာထက္ ပိုၿပီးခ်မ္းသာတာ ေတြ႔ရပါတယ္လို႔ ဆုိပါတယ္။ ဘိန္းစိုက္တဲ့ရြာမွာ လုပ္ခနည္းပါးတာကိုလည္း စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

၂၀၁၆ နဲ႔ ၂၀၁၈ ၾကား ဘိန္းစိမ္းေစ်း (၅၀) ရာခိုင္ႏႈန္းနီးပါး က်ဆင္းသြားတာဟာလည္း ဘိန္းစိုက္မႈေလ်ာ့နည္းလာၿပီး အျခားသီးႏံွကို ပိုမုိစိုက္ပ်ဳိးလာတဲ့ အေၾကာင္းရင္းတခု ျဖစ္ပါတယ္။ ဒါေၾကာင့္ ၿခံဳၾကည့္မယ္ဆိုရင္ ဘိန္းစိုက္တဲ့ေက်းရြာေတြဟာ မစိုက္တဲ့ေက်းရြာေတြေလာက္ ဖြံ႔ၿဖိဳးတုိးတက္မႈ မရိွတာကို ေတြ႔ရပါတယ္။ ရွမ္းျပည္နယ္အေရွ ႔ပိုင္းမွာ ဘိန္းစိုက္တဲ့ေက်းရြာ အမ်ားဆံုးရိွၿပီး (၇၀) ရာခိုင္ႏႈန္းေလာက္ ဘိန္းစုိက္ၾကပါတယ္။ ေတာင္ပိုင္းမွာ (၃၀) ရာခိုင္ႏႈန္း ဘိန္းစိုက္ၿပီး ေျမာက္ပိုင္းမွာ ဘိန္းစိုက္ရြာ (၄၀) ရာခိုင္ႏႈန္း ရိွပါတယ္။ ဘိန္းစိုက္တဲ့ရြာအားလံုး ဆက္သြယ္ရခက္တဲ့ ေဝးလံတဲ့ေဒသမွာ ရိွၾကပါတယ္။

အစိုးရအာဏာပိုင္ေတြ ေရာက္လာဖို႔ခက္ခဲတဲ့ ေတာင္ေပၚေဒသကိုေရြးၿပီး ဘိန္းစိုက္ပ်ဳိးတာလည္း ျဖစ္ႏုိင္ပါတယ္။ အာဏာပိုင္နဲ႔ ေဝးေလေလ ဖ်က္ဆီးခံရမယ့္ အႏၱရာယ္ နည္းေလေလ ျဖစ္ပံုရပါတယ္။ အစိုးရလက္ေအာက္ခံနယ္ေျမမွာ ဘိိန္းမစိုက္တဲ့ေက်းရြာေတြဟာ ပိုၿပီးအက်ဳိးခံစားရဖြယ္ ရိွပါတယ္။ လံုၿခံဳမႈရိွမွသာ တိုးတက္ဖြံ႔ၿဖိးႏုိင္ပါလိမ့္မယ္။ ရိကၡာျပတ္လပ္တာမ်ဳိး မရိွေပမယ့္ ရိကၡာဖူလံုေအာင္ ဘိန္းစိုက္ပ်ဳိးေနတာ ထင္ရွားပါတယ္။ ဘိန္းအစားမထိုးႏုိင္မီ ဘိန္းစိုက္ပ်ုိးမႈကို ပိတ္ပင္တာဟာ ရိကၡာဖူလံုမႈ ကင္းမဲ့ေအာင္ လုပ္ေနသလိုျဖစ္ေၾကာင္း ကုလသမဂၢ မူးယစ္ေဆးစစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

==Unicode===

မြန်မာနိုင်ငံမှာ ဘိန်းအများဆုံးထွက်တဲ့နေရာဟာ ရှမ်းပြည်နယ် ဖြစ်ပါတယ်။ တရုတ်အစိုးရ ဖိအားပေးမှုကြောင့် နယ်စပ်ဒေသဖြစ်တဲ့ ကိုးကန့်၊ ဝ နဲ့ မိုင်းလားဒေသတွေဟာ ဘိန်းမဲ့ဒေသတွေ ဖြစ်သွားပေမယ့် ကျန်တဲ့ဒေသတွေမှာ အနည်းနဲ့အများ ဘိန်းစိုက်ကြပါတယ်။ စီးပွားရေးလိုအပ်ချက်အရ ဆင်းရဲသားတောင်သူတွေ ဘိန်းစိုက်ကြတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးရုံး UNODC က ရှမ်းပြည်နယ်က ကျေးရွာ (၅၉၉) ကို ၂၀၁၈ က စစ်တမ်းကောက်ယူတဲ့အခါမှာ လေးပုံတစ်ပုံလောက်မှာ ဘိန်းစိုက်ပျိုးကြတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ရွာသားဦးရေ တဝက်ကျော်လောက် ဘိန်းစိုက်ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ရှမ်းပြည်နယ်မှာ အိမ်ထောင်စု (၉) စု ရှိရင် (၁) စုက ဘိန်းစိုက်တဲ့သဘော ဖြစ်နေပါတယ်။ နယ်စပ်ဒေသတွေဖြစ်တဲ့ ကိုးကန့်၊ ဝ နဲ့ မိုင်လားဒေသတွေမှာ ဘိန်းစိုက်ပျိုးမှု ကင်းရှင်းပါတယ်။ ဒါပေမဲ့ သူတို့နဲ့ ဆက်စပ်နေတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ကျေးရွာ (၃၄)% ဘိန်းစိုက်ကြပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကျေးရွာ (၃၀)% မြောက်ပိုင်းမှာ (၉)% ဘိန်းစိုက်ပျိုးကြပါတယ်။ ကျေးရွာအားလုံးကို ခြုံကြည့်မယ်ဆိုရင် ဘိန်းစိုက်တဲ့ရွာက (၂၂)%၊ မစိုက်တဲ့ရွာက (၇၈)% ရှိနေပါတယ်။ ဘိန်းကိုချည်းသက်သက် စိုက်ပျိုးတဲ့ အိမ်ထောင်စုကတော့ မရှိသလောက် ရှားပါးတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ တောင်ပိုင်းက အိမ်ထောင်စုတွေဟာ သူတို့ရဲ့စိုက်ခင်း (၄၀) ရာခိုင်နှုန်းနီးပါးမှာ ဘိန်းစိုက်ပျိုးပါတယ်။ မြောက်ပိုင်းမှာတော့ စိုက်ခင်းရဲ့ (၇၀) ရာခိုင်နှုန်းဟာ ဘိန်းခင်းတွေ ဖြစ်နေပါတယ်။ ရှမ်းပြည်နယ်မှာ ဘိန်း (၁) ဧက စိုက်ပျိုးတဲ့စရိတ်ဟာ ဒေါ်လာ (၁၄၀) လို့ သိရပါတယ်။ ဒီအထဲမှာ တဝက်လောက်က ပေါင်းသင်ခနဲ့ ဘိန်းသီးကို ဓါးနဲ့ခြစ်ခအတွက် ပေးရတဲ့ ကုန်ကျစရိတ် ဖြစ်ပါတယ်။ ဘိန်းစိမ်း (၁) ကီလိုရဲ့ ပျမ်းမျှဈေးနှုန်းဟာ ဒေါ်လာ (၁၄၀) နီးပါး ဖြစ်တဲ့အတွက် စိုက်ပျိုးသူဟာ တွက်ချေကိုက်ပါတယ်။ ရှမ်းပြည်ရဲ့ ကျေးလက်ဒေသ ပြဿနာဟာ ဘိန်းနဲ့ မပတ်သက်တဲ့ အလုပ်အကိုင် ရှားပါးတာ ဖြစ်ပါတယ်။ အခြားအလုပ်အကိုင် မရှိတာဟာ ဘိန်းစိုက်ရတဲ့အကြောင်းရင်းတခု ဖြစ်ပါတယ်။ အခြားအလုပ်အကိုင်တွေ ရှိတဲ့အရပ်မှာ ဘိန်းမစိုက်သူတွေ များလာတာ တွေ့ရပါတယ်။

ဘိန်းမစိုက်တဲ့အိမ်ထောင်စုဟာ ဝင်ငွေလျော့သွားပါတယ်။ ရှမ်းပြည်နယ်မြောုက်ပိုင်းမှာ ဘိန်းမစိုက်တဲ့အတွက် ဝင်ငွေ (၂၆)% လျော့နည်းသွားပြီး၊ အရှေ့ပိုင်းမှာ (၈၀)% တောင်ပိုင်းမှာ (၅၀)% ဝင်ငွေကျဆင်းသွားတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဘိန်းစိုက်တဲ့ကျေးရွာ (၂၀)% လောက်သာ ကားလမ်းနဲ့ ဆက်သွယ်နိုင်ပါတယ်။ အများစုဟာ ဝေးလံချောင်းကြားမှာ တည်ရှိကြပါတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာတွေမှာ ဘိန်းစိုက်ပျိုးကြတာ များပါတယ်။ ဝေးလံတဲ့ဒေသမှာ နေထိုင်သူဟာ လူနေမှုအဆင့်အတန်းကို မြှင့်တင်ဖို့ အခွင့်အလမ်းနည်းပါးတာမို့ ဆင်းရဲတွင်းက မထွက်နိုင်ပဲ ဖြစ်နေပါတယ်။ စိုက်ပျိုးရေးလုပ်သူတွေဟာ သူတို့ထုတ်လုပ်တဲ့ လယ်ယာထွက်ကုန်ကို ရောင်းချနိုင်ဖို့ လိုပါတယ်။ ဒီနေရာမှာ ဘိန်းမစိုက်တဲ့ ကျေးရွာတွေဟာ ဘိန်းစိုက်တဲ့ကျေးရွာတွေထက် အများကြီးသာနေပါတယ်။

လယ်သမားအဖွဲ့အစည်းရှိတဲ့ ကျေးရွာတွေဟာ လယ်ယာထွက်ပစ္စည်း ရောင်းချရာမှာ ဈေးကောင်းကောင်း ပိုပြီးအဆင်ပြေတာကို တွေ့ရပါတယ်။ စစ်တမ်းကောက်ယူတဲ့ ကျေးရွာတွေရဲ့ လယ်ယာကုန်ထုတ်လုပ်မှုကို လေ့လာတဲ့အခါမှာ ဆန်းစပါးစိုက်ပျိုးသူက (၉၂) ရာခိုင်နှုန်း၊ ပြောင်းစိုက်သူက (၇၆) ရာခိုင်နှုန်း၊ ပဲစိုက်သူ (၂၆) ရာခိုင်နှုန်းနဲ့ ဘိန်းစိုက်သူ (၂၂) ရာခိုင်နှုန်း ရှိပါတယ်။ ဘိန်းစိုက်သူ အများစုဟာ တောင်ကုန်းဒေသမှာ နေထိုင်သူတွေ ဖြစ်ကြပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ တောင်ပိုင်းက တောင်သူ (၈၀) ရာခိုင်နှုန်းဟာ ဘိန်းကို (၅) ဧကသာ အများဆုံး စိုက်ပျိုးကြပါတယ်။ မြောက်ပိုင်းဘိန်းခင်းကတော့ (၅) ဧကထက် ပိုများတယ်လို့ ဆိုပါတယ်။ ဘိန်းမစိုက်တဲ့ရွာဟာ ဘိန်းစိုက်တဲ့ရွာထက် ပိုပြီးချမ်းသာတာ တွေ့ရပါတယ်လို့ ဆိုပါတယ်။ ဘိန်းစိုက်တဲ့ရွာမှာ လုပ်ခနည်းပါးတာကိုလည်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။

၂၀၁၆ နဲ့ ၂၀၁၈ ကြား ဘိန်းစိမ်းဈေး (၅၀) ရာခိုင်နှုန်းနီးပါး ကျဆင်းသွားတာဟာလည်း ဘိန်းစိုက်မှုလျော့နည်းလာပြီး အခြားသီးနံှကို ပိုမိုစိုက်ပျိုးလာတဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။ ဒါကြောင့် ခြုံကြည့်မယ်ဆိုရင် ဘိန်းစိုက်တဲ့ကျေးရွာတွေဟာ မစိုက်တဲ့ကျေးရွာတွေလောက် ဖွံ့ဖြိုးတိုးတက်မှု မရှိတာကို တွေ့ရပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ဘိန်းစိုက်တဲ့ကျေးရွာ အများဆုံးရှိပြီး (၇၀) ရာခိုင်နှုန်းလောက် ဘိန်းစိုက်ကြပါတယ်။ တောင်ပိုင်းမှာ (၃၀) ရာခိုင်နှုန်း ဘိန်းစိုက်ပြီး မြောက်ပိုင်းမှာ ဘိန်းစိုက်ရွာ (၄၀) ရာခိုင်နှုန်း ရှိပါတယ်။ ဘိန်းစိုက်တဲ့ရွာအားလုံး ဆက်သွယ်ရခက်တဲ့ ဝေးလံတဲ့ဒေသမှာ ရှိကြပါတယ်။

အစိုးရအာဏာပိုင်တွေ ရောက်လာဖို့ခက်ခဲတဲ့ တောင်ပေါ်ဒေသကိုရွေးပြီး ဘိန်းစိုက်ပျိုးတာလည်း ဖြစ်နိုင်ပါတယ်။ အာဏာပိုင်နဲ့ ဝေးလေလေ ဖျက်ဆီးခံရမယ့် အန္တရာယ် နည်းလေလေ ဖြစ်ပုံရပါတယ်။ အစိုးရလက်အောက်ခံနယ်မြေမှာ ဘိန်းမစိုက်တဲ့ကျေးရွာတွေဟာ ပိုပြီးအကျိုးခံစားရဖွယ် ရှိပါတယ်။ လုံခြုံမှုရှိမှသာ တိုးတက်ဖွံ့ဖြိးနိုင်ပါလိမ့်မယ်။ ရိက္ခာပြတ်လပ်တာမျိုး မရှိပေမယ့် ရိက္ခာဖူလုံအောင် ဘိန်းစိုက်ပျိုးနေတာ ထင်ရှားပါတယ်။ ဘိန်းအစားမထိုးနိုင်မီ ဘိန်းစိုက်ပျိုးမှုကို ပိတ်ပင်တာဟာ ရိက္ခာဖူလုံမှု ကင်းမဲ့အောင် လုပ်နေသလိုဖြစ်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးစစ်တမ်းမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG