သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘိန္းအစားထိုးမယ့္ စိုက္ပ်ဳိးေရး


Workers cut opium near the Myanmar border (REUTERS/Shan State Army/Handout)
ဘိန္းအစားထိုးမယ့္ စိုက္ပ်ဳိးေရး
please wait

No media source currently available

0:00 0:05:30 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာျပည္မွာ ဖမ္းဆီးရမိတဲ့ မူးယစ္ေဆးဝါး၊ ဓါတုပစၥည္းနဲ႔ ဆက္စပ္ပစၥည္းေတြကို မီးရိႈ ႔ဖ်က္ဆီးတဲ့ အခမ္းအနားေတြကို လြန္ခဲ့တဲ့ႏွစ္လယ္က ရန္ကုန္၊ မႏၱေလးနဲ႔ ေတာင္ႀကီးမွာ က်င္းပပါတယ္။ ေဒၚလာသန္းသံုးရာေက်ာ္ တန္းဖိုးရိွတဲ့ မူးယစ္ေဆးဝါးေတြပါ။ ရွမ္းျပည္အေရွ ႔နယ္စပ္က မိုင္းလားၿမိဳ ႔မွာလည္း မူးယစ္ေဆး ေဒၚလာရွစ္သန္းေက်ာ္ဖုိး ဖ်က္ဆီးလိုက္ေၾကာင္း သိရပါတယ္။ ဘိန္းအစားထိုးဖို႔ ရည္ရြယ္ၿပီး ရွမ္းျပည္နယ္မွာ ရာဘာပင္ စိုက္ပ်ဳိးေပမယ့္ မူးယစ္ေဆးျပႆနာကို မေျဖရွင္ႏုိ္င္ပါဘူး။ တရုတ္ကုမၸဏီေတြ ေဒသခံေတြနဲ႔ ပူးတြဲၿပီး ရာဘာစိုက္တာကို ယူနန္အစိုးရက ေထာက္ခံအားေပးပါတယ္။

စစ္အစိုးရနဲ႔ အပစ္အခတ္ရပ္စဲထားတဲ့ ‘ဝ’ နဲ႔ ကိုးကန္႔အုပ္စုေတြဟာ တရုတ္အစိုးရ ေက်နပ္ေအာင္ သူတို႔ခ်ဳပ္ကိုင္ရာေဒသမွာ ဘိန္းစိုက္ပ်ဳိးမႈကို လံုးဝပိတ္ပင္လိုက္တဲ့ေနာက္ပိုင္းမွာ ရာဘာအမ်ားဆံုးသံုးတဲ့ တရုတ္ဟာ ျမန္မာနဲ႔လာအိုမွာ ရာဘာပင္စိုက္ဖို႔ အားေပးလာပါတယ္။ ထြက္သမွ်ရာဘာကို တရုတ္ ဝယ္မွာမို႔ တရုတ္ကုမၸဏီ၊ တိုင္းရင္းသားလက္နက္ကိုင္နဲ႔ ဗမာစစ္ဗိုလ္ေတြပါဝင္တဲ့ ရာဘာစိုက္ပ်ဳိးေရးလုပ္ငန္းေတြ ကခ်င္နဲ႔ ရွမ္းျပည္နယ္မွာ ေပၚေပါက္လာပါတယ္။ ‘ဝ’ ေခါင္းေဆာင္ ‘ေဘာင္ယူခ်န္’ ကစၿပီး ရာဘာပင္စိုက္ပ်ဳိးေရးမွာ ရင္းႏီွးျမဳပ္ႏံွလာတာ ေတြ႔ရပါတယ္။

ယူနန္ကုမၸဏီေတြဟာ ေဒသခံအာဏာပိုင္နဲ႔ ဆက္သြယ္ၿပီး ဘိန္းအစားထိုး ရာဘာစိုက္ပ်ဳိးေရးလုပ္တာဟာ (၂၀၀၈) ေလာက္ေရာက္ေတာ့ ရာဘာပင္ ဧကတစ္သန္းေလာက္အထိ စိုက္ပ်ဳိးႏုိင္ပါတယ္။ ရာဘာပင္ေတြ မ်ားလာေလေလ ေတာင္သူလယ္သမားေတြရဲ ႔ စိုက္ပ်ဳိးေျမ က်ဥ္းေျမာင္းလာေလေလ ျဖစ္ေနပါတယ္။ ေဒသခံအာဏာပိုင္၊ ဗမာစစ္ဗိုလ္နဲ႔ တရုတ္ကုမၸဏီေတြရဲ ႔ ဖက္စပ္လုပ္ငန္း ျဖစ္ပါတယ္။ ရာဘာစိုက္တဲ့ လယ္သမားဟာ တရုတ္ကုမၸဏီရဲ ႔ လုပ္ခစားအဆင့္ကို ေရာက္သြားပါတယ္။ ဘိန္းအစားထိုး စိုက္ပ်ဳိးေရးဆိုတာ ဘိန္းစိုက္ခြင့္ဆံုးရႈံးသူေတြ အျခားစိုက္ပ်ဳိးေရးလုပ္ႏုိင္ဖို႔ ရည္ရြယ္တဲ့ စီမံကိန္း ျဖစ္ပါတယ္။ ဒါေပမဲ့ ေတာင္သူလယ္သမားေတြ အက်ဳိးမခံစားရဘဲ ျမန္မာဘက္က အာဏာပိုင္ေတြနဲ႔ ယူနန္တရုတ္ကုမၸဏီေတြသာ အက်ဳိိးအျမတ္ ခံစားေနရပါတယ္။ ရွမ္းျပည္နယ္က ထြက္သမွ် ရာဘာ ယူနန္ကို တင္ပို႔ပါတယ္။

ျမန္မာျပည္ေျမာက္ပိုင္းမွာ ဘိန္းမစိုက္ဘဲ ရာဘာစိုက္ရင္ ယူနန္ျပည္နယ္ကို တင္ပို႔တဲ့ဘိန္း ေလ်ာ့နည္းသြားမယ္လို႔ တရုတ္အာဏာပိုင္ေတြက တြက္ကိန္းခ်ထားပံု ရပါတယ္။ ဒါေပမဲ့ အခုေတာ့ ရာဘာေရာ၊ ဘိန္းေရာ၊ ယူနန္က တင္သြင္းသလို ျဖစ္ေနပါတယ္။ အရင္ကလဲ ဘိန္းအစားထိုး သီးႏံွေခတ္စားခဲ့ဖူးပါတယ္။ တရုတ္ညီေနာင္ တည္ေထာင္တဲ့ ထိုင္းႏုိင္ငံက စီပီကုမၸဏီအုပ္စုဟာ ဗမာအစိုးရလက္ထက္ ၁၉၉၀ ျပည့္လြန္အေစာပိုင္းက ရွမ္းျပည္နယ္မွာ ေျပာင္းဖူးစိုက္ပ်ဳိးခြင့္ ရပါတယ္။ ေျပာင္းဖူးဟာ လူစားသံုးဖို႔ေရာ၊ အိမ္ေမြးတိရစာၦန္အတြက္ေရာ၊ ဇီဝေလာင္စာဆီအတြက္ေရာ အသံုးဝင္ပါတယ္။ ဘိန္းအစားထိုးသီးႏံွအျဖစ္ ေျပာင္းဖူးပင္ကို စိုက္ရတာလုိ႔ စီပီကုမၸဏီအုပ္စုက ဆိုပါတယ္။ ေဒသခံလက္နက္ကိုင္ေတြ ရိွေနတာကို ဂရုမစိုက္ဘဲ တရုတ္က ရင္းႏီွးျမဳပ္ႏံွတာ ျဖစ္ပါတယ္။

ထိုင္းဝန္ႀကီးခ်ဳပ္ ‘တတ္ဆင္ရီွနာဝပ္’ ၂၀၀၃ မွာ တီထြင္တဲ့ ဧရာဝတီ၊ ေက်ာက္ဖုရား၊ မဲေဂါင္ စီးပြားေရးဗ်ဴဟာ ထြက္လာတာ ထိုင္းကုမၸဏီအတြက္ အခြင့္ေကာင္း ျဖစ္သြားပါတယ္။ ဒီဗ်ဳဟာအရ ရွမ္းျပည္နယ္က ေျမလြတ္ေျမလပ္ေျမရိုင္း ဆိုတဲ့ေနရာေတြမွာ ဧက (၂) သန္းနီးပါး ေျပာင္းဖူးစိုက္ခြင့္ရသြားပါတယ္။ အစပိုင္းမွာ ထုိင္းကုမၸဏီ ေထာက္ပံ့တာမုိ႔ ေျပာင္းဖူးစိုက္သူေတြ ေအာင္ျမင္ပါတယ္။ ေျပာင္းခင္းေတြ မ်ားလာတဲ့အခါမွာ အေသးစားလုပ္ငန္းေတြကို ကုမၸဏီက တာဝန္မယူႏိုင္ေတာ့ပါဘူး။ ၂၀၁၃ မွာ ေျပာင္းဖူးတန္ခ်ိန္ (၁) သန္းခြဲ ထုတ္လုပ္ႏုိင္ခဲ့ပါတယ္။ ရွမ္းျပည္နယ္ထြက္ ေျပာင္းဖူး(၇၅) ရာခိုင္ႏႈန္း ယူနန္ကို တင္ပို႔ၿပီး (၂၅) ရာခိုင္ႏႈန္း ျပည္တြင္းမွာ စားသံုးပါတယ္။ ေျပာင္းဖူးစိုက္ပ်ဳိးမႈမွာ အရင္စိုက္တာ မ်ားရင္မ်ားသလို အထြက္တိုးတဲ့အတြက္ အရင္စိုက္ႏိုင္သူေတြသာ ႀကီးပြားလာၾကပါတယ္။

ျမန္မာစီးပြားေရးအသြင္ေျပာင္းေအာင္ လုပ္တဲ့အင္အားစုေတြထဲမွာ တရုတ္နဲ႔ထုိင္းဟာ အဓိကပါဝင္ပါတယ္။ တရုတ္နဲ႔ ထုိင္းကုမၸဏီေတြေၾကာင့္ တႏိုင္တပိုင္ အိမ္ေထာင္စုလယ္ယာစနစ္ကို လယ္ယာစီးပြားေရးလုပ္ငန္းနဲ႔ အစားထိုးႏုိင္တာ ျဖစ္ပါတယ္။ ဒါေပမဲ့ ရည္ရြယ္ခ်က္ေအာင္ျမင္ဖို႔အတြက္ စီမံအုပ္ခ်ဳပ္ေရးေကာင္းဖို႔၊ စိုက္ပ်ဳိးသူနဲ႔ ဝယ္ယူသူ သေဘာတူညီမႈရိွဖို႔နဲ႔ ေဒသခံလယ္သမားေတြကို ကာကြယ္ဖို႔ လိုအပ္ပါတယ္တဲ့။ ဒါေပမဲ့ ျမန္မာျပည္မွာေတာ့ ဒီလုိအပ္ခ်က္ေတြ တစ္ခုမွ မရိွပါဘူး။ လယ္ယာစီးပြားေရး လုပ္ကိုင္တဲ့ေနရာမွာ တိုင္းရင္းသားလက္နက္ကိုင္ရိွေနတာ လုပ္ငန္းကို ထိခိုက္ေစပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ တရုတ္နဲ႔ ထိုင္းကုမၸဏီေတြကေတာ့ ေနာက္မဆုတ္ပါဘူး။ ေျပာင္းဖူးနဲ႔ ရာဘာမွာ အရင္းမစိုက္ႏိုင္တဲ့ ေတာင္သူလယ္သမားဟာ ႏုိင္ငံျခားအရင္းရွင္ေတြရဲ ႔ လုပ္ခစား အလုပ္သမား ျဖစ္သြားပါတယ္။ ဝင္ေငြနဲ႔ မစားေလာက္တဲ့ လယ္သမားဟာ ဘိန္းစိုက္ၿပီး စီးပြားေရးျပႆနာ ေျဖရွင္းရပါတယ္။ ဒါေၾကာင့္ ဘိန္းကို အစားထိုးတဲ့သီးႏံွအျဖစ္ ေျပာင္းဖူးပင္ စိုက္ရတာဆုိတဲ့ ရည္ရြယ္ခ်က္ဆန္႔က်င္ေနပါတယ္။ ျမန္မာျပည္ေျမာက္ပိုင္းမွာ တရုတ္ပိုင္ ငွက္ေပ်ာလုပ္ငန္း၊ ရာဘာလုပ္ငန္းနဲ႔ ေျပာင္းဖူးလုပ္ငန္းေတြ တိုးပြားေနသလို ဆင္းရဲသားဦးေရနဲ႔ ဘိန္းခင္းေတြ တိုးပြားေနပါတယ္။

==Unicode==

မြန်မာပြည်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး၊ ဓါတုပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားတွေကို လွန်ခဲ့တဲ့နှစ်လယ်က ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမှာ ကျင်းပပါတယ်။ ဒေါ်လာသန်းသုံးရာကျော် တန်းဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေပါ။ ရှမ်းပြည်အရှေ့နယ်စပ်က မိုင်းလားမြို့မှာလည်း မူးယစ်ဆေး ဒေါ်လာရှစ်သန်းကျော်ဖိုး ဖျက်ဆီးလိုက်ကြောင်း သိရပါတယ်။ ဘိန်းအစားထိုးဖို့ ရည်ရွယ်ပြီး ရှမ်းပြည်နယ်မှာ ရာဘာပင် စိုက်ပျိုးပေမယ့် မူးယစ်ဆေးပြဿနာကို မဖြေရှင်နိုင်ပါဘူး။ တရုတ်ကုမ္ပဏီတွေ ဒေသခံတွေနဲ့ ပူးတွဲပြီး ရာဘာစိုက်တာကို ယူနန်အစိုးရက ထောက်ခံအားပေးပါတယ်။

စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ‘ဝ’ နဲ့ ကိုးကန့်အုပ်စုတွေဟာ တရုတ်အစိုးရ ကျေနပ်အောင် သူတို့ချုပ်ကိုင်ရာဒေသမှာ ဘိန်းစိုက်ပျိုးမှုကို လုံးဝပိတ်ပင်လိုက်တဲ့နောက်ပိုင်းမှာ ရာဘာအများဆုံးသုံးတဲ့ တရုတ်ဟာ မြန်မာနဲ့လာအိုမှာ ရာဘာပင်စိုက်ဖို့ အားပေးလာပါတယ်။ ထွက်သမျှရာဘာကို တရုတ် ဝယ်မှာမို့ တရုတ်ကုမ္ပဏီ၊ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ဗမာစစ်ဗိုလ်တွေပါဝင်တဲ့ ရာဘာစိုက်ပျိုးရေးလုပ်ငန်းတွေ ကချင်နဲ့ ရှမ်းပြည်နယ်မှာ ပေါ်ပေါက်လာပါတယ်။ ‘ဝ’ ခေါင်းဆောင် ‘ဘောင်ယူချန်’ ကစပြီး ရာဘာပင်စိုက်ပျိုးရေးမှာ ရင်းနှီးမြုပ်နံှလာတာ တွေ့ရပါတယ်။

ယူနန်ကုမ္ပဏီတွေဟာ ဒေသခံအာဏာပိုင်နဲ့ ဆက်သွယ်ပြီး ဘိန်းအစားထိုး ရာဘာစိုက်ပျိုးရေးလုပ်တာဟာ (၂၀၀၈) လောက်ရောက်တော့ ရာဘာပင် ဧကတစ်သန်းလောက်အထိ စိုက်ပျိုးနိုင်ပါတယ်။ ရာဘာပင်တွေ များလာလေလေ တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးမြေ ကျဉ်းမြောင်းလာလေလေ ဖြစ်နေပါတယ်။ ဒေသခံအာဏာပိုင်၊ ဗမာစစ်ဗိုလ်နဲ့ တရုတ်ကုမ္ပဏီတွေရဲ့ ဖက်စပ်လုပ်ငန်း ဖြစ်ပါတယ်။ ရာဘာစိုက်တဲ့ လယ်သမားဟာ တရုတ်ကုမ္ပဏီရဲ့ လုပ်ခစားအဆင့်ကို ရောက်သွားပါတယ်။ ဘိန်းအစားထိုး စိုက်ပျိုးရေးဆိုတာ ဘိန်းစိုက်ခွင့်ဆုံးရှုံးသူတွေ အခြားစိုက်ပျိုးရေးလုပ်နိုင်ဖို့ ရည်ရွယ်တဲ့ စီမံကိန်း ဖြစ်ပါတယ်။ ဒါပေမဲ့ တောင်သူလယ်သမားတွေ အကျိုးမခံစားရဘဲ မြန်မာဘက်က အာဏာပိုင်တွေနဲ့ ယူနန်တရုတ်ကုမ္ပဏီတွေသာ အကျိုးအမြတ် ခံစားနေရပါတယ်။ ရှမ်းပြည်နယ်က ထွက်သမျှ ရာဘာ ယူနန်ကို တင်ပို့ပါတယ်။

မြန်မာပြည်မြောက်ပိုင်းမှာ ဘိန်းမစိုက်ဘဲ ရာဘာစိုက်ရင် ယူနန်ပြည်နယ်ကို တင်ပို့တဲ့ဘိန်း လျော့နည်းသွားမယ်လို့ တရုတ်အာဏာပိုင်တွေက တွက်ကိန်းချထားပုံ ရပါတယ်။ ဒါပေမဲ့ အခုတော့ ရာဘာရော၊ ဘိန်းရော၊ ယူနန်က တင်သွင်းသလို ဖြစ်နေပါတယ်။ အရင်ကလဲ ဘိန်းအစားထိုး သီးနံှခေတ်စားခဲ့ဖူးပါတယ်။ တရုတ်ညီနောင် တည်ထောင်တဲ့ ထိုင်းနိုင်ငံက စီပီကုမ္ပဏီအုပ်စုဟာ ဗမာအစိုးရလက်ထက် ၁၉၉၀ ပြည့်လွန်အစောပိုင်းက ရှမ်းပြည်နယ်မှာ ပြောင်းဖူးစိုက်ပျိုးခွင့် ရပါတယ်။ ပြောင်းဖူးဟာ လူစားသုံးဖို့ရော၊ အိမ်မွေးတိရစ္ဆာန်အတွက်ရော၊ ဇီဝလောင်စာဆီအတွက်ရော အသုံးဝင်ပါတယ်။ ဘိန်းအစားထိုးသီးနံှအဖြစ် ပြောင်းဖူးပင်ကို စိုက်ရတာလို့ စီပီကုမ္ပဏီအုပ်စုက ဆိုပါတယ်။ ဒေသခံလက်နက်ကိုင်တွေ ရှိနေတာကို ဂရုမစိုက်ဘဲ တရုတ်က ရင်းနှီးမြုပ်နံှတာ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ‘တတ်ဆင်ရှီနာဝပ်’ ၂၀၀၃ မှာ တီထွင်တဲ့ ဧရာဝတီ၊ ကျောက်ဖုရား၊ မဲဂေါင် စီးပွားရေးဗျူဟာ ထွက်လာတာ ထိုင်းကုမ္ပဏီအတွက် အခွင့်ကောင်း ဖြစ်သွားပါတယ်။ ဒီဗျုဟာအရ ရှမ်းပြည်နယ်က မြေလွတ်မြေလပ်မြေရိုင်း ဆိုတဲ့နေရာတွေမှာ ဧက (၂) သန်းနီးပါး ပြောင်းဖူးစိုက်ခွင့်ရသွားပါတယ်။ အစပိုင်းမှာ ထိုင်းကုမ္ပဏီ ထောက်ပံ့တာမို့ ပြောင်းဖူးစိုက်သူတွေ အောင်မြင်ပါတယ်။ ပြောင်းခင်းတွေ များလာတဲ့အခါမှာ အသေးစားလုပ်ငန်းတွေကို ကုမ္ပဏီက တာဝန်မယူနိုင်တော့ပါဘူး။ ၂၀၁၃ မှာ ပြောင်းဖူးတန်ချိန် (၁) သန်းခွဲ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ရှမ်းပြည်နယ်ထွက် ပြောင်းဖူး(၇၅) ရာခိုင်နှုန်း ယူနန်ကို တင်ပို့ပြီး (၂၅) ရာခိုင်နှုန်း ပြည်တွင်းမှာ စားသုံးပါတယ်။ ပြောင်းဖူးစိုက်ပျိုးမှုမှာ အရင်စိုက်တာ များရင်များသလို အထွက်တိုးတဲ့အတွက် အရင်စိုက်နိုင်သူတွေသာ ကြီးပွားလာကြပါတယ်။

မြန်မာစီးပွားရေးအသွင်ပြောင်းအောင် လုပ်တဲ့အင်အားစုတွေထဲမှာ တရုတ်နဲ့ထိုင်းဟာ အဓိကပါဝင်ပါတယ်။ တရုတ်နဲ့ ထိုင်းကုမ္ပဏီတွေကြောင့် တနိုင်တပိုင် အိမ်ထောင်စုလယ်ယာစနစ်ကို လယ်ယာစီးပွားရေးလုပ်ငန်းနဲ့ အစားထိုးနိုင်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရည်ရွယ်ချက်အောင်မြင်ဖို့အတွက် စီမံအုပ်ချုပ်ရေးကောင်းဖို့၊ စိုက်ပျိုးသူနဲ့ ဝယ်ယူသူ သဘောတူညီမှုရှိဖို့နဲ့ ဒေသခံလယ်သမားတွေကို ကာကွယ်ဖို့ လိုအပ်ပါတယ်တဲ့။ ဒါပေမဲ့ မြန်မာပြည်မှာတော့ ဒီလိုအပ်ချက်တွေ တစ်ခုမှ မရှိပါဘူး။ လယ်ယာစီးပွားရေး လုပ်ကိုင်တဲ့နေရာမှာ တိုင်းရင်းသားလက်နက်ကိုင်ရှိနေတာ လုပ်ငန်းကို ထိခိုက်စေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တရုတ်နဲ့ ထိုင်းကုမ္ပဏီတွေကတော့ နောက်မဆုတ်ပါဘူး။ ပြောင်းဖူးနဲ့ ရာဘာမှာ အရင်းမစိုက်နိုင်တဲ့ တောင်သူလယ်သမားဟာ နိုင်ငံခြားအရင်းရှင်တွေရဲ့ လုပ်ခစား အလုပ်သမား ဖြစ်သွားပါတယ်။ ဝင်ငွေနဲ့ မစားလောက်တဲ့ လယ်သမားဟာ ဘိန်းစိုက်ပြီး စီးပွားရေးပြဿနာ ဖြေရှင်းရပါတယ်။ ဒါကြောင့် ဘိန်းကို အစားထိုးတဲ့သီးနံှအဖြစ် ပြောင်းဖူးပင် စိုက်ရတာဆိုတဲ့ ရည်ရွယ်ချက်ဆန့်ကျင်နေပါတယ်။ မြန်မာပြည်မြောက်ပိုင်းမှာ တရုတ်ပိုင် ငှက်ပျောလုပ်ငန်း၊ ရာဘာလုပ်ငန်းနဲ့ ပြောင်းဖူးလုပ်ငန်းတွေ တိုးပွားနေသလို ဆင်းရဲသားဦးရေနဲ့ ဘိန်းခင်းတွေ တိုးပွားနေပါတယ်။

XS
SM
MD
LG