သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စကၤာပူမွာ ကိုဗစ္ဆိုင္ရာကန္႔သတ္ခ်က္ေတြ ေျဖေလွ်ာ့ေပးေတာ့မယ္


စကၤာပူ နိင္ငံရဲ့ Merlion Park တေနရာ (ဓာတ္ပံု- Roslan RAHMAN / AFP)

(Zawgyi/Unicode)
စကၤာပူႏိုင္ငံမွာ COVID-19 ကူးစက္မႈ ထိန္းခ်ဳုပ္ေရး အသြားအလာကန္႔သတ္ စည္းမ်ဥ္းေတြခ်မွတ္ထားတာကို ေနာက္တပတ္ကစၿပီး ေျဖေလွ်ာ့ေပးသြားမွာျဖစ္ပါတယ္။

စကၤာပူမွာ ၿပီးခဲ့တဲ့ ေမလထဲ ျပည္တြင္း ကူးစက္မႈ အသစ္ေတြရွိခဲ့တာေၾကာင့္ အသြားအလာ ကန္႔သတ္ခ်က္ေတြကိုျပန္ခ်မွတ္ထားခဲ့တာပါ။လာမယ့္ တနလၤာေန႔ကစလို႔ လူ ၅ ေယာက္ထိစုေဝးခြင့္ျပဳမွာျဖစ္ၿပီး ေရာဂါကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္ရင္ ဇြန္လ ၂၁ ရက္ေန႔ကစၿပီး စားေသာက္ဆိုင္ေတြမွာ ထိုင္စားခြင့္ျပဳမွာ ျဖစ္ပါတယ္။ေသာၾကာေန႔ကစၿပီး အသက္ ၃၉ ႏွစ္နဲ႔ ေအာက္ေတြနဲ႔ ကိုဗစ္ကူးစက္ၿပီး ျပန္က်န္းမာလာတဲ့သူေတြကို ကာကြယ္ေဆးထိုးေပးသြားမွာလည္းျဖစ္ပါတယ္။

ဒီလို စည္းကမ္းသတ္မွတ္ခ်က္ေတြကို ေျဖေလွ်ာ့ေပးတာနဲ႔အတူ အားကစား႐ုံေတြနဲ႔ စားေသာက္ဆိုင္ေတြလို လူအမ်ား ႏွာေခါင္းစည္း မတပ္ဆင္တဲ့ ေနရာေတြမွာ လုပ္ကိုင္ေနတဲ့ ဝန္ထမ္းေတြကို ပုံမွန္ COVID-19 မစစ္မေနရ အမိန္႔ထုတ္ထားပါတယ္။

ကိုဗစ္ ရွိမရွိ ကိုယ္တိုင္စစ္ေဆးႏိုင္တဲ့ ကိရိယာ ေလးမ်ိဳးကိုလည္း ျပည္သူေတြကို ေရာင္းခ်ေပးဖို႔ အစိုးရက ခြင့္ျပဳထားပါတယ္။ ဗုဒၶဟူးေန႔အထိ စကၤာပူလူဦးေရရဲ႕ ၄၄% ၊ အေရအတြက္ ၂. ၅ သန္းဟာ ကိုဗစ္ကာကြယ္ေဆး အနည္းဆံုးတႀကိမ္ထိုးၿပီးျဖစ္ပါတယ္။ ကာကြယ္ေဆး ႏွစ္ႀကိမ္ အျပည့္အဝထိုးၿပီးတဲ့သူက ၁.၉ သန္း ေလာက္ရွိပါတယ္။ လာမယ့္ ၾသဂုတ္လမွာ လူဦးေရရဲ႕ ၅၀% ကာကြယ္ေဆး ထိုးၿပီးႏိုင္ဖို႔ အာဏာပိုင္ေတြက ေမွ်ာ္မွန္းထားပါတယ္။

.............................................................................

စင်္ကာပူမှာ ကိုဗစ်ဆိုင်ရာကန့်သတ်ချက်တွေ ဖြေလျှော့ပေးတော့မယ်

(Unicode)
စင်္ကာပူနိုင်ငံမှာ COVID-19 ကူးစက်မှု ထိန်းချုုပ်ရေး အသွားအလာကန့်သတ် စည်းမျဉ်းတွေချမှတ်ထားတာကို နောက်တပတ်ကစပြီး ဖြေလျှော့ပေးသွားမှာဖြစ်ပါတယ်။
စင်္ကာပူမှာ ပြီးခဲ့တဲ့ မေလထဲ ပြည်တွင်း ကူးစက်မှု အသစ်တွေရှိခဲ့တာကြောင့် အသွားအလာ ကန့်သတ်ချက်တွေကိုပြန်ချမှတ်ထားခဲ့တာပါ။လာမယ့် တနင်္လာနေ့ကစလို့ လူ ၅ ယောက်ထိစုဝေးခွင့်ပြုမှာဖြစ်ပြီး ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရင် ဇွန်လ ၂၁ ရက်နေ့ကစပြီး စားသောက်ဆိုင်တွေမှာ ထိုင်စားခွင့်ပြုမှာ ဖြစ်ပါတယ်။သောကြာနေ့ကစပြီး အသက် ၃၉ နှစ်နဲ့ အောက်တွေနဲ့ ကိုဗစ်ကူးစက်ပြီး ပြန်ကျန်းမာလာတဲ့သူတွေကို ကာကွယ်ဆေးထိုးပေးသွားမှာလည်းဖြစ်ပါတယ်။

ဒီလို စည်းကမ်းသတ်မှတ်ချက်တွေကို ဖြေလျှော့ပေးတာနဲ့အတူ အားကစားရုံတွေနဲ့ စားသောက်ဆိုင်တွေလို လူအများ နှာခေါင်းစည်း မတပ်ဆင်တဲ့ နေရာတွေမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေကို ပုံမှန် COVID-19 မစစ်မနေရ အမိန့်ထုတ်ထားပါတယ်။
ကိုဗစ် ရှိမရှိ ကိုယ်တိုင်စစ်ဆေးနိုင်တဲ့ ကိရိယာ လေးမျိုးကိုလည်း ပြည်သူတွေကို ရောင်းချပေးဖို့ အစိုးရက ခွင့်ပြုထားပါတယ်။ ဗုဒ္ဓဟူးနေ့အထိ စင်္ကာပူလူဦးရေရဲ့ ၄၄% ၊ အရေအတွက် ၂. ၅ သန်းဟာ ကိုဗစ်ကာကွယ်ဆေး အနည်းဆုံးတကြိမ်ထိုးပြီးဖြစ်ပါတယ်။ ကာကွယ်ဆေး နှစ်ကြိမ် အပြည့်အဝထိုးပြီးတဲ့သူက ၁.၉ သန်း လောက်ရှိပါတယ်။ လာမယ့် သြဂုတ်လမှာ လူဦးရေရဲ့ ၅၀% ကာကွယ်ဆေး ထိုးပြီးနိုင်ဖို့ အာဏာပိုင်တွေက မျှော်မှန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG