(Zawgyi/Unicode)
ထုိင္းႏို္င္ငံမွာ အလုပ္လုပ္ကိုင္ေနႀကတဲ့ ျမန္မာ-လာအို-ကေမၻာဒီယား သံုးနိုင္ငံက ႏိုင္ငံျခားသား အလုပ္သမားေတြ အလုပ္လုပ္ခြင့္လက္မွတ္လုပ္ရာမွာ မျဖစ္မေနစစ္ေဆးရမယ့္ ကုိဗစ္ေရာဂါပုိး ရွိမရွိစစ္ေဆးတာကို ဇြန္လ၁၆ရက္မွာ ေနာက္ဆံုးထား သတ္မွတ္ထားေပမယ့္ သတ္မွတ္ခ်ိန္အတိုင္း အလုပ္သမားေတြ လာျပီးမစစ္ေဆးႏိုင္တာေၾကာင့္ ကိုဗစ္ ပိုးစစ္ေဆးကာလကို ေနာက္ထပ္သံုးလ သက္တမ္းတိုးျမင့္လိုက္တဲ့အေၾကာင္း ကပ္ေရာဂါထိမ္းခ်ဳပ္ေရးဗ်ဴရိုက ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ ဒီသတင္းကိုေတာ့ ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ ထားပါတယ္။
ထိုင္းႏို္င္ငံမွာ ကိုဗစ္တတိယလိွုင္း ကူးစက္မူက ေန႔စဥ္ေထာင္ခ်ီတိုးေနၿပီး လူစုလူေ၀းနဲ့ သြားလာလွုပ္ရွားမူေတြ မလုပ္ရတာေၾကာင့္ အလုပ္သမားေတြကို အလုပ္လုပ္ခြင့္လက္မွတ္လုပ္ေပးမယ့္လုပ္ငန္းစဥ္နဲ့ က်န္းမာေရးအရ ကိုဗစ္စစ္ေဆးမူေတြေတြလည္း ႀကန့္ႀကာေနပါတယ္။
ဒါေၾကာင့္ ကုိဗစ္ေရာဂါ စစ္ေဆးမႈလုပ္ငန္းေတြ ဆက္လုပ္ဖို႔ အတြက္ ထိုင္းအစိုးရက ၃ လ သက္တမ္းတိုးေပးလိုက္ေၾကာင္း ထုိင္းေတာင္ပုိင္းအေျခစိုက္ ပညာေရးနဲ႔ဖြံ႔ၿဖိဳးေရးေဖာင္ေဒးရွင္းက အလုပ္သမားေရးလွဳပ္ရွားသူ ဦးမင္းဦးက အခုလိုေျပာျပပါတယ္။
"ကက္ဘိနက္အဖဲြ ့ကေန အတည္ျပဳလုိက္တာေပါ့ မေန့က။ အတည္ျပဳတာက အရင္ကထုတ္ျပန္ထားတဲ့ ဇြန္လ ၁၆ ရက္ေန႔ကို စာရင္းသြင္းတာေတြ မွတ္ပံုတင္ဖုိ့အတြက္ အခ်က္အလက္ စီစစ္တာေတြ၊ က်န္းမာေရးစစ္ေဆးတာေတြ၊ ကိုဗစ္ စစ္ေဆးတာကိုလုပ္ဖို့ဟာက Deadline ကုိ ၁၆ ရက္ေန႔ကသတ္မွတ္မူလုပ္ထားတာ။ အဲဒါကို ၉လပုိင္း ၁၃ရက္ေန့အထိ ေရြ ့ေပးလိုက္တဲ့သေဘာပဲ။ ကုိဗစ္မစစ္ရင္ အလုပ္လုပ္ခြင့္လက္မွတ္ မထုတ္ေပးဘူးဆိုျပီး လုပ္ေပးထားတာ။ ဒါကုိ ေနာက္ဆုတ္လိုက္တဲ့သေဘာပဲ။ ကိုယ္ေရးအခ်က္အလက္ စီစစ္တာတို႔၊ မ်က္လံုးကို စကင္ဖတ္တာတို့က ဒါေတြလုပ္တဲ့ဟာကို သတ္မွတ္ထားတာက ၁၆ရက္ေန႔အျပီး လုပ္ရမယ္လို႔ ေျပာထားျပီးသား။ အဲဒါကိုလည္း ဇြန္ ၁၆ရက္ကေန စက္တင္ဘာ ၁၃အတြင္းမွာပဲ လုပ္လို႔ရတယ္ဆုိတဲ့ သေဘာျဖစ္သြားတာေပါ့။"
လက္ရွိမွာ ကိုဗစ္ဒုတိယလိွဳင္းစၿပီး ႏိုင္ငံျခားသား အလုပ္သမားေတြကို နယ္ေျမေက်ာ္ခရီးသြားလာခြင့္အပါအ၀င္ လူစုလူေ၀းနဲ့ သြားလာလွဳပ္ရွားတာေတြအားလံုး ကုိဗစ္ဥပေဒအရ ကန့္သတ္မူေတြလုပ္ထားတာပါ။
ဒီလိုအေျခအေနေတြေၾကာင့္ အလုပ္သမားလက္မွတ္ေတြ သက္တမ္းတိုးတဲ့အလုပ္ေတြ၊ အလုပ္သမားလက္မွတ္ေတြ အသစ္လုပ္တာေတြ၊ က်န္းမာေရးစီစစ္တာေတြ သိပ္မလုပ္ႏိုင္ႀကပဲ စာရင္းေပးသြင္းထားတဲ့ ၆သိန္းေက်ာ္ထဲက ၅ေသာင္းေက်ာ္အတြက္သာ လုပ္ေပးႏိုင္ခဲ့တာပါ။
ဒီအေျခအေနေတြေၾကာင့္ သက္တမ္း ၃လ ထပ္ျပီးတုိးေပးတာလို႔ ယူဆရေႀကာင္း ေရြေျပာင္းအလုပ္သမားအခြင့္ေရးကြန္ယက္ရဲ ့ဥကၠဌ ဦးေအာင္ေက်ာ္ကေျပာပါတယ္။
"ထိုင္းႏို္င္ငံမွာ ကိုဗစ္တတိယလႈိင္းက ႏိုင္ငံျခားသား အလုပ္သမားေတြႀကားထဲမွာလည္း က်ယ္က်ယ္ျပန့္ျပန့္ျဖစ္သြားတာ။ ေနရာအႏွံျဖစ္သြားတာ။ ေရာဂါေတြ က်ယ့္ျပန္လာတာနဲ့အမွ် ႏို္င္ငံျခားသား အလုပ္သမားေတြအတြက္ စာရြက္စာတန္း စီစစ္တဲ့ သက္တမ္းတိုးတဲ့ ကိစၥေတြက အခ်ိိန္ မမွီႏိုင္တာမ်ိဳး ျဖစ္ေနတယ္။ အစိုုးရ ရံုးေတြမွာလည္း အရင္ကလို လူစုလူေ၀းနဲ့ ေနစဥ္လို လုပ္မေပးႏိုင္ဘူး။ လုပ္သားေတြအတြက္ လိုအပ္ခ်က္ေတြရွိေနလို႔ သက္တမ္းတိုးတဲ့ကိစၥကို ေနာက္ထပ္ ၃လ တိုးလုိက္တာပါ။"
ထိုင္းႏိုင္ငံမွာတရား၀င္ေကာ၊ တရားမ၀င္ေကာ ျမန္မာအလုပ္သမား ၃သန္းထက္မနည္း ရွိေနၿပီး ေနစဥ္လည္း ခိုး၀င္လာသူေတြက ရာဂဏန္းနဲ့ရွိေနပါတယ္။
ကိုဗစ္ဒုတိယလိွဳင္း အစပုိင္းမွာေတာ့ ဆာမြန္ဆာခြန္းျပည္နယ္၊ ပင္လယ္စာလုပ္ငန္းခြင္က ျမန္မာအလုပ္သမား အမ်ားအျပား ကူးစက္မူေတြျဖစ္ျပီး တရားမ၀င္အေထာက္အထားမဲ့ေတြမ်ားတဲ့အတြက္ ထုိင္းအစိုးရ အထူးအစီစဥ္နဲ့ ပန္းေရာက္ကဒ္လိုေခၚတဲ့ အလုပ္လုပ္ခြင့္လက္မွတ္ အသစ္ေတြ ထပ္လုပ္ေပးခဲ့ပါတယ္။ ဒါအျပင္ ႏိုင္ငံကူးလက္မွတ္ အေထာက္အထား လက္မွတ္ေတြ သက္တမ္းကုန္ေနတဲ့ သူေတြကိုလည္း သက္တမ္းတိုးေပးတာေတြ လုပ္ေပးခဲ့ပါတယ္။
အဲဒီထဲမွာ ႏို္င္ငံျခားသား အလုပ္သမားလူဦးေရ ၆သိန္းေက်ာ္အတြက္ က်န္းမာေရးေဆးစစ္တာ၊ ကိုဗစ္စစ္ေဆးတာအပါအ၀င္ အလုပ္လုပ္ခြင့္လက္မွတ္လုပ္ဖို႔ စာရင္းေပးသြင္းထားေပမယ့္ လူဦးေရ၅ေသာင္းေက်ာ္ေလာက္အတြက္သာ လုပ္ငန္းစဥ္တခ်ိဳ ့ျပီးခဲ့ပါတယ္။ ဒီအတြက္အခု ေနာက္ထပ္ စက္တင္ဘာလအထိ ၃လ သက္တမ္း ထပ္ျပီး တုိးေပးခဲ့တာ ျဖစ္ပါတယ္။
.........
ထိုင်းရောက် နိုင်ငံခြားလုပ်သား ကိုဗစ်စစ်ဆေးမှု ကာလ ၃ လ သက်တမ်းတိုးမည်
(Unicode)
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ-လာအို-ကမ္ဘောဒီယား သုံးနိုင်ငံက နိုင်ငံခြားသား အလုပ်သမားတွေ အလုပ်လုပ်ခွင့်လက်မှတ်လုပ်ရာမှာ မဖြစ်မနေစစ်ဆေးရမယ့် ကိုဗစ်ရောဂါပိုး ရှိမရှိစစ်ဆေးတာကို ဇွန်လ၁၆ရက်မှာ နောက်ဆုံးထား သတ်မှတ်ထားပေမယ့် သတ်မှတ်ချိန်အတိုင်း အလုပ်သမားတွေ လာပြီးမစစ်ဆေးနိုင်တာကြောင့် ကိုဗစ် ပိုးစစ်ဆေးကာလကို နောက်ထပ်သုံးလ သက်တမ်းတိုးမြင့်လိုက်တဲ့အကြောင်း ကပ်ရောဂါထိမ်းချုပ်ရေးဗျူရိုက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း ကူးစက်မူက နေ့စဉ်ထောင်ချီတိုးနေပြီး လူစုလူဝေးနဲ့ သွားလာလှုပ်ရှားမူတွေ မလုပ်ရတာကြောင့် အလုပ်သမားတွေကို အလုပ်လုပ်ခွင့်လက်မှတ်လုပ်ပေးမယ့်လုပ်ငန်းစဉ်နဲ့ ကျန်းမာရေးအရ ကိုဗစ်စစ်ဆေးမူတွေတွေလည်း ကြန့်ကြာနေပါတယ်။
ဒါကြောင့် ကိုဗစ်ရောဂါ စစ်ဆေးမှုလုပ်ငန်းတွေ ဆက်လုပ်ဖို့ အတွက် ထိုင်းအစိုးရက ၃ လ သက်တမ်းတိုးပေးလိုက်ကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေးလှုပ်ရှားသူ ဦးမင်းဦးက အခုလိုပြောပြပါတယ်။
"ကက်ဘိနက်အဖွဲ့ကနေ အတည်ပြုလိုက်တာပေါ့ မနေ့က။ အတည်ပြုတာက အရင်ကထုတ်ပြန်ထားတဲ့ ဇွန်လ ၁၆ ရက်နေ့ကို စာရင်းသွင်းတာတွေ မှတ်ပုံတင်ဖို့အတွက် အချက်အလက် စီစစ်တာတွေ၊ ကျန်းမာရေးစစ်ဆေးတာတွေ၊ ကိုဗစ် စစ်ဆေးတာကိုလုပ်ဖို့ဟာက Deadline ကို ၁၆ ရက်နေ့ကသတ်မှတ်မူလုပ်ထားတာ။ အဲဒါကို ၉လပိုင်း ၁၃ရက်နေ့အထိ ရွေ့ပေးလိုက်တဲ့သဘောပဲ။ ကိုဗစ်မစစ်ရင် အလုပ်လုပ်ခွင့်လက်မှတ် မထုတ်ပေးဘူးဆိုပြီး လုပ်ပေးထားတာ။ ဒါကို နောက်ဆုတ်လိုက်တဲ့သဘောပဲ။ ကိုယ်ရေးအချက်အလက် စီစစ်တာတို့၊ မျက်လုံးကို စကင်ဖတ်တာတို့က ဒါတွေလုပ်တဲ့ဟာကို သတ်မှတ်ထားတာက ၁၆ရက်နေ့အပြီး လုပ်ရမယ်လို့ ပြောထားပြီးသား။ အဲဒါကိုလည်း ဇွန် ၁၆ရက်ကနေ စက်တင်ဘာ ၁၃အတွင်းမှာပဲ လုပ်လို့ရတယ်ဆိုတဲ့ သဘောဖြစ်သွားတာပေါ့။"
လက်ရှိမှာ ကိုဗစ်ဒုတိယလှိုင်းစပြီး နိုင်ငံခြားသား အလုပ်သမားတွေကို နယ်မြေကျော်ခရီးသွားလာခွင့်အပါအဝင် လူစုလူဝေးနဲ့ သွားလာလှုပ်ရှားတာတွေအားလုံး ကိုဗစ်ဥပဒေအရ ကန့်သတ်မူတွေလုပ်ထားတာပါ။
ဒီလိုအခြေအနေတွေကြောင့် အလုပ်သမားလက်မှတ်တွေ သက်တမ်းတိုးတဲ့အလုပ်တွေ၊ အလုပ်သမားလက်မှတ်တွေ အသစ်လုပ်တာတွေ၊ ကျန်းမာရေးစီစစ်တာတွေ သိပ်မလုပ်နိုင်ကြပဲ စာရင်းပေးသွင်းထားတဲ့ ၆သိန်းကျော်ထဲက ၅သောင်းကျော်အတွက်သာ လုပ်ပေးနိုင်ခဲ့တာပါ။
ဒီအခြေအနေတွေကြောင့် သက်တမ်း ၃လ ထပ်ပြီးတိုးပေးတာလို့ ယူဆရကြောင်း ရွေပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ရဲ့ဥက္ကဌ ဦးအောင်ကျော်ကပြောပါတယ်။
"ထိုင်းနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းက နိုင်ငံခြားသား အလုပ်သမားတွေကြားထဲမှာလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်သွားတာ။ နေရာအနှံဖြစ်သွားတာ။ ရောဂါတွေ ကျယ့်ပြန်လာတာနဲ့အမျှ နိုင်ငံခြားသား အလုပ်သမားတွေအတွက် စာရွက်စာတန်း စီစစ်တဲ့ သက်တမ်းတိုးတဲ့ ကိစ္စတွေက အချိန် မမှီနိုင်တာမျိုး ဖြစ်နေတယ်။ အစိုးရ ရုံးတွေမှာလည်း အရင်ကလို လူစုလူဝေးနဲ့ နေစဉ်လို လုပ်မပေးနိုင်ဘူး။ လုပ်သားတွေအတွက် လိုအပ်ချက်တွေရှိနေလို့ သက်တမ်းတိုးတဲ့ကိစ္စကို နောက်ထပ် ၃လ တိုးလိုက်တာပါ။"
ထိုင်းနိုင်ငံမှာတရားဝင်ကော၊ တရားမဝင်ကော မြန်မာအလုပ်သမား ၃သန်းထက်မနည်း ရှိနေပြီး နေစဉ်လည်း ခိုးဝင်လာသူတွေက ရာဂဏန်းနဲ့ရှိနေပါတယ်။
ကိုဗစ်ဒုတိယလှိုင်း အစပိုင်းမှာတော့ ဆာမွန်ဆာခွန်းပြည်နယ်၊ ပင်လယ်စာလုပ်ငန်းခွင်က မြန်မာအလုပ်သမား အများအပြား ကူးစက်မူတွေဖြစ်ပြီး တရားမဝင်အထောက်အထားမဲ့တွေများတဲ့အတွက် ထိုင်းအစိုးရ အထူးအစီစဉ်နဲ့ ပန်းရောက်ကဒ်လိုခေါ်တဲ့ အလုပ်လုပ်ခွင့်လက်မှတ် အသစ်တွေ ထပ်လုပ်ပေးခဲ့ပါတယ်။ ဒါအပြင် နိုင်ငံကူးလက်မှတ် အထောက်အထား လက်မှတ်တွေ သက်တမ်းကုန်နေတဲ့ သူတွေကိုလည်း သက်တမ်းတိုးပေးတာတွေ လုပ်ပေးခဲ့ပါတယ်။
အဲဒီထဲမှာ နိုင်ငံခြားသား အလုပ်သမားလူဦးရေ ၆သိန်းကျော်အတွက် ကျန်းမာရေးဆေးစစ်တာ၊ ကိုဗစ်စစ်ဆေးတာအပါအဝင် အလုပ်လုပ်ခွင့်လက်မှတ်လုပ်ဖို့ စာရင်းပေးသွင်းထားပေမယ့် လူဦးရေ၅သောင်းကျော်လောက်အတွက်သာ လုပ်ငန်းစဉ်တချို့ပြီးခဲ့ပါတယ်။ ဒီအတွက်အခု နောက်ထပ် စက်တင်ဘာလအထိ ၃လ သက်တမ်း ထပ်ပြီး တိုးပေးခဲ့တာ ဖြစ်ပါတယ်။