သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္ေကာင္စီႏိုင္ငံျခားေရးဝန္ႀကီး တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ေတြ႕ဆုံ


တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi-(တ႐ုတ္ႏိုင္ငံ၊ ခ်ဳံကင္းၿမိဳ႕မွာ မေန႔ကက်င္းပတဲ့ တ႐ုတ္-အာဆီယံ ေဆြးေႏြးဖက္ဆက္ဆံေရး ႏွစ္ ၃၀ ျပည့္အထိမ္းအမွတ္ ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ အထူးအစည္းအေဝး)

ZAWGYI/UNICODE

ျမန္မာႏိုင္ငံ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ကိုယ္တိုင္ေ႐ြးခ်ယ္တဲ့လမ္းေၾကာင္းကို တ႐ုတ္ႏိုင္ငံက အၿမဲ ေထာက္ခံပါတယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi က ဒီကေန႔ေျပာပါတယ္။

စစ္ေကာင္စီက ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ခန႔္ထားတဲ့ ဦးဝဏၰေမာင္လြင္နဲ႔ တ႐ုတ္ႏိုင္ငံ၊ ခ်ဳံကင္းၿမိဳ႕မွာ ဒီကေန႔ေတြ႕ဆုံခ်ိန္အတြင္း ဝန္ႀကီး Wang Yi က အဲဒီလိုေျပာခဲ့တဲ့အေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဌာနရဲ႕ ထုတ္ျပန္ခ်က္ကို ကိုးကားၿပီး ႐ိုက္တာသတင္းမွာ ေရးထားပါတယ္။

ျမန္မာႏိုင္ငံေပၚထားတဲ့ တ႐ုတ္ႏိုင္ငံရဲ႕ မိတ္ေဆြမူဝါဒဟာ ျမန္မာ့ျပည္တြင္းေရးနဲ႔ ျပည္ပအေျခအေန အေျပာင္းအလဲေတြေၾကာင့္ ထိခိုက္မႈရွိမွာမဟုတ္ဘူးလို႔ ဝန္ႀကီး Wang Yi က ဦးဝဏၰေမာင္လြင္ကို အာမခံ ေျပာဆိုခဲ့တဲ့အေၾကာင္းလည္း တ႐ုတ္ႏိုင္ငံျခားေရးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

မေန႔တုံးကေတာ့ ျမန္မာႏိုင္ငံတြင္းမွာ အၾကမ္းဖက္မႈေတြ မလုပ္ၾကဖို႔ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း (ASEAN) နဲ႔ အတူ တြန္းအားေပးလိုတယ္လို႔တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi က ေျပာခဲ့ပါတယ္။ ခ်ဳံကင္းၿမိဳ႕မွာ မေန႔ကက်င္းပတဲ့ တ႐ုတ္-အာဆီယံ ေဆြးေႏြးဖက္ဆက္ဆံေရး ႏွစ္ ၃၀ ျပည့္အထိမ္းအမွတ္ ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ အထူးအစည္းအေဝးအတြင္း ဝန္ႀကီး Wang Yi က အဲဒီလိုေျပာခဲ့တဲ့အေၾကာင္း ရန္ကုန္ၿမိဳ႕၊ တ႐ုတ္သံ႐ုံးရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ဒီကေန႔ ေရးထားတာပါ။

ျမန္မာႏိုင္ငံ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ တရားဥပေဒမူေဘာင္ေအာက္မွာ ႏိုင္ငံေရးေဆြးေႏြးပြဲေတြလုပ္ၿပီး ဒီမိုကေရစီအသြင္ကူးေျပာင္းေရးလုပ္ငန္းကို ျပန္လည္စတင္ဖို႔ အတူတကြ အားေပးလိုတယ္လို႔လည္း ဝန္ႀကီး Wang Yi ကေျပာပါတယ္။

တ႐ုတ္နဲ႔ အာဆီယံဟာ ျမန္မာ့အေရးနဲ႔စပ္လ်ဥ္းၿပီး ရပ္တည္ခ်က္နဲ႔ ထင္ျမင္ယူဆခ်က္ေတြ ေယဘုယ်အားျဖင့္တူညီတဲ့အေၾကာင္း၊ တ႐ုတ္ႏိုင္ငံဟာ အာဆီယံနဲ႔ ဆက္လက္ပူးေပါင္းသြားမွာျဖစ္ၿပီး ျပည္သူလူထု အက်ိဳးစီးပြားကို အဓိကထားၿပီးေတာ့ တည္တည္ၿငိမ္ၿငိမ္ ထိန္းထိန္းသိမ္းသိမ္း လုပ္ေဆာင္ၾကဖို႔လည္း ဝန္ႀကီး Wang Yi ကေျပာသြားပါတယ္။

ခ်ဳံကင္းၿမိဳ႕မွာက်င္းပတဲ့ အစည္းအေဝးအတြင္း ဦးဝဏၰေမာင္လြင္က ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ အာဏာသိမ္းၿပီးတဲ့ေနာက္ စစ္ေကာင္စီက ေၾကညာထားတဲ့ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္ကသာ တခုတည္းေသာနည္းလမ္း ျဖစ္တဲ့အေၾကာင္းနဲ႔ ေ႐ြးေကာက္ပြဲေကာ္မရွင္အသစ္ ဖြဲ႕စည္းထားတာ၊ COVID-19 ေရာဂါ ကာကြယ္ေရးအစီအစဥ္ေတြ၊ စီးပြားေရး ျပန္လည္ကုစားေရး လုပ္ေဆာင္ခ်က္ေတြကို အဲဒီအစည္းအေဝးအတြင္း ဦးဝဏၰေမာင္လြင္က ေျပာခဲ့တယ္လို႔ ဒီကေန႔ထုတ္ ေၾကးမုံသတင္းစာမွာ ေဖာ္ျပထားပါတယ္။

ZAWGYI/UNICODE

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်တိုင်ရွေးချယ်တဲ့လမ်းကြောင်းကို တရုတ်နိုင်ငံက အမြဲ ထောက်ခံပါတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဒီကနေ့ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံခြားရေးဝန်ကြီးအဖြစ်ခန့်ထားတဲ့ ဦးဝဏ္ဏမောင်လွင်နဲ့ တရုတ်နိုင်ငံ၊ ချုံကင်းမြို့မှာ ဒီကနေ့တွေ့ဆုံချိန်အတွင်း ဝန်ကြီး Wang Yi က အဲဒီလိုပြောခဲ့တဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးထားပါတယ်။

မြန်မာနိုင်ငံပေါ်ထားတဲ့ တရုတ်နိုင်ငံရဲ့ မိတ်ဆွေမူဝါဒဟာ မြန်မာ့ပြည်တွင်းရေးနဲ့ ပြည်ပအခြေအနေ အပြောင်းအလဲတွေကြောင့် ထိခိုက်မှုရှိမှာမဟုတ်ဘူးလို့ ဝန်ကြီး Wang Yi က ဦးဝဏ္ဏမောင်လွင်ကို အာမခံ ပြောဆိုခဲ့တဲ့အကြောင်းလည်း တရုတ်နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မနေ့တုံးကတော့ မြန်မာနိုင်ငံတွင်းမှာ အကြမ်းဖက်မှုတွေ မလုပ်ကြဖို့ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နဲ့ အတူ တွန်းအားပေးလိုတယ်လို့တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောခဲ့ပါတယ်။ ချုံကင်းမြို့မှာ မနေ့ကကျင်းပတဲ့ တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး နှစ် ၃၀ ပြည့်အထိမ်းအမှတ် နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးအတွင်း ဝန်ကြီး Wang Yi က အဲဒီလိုပြောခဲ့တဲ့အကြောင်း ရန်ကုန်မြို့၊ တရုတ်သံရုံးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဒီကနေ့ ရေးထားတာပါ။

မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားဥပဒေမူဘောင်အောက်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းကို ပြန်လည်စတင်ဖို့ အတူတကွ အားပေးလိုတယ်လို့လည်း ဝန်ကြီး Wang Yi ကပြောပါတယ်။

တရုတ်နဲ့ အာဆီယံဟာ မြန်မာ့အရေးနဲ့စပ်လျဉ်းပြီး ရပ်တည်ချက်နဲ့ ထင်မြင်ယူဆချက်တွေ ယေဘုယျအားဖြင့်တူညီတဲ့အကြောင်း၊ တရုတ်နိုင်ငံဟာ အာဆီယံနဲ့ ဆက်လက်ပူးပေါင်းသွားမှာဖြစ်ပြီး ပြည်သူလူထု အကျိုးစီးပွားကို အဓိကထားပြီးတော့ တည်တည်ငြိမ်ငြိမ် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့လည်း ဝန်ကြီး Wang Yi ကပြောသွားပါတယ်။

ချုံကင်းမြို့မှာကျင်းပတဲ့ အစည်းအဝေးအတွင်း ဦးဝဏ္ဏမောင်လွင်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက ကြေညာထားတဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကသာ တခုတည်းသောနည်းလမ်း ဖြစ်တဲ့အကြောင်းနဲ့ ရွေးကောက်ပွဲကော်မရှင်အသစ် ဖွဲ့စည်းထားတာ၊ COVID-19 ရောဂါ ကာကွယ်ရေးအစီအစဉ်တွေ၊ စီးပွားရေး ပြန်လည်ကုစားရေး လုပ်ဆောင်ချက်တွေကို အဲဒီအစည်းအဝေးအတွင်း ဦးဝဏ္ဏမောင်လွင်က ပြောခဲ့တယ်လို့ ဒီကနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG