သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံေဒသကိုဗစ္ထိန္းခ်ဳပ္ေရး တ႐ုတ္အကူအညီေပးမည္


တရုတ္-အာဆီယံ နိုင္ငံျခားေရး၀န္ၾကီးမ်ား ခ်ံဳကင္းျမိဳ ့မွာ ေဆြးေႏြးစဥ္ (ဓာတ္ပံု- Twitter/@Menlu_RI)

(Zawgyi/Unicode)
အေရွ ႔ေတာင္အာရွႏိုင္ငံေတြနဲ႔ ဆက္ဆံေရးခုိင္မာအားေကာင္းေအာင္ အေမရိကန္ျပည္ေထာင္စုက လုပ္ကိုင္ေနခ်ိန္မွာပဲ တရုတ္ႏုိင္ငံကလည္း Covid-19 ကပ္ေရာဂါဒဏ္နဲ႔ ရင္ဆုိင္ေနရတဲ့ ေဒသတြင္းႏုိ္င္ငံေတြကို အကူအညီေတြထပ္ေပးသြားမယ္လို႔ ကတိျပဳခဲ့ပါတယ္။ အေရွ ႔ေတာင္အာရွႏုိင္ငံေတြကို ၾသဇာလႊမ္းမိုးႏုိင္ေအာင္ တရုတ္တုိ႔ကလည္း ၾကိဳးပမ္းေနတာပါ။ ေရွ႔ေတာင္အာရွႏုိင္ငံမ်ားအသင္း၊ အာဆီယံအဖြဲ႔၀င္ ၁၀ ႏုိင္ငံအတြက္ ကိုဗစ္ကာကြယ္ေဆး သန္း (၁၀၀) အပါအ၀င္ ကပ္ေရာဂါတုိက္ဖ်က္ေရးအတြက္ နည္းပညာပိုင္းအရေအေရာ အျခားအကူအညီေတြကိုပါေ တရုတ္ႏုိင္ငံက ေပးအပ္ခဲ့တယ္လို႔ တရုတ္ႏုိင္ငံျခားေရး၀န္ႀကီး ၀မ္ယီက အာဆီယံႏုိင္ငံျခားေရး၀န္ႀကီးေတြကို ေျပာဆိုခဲ့ပါတယ္။

မိတ္ဖက္ဆက္ဆံေရး ႏွစ္ (၃၀) ျပည့္ အထိမ္းအမွတ္အျဖစ္ တရုတ္ႏုိင္ငံ၊ Chongqing ၿမိဳ ႔မွာ က်င္းပတဲ့ အာဆီယံ-တရုတ္ ႏုိင္ငံျခားေရး၀န္ႀကီးမ်ား အစည္းအေ၀းမွာ ၀န္ႀကီး ၀မ္ယီကအဲဒီလိုေျပာဆိုခဲ့တာျဖစ္ပါတယ္။ ေဒသတ၀ွမ္း ကာကြယ္ေဆးေတြ ေစ်းသက္သက္သာသာရႏုိင္ေအာင္ သုေတသနလုပ္ငန္းကေန ထုတ္လုပ္ေရးနဲ႔ ျဖန္႔ျဖဴးေရးထိ ဘက္ေပါင္းစံုက အခိုင္အမာ ပူးေပါင္း ေဆာင္ရြက္ၾကဖို႔လည္း၀န္ႀကီး ၀မ္ယီက တုိက္တြန္းေျပာၾကားသြားပါတယ္။

၂၀၁၉ ခုႏွစ္ေႏွာင္းပိုင္း တရုတ္ႏုိင္ငံမွာ ပထမဆုံးေတြ႔ခဲ့တဲ့ ကိုရိုနာဗုိင္းရပ္စ္ပိုးကို ျပည္တြင္းမွာ ေကာင္းေကာင္း ထိန္းခ်ဳပ္ႏုိင္ခဲ့တယ္ဆိုေပမယ့္ ပြင့္လင္းျမင္သာမႈမရွိပဲ ပိုးရဲ ႔ဇစ္ျမစ္ကိုဖုံးကြယ္ဖို႔ေတာင္ ၾကိဳးစားေနတယ္ဆိုၿပီး စြပ္စြဲခံေနရတာပါ။ တရုတ္နုိင္ငံမွာပိုးကူးစက္သူအသစ္ဆယ္ဂဏန္းေအာက္က်သြားေပမယ့္လည္း ျမန္မာႏုိ္င္ငံအပါအ၀င္ ေဒသတြင္းႏုိင္ငံေတြမွာေတာ့ ပိုးကူးစက္မႈေတြ တေက်ာ့ျပန္ျမင့္တက္ေနပါတယ္။ ျမန္မာက်န္းမာေရးနဲ႔အားကစား၀န္ႀကီးဌာနရဲ ႔ ဇြန္လ ၇ ရက္၊ည၈နာရီထုတ္ျပန္ခ်က္အရ တုိင္းနဲ႔ျပည္နယ္တြင္း ဓာတ္ခြဲစစ္ေဆးမႈ (၂၂၁၆)ခုမွာ ပိုးေတြ႔သူ ၁၃၉ ဦးရွိေၾကာင္း ေဖာ္ျပထားပါတယ္။

......................................................................

အာဆီယံဒေသကိုဗစ်ထိန်းချုပ်ရေး တရုတ်အကူအညီပေးမည်

(Unicode)
အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ဆက်ဆံရေးခိုင်မာအားကောင်းအောင် အမေရိကန်ပြည်ထောင်စုက လုပ်ကိုင်နေချိန်မှာပဲ တရုတ်နိုင်ငံကလည်း Covid-19 ကပ်ရောဂါဒဏ်နဲ့ ရင်ဆိုင်နေရတဲ့ ဒေသတွင်းနိုင်ငံတွေကို အကူအညီတွေထပ်ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေကို သြဇာလွှမ်းမိုးနိုင်အောင် တရုတ်တို့ကလည်း ကြိုးပမ်းနေတာပါ။ ရှေ့တောင်အာရှနိုင်ငံများအသင်း၊ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေး သန်း (၁၀၀) အပါအဝင် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် နည်းပညာပိုင်းအရအေရော အခြားအကူအညီတွေကိုပါေ တရုတ်နိုင်ငံက ပေးအပ်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ပြောဆိုခဲ့ပါတယ်။

မိတ်ဖက်ဆက်ဆံရေး နှစ် (၃၀) ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံ၊ Chongqing မြို့မှာ ကျင်းပတဲ့ အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဝန်ကြီး ဝမ်ယီကအဲဒီလိုပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒေသတဝှမ်း ကာကွယ်ဆေးတွေ ဈေးသက်သက်သာသာရနိုင်အောင် သုတေသနလုပ်ငန်းကနေ ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရေးထိ ဘက်ပေါင်းစုံက အခိုင်အမာ ပူးပေါင်း ဆောင်ရွက်ကြဖို့လည်းဝန်ကြီး ဝမ်ယီက တိုက်တွန်းပြောကြားသွားပါတယ်။

၂၀၁၉ ခုနှစ်နှောင်းပိုင်း တရုတ်နိုင်ငံမှာ ပထမဆုံးတွေ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကို ပြည်တွင်းမှာ ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပေမယ့် ပွင့်လင်းမြင်သာမှုမရှိပဲ ပိုးရဲ့ဇစ်မြစ်ကိုဖုံးကွယ်ဖို့တောင် ကြိုးစားနေတယ်ဆိုပြီး စွပ်စွဲခံနေရတာပါ။ တရုတ်နိုင်ငံမှာပိုးကူးစက်သူအသစ်ဆယ်ဂဏန်းအောက်ကျသွားပေမယ့်လည်း မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံတွေမှာတော့ ပိုးကူးစက်မှုတွေ တကျော့ပြန်မြင့်တက်နေပါတယ်။ မြန်မာကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဇွန်လ ၇ ရက်၊ည၈နာရီထုတ်ပြန်ချက်အရ တိုင်းနဲ့ပြည်နယ်တွင်း ဓာတ်ခွဲစစ်ဆေးမှု (၂၂၁၆)ခုမှာ ပိုးတွေ့သူ ၁၃၉ ဦးရှိကြောင်း ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG