သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံရဲ႕ ၾကားဝင္ ျဖန္ေျဖေပးမႈ အလုပ္ျဖစ္မွာလား


ASEAN envoys meet Myanmar junta leader (state-run TV)
တိုက္႐ိုက္ လင့္ခ္

ၿပီးခဲ့တဲ့ ဇြန္လ ၄ ရက္ေန႔က အာဆီယံ အလွည့္က် ဥကၠဌ ဘ႐ူႏိုင္းႏိုင္ငံ ဘုရင္မင္းျမတ္ရဲ႕ ကိုယ္စားလွယ္ ဒုတိယ ႏိုင္ငံျခားေရးဝန္ႀကီး Erywan Pehin Yusof နဲ႔ အာဆီယံအတြင္းေရးမႈးခ်ဳပ္ Lim Jock Hoi တို႔ ၂ ဦးဟာ ေနျပည္ေတာ္မွာ အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ေတြ႕ဆုံပါတယ္။ ခုလို ေတြ႕ဆုံရျခင္း အေၾကာင္းရင္းကေတာ့ လြန္ခဲ့တဲ့ တစ္လ ေက်ာ္ ဧၿပီ ၂၄ ရက္ေန႔က အင္ဒိုနီးရွားႏိုင္ငံ ဂ်ာကာတာၿမိဳ႕မွာ က်င္းပခဲ့တဲ့ အာဆီယံ ႏိုင္ငံ့ေခါင္းေဆာင္မ်ား အစည္းအေဝးမွာ ျမန္မာ့ႏိုင္ငံေရး ျပသနာနဲ႔ ပတ္သက္ၿပီး သေဘာတူ ခ်မွတ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္ေတြကို အာဆီယံဘက္က စၿပီး အေကာင္အထည္ ေဖာ္ႏိုင္ေအာင္ ႀကိဳးစားတာ ျဖစ္ပါတယ္။ အာဆီယံႏိုင္ငံေတြရဲ႕ ၾကားဝင္ ေျဖရွင္းေပးမႈကို အေမရိကန္ အပါအဝင္ ႏိုင္ငံတကာ အသိုင္းအဝိုင္းကပါ လိုလား ေထာက္ခံ၊ တြန္းအားေပးေနၾကေလေတာ့ အဲဒီ ဝင္ေရာက္ ေျဖရွင္းေပးမႈ အလုပ္ျဖစ္ႏိုင္မွာလား၊ အက်ိဳးသက္ေရာက္မႈ တစ္စုံတရာ ရွိလာမွာလား ဆိုတဲ့ ကိစၥ စိတ္ဝင္စားစရာ ျဖစ္လာေနပါတယ္။

ေဖေဖၚဝါရီ ၁ ရက္ေန႔က ျမန္မာႏိုင္ငံမွာ ေ႐ြးေကာက္ခံ အစိုးရကို ျဖဳတ္ခ်၊ စစ္တပ္က ဦးေဆာင္တဲ့ အာဏာသိမ္းမႈ ျဖစ္ပြားၿပီးေနာက္ ႀကီးမားတဲ့ ဆႏၵျပပြဲႀကီးေတြ ျဖစ္ေပၚလာပါတယ္။ သိပ္မၾကာခင္ အဲဒီ ဆႏၵျပမႈေတြ၊ အာဏာရွင္ ဆန႔္က်င္ေရး သပိတ္ေမွာက္မႈေတြကို စစ္တပ္က ၾကမ္းၾကမ္းတမ္းတမ္း ပစ္ခတ္၊ သတ္ျဖတ္၊ ႐ိုက္ႏွက္၊ ဖမ္းဆီး ၿဖိဳခြင္းမႈေတြ လုပ္လာၿပီးေနာက္ ေနာက္ဆက္တြဲအေနနဲ႔ ပိုၿပီး ျပင္းထန္တဲ့ ပဋိပကၡေတြ ေပၚေပါက္လာခဲ့ပါတယ္။ ဒီျပသနာႀကီး ေျဖရွင္းႏိုင္ဖို႔ အတြက္ ကုလသမဂၢ အဖြဲ႕ႀကီးဟာ လုံၿခဳံေရးေကာင္စီ အစည္းအေဝး ၃ ႀကိမ္ ေခၚယူခဲ့ၿပီး အဖြဲ႕ဝင္ အားလုံးပါဝင္တဲ့ သေဘာတူညီခ်က္ေတြ ခ်မွတ္ခဲ့သလို ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ အထူးကိုယ္စားလွယ္ ကိုလည္း ျမန္မာႏိုင္ငံကိုသြားေရာက္ခြင့္ရေရး ႀကိဳးပမ္းခဲ့တာ ေတြ႕ရပါတယ္။ ဒါေပမယ့္လည္း အာဏာသိမ္း စစ္ေကာင္စီဘက္က ကုလသမဂၢ လုံၿခဳံေရးေကာင္စီ ဆုံးျဖတ္ခ်က္ေတြကို လိုက္နာမႈ မရွိ႐ုံမက၊ ကုလသမဂၢ အေထြေထြ အတြင္းေရးမႈးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgenerကို ႏိုင္ငံတြင္း ဝင္ခြင့္ မေပးတဲ့အတြက္ ကုလသမဂၢရဲ႕ ၾကားဝင္ ျဖန္ေျဖေရး အစီအစဥ္ ေရွ႕တိုးလို႔မရ ျဖစ္ေစခဲ့ပါတယ္။

ဒုတိယေျမာက္ ႀကိဳးစားတာကေတာ့ အာဆီယံ အဖြဲ႕ႀကီးပါ။ အထူးသျဖင့္ အေမရိကန္ႏိုင္ငံ အစိုးရဟာ အဆီယံထဲက သူ႔မဟာမိတ္ႏိုင္ငံေတြကေန တဆင့္ ျမန္မာ့အေရးကို အာဆီယံက ၾကားဝင္ ေျဖရွင္းမႈ လုပ္လာေစဖို႔ ႀကိဳးစားခဲ့တာ ေတြ႕ရပါတယ္။ ဒီလိုနဲ႔ ျမန္မာ့အေရး ဝင္ေရာက္ေျဖရွင္းေရး ကိစၥကို အဓိကထား ေဆြးေႏြးတဲ့ ဧၿပီ ၂၄ ရက္၊ အင္ဒိုနီးရွားႏိုင္ငံ ဂ်ာကာတာမွာ လုပ္တဲ့ အာဆီယံႏိုင္ငံ ေခါင္းေဆာင္မ်ား အထူးအစည္းအေဝး ေပၚေပါက္လာၿပီး အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကိုပါ တက္ေရာက္ေစခဲ့ပါတယ္။ အစည္းအေဝးမွာ အာဆီယံ ႏိုင္ငံေတြအၾကား ဘုံ သေဘာတူညီခ်က္(၅) ခ်က္ ရရွိခဲ့ၿပီး အဲဒီ သေဘာတူညီခ်က္ေတြအရ ျမန္မာ့အေရးကို ၾကားဝင္ ေျဖရွင္းေပးဖို႔ ႀကိဳးစားလာတာ ျဖစ္ပါတယ္။

တကယ္ေတာ့ အာဆီယံႏိုင္ငံေတြအၾကား ရရွိခဲ့တဲ့ ဘုံသေဘာတူညီခ်က္ ၅ ခ်က္ဟာ ကုလသမဂၢ လုံၿခဳံေရးေကာင္စီက ခ်မွတ္ခဲ့တဲ့ သေဘာတူ ဆုံးျဖတ္ခ်က္ေတြထဲက ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးဖို႔ ဆိုတဲ့ အခ်က္ တစ္ခ်က္ မပါတာကလြဲၿပီး က်န္တဲ့ အခ်က္ေတြမွာ တူညီမႈရွိတယ္လို႔ ေျပာမယ္ဆို ေျပာႏိုင္ပါတယ္။ အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ခ်က္ကေတာ့ (၁) ျမန္မာႏိုင္ငံတြင္းမွာ ျဖစ္ပြားေနတဲ့ အၾကမ္းဖက္မႈေတြကို ရပ္တန႔္ၾကဖို႔ (၂) ဘက္ႏွစ္ဖက္ ၿငိမ္းခ်မ္းစြာ အေျဖရွာ၊ dialogue လုပ္ၾကဖို႔ (၃) ေဆြးေႏြးမႈေတြ ျဖစ္ေပၚလာေအာင္ အာဆီယံ ဥကၠဌရဲ႕ အထူးကိုယ္စားလွယ္ ခန႔္တာကို သေဘာတူဖို႔ (၄) AHA က တဆင့္ လူသားခ်င္းဆိုင္ရာ အကူအညီ ေပးတာေတြကို လက္ခံဖို႔ (၅) အထူးကိုယ္စားလွယ္နဲ႔ အဖြဲ႕ ျမန္မာႏိုင္ငံ သြားတာကို လက္ခံဖို႔ ဆိုၿပီးျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အာဆီယံႏိုင္ငံေတြရဲ႕ ဆုံးျဖတ္ခ်က္ အေကာင္အထည္ ေဖာ္ႏိုင္ဖို႔ ဆိုရင္ ပဋိပကၡ ျဖစ္ေနတဲ့ ဘက္ႏွစ္ဖက္၊ အနည္းဆုံးေတာ့ လက္ရွိ အင္အားသုံးၿပီး အာဏာရယူထားတဲ့ စစ္ေကာင္စီဘက္က သေဘာတူ လက္ခံဖို႔ေတာ့ လိုအပ္ပါလိမ့္မယ္။

ဧၿပီလ ၂၄ ရက္၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဂ်ာကာတာ အစည္းအေဝးတက္ၿပီး ဧၿပီလ ၂၆ ရက္ေန႔မွာေတာ့ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္ပါတယ္။ အဲဒီ ထုတ္ျပန္ခ်က္ထဲမွာ စစ္ေကာင္စီက ခ်မွတ္ အေကာင္အထည္ေဖာ္ေနတဲ့ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္ကို အေထာက္အကူျဖစ္ခဲ့ရင္၊ ျမန္မာႏိုင္ငံ အေျခအေန တည္ၿငိမ္လာရင္ အာဆီယံႏိုင္ငံေတြရဲ႕ အႀကံျပဳခ်က္ေတြကို “ အျပဳသေဘာ စဥ္းစားေပးမယ္” ဆိုၿပီး ေဖာ္ျပပါတယ္။ တဆက္တည္း အဲဒီ ဧၿပီလ ၂၆ ရက္ေန႔မွာလုပ္တဲ့ စစ္ေကာင္စီ အစည္းအေဝးမွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ျပည္တြင္း တည္ၿငိမ္မႈအေပၚ မူတည္ၿပီးမွသာ အာဆီယံက အဆိုျပဳတဲ့ ျမန္မာႏိုင္ငံကို လာေရာက္လိုတဲ့ ခရီးစဥ္ေတြကို စဥ္းစားသြားမယ္ ဆိုၿပီး ေျပာဆိုခဲ့ပါတယ္။

တကယ္ေတာ့ စစ္ေကာင္စီရဲ႕ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္ ဆိုတာဟာ ၂၀၂၀ မဲစာရင္းေတြကို ျပန္စစ္၊ အေရးေပၚကာလ ႏိုင္ငံ တည္ၿငိမ္ေအာင္လုပ္၊ ေနာက္ဆုံးက်ရင္ စစ္ေကာင္စီ လက္ေအာက္မွာ ေ႐ြးေကာက္ပြဲ အသစ္ တစ္ခု လုပ္ေပး၊ အဲဒီ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရသူကို အာဏာလြဲွအပ္ ဆိုတာမ်ိဳးပဲ ျဖစ္ၿပီး ဘယ္ႏိုင္ငံေရး အင္အားစုနဲ႔ ေစ့စပ္ညႇိႏႈိင္းတာမ်ိဳးမွ မပါဝင္ပါဘူး။ ေျပာရရင္ေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဟာ အာဆီယံ ႏိုင္ငံေတြရဲ႕ ျမန္မာ့အေရး ၾကားဝင္ ေျဖရွင္းေပးမယ့္ အစီအစဥ္ကို လက္ခံလိုပုံမရဘူးလို႔ ေကာက္ခ်က္ခ်ႏိုင္ပါတယ္။ ဒါေၾကာင့္လည္း ေနာက္ထပ္ တစ္လေက်ာ္ ၾကာသည္အထိ အာဆီယံရဲ႕ အစီအစဥ္ေတြနဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီဘက္က ဘာမွ မတုန႔္ျပန္ခဲ့တာ ျဖစ္ပါတယ္။

တကယ့္တကယ္ စစ္ေကာင္စီဘက္က အာဆီယံႏိုင္ငံေတြရဲ႕ အစီအစဥ္ကို လက္ခံမယ္ ဆိုရင္ လုပ္ငန္းေတြ စတင္ႏိုင္ဖို႔ ကိုယ္စားလွယ္ တစ္ေယာက္ ခန႔္အပ္တာကို သေဘာတူဖို႔ လိုပါတယ္။ သေဘာတူ႐ုံတင္မက အဲဒီ ကိုယ္စားလွယ္ရဲ႕ ျမန္မာႏိုင္ငံကိုလာမယ့္ ခရီးစဥ္ေတြကို ခြင့္ျပဳရမွာျဖစ္သလို၊ ျဖဳတ္ခ်ခံလိုက္ရတဲ့ အင္န္အယ္လ္ဒီ အစိုးရေခါင္းေဆာင္၊ လႊတ္ေတာ္ ေခါင္းေဆာင္ေတြနဲ႔လည္း ေတြ႕ဆုံခြင့္ ေပးရမွာျဖစ္ၿပီး၊ ေနာက္ဆုံး ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္တို႔ကိုယ္တိုင္ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ ျဖဳတ္ခ်၊ ထိန္းသိမ္းခံ ႏိုင္ငံ့ေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြး၊ စကားေျပာတာေတြ လုပ္ရပါလိမ့္မယ္။ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ စစ္ေကာင္စီဘက္က အဲလို ေတြ႕ဆုံေဆြးေႏြး မႈေတြ လုပ္လာလိမ့္မယ္၊ ဒါမွမဟုတ္ လုပ္လာေအာင္ အာဆီယံ ကိုယ္စားလွယ္ဘက္က စည္း႐ုံးဆြဲေဆာင္ႏိုင္လိမ့္မယ္ ဆိုတာမ်ိဳးကေတာ့ ေမွ်ာ္လင့္လို႔ ရစေကာင္းတဲ့ အရာမ်ိဳး မဟုတ္ပါဘူး။

အျခားတစ္ဖက္က ျပန္ၾကည့္လိုက္ရင္လည္း အာဆီယံႏိုင္ငံေတြထဲမွာ ဒီမိုကေရစီနည္းက် ေ႐ြးေကာက္တင္ေျမႇာက္လို႔ တက္လာတာ မဟုတ္တဲ့ တနည္းနည္းနဲ႔ အာဏာရွင္ စနစ္ က်င့္သုံးေနတဲ့ အာဏာပိုင္ႏိုင္ငံေတြက အမ်ားစုႀကီး ျဖစ္ေနတာပါ။ ျမန္မာ့ အိမ္နီးခ်င္း ထိုင္းႏိုင္ငံဆိုရင္ေတာင္ အာဏာသိမ္း စစ္ေခါင္းေဆာင္က သူ႔ဖာသာသူ ေ႐ြးေကာက္ခံ အစိုးရ ဝန္ႀကီးခ်ဳပ္ျဖစ္ေအာင္ ဖန္တီးထားသူ တစ္ေယာက္ပဲ ျဖစ္ေနပါတယ္။ အဲလို အာဏာပိုင္ႏိုင္ငံေတြ အမ်ားစုနဲ႔ ဖြဲ႕စည္းထားတဲ့ အာဆီယံ အဖြဲ႕ႀကီးအေနနဲ႔ စစ္အာဏာသိမ္းလိုက္လို႔ ျပသနာ အမ်ားႀကီးတက္ေနတဲ့၊ ျပည္တြင္းစစ္နဲ႔ က်ရႈံးႏိုင္ငံ အျဖစ္ကို ဦးတည္ေနတဲ့ ႏိုင္ငံတစ္ႏိုင္ငံကို ျပသနာေတြ ေျပၿငိမ္းၿပီး ဒီမိုကေရစီ လမ္းေၾကာင္းေပၚ ျပန္ေရာက္လာေအာင္ ဘယ္ေလာက္ တြန္းတြန္းတိုက္တိုက္ ဖိအားေပးမလဲ ဆိုတဲ့ ကိစၥကလည္း သံသယ ျဖစ္စရာ အမ်ားႀကီးရွိေနပါတယ္။ ဒီအခ်က္အလက္ေတြကို သုံးသပ္ၾကည့္လိုက္ရင္ ျမန္မာ့ျပည္တြင္းေရး ျပသနာေတြ ေျပလည္ေစေရး အာဆီယံႏိုင္ငံေတြရဲ႕ ၾကားဝင္ ညႇိႏႈိင္း ေဆာင္႐ြက္ေပးမယ့္ အစီအစဥ္ဟာ ႀကီးမားတဲ့ အက်ိဳးသက္ေရာက္မႈေတြ ျဖစ္ေပၚလာလိမ့္မယ္ဆိုၿပီး ေမွ်ာ္လင့္လို႔ေတာ့ မရႏိုင္ေသးေၾကာင္းပါ။

----------------------------------

အာဆီယံရဲ့ ကြားဝင် ဖြန်ဖြေပေးမှု အလုပ်ဖြစ်မှာလား

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က အာဆီယံ အလှည့်ကျ ဥက္ကဌ ဘရူနိုင်းနိုင်ငံ ဘုရင်မင်းမြတ်ရဲ့ ကိုယ်စားလှယ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Erywan Pehin Yusof နဲ့ အာဆီယံအတွင်းရေးမှုးချုပ် Lim Jock Hoi တို့ ၂ ဦးဟာ နေပြည်တော်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပါတယ်။ ခုလို တွေ့ဆုံရခြင်း အကြောင်းရင်းကတော့ လွန်ခဲ့တဲ့ တစ်လ ကျော် ဧပြီ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးမှာ မြန်မာ့နိုင်ငံရေး ပြသနာနဲ့ ပတ်သက်ပြီး သဘောတူ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို အာဆီယံဘက်က စပြီး အကောင်အထည် ဖော်နိုင်အောင် ကြိုးစားတာ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေရဲ့ ကြားဝင် ဖြေရှင်းပေးမှုကို အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကပါ လိုလား ထောက်ခံ၊ တွန်းအားပေးနေကြလေတော့ အဲဒီ ဝင်ရောက် ဖြေရှင်းပေးမှု အလုပ်ဖြစ်နိုင်မှာလား၊ အကျိုးသက်ရောက်မှု တစ်စုံတရာ ရှိလာမှာလား ဆိုတဲ့ ကိစ္စ စိတ်ဝင်စားစရာ ဖြစ်လာနေပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချ၊ စစ်တပ်က ဦးဆောင်တဲ့ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ကြီးမားတဲ့ ဆန္ဒပြပွဲကြီးတွေ ဖြစ်ပေါ်လာပါတယ်။ သိပ်မကြာခင် အဲဒီ ဆန္ဒပြမှုတွေ၊ အာဏာရှင် ဆန့်ကျင်ရေး သပိတ်မှောက်မှုတွေကို စစ်တပ်က ကြမ်းကြမ်းတမ်းတမ်း ပစ်ခတ်၊ သတ်ဖြတ်၊ ရိုက်နှက်၊ ဖမ်းဆီး ဖြိုခွင်းမှုတွေ လုပ်လာပြီးနောက် နောက်ဆက်တွဲအနေနဲ့ ပိုပြီး ပြင်းထန်တဲ့ ပဋိပက္ခတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီပြသနာကြီး ဖြေရှင်းနိုင်ဖို့ အတွက် ကုလသမဂ္ဂ အဖွဲ့ကြီးဟာ လုံခြုံရေးကောင်စီ အစည်းအဝေး ၃ ကြိမ် ခေါ်ယူခဲ့ပြီး အဖွဲ့ဝင် အားလုံးပါဝင်တဲ့ သဘောတူညီချက်တွေ ချမှတ်ခဲ့သလို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် ကိုလည်း မြန်မာနိုင်ငံကိုသွားရောက်ခွင့်ရရေး ကြိုးပမ်းခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း အာဏာသိမ်း စစ်ကောင်စီဘက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို လိုက်နာမှု မရှိရုံမက၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgenerကို နိုင်ငံတွင်း ဝင်ခွင့် မပေးတဲ့အတွက် ကုလသမဂ္ဂရဲ့ ကြားဝင် ဖြန်ဖြေရေး အစီအစဉ် ရှေ့တိုးလို့မရ ဖြစ်စေခဲ့ပါတယ်။

ဒုတိယမြောက် ကြိုးစားတာကတော့ အာဆီယံ အဖွဲ့ကြီးပါ။ အထူးသဖြင့် အမေရိကန်နိုင်ငံ အစိုးရဟာ အဆီယံထဲက သူ့မဟာမိတ်နိုင်ငံတွေကနေ တဆင့် မြန်မာ့အရေးကို အာဆီယံက ကြားဝင် ဖြေရှင်းမှု လုပ်လာစေဖို့ ကြိုးစားခဲ့တာ တွေ့ရပါတယ်။ ဒီလိုနဲ့ မြန်မာ့အရေး ဝင်ရောက်ဖြေရှင်းရေး ကိစ္စကို အဓိကထား ဆွေးနွေးတဲ့ ဧပြီ ၂၄ ရက်၊ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ လုပ်တဲ့ အာဆီယံနိုင်ငံ ခေါင်းဆောင်များ အထူးအစည်းအဝေး ပေါ်ပေါက်လာပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုပါ တက်ရောက်စေခဲ့ပါတယ်။ အစည်းအဝေးမှာ အာဆီယံ နိုင်ငံတွေအကြား ဘုံ သဘောတူညီချက်(၅) ချက် ရရှိခဲ့ပြီး အဲဒီ သဘောတူညီချက်တွေအရ မြန်မာ့အရေးကို ကြားဝင် ဖြေရှင်းပေးဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

တကယ်တော့ အာဆီယံနိုင်ငံတွေအကြား ရရှိခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ချက်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ခဲ့တဲ့ သဘောတူ ဆုံးဖြတ်ချက်တွေထဲက ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ဆိုတဲ့ အချက် တစ်ချက် မပါတာကလွဲပြီး ကျန်တဲ့ အချက်တွေမှာ တူညီမှုရှိတယ်လို့ ပြောမယ်ဆို ပြောနိုင်ပါတယ်။ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကတော့ (၁) မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ကြဖို့ (၂) ဘက်နှစ်ဖက် ငြိမ်းချမ်းစွာ အဖြေရှာ၊ dialogue လုပ်ကြဖို့ (၃) ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာအောင် အာဆီယံ ဥက္ကဌရဲ့ အထူးကိုယ်စားလှယ် ခန့်တာကို သဘောတူဖို့ (၄) AHA က တဆင့် လူသားချင်းဆိုင်ရာ အကူအညီ ပေးတာတွေကို လက်ခံဖို့ (၅) အထူးကိုယ်စားလှယ်နဲ့ အဖွဲ့ မြန်မာနိုင်ငံ သွားတာကို လက်ခံဖို့ ဆိုပြီးဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဆီယံနိုင်ငံတွေရဲ့ ဆုံးဖြတ်ချက် အကောင်အထည် ဖော်နိုင်ဖို့ ဆိုရင် ပဋိပက္ခ ဖြစ်နေတဲ့ ဘက်နှစ်ဖက်၊ အနည်းဆုံးတော့ လက်ရှိ အင်အားသုံးပြီး အာဏာရယူထားတဲ့ စစ်ကောင်စီဘက်က သဘောတူ လက်ခံဖို့တော့ လိုအပ်ပါလိမ့်မယ်။

ဧပြီလ ၂၄ ရက်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျာကာတာ အစည်းအဝေးတက်ပြီး ဧပြီလ ၂၆ ရက်နေ့မှာတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။ အဲဒီ ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီက ချမှတ် အကောင်အထည်ဖော်နေတဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို အထောက်အကူဖြစ်ခဲ့ရင်၊ မြန်မာနိုင်ငံ အခြေအနေ တည်ငြိမ်လာရင် အာဆီယံနိုင်ငံတွေရဲ့ အကြံပြုချက်တွေကို “ အပြုသဘော စဉ်းစားပေးမယ်” ဆိုပြီး ဖော်ပြပါတယ်။ တဆက်တည်း အဲဒီ ဧပြီလ ၂၆ ရက်နေ့မှာလုပ်တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်တွင်း တည်ငြိမ်မှုအပေါ် မူတည်ပြီးမှသာ အာဆီယံက အဆိုပြုတဲ့ မြန်မာနိုင်ငံကို လာရောက်လိုတဲ့ ခရီးစဉ်တွေကို စဉ်းစားသွားမယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။

တကယ်တော့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ် ဆိုတာဟာ ၂၀၂၀ မဲစာရင်းတွေကို ပြန်စစ်၊ အရေးပေါ်ကာလ နိုင်ငံ တည်ငြိမ်အောင်လုပ်၊ နောက်ဆုံးကျရင် စစ်ကောင်စီ လက်အောက်မှာ ရွေးကောက်ပွဲ အသစ် တစ်ခု လုပ်ပေး၊ အဲဒီ ရွေးကောက်ပွဲမှာ အနိုင်ရသူကို အာဏာလွဲှအပ် ဆိုတာမျိုးပဲ ဖြစ်ပြီး ဘယ်နိုင်ငံရေး အင်အားစုနဲ့ စေ့စပ်ညှိနှိုင်းတာမျိုးမှ မပါဝင်ပါဘူး။ ပြောရရင်တော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဆီယံ နိုင်ငံတွေရဲ့ မြန်မာ့အရေး ကြားဝင် ဖြေရှင်းပေးမယ့် အစီအစဉ်ကို လက်ခံလိုပုံမရဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။ ဒါကြောင့်လည်း နောက်ထပ် တစ်လကျော် ကြာသည်အထိ အာဆီယံရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ဘာမှ မတုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

တကယ့်တကယ် စစ်ကောင်စီဘက်က အာဆီယံနိုင်ငံတွေရဲ့ အစီအစဉ်ကို လက်ခံမယ် ဆိုရင် လုပ်ငန်းတွေ စတင်နိုင်ဖို့ ကိုယ်စားလှယ် တစ်ယောက် ခန့်အပ်တာကို သဘောတူဖို့ လိုပါတယ်။ သဘောတူရုံတင်မက အဲဒီ ကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံကိုလာမယ့် ခရီးစဉ်တွေကို ခွင့်ပြုရမှာဖြစ်သလို၊ ဖြုတ်ချခံလိုက်ရတဲ့ အင်န်အယ်လ်ဒီ အစိုးရခေါင်းဆောင်၊ လွှတ်တော် ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခွင့် ပေးရမှာဖြစ်ပြီး၊ နောက်ဆုံး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖြုတ်ချ၊ ထိန်းသိမ်းခံ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေး၊ စကားပြောတာတွေ လုပ်ရပါလိမ့်မယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဘက်က အဲလို တွေ့ဆုံဆွေးနွေး မှုတွေ လုပ်လာလိမ့်မယ်၊ ဒါမှမဟုတ် လုပ်လာအောင် အာဆီယံ ကိုယ်စားလှယ်ဘက်က စည်းရုံးဆွဲဆောင်နိုင်လိမ့်မယ် ဆိုတာမျိုးကတော့ မျှော်လင့်လို့ ရစကောင်းတဲ့ အရာမျိုး မဟုတ်ပါဘူး။

အခြားတစ်ဖက်က ပြန်ကြည့်လိုက်ရင်လည်း အာဆီယံနိုင်ငံတွေထဲမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်လို့ တက်လာတာ မဟုတ်တဲ့ တနည်းနည်းနဲ့ အာဏာရှင် စနစ် ကျင့်သုံးနေတဲ့ အာဏာပိုင်နိုင်ငံတွေက အများစုကြီး ဖြစ်နေတာပါ။ မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံဆိုရင်တောင် အာဏာသိမ်း စစ်ခေါင်းဆောင်က သူ့ဖာသာသူ ရွေးကောက်ခံ အစိုးရ ဝန်ကြီးချုပ်ဖြစ်အောင် ဖန်တီးထားသူ တစ်ယောက်ပဲ ဖြစ်နေပါတယ်။ အဲလို အာဏာပိုင်နိုင်ငံတွေ အများစုနဲ့ ဖွဲ့စည်းထားတဲ့ အာဆီယံ အဖွဲ့ကြီးအနေနဲ့ စစ်အာဏာသိမ်းလိုက်လို့ ပြသနာ အများကြီးတက်နေတဲ့၊ ပြည်တွင်းစစ်နဲ့ ကျရှုံးနိုင်ငံ အဖြစ်ကို ဦးတည်နေတဲ့ နိုင်ငံတစ်နိုင်ငံကို ပြသနာတွေ ပြေငြိမ်းပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်လာအောင် ဘယ်လောက် တွန်းတွန်းတိုက်တိုက် ဖိအားပေးမလဲ ဆိုတဲ့ ကိစ္စကလည်း သံသယ ဖြစ်စရာ အများကြီးရှိနေပါတယ်။ ဒီအချက်အလက်တွေကို သုံးသပ်ကြည့်လိုက်ရင် မြန်မာ့ပြည်တွင်းရေး ပြသနာတွေ ပြေလည်စေရေး အာဆီယံနိုင်ငံတွေရဲ့ ကြားဝင် ညှိနှိုင်း ဆောင်ရွက်ပေးမယ့် အစီအစဉ်ဟာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာလိမ့်မယ်ဆိုပြီး မျှော်လင့်လို့တော့ မရနိုင်သေးကြောင်းပါ။

XS
SM
MD
LG