(Zawgyi)
ျမန္မာႏိုင္ငံမွာ လတ္တေလာျဖစ္ေနတဲ့ ႏိုင္ငံေရးပဋိပကၡေျပလည္ေရး ေဆာင္ရြက္မႈေတြ အလြန္အမင္း ေႏွးေကြးေနတဲ့အေပၚ စိတ္ပ်က္မိေၾကာင္း စကၤာပူႏိုင္ငံျခားေရး၀န္ႀကီး Vivian Balakrishnan က ဒီကေန႔ ေျပာၾကားလိုက္တယ္လို႔ စကၤာပူအေျခစိုက္ Channel News Asia သတင္းဌာနကို ကိုးကားၿပီး ႐ိုက္တာ သတင္းမွာ ေဖာ္ျပထားပါတယ္။
စစ္ေကာင္စီအေနနဲ႔ ဖမ္းဆီးထားတဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြ ျပန္လြတ္ေပးၿပီး ႏိုင္ငံေရးအရ အဓိပၸါယ္ရွိတဲ့ ေတြ႕ဆုံ ေဆြးေႏြးမႈေတြ အခုခ်ိန္ထိ ျဖစ္မလာေသးတဲ့အေပၚ တ႐ုတ္ႏိုင္ငံမွာ Chongqing ၿမိဳ႕မွာ ဒီကေန႔ က်င္းပတဲ့ အာဆီယံႏိုင္ငံျခားေရး၀န္ႀကီးေတြနဲ႔ တ႐ုတ္အစိုးရတို႔ရဲ႕ ေတြ႕ဆုံ ေဆြးေႏြးမႈအတြက္ ျမန္မာႏိုင္ငံရဲ႕ လက္ရွိအေျခအေနေတြအေပၚ စိတ္ပ်က္မိေၾကာင္း အာဆီယံ၀န္ႀကီးေတြက တညီတၫြတ္ထဲ သေဘာထားေပးခဲ့ၾကတယ္လို႔လည္း ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။
အထူးသျဖင့္ အင္ဒိုနီးရွားႏိုင္ငံ၊ ဂ်ကာတာၿမိဳ႕မွာ ၿပီးခဲ့တဲ့ ဧၿပီလ ၂၄ ရက္ေန႔က က်င္းပခဲ့တဲ့ ျမန္မာ့အေရး အာဆီယံအေရးေပၚ စည္းေ၀းပြဲမွာ ရရွိခဲ့တဲ့ အခ်က္ ၅ ခ်က္ပါ သေဘာတူညီခ်က္ေတြကို အေကာင္အထည္ေဖာ္ဖို႔ ေႏွးေကြးေနတဲ့ကိစၥနဲ႔ပတ္သက္လို႔ စကၤာပူႏိုင္ငံျခားေရး၀န္ႀကီး သတင္းေထာက္ေတြနဲ႔ ေတြ႕ဆုံစဥ္ ေထာက္ျပခဲ့တယ္လို႔ ဆိုပါတယ္။
တ႐ုတ္ႏိုင္ငံ Chongqing ၿမိဳ႕မွာ ဒီကေန႔ က်င္းပတဲ့ အာဆီယံ-တ႐ုတ္ ႏိုင္ငံျခားေရး၀န္ႀကီးမ်ားအဆင့္ အထူးစည္းေ၀းပြဲအတြင္း ျမန္မာ့အေရးကိုပါ ထည့္သြင္း ေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။ တ႐ုတ္မွာက်င္းပတဲ့ အာဆီယံဆက္စပ္အစည္းအေ၀းေတြကို ျမန္မာစစ္ေကာင္စီ ႏိုင္ငံျခားေရး၀န္ႀကီးဦး၀ဏၰေမာင္လြင္ တက္ေရာက္တယ္လို႔လည္း သိရပါတယ္။
.............................................................................
တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံစဉ် မြန်မာ့အရေးဆွေးနွေး
(Unicode)
မြန်မာနိုင်ငံမှာ လတ်တလောဖြစ်နေတဲ့ နိုင်ငံရေးပဋိပက္ခပြေလည်ရေး ဆောင်ရွက်မှုတွေ အလွန်အမင်း နှေးကွေးနေတဲ့အပေါ် စိတ်ပျက်မိကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ဒီကနေ့ ပြောကြားလိုက်တယ်လို့ စင်္ကာပူအခြေစိုက် Channel News Asia သတင်းဌာနကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီအနေနဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်ပေးပြီး နိုင်ငံရေးအရ အဓိပ္ပါယ်ရှိတဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ အခုချိန်ထိ ဖြစ်မလာသေးတဲ့အပေါ် တရုတ်နိုင်ငံမှာ Chongqing မြို့မှာ ဒီကနေ့ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တရုတ်အစိုးရတို့ရဲ့ တွေ့ဆုံ ဆွေးနွေးမှုအတွက် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေအပေါ် စိတ်ပျက်မိကြောင်း အာဆီယံဝန်ကြီးတွေက တညီတညွတ်ထဲ သဘောထားပေးခဲ့ကြတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာ့အရေး အာဆီယံအရေးပေါ် စည်းဝေးပွဲမှာ ရရှိခဲ့တဲ့ အချက် ၅ ချက်ပါ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ နှေးကွေးနေတဲ့ကိစ္စနဲ့ပတ်သက်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ထောက်ပြခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံ Chongqing မြို့မှာ ဒီကနေ့ ကျင်းပတဲ့ အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများအဆင့် အထူးစည်းဝေးပွဲအတွင်း မြန်မာ့အရေးကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ တရုတ်မှာကျင်းပတဲ့ အာဆီယံဆက်စပ်အစည်းအဝေးတွေကို မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင် တက်ရောက်တယ်လို့လည်း သိရပါတယ်။