သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုးတက်မှုမရှိတဲ့ မြန်မာအခြေအနေ အာဆီယံ စိတ်ပျက်


တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံစဉ် (Twitter/@Menlu_RI)
တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံစဉ် (Twitter/@Menlu_RI)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ အခုချိန်အထိ တိုးတက်မှုသိပ်ကို နှေးကွေးနေတဲ့အတွက် စိတ်ပျက်ရတယ်လို့ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ပေးနေတဲ့ အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေက ပြောကြားလိုက်သလို စစ်တပ်အနေနဲ့ ဖမ်းထားတဲ့အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့နဲ့ သဘောတူထားတဲ့ အတိုင်း နိုင်ငံရေးဆွေးနွေးမှုတွေ စတင်ဖို့ပါ တောင်းဆိုလိုက်ပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး ဆိုးဝါးလာနေတဲ့ မြန်မာ့အရေးအဖြေရှာဖို့ အာဆီယံအဖွဲ့ကြီးရဲ့ ကြိုးပမ်းမှုကို ကုလသမဂ္ဂကရော အနောက်နိုင်ငံတွေ အပြင် တရုတ်အစိုးရကပါ ထောက်ခံပြီး ပံ့ပိုးပေးနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တိုးတက်မှုက သိပ်ကိုနှေးကွေးလွန်နေတာကြောင့် စိတ်ပျက်ရကြောင်း စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က တနင်္လာနေ့မှာ ပြောကြားလိုက်သလို မြန်မာနိုင်ငံကိုယ်တိုင်က စစ်မှန်တဲ့ ညှိနှိုင်းမှုတွေ၊ ဆွေးနွေးမှုတွေနဲ့ ပြန်လည်သင့်မြတ်မှုတွေ တကယ်လိုချင်မှသာ တကယ်ဖြစ်လာနိုင်မယ်လို့ ပြောပါတယ်။

အာဆီယံနဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီးများအဆင့် အထူး ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ချုံကင်းမှာ ကျင်းပနေတာဖြစ်ပြီး ဒီဆွေးနွေးပွဲမှာ မြန်မာ့အရေးကိုပါ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကတော့ ဒီ ဘုံသဘောတူညီချက် ၅ ချက် အကောင်ထည်ဖေါ်ရေးအတွက် မြန်မာကို တွန်းအားပေးဖို့ လိုအပ်မယ်လို့ သူထင်ကြောင်း နဲ့ ဒီတခါတော့ ပွင့်လင်းမြင်သာမှု ရှိရှိ လုပ်ဖို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Hishammuddin Hussein ကလည်း ဒီဘုံသဘောတူညီချက်ကို အကောင်ထည်ဖေါ်တာ သိပ်နှေးကွေးလွန်တယ်ဆိုတာကို အာဆီယံအနေနဲ့ ဝန်ခံရမှာ ဖြစ်သလို အာဆီယံက ဘာဆက်လုပ်မယ်ဆိုတာ နိုင်ငံတကာ အသိုင်းအဝိုင်းက စောင့်နေတာ ဖြစ်ကြောင်း နဲ့ မြန်မာနိုင်ငံတွင်း တင်းမာမှုတွေလျော့ပြီး အကြမ်းဖက်မှုတွေ ရပ်သွားအောင် အာဆီယံကအမြန်လုပ်ဆောင်ရမှာ ဖြစ်ကြောင်း သူ့တွစ်တာကနေ ပြောပါတယ်။

အာဆီယံဆယ်နိုင်ငံရဲ့ ဧပြီလထဲ မြန်မာ့အရေးအထူးဆွေးနွေးပွဲ ကနေ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ အဖွဲ့အားလုံးတွေ့ဆုံဆွေးနွေးဖို့ ပါဝင်တဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ရရှိခဲ့ပေမယ့် မြန်မာဘက်က တိုးတက်မှုမရှိတာကြောင့် အာဆီယံအဖွဲ့ဝင်တွေက ဝေဖန်လာတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


............

(Unicode)








XS
SM
MD
LG