သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာစီယံကိုယ္စားလွယ္ ၂ ဦး ျမန္မာႏိုင္ငံကိုေရာက္ရွိ


အဆီယံ နဲ ့ အာဆီယံအဖြဲ ့၀င္နိုင္ငံမ်ားရဲ့ အလံေတာ္မ်ား (ဓာတ္ပံု- AP)

(Zawgyi/Unicode)
စစ္တပ္အာဏာသိမ္းထားတာ ၄ လေက်ာ္လာခ်ိန္မွာ ျမန္မာႏိုင္ငံတလႊား စစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပပြဲေတြနဲ႔ အတူ လက္နက္ကိုင္ တြန္းလွန္မႈေတြပါ ရွိလာေနခ်ိန္မွာပဲ အေရွ႕ေတာင္အာရွ အာဆီယံအဖြဲ႔ရဲ႕ ကိုယ္စားလွယ္ ၂ ဦးဟာ ၾကာသပေတးေန႔မွာ ျမန္မာႏိုင္ငံကို ေရာက္လာပါၿပီ။

ဘ႐ူႏိုင္ငံႏိုင္ငံ ဒုတိယ ႏိုင္ငံျခားေရးဝန္ႀကီး Erywan Pehin Yusof နဲ႔ အာဆီယံအတြင္းေရးမႈးခ်ဳပ္ Lim Jock Hoi တို႔ ၂ ဦးဟာ ၾကာသပေတးေန႔ညမွာ ေနျပည္ေတာ္ကို ေရာက္လာတာ ျဖစ္ၿပီး ေသာၾကာေန႔ မနက္ပိုင္းမွာ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္နဲ႔ ေတြ႕ဆံုမွာ ျဖစ္ေၾကာင္း ျမန္မာအရာရွိႀကီးတဦးရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီး AFP သတင္းမွာ ေဖၚျပထားပါတယ္။

ဒီေတြ႕ဆံုမႈနဲ႔ ပတ္သက္ၿပီး ေတြ႕ဆံုပြဲအၿပီး မၾကာခင္မွာ သတင္းထုတ္ျပန္ေပးမွာ ျဖစ္ေၾကာင္း စစ္ေကာင္စီျပန္ၾကားေရးအဖြဲ႔က သတင္းေထာက္ေတြကို အသိေပးထားပါတယ္။

အာဆီယံကိုယ္စားလွယ္ ၂ ဦးအေနနဲ႔ စစ္တပ္က အာဏာသိမ္းထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ အရပ္သားအစိုးရ ရဲ႕ အေရြးေကာက္ခံအမတ္ေတြနဲ႔ ဖြဲ႔စည္းထားတဲ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH က ဖြဲ႔စည္းထားတဲ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆံုဖို႔ ရွိမရွိေတာ့ မသိရေသးပါဘူး။ NUG ကို စစ္တပ္က အၾကမ္းဖက္အဖဲ႔ြအျဖစ္ ေၾကညာထားတာ ျဖစ္ပါတယ္။

ဧၿပီလ ၂၄ ရက္ေန႔က ျမန္မာ့အေရး အာဆီယံရဲ႕ အထူးအစည္းအေဝးကို ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအင္လႈိင္ တက္ေရာက္ခဲ့တာျဖစ္ၿပီး အစည္းေဝးအၿပီးမွာ ႏိုင္ငံတြင္းအၾကမ္းဖက္ေနမႈေတြ ခ်က္ခ်င္းရပ္တန္ ့ဖို႔ ပါ ပါဝင္တဲ့ အခ်က္ ၅ ခ်က္ပါ အာဆီယံဘံု သေဘာတူညီခ်က္ကို ရခဲ့ေပမယ့္ အခုခ်ိန္အထိ ျမန္မာဘက္က တိတိက်က် လိုက္နာတာ မရွိေသးပါဘူး။

ဒီအစည္းေဝးက်င္းပခ်ိန္တုန္းက ဗိုလ္ခ်ဳပ္မႈးႀကီးမင္းေအာင္လႈိင္နဲ႔ သီးသန္႔ေတြ႕ဆံုခဲ့တဲ့ ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener ဟာလည္း အခုခ်ိန္အထိ ျမန္မာျပည္ထဲကို ဝင္ေရာက္ခြင့္ မရေသးပါဘူး။

....................................................................

တိုက္႐ိုက္ လင့္ခ္


(Unicode)

အာစီယံကိုယ်စားလှယ် ၂ ဦး မြန်မာနိုင်ငံကိုရောက်ရှိ
စစ်တပ်အာဏာသိမ်းထားတာ ၄ လကျော်လာချိန်မှာ မြန်မာနိုင်ငံတလွှား စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေနဲ့ အတူ လက်နက်ကိုင် တွန်းလှန်မှုတွေပါ ရှိလာနေချိန်မှာပဲ အရှေ့တောင်အာရှ အာဆီယံအဖွဲ့ရဲ့ ကိုယ်စားလှယ် ၂ ဦးဟာ ကြာသပတေးနေ့မှာ မြန်မာနိုင်ငံကို ရောက်လာပါပြီ။

ဘရူနိုင်ငံနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Erywan Pehin Yusof နဲ့ အာဆီယံအတွင်းရေးမှုးချုပ် Lim Jock Hoi တို့ ၂ ဦးဟာ ကြာသပတေးနေ့ညမှာ နေပြည်တော်ကို ရောက်လာတာ ဖြစ်ပြီး သောကြာနေ့ မနက်ပိုင်းမှာ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှာ ဖြစ်ကြောင်း မြန်မာအရာရှိကြီးတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး AFP သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး တွေ့ဆုံပွဲအပြီး မကြာခင်မှာ သတင်းထုတ်ပြန်ပေးမှာ ဖြစ်ကြောင်း စစ်ကောင်စီပြန်ကြားရေးအဖွဲ့က သတင်းထောက်တွေကို အသိပေးထားပါတယ်။

အာဆီယံကိုယ်စားလှယ် ၂ ဦးအနေနဲ့ စစ်တပ်က အာဏာသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရ ရဲ့ အရွေးကောက်ခံအမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိမရှိတော့ မသိရသေးပါဘူး။ NUG ကို စစ်တပ်က အကြမ်းဖက်အဖဲ့ွအဖြစ် ကြေညာထားတာ ဖြစ်ပါတယ်။

ဧပြီလ ၂၄ ရက်နေ့က မြန်မာ့အရေး အာဆီယံရဲ့ အထူးအစည်းအဝေးကို ဗိုလ်ချုပ်မှုးကြီး မင်းအေင်လှိုင် တက်ရောက်ခဲ့တာဖြစ်ပြီး အစည်းဝေးအပြီးမှာ နိုင်ငံတွင်းအကြမ်းဖက်နေမှုတွေ ချက်ချင်းရပ်တန့်ဖို့ ပါ ပါဝင်တဲ့ အချက် ၅ ချက်ပါ အာဆီယံဘုံ သဘောတူညီချက်ကို ရခဲ့ပေမယ့် အခုချိန်အထိ မြန်မာဘက်က တိတိကျကျ လိုက်နာတာ မရှိသေးပါဘူး။

ဒီအစည်းဝေးကျင်းပချိန်တုန်းက ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ သီးသန့်တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ဟာလည်း အခုချိန်အထိ မြန်မာပြည်ထဲကို ဝင်ရောက်ခွင့် မရသေးပါဘူး။

XS
SM
MD
LG