သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံနဲ႔ လက္တဲြလုပ္ဖို႔ ဆႏၵရွိေၾကာင္း ျမန္မာစစ္ေခါင္းေဆာင္ ေျပာဆို


ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္။ (ေဖေဖာ္ဝါရီ ၃၊ ၂၀၂၁။)

(Zawgyi / Unicode)

ျမန္မာစစ္ေကာင္စီအေနနဲ႔ ျပည္တြင္းတည္ၿငိမ္မႈ ရရွိေရးအတြက္ အေရွ႕ေအာင္အာရွႏုိင္ငံမ်ားအဖြဲ႔ အာဆီယံနဲ႔ လက္တြဲလုပ္ေဆာင္သြားဖုိ႔ ဆႏၵရွိေၾကာင္း အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ေျပာၾကားလုိက္ပါတယ္။

အာဆီယံရဲ႕ အလွည့္က်ဥကၠ႒ျဖစ္တဲ့ ဘ႐ူႏုိင္းႏိုင္ငံ ဒုတိယႏုိင္ငံျခားေရးဝန္ႀကီး Erywan Pehin Yusof နဲ႔ အာဆီယံအတြင္းေရးမွဴးခ်ဳပ္ Lim Jock Hoi ဦးေဆာင္တဲ့ ကုိယ္စားလွယ္အဖြဲ႔ဟာ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္နဲ႔ ၿပီးခဲ့တဲ့ ဇြန္လ ၄ ရက္ေန႔က ေနျပည္ေတာ္မွာ တနာရီေက်ာ္ေက်ာ္ေလာက္ ေတြ႔ဆုံခဲ့ၾကတာပါ။

အာဆီယံကုိယ္စားလွယ္အဖြဲ႔နဲ႔ ေတြ႔ဆုံခဲ့တဲ့ အေျခအေနေတြကုိ ျမန္မာႏုိင္ငံဆုိင္ရာ တ႐ုတ္သံအမတ္ႀကီး Chen Hai နဲ႔ ဇြန္လ ၅ ရက္ေန႔က ေနျပည္ေတာ္မွာ ေတြ႔ဆုံစဥ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က တ႐ုတ္သံအမတ္ကုိ ေျပာၾကားခဲ့တာပါ။ ေတြ႔ဆုံမႈအတြင္း ျမန္မာႏုိင္ငံရဲ႕ လက္ရွိအေျခအေနေတြကုိ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က တ႐ုတ္သံအမတ္ကုိ ေျပာျပခဲ့ေၾကာင္း ရန္ကုန္ၿမိဳ႕မွာရွိတဲ့ တ႐ုတ္သံ႐ုံးက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ေတြ႔ဆုံမႈအတြင္း ျမန္မာနဲ႔ အာဆီယံအၾကားက သေဘာတူညီခ်က္ေတြကုိ အေကာင္အထည္ေဖာ္ဖုိ႔ တ႐ုတ္ဘက္က အားေပးေၾကာင္း၊ အဲဒီအတြက္ တ႐ုတ္ဘက္ကလည္း အျပဳသေဘာေဆာင္တဲ့ အခန္းက႑ကေန ကူညီ ပါဝင္ေပးသြားမွာေၾကာင္း သံအမတ္ႀကီး Chen Hai က ေျပာၾကားခဲ့တယ္လုိ႔ တ႐ုတ္သံ႐ုံးရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အာဆီယံအဖြဲ႔ဝင္ႏုိင္ငံေတြက ႏုိင္ငံျခားေရးဝန္ႀကီးေတြနဲ႔ တ႐ုတ္ႏုိင္ငံတုိ႔ ဇြန္လ ၇ ရက္ေန႔မွာ တ႐ုတ္ႏုိင္ငံ အေနာက္ေတာင္ပုိင္း ခ်ဳံက်င္းၿမိဳ႕မွာ မေတြ႔ဆုံခင္ တ႐ုတ္သံအမတ္ႀကီးနဲ႔ ျမန္မာစစ္ေခါင္းေဆာင္တုိ႔ ေတြ႔ဆုံတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

အာဆီယံနဲ့ လက်တွဲလုပ်ဖို့ ဆန္ဒရှိကြောင်း မြန်မာစစ်ခေါင်းဆောင် ပြောဆို

မြန်မာစစ်ကောင်စီအနေနဲ့ ပြည်တွင်းတည်ငြိမ်မှု ရရှိရေးအတွက် အရှေ့အောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံနဲ့ လက်တွဲလုပ်ဆောင်သွားဖို့ ဆန္ဒရှိကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Pehin Yusof နဲ့ အာဆီယံအတွင်းရေးမှူးချုပ် Lim Jock Hoi ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က နေပြည်တော်မှာ တနာရီကျော်ကျော်လောက် တွေ့ဆုံခဲ့ကြတာပါ။

အာဆီယံကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ အခြေအနေတွေကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Chen Hai နဲ့ ဇွန်လ ၅ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်သံအမတ်ကို ပြောကြားခဲ့တာပါ။ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်သံအမတ်ကို ပြောပြခဲ့ကြောင်း ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တွေ့ဆုံမှုအတွင်း မြန်မာနဲ့ အာဆီယံအကြားက သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ တရုတ်ဘက်က အားပေးကြောင်း၊ အဲဒီအတွက် တရုတ်ဘက်ကလည်း အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ကူညီ ပါဝင်ပေးသွားမှာကြောင်း သံအမတ်ကြီး Chen Hai က ပြောကြားခဲ့တယ်လို့ တရုတ်သံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တရုတ်နိုင်ငံတို့ ဇွန်လ ၇ ရက်နေ့မှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကျင်းမြို့မှာ မတွေ့ဆုံခင် တရုတ်သံအမတ်ကြီးနဲ့ မြန်မာစစ်ခေါင်းဆောင်တို့ တွေ့ဆုံတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG