သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအဆင့် တွေ့ဆုံဆွေးနွေးမည်


၂၀၁၈ တရုတ်-အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး စင်္ကာပူ တွင် ကျင်းပခဲ့စဉ် (ဓာတ်ပုံ-AP)
၂၀၁၈ တရုတ်-အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး စင်္ကာပူ တွင် ကျင်းပခဲ့စဉ် (ဓာတ်ပုံ-AP)

(Zawgyi/Unicode)
အမေရိကန်ပြည်ထောင်စုနဲ့ အပြိုင် အရှေ့တောင်အာရှနိုင်ငံတွေအပေါ် သြဇာလွှမ်းမိုးဖို့ ကြိုးပမ်းနေတဲ့ တရုတ်နိုင်ငံက အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ရဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမှာပါ။ အင်္ဂါနေ့မှာစတင်မယ့် အာဆီယံဝန်ကြီးများအဆင့်အစည်းအဝေးကို နိုင်ငံအနောက်တောင်ပိုင်း Chongqing မြို့မှာကျင်းပမှာဖြစ်ပြီး ကမ္ဘာ လှည့်ခရီးသွားလုပ်ငန်း၊ ကိုဗစ်ကြောင့်အထိနာခဲ့တဲ့စီးပွါးရေးလုပ်ငန်းကိစ္စတွေအပါအဝင် ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ အကြောင်းအရာတွေကို ဆွေးနွေးမယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းကကြေငြာပါတယ်။

အာဆီယံအဖွ့ဲဝင်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး တဦးချင်းစီကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ သီးခြားတွေ့ဆုံမယ်လို့လည်း ခန့်မှန်းရပါတယ်။ တောင်တရုတ်ပင်လယ်ရေပြင်ပိုင်နက်ကိစ္စမှာ အာဆီယံနိုင်ငံတချို့နဲ့ တရုတ်တို့ကြား အငြင်းပွါးနေကြပေမယ့် အာဆီယံနိုင်ငံတွေကို သြဇာလွှမ်းမိုးနိုင်ဖို့ တရုတ်တို့ကကြိုးပမ်းနေတာဖြစ်ပါတယ်။ ဖိလစ်ပိုင်ကသူပိုင်အဖြစ်ပြောဆိုထားတဲ့ ကျောက်တန်းတွေမှာ တရုတ်သင်္ဘောတွေ သွားလာနေတာကို အကြိမ်ကြိမ်ကန့်ကွက်နေပြီး၊ မလေးရှားကလည်း သူပိုင် လေပိုင်နက်ထဲတရုတ်စစ်လေယာဉ် ၁၆ စင်း ကျူးကျော်ဝင်ရောက်တဲ့လုပ်ရပ်ကို နိုင်ငံတော်အချုပ်အခြာအာဏာနဲ့လေကြောင်းလုံခြုံရေးအပေါ် ခြိမ်းချောက်မှုကြီးအဖြစ်ပြောနေပါတယ်။

တရုတ်ကလည်း အဲဒီလိုစိုးရိမ်မှုမျိုးတွေကို သံတမန်ရေး၊ စီးပွါးရေးနည်းလမ်းတွေနဲ့ ဖြေရှင်းလေ့ရှိပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်ထားတဲ့ အမေရိကန်ကလည်း တောင်တရုတ်ပင်လယ်ထဲမှာ ရေတပ်သင်္ဘောတွေစေလွှတ်ထားတာပါ ။ဒေသတွင်းနိုင်ငံတွေရဲ့လုံခြုံရေးနဲ့ နုနယ်တဲ့ ဒီမိုကရေစီစနစ်အပေါ် တရုတ်ဖက်က နု့ိင်ငံရေးအရ သြဇာလွှမ်းမိုးမှုတွေရှိလာမှာကို အမေရိကန်တို့က စိုးရိမ်နေတာလည်းဖြစ်ပါတယ်။

.....................................................................


(Unicode)



XS
SM
MD
LG