သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိိယမျိုးဗီဇပြောင်း ပိုပြီး ကူးစက်မြန်နေ - ဗြိတိန်ကျန်းမာရေးဝန်ကြီး


အိန္ဒိယနိုင်ငံ Bangalore ပြည်နယ်မှာ အမေဇုံအလုပ်သမားတဦး ကိုဗစ်ကာကွယ်ဆေးထိုးစဉ် (ဓာတ်ပုံ- Manjunath Kiran / AFP)
အိန္ဒိယနိုင်ငံ Bangalore ပြည်နယ်မှာ အမေဇုံအလုပ်သမားတဦး ကိုဗစ်ကာကွယ်ဆေးထိုးစဉ် (ဓာတ်ပုံ- Manjunath Kiran / AFP)

(Zawgyi/Unicode)
အိန္ဒိယနိုင်ငံမှာ ဒီကနေ့ ကိုဗစ်ပိုးကူးခံရသူ ၁သိန်းနဲ့ ၆ရာကျော်သာရှိတဲ့အတွက်ဒါဟာ ၆၁ ရက်အတွင်း ပိုးကူးသူ အနည်းဆုံးလည်းဖြစ်ပါတယ်။ သေဆုံးသူက ၂၄၂၇ ဦးရှိကြောင်း အိန္ဒိယကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က Delta လို့နာမည်ပေးထားတဲ့ အိန္ဒိယကမျိုးဗီဇပြောင်း ပိုးသစ်ဟာ ဗြိတိန်မှာတွေ့ခဲ့တဲ့ Alpha ဗီဇပြောင်းပိုးထက် ၄၀ ရာခိုင်နှုန်း ကူးစက်မြန်ပုံရပြီး၊ ဗြိတိန်မှာ ပိုပြီးကူးစက်နေတာတွေ့ရတယ်လို့ ဗြိတိန် ကျန်းမာရေဝန်ကြီး Matt Hancock က တနင်္ဂနွေနေ့မှာပြောပါတယ်။

ကာကွယ်ဆေး ၂ လုံးအပြည့်ထိုးပြီးရင် delta ဗီဇပြောင်းပိုးကို ခုခံနိုင်စွမ်းရှိတာကို ကနဦး ဒေတာအချက်အလက်တွေမှာဖော်ပြနေတာကြောင့် ကာကွယ်ဆေးထိုးကြဖို့လည်း ဝန်ကြီး Hancock ကတိုက်တွန်းနေပါတယ်။ ဗြိတိန်မှာကာကွယ်ဆေးအပြည့်ထိုးထားပြီးသူ ၄၀ ရာခိုင်နှုန်းရှိပြီး ဆေးစထိုးပေးတဲ့အချိန်ကစပြီ ပိုးကူးခံရသူတွေလည်းသိသိသာသာကျဆင်းသွားပါတယ်။ အမေရိကန်ကျန်းမာရေးပညာရှင်တွေကလည်း လူကြီးပိုင်းတွေက ကာကွယ်ဆေးထိုးပြီး ခုခံနိုင်စွမ်းရှိလာတယ်ဆိုပေမယ့် လူတွေကြားထဲ ပိုးကပြန့်နေသေးတဲ့အတွက် လူငယ်တွေ ကာကွယ်ဆေးထိုးဖို့ ပြည်သူတွေကို တိုက်တွန်းနေတာပါ။

လက်တင်အမေရိကနဲ့အာရှတိုက်နိုင်ငံတွေမှာ ပိုးကူးစက်မှုတိုးလာနေဆဲဖြစ်ပြီး ကာကွယ်ဆေးတွေလည်း အရှိန်မြင့်ထိုးပေးနေကြပါတယ်။ အမေရိကန် Johns Hopkins တက္ကသိုလ်၊ ကိုဗစ်သုတေသနဌာနစစ်တမ်းအရ ဒီကနေ့ထိ ကမ္ဘာတဝှမ်းပိုးကူးခံရသူ ၁၇၃.၃ သန်းကျော်ရှိပြီးအမေရိကန်ကတော့ ၃၃ သန်းကျော်နဲ့ ထိပ်ဆုံးကရှိနေဆဲပါ။ သူ့နောက်မှာတော့ အိန္ဒိယက ၂၉ သန်းနဲ့ ဘရာဇီးလ်က ၁၇ သန်းစီ အသီးသီးရှိနေပါတယ်။

................................................................


(Unicode)



XS
SM
MD
LG