သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယနယ္စပ္ ကုိဗစ္ကူးစက္မႈအႏၱရာယ္ က်န္းမာေရးဝန္ထမ္းေတြ စုိးရိမ္


မႏၱေလးၿမိဳ႕ရွိ ဧရာဝတီကုိဗစ္စင္တာ အထူးၾကပ္မတ္ ကုသေဆာင္မွာ ကုိဗစ္လူနာေတြကုိ ကုသေပးေနတဲ့ျမင္ကြင္း။ (ဒီဇင္ဘာ ၂၅၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ ဒီရက္ပုိင္းအတြင္း ကုိဗစ္အတည္ျပဳလူနာ တုိးလာေနတဲ့အထဲ အိႏၵိယႏုိင္ငံနဲ႔ နယ္စပ္ခ်င္းကပ္ေနတဲ့ ခ်င္းျပည္နယ္မွာ အမ်ားဆုံး ေတြ႔ေနရၿပီး လူေသဆုံးတဲ့အထိ ႀကံဳေနရပါတယ္။ ဗီဇေျပာင္း ကုိဗစ္ပုိးကူးစက္မႈေတြ ႀကံဳေနရတဲ့ အိႏၵိယႏုိင္ငံကေန နယ္စပ္ေဒသမွာ ကူးစက္မႈနဲ႔ ေသဆုံးမႈေတြေၾကာင့္ ျမန္မာႏုိင္ငံမွာ ကပ္ေရာဂါတတိယလႈိင္း ႀကံဳရမွာကုိလည္း က်န္းမာေရးပညာရွင္ေတြ စုိးရိမ္ေနၾကတာပါ။ အိႏၵိယနယ္စပ္က ကူးစက္မႈ ေနာက္ဆုံးအေျခအေနေတြနဲ႔ ပတ္သက္လုိ႔ ခ်င္းျပည္နယ္ က်န္းမာေရးဦးစီးမွဴးနဲ႔ တြန္းဇံၿမိဳ႕နယ္ က်န္းမာေရးမွဴးတုိ႔ကုိ ဆက္သြယ္ေမးျမန္းၿပီး ကုိဝင္းမင္းက တင္ျပထားပါတယ္။

ခ်င္းျပည္နယ္ တြန္းဇံၿမိဳ႕ရွိ က်ီခါးမွာ ကုိဗစ္ေၾကာင့္ ၾကာသပေတးေန႔ တရက္တည္း ၃ ဦး ေသဆုံးခဲ့ရၿပီးေနာက္ အခု ၁ ဦး ထပ္ေသဆုံးခဲ့တာေၾကာင့္ တြန္းဇံၿမိဳ႕နယ္တခုလုံးမွာ ဒီရက္ပုိင္း စုစုေပါင္း ေသဆုံးသူ ၇ ဦးထိ ရွိသြားပါၿပီ။ အခုေနာက္ဆုံး ခ်င္းျပည္နယ္က အေျခအေနကုိ ျပည္နယ္ က်န္းမာေရးဦးစီးမွဴး ေဒါက္တာေအာင္ျမင့္ဦးကုိ မေန႔ညက ေမးရာမွာ သူက အခုလိုစေျပာပါတယ္။

“ဒီေန႔မနက္ကေတာ့ ေသဆုံးသူ ၁ ေယာက္ရွိပါတယ္။ လက္ရွိျဖစ္ေနတဲ့ အေနအထားတခုကိုေတာ့ ကူးစက္ေရာဂါရဲ႕ သေဘာသဘာဝအရ စျဖစ္တယ္ဆုိ ကူးစက္မႈက တက္သြားတာေပါ့။ က်ေနာ္တို႔လည္း မ်ားမ်ားစစ္၊ မ်ားမ်ားရွာ လုပ္ေနတာ ျဖစ္တဲ့အတြက္ မၾကာခင္မွာေတာ့ က်ေနာ္ထင္ပါတယ္၊ အတုိင္းအတာတခုအရ ထိန္းခ်ဳပ္သြားႏုိင္မွာပါ။ ဒီေန႔လည္း က်ေနာ္တို႔ Video Conferencing မွာ ျပည္ေထာင္စုဝန္ႀကီးနဲ႔ ေနျပည္ေတာ္က ဒီဟာနဲ႔ပတ္သက္တဲ့ CEU (Central Epidemiology Unit - ဗဟိုကူးစက္ေရာဂါတုိက္ဖ်က္ေရးဌာနခြဲ) က ဌာနေတြေရာ က်န္တဲ့ Supporting Unit ေတြေရာ အားလုံးေပါင္းၿပီးေတာ့ ဒီဟာကို အေကာင္းဆုံး ထိန္းခ်ဳပ္ႏုိင္ဖို႔ လုပ္ေနၾကတာေပါ့။ ေနာက္ၿပီးေတာ့ ဒီ ျပည္နယ္ေကာင္စီကေရာေပါ့။”

အခု ေနာက္ဆုံး ေသဆုံးခဲ့ရမႈ အေသးစိတ္ကုိလည္း က်ီခါးတုိက္နယ္ေဆး႐ုံကို ႀကီးၾကပ္ရတဲ့ တြန္းဇံၿမိဳ႕နယ္ က်န္းမာေရးမွဴး ေဒါက္တာထန္ရွင္းခုိင္ကို မေန႔ညက ေမးခဲ့ရာမွာ အခုလုိေျပာပါတယ္။

“အခုေသသြားတဲ့ လူနာကေတာ့ ေဆး႐ုံမလာခင္ ၅ ရက္ေလာက္ သူ႔ဟာသူ ေဆးကုၿပီးေတာ့ ေနမေကာင္းျဖစ္ခဲ့တယ္လို႔ေတာ့ ၾကားတယ္။ ဆုိေတာ့ ေဆး႐ုံလာတဲ့ အခ်ိန္မွာ အဆုတ္ကလည္း တအားေရာင္သြားၿပီ။ က်ေနာ္တို႔ အတတ္ႏုိင္ဆုံး ေဆးကုသမႈ ျပဳလုပ္ေပမယ့္ အေျခအေန မေကာင္းဘဲနဲ႔ ဒီေန႔မနက္ ၅ နာရီမွာ ဆုံံးသြားပါတယ္။”

အခု ကိုဗစ္ တတိယလႈိင္းကို ေရွ႕တန္းကေန ကာကြယ္ေနရတဲ့ ခ်င္းျပည္နယ္မွာ အဓိက ခက္ခဲဆုံးက ဘာျဖစ္ေနပါလဲလို႔ ေမးရာမွာ ျပည္နယ္ က်န္းမာေရးဦးစီးမွဴး ေဒါက္တာေအာင္ျမင့္ဦးက …

“Manpower ေပါ့ဗ်ာ၊ အဲဒီမွာရွိတဲ့ တုိက္နယ္ဆရာဝန္ကလည္း အလုပ္မဝင္တဲ့ အခါၾကေတာ့ က်ေနာ္တုိ႔က အဲဒီမွာ ဆရာဝန္အင္အား နည္းေနတာေပါ့။ က်ေနာ္တုိ႔ ဒီဘက္ကေနၿပီးေတာ့ ဆရာဝန္ေတြ ျဖည့္ဆည္းဖုိ႔ေတာ့ လုပ္ေနတယ္။ ရက္ပုိင္းအတြင္း ေရာက္လာပါလိမ့္မယ္။” လို႔ ေျပာပါတယ္။

ဒီေနရာမွာ ျမန္ျမန္နဲ႔ မ်ားမ်ား ပိုးရွိေနတာကို သိၿပီး ကြင္းဆက္လုိက္ႏိုင္ဖို႔ ေဆးစစ္ရာမွာ စိန္ေခၚမႈ ဘာေတြရွိပါလဲလုိ႔ ေမးရာမွာ ေဒါက္တာေအာင္ျမင့္ဦးကပဲ …

“ေဆးစစ္တဲ့ေနရာမွာေတာ့ စိန္ေခၚခ်က္ရယ္လို႔ မရွိပါဘူး။ က်ေနာ္တို႔ RDT (Rapid Diagnosis Test - အျမန္ေဆးစစ္တာ) ဆုိရင္လည္း သူတုိ႔ျဖစ္တဲ့ေန႔က ၂၆ ရက္ညမွာ သတင္းကုိသိတယ္။ ၂၆ ရက္ ညကတည္းကကုိ ဆရာႀကီး ညႊန္ခ်ဳပ္ဆုိရင္ ၁၁ ႀကီးေလာက္ကို လွမ္းၿပီး သတင္းေမးတယ္။ ဆရာႀကီးကလည္း ဝန္ႀကီးကို ညတြင္းခ်င္း တင္ျပၿပီး မနက္က်ေတာ့ က်ေနာ့္ကုိ ဖုန္းနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ ၂၈ ရက္ေန႔ကို က်ေနာ္တို႔လုိအပ္တဲ့ပစၥည္း ေတာ္ေတာ္မ်ားမ်ား၊ ေတာ္ေတာ္မ်ားမ်ားဆုိတာက လက္ထဲမွာ In Hand ရွိတဲ့ဟာေပါ့၊ ေဆးတုိလီမုိလီေတာ့ စနစ္နဲ႔ ဝယ္ရတာျဖစ္တဲ့အတြက္ ေဆးေတြေတာ့ ခ်က္ခ်င္း ပါမလာဘူးေပါ့။ က်န္တဲ့ ေအာက္ဆီဂ်င္တို႔ PPE တုိ႔ Surgical Glove တုိ႔ E Glove တုိ႔ေပါ့၊ အဲဒါေတြကေတာ့ ခ်က္ခ်င္းေရာက္လာၿပီး တရက္အတြင္းမွာပဲ က်ေနာ္တုိ႔ ပို႔ႏုိင္ပါတယ္။ ေရာဂါရွာေဖြေရး အေနနဲ႔ RDT ဆုိရင္ ၃,၀၀၀ ခ်က္ခ်င္းရၿပီးေတာ့၊ သူတုိ႔ဆီမွာလည္း အဲဒီအခ်ိန္ ၂၅၀ လက္က်န္ရွိေသးတယ္ဆုိေတာ့ အဆင္ေျပပါတယ္။” လုိ႔ ေျပာပါတယ္။

ဒါ့အျပင္ ေဆးဝါးလုိအပ္မႈ အေနအထားကို ေမးရာမွာလည္း ေဒါက္တာေအာင္ျမင့္ဦးက ၿမိဳ႕နယ္က်န္းမာေရးမွဴး TMO နဲ႔တြဲလုပ္ေဆာင္ေနပုံကုိ အခုလိုေျပာပါတယ္။

“တျခား ေဆးဝါးလုိအပ္မႈ ဆုိတာကေတာ့ မေန႔ကဆုိ က်ေနာ့္ကို သူတုိ႔ Item ၃၀ ေလာက္တင္တယ္။ ဒီေန႔ က်ေနာ္က ၂၃ မ်ဳိး ေပးလိုက္ၿပီ။ က်ေနာ္တုိ႔လက္ထဲမွာ မရွိတဲ့ ၇ မ်ဳိးေလာက္ကုိ က်ေနာ္တုိ႔က သူတုိ႔ရဲ႕ ေဆးပေဒသာပင္ ရန္ပုံေငြရွိတယ္၊ ေနာက္ သူ႔မွာရွိတဲ့ ႏုိင္ငံေတာ္က ခ်ေပးထားတဲ့ေငြနဲ႔ ဝယ္သုံးဖုိ႔ TMO (ၿမိဳ႕နယ္က်န္းမာေရးမွဴး) ကို မွာထားပါတယ္။ ေနာက္တခုက အခုအခ်ိန္မွာ သူတုိ႔ကိုယ္တုိင္လည္း ဒီေဒသေတြမွာ သြားဝယ္ရတာ ဘာညာ၊ ေနာက္တခါ ဝယ္ခ်င္တဲ့ေဆးက ကေလးလိုေနရာမ်ဳိးမွာလည္း ျပႆနာေလးေတြ ရွိေနတာျဖစ္တဲ့အတြက္ အဲဒီလို မလုံေလာက္တာလည္း ျဖစ္ပါလိမ့္မယ္။”

က်ီခါးတိုက္နယ္ေဆး႐ုံအတြက္ ခုတင္အေနအထားကို ေမးရာမွာလည္း ေဒါက္တာေအာင္ျမင့္ဦးက ….

“လက္ရွိမွာ ခုတင္ ၂၅၊ ၃၀ က်ေနာ္တုိ႔ ျပင္ဆင္ထားပါတယ္။ ေနာက္ထပ္လည္း က်ီခါးအတြက္ ၂၅ ခုတင္နဲ႔ တြန္းဇံအတြက္ ခုတင္ ၅၀ ဒီေန႔ပဲ ေတာင္းလုိက္ပါၿပီ။ အျမန္ဆုံးေပးမွာပါ၊ မၾကာခင္ပဲ ေရာက္လာလိမ့္မယ္ ထင္ပါတယ္။” လုိ႔ ေျပာပါတယ္။

အိႏၵိယနဲ႔ နယ္စပ္ကပ္ေနတဲ့ က်ီခါးၿမိဳ႕မွာ ေသဆုံးမႈေတြကို ေလွ်ာ့ခ်ႏိုင္ေရး ဘယ္လုိအႀကံျပဳခ်င္ပါသလဲလို႔ ေမးရာမွာ ၿမိဳ႕နယ္က်န္းမာေရးမွဴး ေဒါက္တာထန္ရွင္းခုိင္က အခုလို ေျပာပါတယ္။

“အဓိကေတာ့ ကုိဗစ္လကၡဏာေတြ ကိုုယ့္ကိုယ္ကုိ သံသယရွိလာၿပီဆုိရင္ အတတ္ႏုိင္ဆုံး ရက္ေတြမေစာင့္ဘဲနဲ႔ အျမန္ဆုံးနည္းနဲ႔ အနီးစပ္ဆုံး ေဆး႐ုံ ေဆးခန္းေတြမွာ ကုိဗစ္ပုိး အခ်ိန္မီ စစ္ေဆးႏုိင္ဖုိ႔ အႀကံျပဳခ်င္ပါတယ္။ အခ်ိန္မီစစ္ေဆးၿပီး ေစာသိရင္ေတာ့ အဆုတ္ေရာင္တာတုိ႔ ဘာတုိ႔လည္း အခ်ိန္မီ ကုႏုိင္တာေပါ့။ ကုိဗစ္ကာကြယ္ေရး စည္းမ်ဥ္းစည္းကမ္းေတြ လုိက္နာၿပီးေတာ့ ေစာေစာသိမယ္ဆုိရင္ေတာ့ အကုန္လုံး မကာကြယ္ႏိုင္ေတာင္မွ ေသဆုံးမႈ ေလွ်ာ့ခ်ႏုိင္မယ္လို႔ ထင္ပါတယ္။”

တကယ္ေတာ့ အခုလို ကုိဗစ္တတိယလႈိင္းကို ကာကြယ္ေနရခ်ိန္မွာ ျပည္သူေတြအေနနဲ႔ ကိုဗစ္ကာကြယ္ေဆး အတတ္ႏုိင္ဆုံး ထုိးၾကဖို႔နဲ႔ စစ္ေကာင္စီအေနနဲ႔လည္း ဒီကာကြယ္ေဆး အပါအဝင္ တျခား လိုအပ္တဲ့ ေဆးဝါးေတြကို အခ်ိန္မီ ျဖန္႔ျဖဴးေပးေရး ေသေရးရွင္ေရး အေရးႀကီးေနၿပီလို႔လည္း က်န္းမာေရးဝန္ထမ္းေတြက ေထာက္ျပေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

အိန္ဒိယနယ်စပ် ကိုဗစ်ကူးစက်မှုအန္တရာယ် ကျန်းမာရေးဝန်ထမ်းတွေ စိုးရိမ်

မြန်မာနိုင်ငံမှာ ဒီရက်ပိုင်းအတွင်း ကိုဗစ်အတည်ပြုလူနာ တိုးလာနေတဲ့အထဲ အိန္ဒိယနိုင်ငံနဲ့ နယ်စပ်ချင်းကပ်နေတဲ့ ချင်းပြည်နယ်မှာ အများဆုံး တွေ့နေရပြီး လူသေဆုံးတဲ့အထိ ကြုံနေရပါတယ်။ ဗီဇပြောင်း ကိုဗစ်ပိုးကူးစက်မှုတွေ ကြုံနေရတဲ့ အိန္ဒိယနိုင်ငံကနေ နယ်စပ်ဒေသမှာ ကူးစက်မှုနဲ့ သေဆုံးမှုတွေကြောင့် မြန်မာနိုင်ငံမှာ ကပ်ရောဂါတတိယလှိုင်း ကြုံရမှာကိုလည်း ကျန်းမာရေးပညာရှင်တွေ စိုးရိမ်နေကြတာပါ။ အိန္ဒိယနယ်စပ်က ကူးစက်မှု နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ချင်းပြည်နယ် ကျန်းမာရေးဦးစီးမှူးနဲ့ တွန်းဇံမြို့နယ် ကျန်းမာရေးမှူးတို့ကို ဆက်သွယ်မေးမြန်းပြီး ကိုဝင်းမင်းက တင်ပြထားပါတယ်။

ချင်းပြည်နယ် တွန်းဇံမြို့ရှိ ကျီခါးမှာ ကိုဗစ်ကြောင့် ကြာသပတေးနေ့ တရက်တည်း ၃ ဦး သေဆုံးခဲ့ရပြီးနောက် အခု ၁ ဦး ထပ်သေဆုံးခဲ့တာကြောင့် တွန်းဇံမြို့နယ်တခုလုံးမှာ ဒီရက်ပိုင်း စုစုပေါင်း သေဆုံးသူ ၇ ဦးထိ ရှိသွားပါပြီ။ အခုနောက်ဆုံး ချင်းပြည်နယ်က အခြေအနေကို ပြည်နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာအောင်မြင့်ဦးကို မနေ့ညက မေးရာမှာ သူက အခုလိုစပြောပါတယ်။

“ဒီနေ့မနက်ကတော့ သေဆုံးသူ ၁ ယောက်ရှိပါတယ်။ လက်ရှိဖြစ်နေတဲ့ အနေအထားတခုကိုတော့ ကူးစက်ရောဂါရဲ့ သဘောသဘာဝအရ စဖြစ်တယ်ဆို ကူးစက်မှုက တက်သွားတာပေါ့။ ကျနော်တို့လည်း များများစစ်၊ များများရှာ လုပ်နေတာ ဖြစ်တဲ့အတွက် မကြာခင်မှာတော့ ကျနော်ထင်ပါတယ်၊ အတိုင်းအတာတခုအရ ထိန်းချုပ်သွားနိုင်မှာပါ။ ဒီနေ့လည်း ကျနော်တို့ Video Conferencing မှာ ပြည်ထောင်စုဝန်ကြီးနဲ့ နေပြည်တော်က ဒီဟာနဲ့ပတ်သက်တဲ့ CEU (Central Epidemiology Unit - ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ) က ဌာနတွေရော ကျန်တဲ့ Supporting Unit တွေရော အားလုံးပေါင်းပြီးတော့ ဒီဟာကို အကောင်းဆုံး ထိန်းချုပ်နိုင်ဖို့ လုပ်နေကြတာပေါ့။ နောက်ပြီးတော့ ဒီ ပြည်နယ်ကောင်စီကရောပေါ့။”

အခု နောက်ဆုံး သေဆုံးခဲ့ရမှု အသေးစိတ်ကိုလည်း ကျီခါးတိုက်နယ်ဆေးရုံကို ကြီးကြပ်ရတဲ့ တွန်းဇံမြို့နယ် ကျန်းမာရေးမှူး ဒေါက်တာထန်ရှင်းခိုင်ကို မနေ့ညက မေးခဲ့ရာမှာ အခုလိုပြောပါတယ်။

“အခုသေသွားတဲ့ လူနာကတော့ ဆေးရုံမလာခင် ၅ ရက်လောက် သူ့ဟာသူ ဆေးကုပြီးတော့ နေမကောင်းဖြစ်ခဲ့တယ်လို့တော့ ကြားတယ်။ ဆိုတော့ ဆေးရုံလာတဲ့ အချိန်မှာ အဆုတ်ကလည်း တအားရောင်သွားပြီ။ ကျနော်တို့ အတတ်နိုင်ဆုံး ဆေးကုသမှု ပြုလုပ်ပေမယ့် အခြေအနေ မကောင်းဘဲနဲ့ ဒီနေ့မနက် ၅ နာရီမှာ ဆုံံးသွားပါတယ်။”

အခု ကိုဗစ် တတိယလှိုင်းကို ရှေ့တန်းကနေ ကာကွယ်နေရတဲ့ ချင်းပြည်နယ်မှာ အဓိက ခက်ခဲဆုံးက ဘာဖြစ်နေပါလဲလို့ မေးရာမှာ ပြည်နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာအောင်မြင့်ဦးက …

“Manpower ပေါ့ဗျာ၊ အဲဒီမှာရှိတဲ့ တိုက်နယ်ဆရာဝန်ကလည်း အလုပ်မဝင်တဲ့ အခါကြတော့ ကျနော်တို့က အဲဒီမှာ ဆရာဝန်အင်အား နည်းနေတာပေါ့။ ကျနော်တို့ ဒီဘက်ကနေပြီးတော့ ဆရာဝန်တွေ ဖြည့်ဆည်းဖို့တော့ လုပ်နေတယ်။ ရက်ပိုင်းအတွင်း ရောက်လာပါလိမ့်မယ်။” လို့ ပြောပါတယ်။

ဒီနေရာမှာ မြန်မြန်နဲ့ များများ ပိုးရှိနေတာကို သိပြီး ကွင်းဆက်လိုက်နိုင်ဖို့ ဆေးစစ်ရာမှာ စိန်ခေါ်မှု ဘာတွေရှိပါလဲလို့ မေးရာမှာ ဒေါက်တာအောင်မြင့်ဦးကပဲ …

“ဆေးစစ်တဲ့နေရာမှာတော့ စိန်ခေါ်ချက်ရယ်လို့ မရှိပါဘူး။ ကျနော်တို့ RDT (Rapid Diagnosis Test - အမြန်ဆေးစစ်တာ) ဆိုရင်လည်း သူတို့ဖြစ်တဲ့နေ့က ၂၆ ရက်ညမှာ သတင်းကိုသိတယ်။ ၂၆ ရက် ညကတည်းကကို ဆရာကြီး ညွှန်ချုပ်ဆိုရင် ၁၁ ကြီးလောက်ကို လှမ်းပြီး သတင်းမေးတယ်။ ဆရာကြီးကလည်း ဝန်ကြီးကို ညတွင်းချင်း တင်ပြပြီး မနက်ကျတော့ ကျနော့်ကို ဖုန်းနဲ့ ချိတ်ဆက်ပြီးတော့ ၂၈ ရက်နေ့ကို ကျနော်တို့လိုအပ်တဲ့ပစ္စည်း တော်တော်များများ၊ တော်တော်များများဆိုတာက လက်ထဲမှာ In Hand ရှိတဲ့ဟာပေါ့၊ ဆေးတိုလီမိုလီတော့ စနစ်နဲ့ ဝယ်ရတာဖြစ်တဲ့အတွက် ဆေးတွေတော့ ချက်ချင်း ပါမလာဘူးပေါ့။ ကျန်တဲ့ အောက်ဆီဂျင်တို့ PPE တို့ Surgical Glove တို့ E Glove တို့ပေါ့၊ အဲဒါတွေကတော့ ချက်ချင်းရောက်လာပြီး တရက်အတွင်းမှာပဲ ကျနော်တို့ ပို့နိုင်ပါတယ်။ ရောဂါရှာဖွေရေး အနေနဲ့ RDT ဆိုရင် ၃,၀၀၀ ချက်ချင်းရပြီးတော့၊ သူတို့ဆီမှာလည်း အဲဒီအချိန် ၂၅၀ လက်ကျန်ရှိသေးတယ်ဆိုတော့ အဆင်ပြေပါတယ်။” လို့ ပြောပါတယ်။

ဒါ့အပြင် ဆေးဝါးလိုအပ်မှု အနေအထားကို မေးရာမှာလည်း ဒေါက်တာအောင်မြင့်ဦးက မြို့နယ်ကျန်းမာရေးမှူး TMO နဲ့တွဲလုပ်ဆောင်နေပုံကို အခုလိုပြောပါတယ်။

“တခြား ဆေးဝါးလိုအပ်မှု ဆိုတာကတော့ မနေ့ကဆို ကျနော့်ကို သူတို့ Item ၃၀ လောက်တင်တယ်။ ဒီနေ့ ကျနော်က ၂၃ မျိုး ပေးလိုက်ပြီ။ ကျနော်တို့လက်ထဲမှာ မရှိတဲ့ ၇ မျိုးလောက်ကို ကျနော်တို့က သူတို့ရဲ့ ဆေးပဒေသာပင် ရန်ပုံငွေရှိတယ်၊ နောက် သူ့မှာရှိတဲ့ နိုင်ငံတော်က ချပေးထားတဲ့ငွေနဲ့ ဝယ်သုံးဖို့ TMO (မြို့နယ်ကျန်းမာရေးမှူး) ကို မှာထားပါတယ်။ နောက်တခုက အခုအချိန်မှာ သူတို့ကိုယ်တိုင်လည်း ဒီဒေသတွေမှာ သွားဝယ်ရတာ ဘာညာ၊ နောက်တခါ ဝယ်ချင်တဲ့ဆေးက ကလေးလိုနေရာမျိုးမှာလည်း ပြဿနာလေးတွေ ရှိနေတာဖြစ်တဲ့အတွက် အဲဒီလို မလုံလောက်တာလည်း ဖြစ်ပါလိမ့်မယ်။”

ကျီခါးတိုက်နယ်ဆေးရုံအတွက် ခုတင်အနေအထားကို မေးရာမှာလည်း ဒေါက်တာအောင်မြင့်ဦးက …

“လက်ရှိမှာ ခုတင် ၂၅၊ ၃၀ ကျနော်တို့ ပြင်ဆင်ထားပါတယ်။ နောက်ထပ်လည်း ကျီခါးအတွက် ၂၅ ခုတင်နဲ့ တွန်းဇံအတွက် ခုတင် ၅၀ ဒီနေ့ပဲ တောင်းလိုက်ပါပြီ။ အမြန်ဆုံးပေးမှာပါ၊ မကြာခင်ပဲ ရောက်လာလိမ့်မယ် ထင်ပါတယ်။” လို့ ပြောပါတယ်။

အိန္ဒိယနဲ့ နယ်စပ်ကပ်နေတဲ့ ကျီခါးမြို့မှာ သေဆုံးမှုတွေကို လျှော့ချနိုင်ရေး ဘယ်လိုအကြံပြုချင်ပါသလဲလို့ မေးရာမှာ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာထန်ရှင်းခိုင်က အခုလို ပြောပါတယ်။

“အဓိကတော့ ကိုဗစ်လက္ခဏာတွေ ကိုယ့်ကိုယ်ကို သံသယရှိလာပြီဆိုရင် အတတ်နိုင်ဆုံး ရက်တွေမစောင့်ဘဲနဲ့ အမြန်ဆုံးနည်းနဲ့ အနီးစပ်ဆုံး ဆေးရုံ ဆေးခန်းတွေမှာ ကိုဗစ်ပိုး အချိန်မီ စစ်ဆေးနိုင်ဖို့ အကြံပြုချင်ပါတယ်။ အချိန်မီစစ်ဆေးပြီး စောသိရင်တော့ အဆုတ်ရောင်တာတို့ ဘာတို့လည်း အချိန်မီ ကုနိုင်တာပေါ့။ ကိုဗစ်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေ လိုက်နာပြီးတော့ စောစောသိမယ်ဆိုရင်တော့ အကုန်လုံး မကာကွယ်နိုင်တောင်မှ သေဆုံးမှု လျှော့ချနိုင်မယ်လို့ ထင်ပါတယ်။”

တကယ်တော့ အခုလို ကိုဗစ်တတိယလှိုင်းကို ကာကွယ်နေရချိန်မှာ ပြည်သူတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေး အတတ်နိုင်ဆုံး ထိုးကြဖို့နဲ့ စစ်ကောင်စီအနေနဲ့လည်း ဒီကာကွယ်ဆေး အပါအဝင် တခြား လိုအပ်တဲ့ ဆေးဝါးတွေကို အချိန်မီ ဖြန့်ဖြူးပေးရေး သေရေးရှင်ရေး အရေးကြီးနေပြီလို့လည်း ကျန်းမာရေးဝန်ထမ်းတွေက ထောက်ပြနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG