သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းေရာက္ ေရႊ႕ေျပာင္းအလုပ္သမားေတြၾကား ကိုဗစ္ကန္႔သတ္ခ်က္ေတြ တိုးျမႇင့္


ထိုင္းႏိုင္ငံ စမြတ္ဆာခြန္းခရိုင္္မွာ ပုစြန္ေစ်းမွာ ကိုဗစ္စစ္ေဆးဖို႔ တန္းစီေနၾကသူမ်ား။ (ဒီဇင္ဘာ ၂၀၊ ၂၀၂၀)

(Zawgyi/Unicode)

ကိုဗစ္ကပ္ေရာဂါ တတိယလႈိင္းနဲ႔ ရင္ဆိုင္ေနရတဲ့ ထိုင္းႏိုင္ငံမွာ ကူးစက္မႈေတြကို ထိန္းခ်ဳပ္ဖို႔ ျမန္မာႏိုင္ငံသားေတြ အပါအ၀င္ ေရႊ႕ေျပာင္းအလုပ္သမားေတြရွိရာ ေနရာေတြမွာ သြားလာလႈပ္ရွားမႈေတြကို ပိုမိုကန္႔သတ္လာေနတယ္လို႔ အလုပ္သမားေရး လႈပ္ရွားသူေတြက ေျပာပါတယ္။

ထိုင္းအာဏာပိုင္ေတြကေတာ့ အတည္ျပဳလူနာ အမ်ားအျပား ေတြ႕ရွိေနရတဲ့ အလုပ္သမားေတြၾကား ေရာဂါကူးစက္မႈေတြ ထိန္းခ်ဳပ္ဖို႔ ကန္႔သတ္စစ္ေဆးေနတာလို႔ ေျပာပါတယ္။ အျပည့္အစုံကိုေတာ့ ထိုင္းအေျခစိုက္ ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံကအလုပ္သမားေတြ ေနထိုင္လုပ္ကိုင္ေနတဲ့ ေဆာက္လုပ္ေရး အလုပ္ဆိုဒ္ ေနရာေတြမွာ ရဲ-စစ္တပ္နဲ ့ ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးအဖြဲ ့ေတြပါ၀င္တဲ့ ပူးေပါင္းအဖဲြ ့ေတြကို ဇြန္လ ၁၁ ရက္ေန ့က စျပီး တိုးျမင့္ခ်ထားျပီး အျပင္ သြားလာခြင့္ေတြကို ကန္ ့သတ္စစ္ေဆးမွုေတြ တိုးျမင့္လုပ္ေဆာင္ေနတဲ့အေၾကာင္း AAC အလုပ္သမားကူညီေရးအဖဲြ ့က ေျပာေရးဆိုခြင့္ရွိသူ ကိုရဲမင္းက အခုလိုေျပာျပပါတယ္။

“အခုလို ကန္႕သတ္မူ႕ကေတာ့ ထုိင္းႏို္င္ငံလံုျခံဳေရးေကာင္စီကေန ခ်မွတ္တာပါ။ အဓိက ေရႊ႕ေျပာင္းအလုပ္သမားေတြ ေနထုိင္အလုပ္လုပ္ကိုင္ေနတဲ့ ေနရာေတြမွာ အလုပ္ဆိုဒ္ေတြမွာ ထုိင္းရဲေတြရယ္ ထုိင္းစစ္တပ္ရယ္ ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးအဖဲြ ့ေတြ တုိးျမွင့္ခ်ထားတယ္။ အဓိက ေရႊ႕ေျပာင္းအလုပ္သမားေတြရဲ႕ ျပင္ပသြားလာမူ့ေတြကို ကန္႕သတ္စစ္ေဆးဖို႕လိုသိရပါတယ္။"

ထိုင္းနိုင္ငံမွာ ကိုဗစ္ ၁၉ ကပ္ေရာဂါ ဟာ အလုပ္သမားေတြအၾကားမွာ ဆက္လက္ ျပန္ ့ပြားလာေနတာကို ထိန္းခ်ဳပ္နိုင္ဘို ့ ထိုင္းနိုင္ငံ လံုျခံဳေရးေကာင္စီက အခုလို အလုပ္သမားေတြ ေနထိုင္ေနတဲ့ ေနရာေတြမွာ အနည္းဆံုး အာဏာပိုင ္၅ ဦး ထက္မနည္းဟာ အလုပ္သမားေတြ အ၀င္အထြက္ကို ေစာင့္ၾကည့္စစ္ေဆးေနၿပီး တရားမ၀င္လာေရာက္ေနထိုင္တာမ်ိဳး မရွိေအာင္ အလုပ္သမားဦးေရကိုလည္း နာမည္စာရင္းေတြနဲ႔တကြ စစ္ေဆးမႈေတြ လုပ္ေဆာင္ေနတယ္လို႔ ဆိုပါတယ္ ။

နိုင္ငံေတာ္ လံုျခံဳေရးေကာင္စီ ရဲ ႔ အတြင္းေရးမွဴး ဗို္လ္ခ်ဳပ္ General Gen Natthapon Nakpanich ကလည္းထိုင္းဘာသာနဲ႔ အခုလိုေျပာသြားပါတယ္။

“အခုလို အလုပ္ဆိုဒ္ေတြမွာ အာဏာပိုင္ေတြ စိစစ္ ေစာင္ၾကည့္ေရး ဂိတ္ေတြခ်ထားရတာဟာ နိုင္ငံျခားသား ေရြေျပ ာင္း အလုပ္သမားေတြၾကားမွာ ကပ္ေရာဂါ ဟာ တေနရာကေနတေနရာကို အေျပာင္းအေရြ ့ေတြကူးလူ သြားလာမူေတြက ေနဆက္လက္ျပန္ ့ပြားမွု ရွိေနေသးတာကို ထိန္းခ်ဳပ္နိုင္ဖို ့ မျဖစ္မေန လုပ္ေဆာင္ရတာျဖစ္တယ္လို ့ ထုတ္ေဖာ္ေျပာဆိုသြားပါတယ္။

ေရာဂါကူးစက္မႈႏႈန္း မ်ားေနတဲ့ ေနရာေတြ ဆိုရင္ လံုျခံဳေရး အင္အား တိုးခ်တာနဲ ့ ကင္းလွည့္ ေစာင့္ၾကည့္တာမ်ိဳးေတြ လိုအပ္သလို လုပ္ေဆာင္သြာမယ္လို ့ လည္း ထိုင္းအာဏာပိုင္ေတြက ဆိုပါတယ္။

လတ္တေလာမွာေတာ့ ပိုးကူးစက္မူေတြရွိေနတဲ့ ႏိုင္ငံျခားသား ေရႊ႕ေျပာင္းအလုပ္သမားေတြေနထိုင္ရာ ေနရာေတြမွာ သံဆူးႀကိဳး ေတြနဲ့ ကာထားတာမ်ိဳး ပိတ္ပင္ကန္႕သတ္ ထားသလိုအေရးေပၚ ကုသေရး လုပ္ထားတဲ့ေနရာေတြကေန အလုပ္သမားေတြ ထြက္မေျပးနိုင္ေအာင္ လည္းလုပ္ေဆာင္ထားပါတယ္။ ဇူလိုင္လမွာ တႏိုင္ငံလံုးအႏွံ ကန္႔သတ္မူ့ေတြေျဖေလ်ာ့ဖို႔ လုပ္ေဆာင္ေနတာမို႔ ကူးစက္တဲ့ ေနရာေတြမွာ ပိုၿပီး တင္းၾကပ္မူေတြလုပ္ထားတယ္လို႔လည္း ကိုရဲမင္းက ေျပာျပပါတယ္။

“ ေရာဂါကူးစက္မူ့ေပါ့ေနာ္ ကိုဗစ္ ၁၉ ေရာဂါ ပိုးပ်ံ႕ႏွ႔ံၿပီးမ်ားေနတဲ့ ေနရာေတြမွာ သံဆူးႀကိဳးေတြခတ္ျပီး အသြားအလာကို ကန့္သတ္ပိတ္ပင္ လာတာမ်ဳိး Lock down ခ်တဲ့သေဘာမ်ိဳး လုပ္လာတယ္ ေရာဂါကို တင္းတင္းက်ပ္က်ပ္ နဲ႔ ထိန္းခ်ဳပ္လာတဲ့ သေဘာေတြ႕ရတာေပါ့။”

ကိုဗစ္ဒုတိယလွိုင္းမွာေတာ့ ဆာမြတ္ဆာခြန္းျပည္နယ္က ျမန္မာ ေရႊ႕ေျပာင္းအလုပ္သမား အမ်ားအျပားမွာကူးစက္မူ ေတြ ့ရသလို ကိုဗစ္တတိယလိွဳင္းမွာေတာ့ ထုိ္င္းလူမ်ဳိးေတြ စတင္ကူးစက္တယ္ ဆိုေပမယ့္ ျမန္မာအမ်ားစုပါ၀င္တဲ့ ႏိုင္ငံျခားသားအလုပ္သမားေတြၾကားမွာလည္း ကူးစက္မူေတြ ရာခ်ီျဖစ္လာတာေတြလည္း ရွိေနပါတယ္။

ထိုင္းႏိုင္ငံမွာ ကုိဗစ္အတည္ျပဳလူနာ တသိန္းကိုးေသာင္းနီးပါး အထိရွိလာသလို ေသဆံုးသူကလည္း ၁၄၀၀ ေက်ာ္ထိရိွလာပါၿပီ။ ေန႔စဥ္ေထာင္နဲ႔ခ်ီ ကူးစက္မူေတြရွိေနပါတယ္ ဇြန္လ ၁၁ရက္ေန႔ မွာေတာ့ ကိုဗစ္ အတည္ျပဳလူနာအသစ္ ၂ေထာင္ေက်ာ္တိုးလာပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတွေကြား ကိုဗစ်ကန့်သတ်ချက်တွေ တိုးမြှင့်

(Unicode)

ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့ ထိုင်းနိုင်ငံမှာ ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ မြန်မာနိုင်ငံသားတွေ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေရှိရာ နေရာတွေမှာ သွားလာလှုပ်ရှားမှုတွေကို ပိုမိုကန့်သတ်လာနေတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ အတည်ပြုလူနာ အများအပြား တွေ့ရှိနေရတဲ့ အလုပ်သမားတွေကြား ရောဂါကူးစက်မှုတွေ ထိန်းချုပ်ဖို့ ကန့်သတ်စစ်ဆေးနေတာလို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံကအလုပ်သမားတွေ နေထိုင်လုပ်ကိုင်နေတဲ့ ဆောက်လုပ်ရေး အလုပ်ဆိုဒ် နေရာတွေမှာ ရဲ-စစ်တပ်နဲ့ ကပ်ရောဂါ ထိန်းချုပ်ရေးအဖွဲ့တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေကို ဇွန်လ ၁၁ ရက်နေ့က စပြီး တိုးမြင့်ချထားပြီး အပြင် သွားလာခွင့်တွေကို ကန့်သတ်စစ်ဆေးမှုတွေ တိုးမြင့်လုပ်ဆောင်နေတဲ့အကြောင်း AAC အလုပ်သမားကူညီရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက အခုလိုပြောပြပါတယ်။

“အခုလို ကန့်သတ်မူ့ကတော့ ထိုင်းနိုင်ငံလုံခြုံရေးကောင်စီကနေ ချမှတ်တာပါ။ အဓိက ရွှေ့ပြောင်းအလုပ်သမားတွေ နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ နေရာတွေမှာ အလုပ်ဆိုဒ်တွေမှာ ထိုင်းရဲတွေရယ် ထိုင်းစစ်တပ်ရယ် ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးအဖွဲ့တွေ တိုးမြှင့်ချထားတယ်။ အဓိက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပြင်ပသွားလာမူ့တွေကို ကန့်သတ်စစ်ဆေးဖို့လိုသိရပါတယ်။"

ထိုင်းနိုင်ငံမှာ ကိုဗစ် ၁၉ ကပ်ရောဂါ ဟာ အလုပ်သမားတွေအကြားမှာ ဆက်လက် ပြန့်ပွားလာနေတာကို ထိန်းချုပ်နိုင်ဘို့ ထိုင်းနိုင်ငံ လုံခြုံရေးကောင်စီက အခုလို အလုပ်သမားတွေ နေထိုင်နေတဲ့ နေရာတွေမှာ အနည်းဆုံး အာဏာပိုင ်၅ ဦး ထက်မနည်းဟာ အလုပ်သမားတွေ အဝင်အထွက်ကို စောင့်ကြည့်စစ်ဆေးနေပြီး တရားမဝင်လာရောက်နေထိုင်တာမျိုး မရှိအောင် အလုပ်သမားဦးရေကိုလည်း နာမည်စာရင်းတွေနဲ့တကွ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ် ။

နိုင်ငံတော် လုံခြုံရေးကောင်စီ ရဲ့ အတွင်းရေးမှူး ဗိုလ်ချုပ် General Gen Natthapon Nakpanich ကလည်းထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။

“အခုလို အလုပ်ဆိုဒ်တွေမှာ အာဏာပိုင်တွေ စိစစ် စောင်ကြည့်ရေး ဂိတ်တွေချထားရတာဟာ နိုင်ငံခြားသား ရွေပြေ ာင်း အလုပ်သမားတွေကြားမှာ ကပ်ရောဂါ ဟာ တနေရာကနေတနေရာကို အပြောင်းအရွေ့တွေကူးလူ သွားလာမူတွေက နေဆက်လက်ပြန့်ပွားမှု ရှိနေသေးတာကို ထိန်းချုပ်နိုင်ဖို့ မဖြစ်မနေ လုပ်ဆောင်ရတာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားပါတယ်။

ရောဂါကူးစက်မှုနှုန်း များနေတဲ့ နေရာတွေ ဆိုရင် လုံခြုံရေး အင်အား တိုးချတာနဲ့ ကင်းလှည့် စောင့်ကြည့်တာမျိုးတွေ လိုအပ်သလို လုပ်ဆောင်သွာမယ်လို့ လည်း ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

လတ်တလောမှာတော့ ပိုးကူးစက်မူတွေရှိနေတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေနေထိုင်ရာ နေရာတွေမှာ သံဆူးကြိုး တွေနဲ့ ကာထားတာမျိုး ပိတ်ပင်ကန့်သတ် ထားသလိုအရေးပေါ် ကုသရေး လုပ်ထားတဲ့နေရာတွေကနေ အလုပ်သမားတွေ ထွက်မပြေးနိုင်အောင် လည်းလုပ်ဆောင်ထားပါတယ်။ ဇူလိုင်လမှာ တနိုင်ငံလုံးအနှံ ကန့်သတ်မူ့တွေဖြေလျော့ဖို့ လုပ်ဆောင်နေတာမို့ ကူးစက်တဲ့ နေရာတွေမှာ ပိုပြီး တင်းကြပ်မူတွေလုပ်ထားတယ်လို့လည်း ကိုရဲမင်းက ပြောပြပါတယ်။

“ ရောဂါကူးစက်မူ့ပေါ့နော် ကိုဗစ် ၁၉ ရောဂါ ပိုးပျံ့နှံ့ပြီးများနေတဲ့ နေရာတွေမှာ သံဆူးကြိုးတွေခတ်ပြီး အသွားအလာကို ကန့်သတ်ပိတ်ပင် လာတာမျိုး Lock down ချတဲ့သဘောမျိုး လုပ်လာတယ် ရောဂါကို တင်းတင်းကျပ်ကျပ် နဲ့ ထိန်းချုပ်လာတဲ့ သဘောတွေ့ရတာပေါ့။”

ကိုဗစ်ဒုတိယလှိုင်းမှာတော့ ဆာမွတ်ဆာခွန်းပြည်နယ်က မြန်မာ ရွှေ့ပြောင်းအလုပ်သမား အများအပြားမှာကူးစက်မူ တွေ့ရသလို ကိုဗစ်တတိယလှိုင်းမှာတော့ ထိုင်းလူမျိုးတွေ စတင်ကူးစက်တယ် ဆိုပေမယ့် မြန်မာအများစုပါဝင်တဲ့ နိုင်ငံခြားသားအလုပ်သမားတွေကြားမှာလည်း ကူးစက်မူတွေ ရာချီဖြစ်လာတာတွေလည်း ရှိနေပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ တသိန်းကိုးသောင်းနီးပါး အထိရှိလာသလို သေဆုံးသူကလည်း ၁၄၀၀ ကျော်ထိရှိလာပါပြီ။ နေ့စဉ်ထောင်နဲ့ချီ ကူးစက်မူတွေရှိနေပါတယ် ဇွန်လ ၁၁ရက်နေ့ မှာတော့ ကိုဗစ် အတည်ပြုလူနာအသစ် ၂ထောင်ကျော်တိုးလာပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG