သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံဘက္ ဝင္ေရာက္ခိုလံႈတဲ႔ သတင္းေထာက္ ၃ ဦး ျမန္မာႏိုင္ငံ ျပန္ပို႔ခံရဖြယ္ရွိ


မွတ္တမ္းဓါတ္ပံု- ေမလ ၉ ရက္ေန႔က DVB သတင္းေထာက္ေတြနဲ႔ တက္ၾကြလႈပ္ရွားသူ ၂ ဦးကို ခ်င္းမိုင္ၿမိဳ႕မွာ ဖမ္းမိခဲ့

(Zawgyi/Unicode)

ျမန္မာ စစ္တပ္ရဲ႕ ဖိႏွိပ္မႈေတြကေန ထြက္ေျပးၿပီး ထိုင္းဘက္ကို တရားမ၀င္ ၀င္ေရာက္ခဲ႔တဲ႔ သတင္းေထာက္ ၃ ဦးကို တရားရံုးက ဒဏ္ေငြ ခ်မွတ္ခဲ႔ၿပီး ဌာေနျပန္ပို႔ခံရႏုိင္တယ္လုိ႔ သူတို႔ရဲ႕ ေရွ႕ေန အဖြဲ႔၀င္ တဦးက အဂၤါေန႔မွာ AFP ကို ေျပာပါတယ္။ ဌာေနျပန္ပို႔ခံရရင္ေတာ့ သူတို႔ အတြက္ အႏၱရာယ္ ရွိႏုိင္တာပါ။

ဒီမိုကရက္တစ္ ျမန္မာ့အသံ DVB သတင္းေထာက္ေတြနဲ႔ တက္ၾကြလႈပ္ရွားသူ ၂ ဦးကို ၿပီးခဲ႔တဲ႔ ေမလ အတြင္း ခ်င္းမိုင္ၿမိဳ႕မွာ ဖမ္းဆီးခဲ႔တာ ျဖစ္ၿပီး တရားမ၀င္ ႏုိင္ငံတြင္း ၀င္ေရာက္မႈနဲ႔ စြဲခ်က္တင္ခံခဲ႔ရတာပါ။

ၿပီးခဲ႔တဲ႔ ေသာၾကာေန႔က သူတို႔ကို ထိုင္းတရားရံုးက ေငြဒဏ္ ဘတ္ ၄,၀၀၀ ဒဏ္ရိုက္ခဲ႔ၿပီး ဆိုင္းငံ႔ ေထာင္ဒဏ္ တႏွစ္ ျပစ္ဒဏ္ ခ်မွတ္မွတ္ခဲ႔ေၾကာင္း လူ႔အခြင့္အေရး ဖြံ႔ၿဖိဳးေရး ေဖာင္ေဒးရွင္းက ေရွ႕ေန Nadthasiri Bergman က ေျပာပါတယ္။ အလားတူ ျပစ္မႈ ထပ္မံက်ဴးလြန္ရင္ ေထာင္ဒဏ္ ၇ လ ခ်မွတ္ခံရႏုိင္ေၾကာင္းလည္း တရားရံုးက ေျပာဆိုခဲ႔ပါတယ္။ ဥပေဒေၾကာင္း အရေတာ့ ျပစ္ဒဏ္ခ်မွတ္ၿပီး ၇၂ နာရီ အတြင္းမွာ သူတို႔ကို ႏုိင္ငံရင္းကို ျပန္ပို႔ႏုိင္ေၾကာင္းလည္း ေရွ႕ေန Bergman က AFP ကို ေျပာပါတယ္။

ဒါေပမယ့္လည္း ၿပီးခဲ႔တ႔ဲ ေသာၾကာေန႔မွာဘဲ သူတို႔ကို ႏုိင္ငံရင္းကို ျပန္ပို႔တာ ဆိုင္းငံ႔ေပးထားဖို႔ လူ၀င္မႈ ႀကီးၾကပ္ေရး အာဏာပုိင္ေတြထံ အယူခံ ေလွ်ာက္လႊာတင္ခဲ႔ၿပီး ျဖစ္ေၾကာင္းလည္း ေရွ႕ေနက ေျပာပါတယ္။ အခုေတာ့ တတိယ ႏုိင္ငံမွာ ႏုိင္ငံေရး ခိုလံႈခြင့္ရေရး အတြက္ ေစာင့္ဆိုင္းေနၾကေၾကာင္းလည္း သူက ေျပာပါတယ္။ DVB သတင္းေထာက္ သံုးဦးကို ဌာေနျပန္ပို႔ေရး ေရွာင္ရွားႏုိင္မယ့္ လူသားခ်င္း စာနာေထာက္ကူမႈနဲ႔ ေျဖရွင္းႏုိင္ေရး ႀကိဳးစားေနေၾကာင္း ထိုင္းဘက္ကလည္း ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ထိုင်းနိုင်ငံဘက် ဝင်ရောက်ခိုလှုံတဲ့ သတင်းထောက် ၃ ဦး မြန်မာနိုင်ငံ ပြန်ပို့ခံရဖွယ်ရှိ

(Unicode)

မြန်မာ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကနေ ထွက်ပြေးပြီး ထိုင်းဘက်ကို တရားမဝင် ဝင်ရောက်ခဲ့တဲ့ သတင်းထောက် ၃ ဦးကို တရားရုံးက ဒဏ်ငွေ ချမှတ်ခဲ့ပြီး ဌာနေပြန်ပို့ခံရနိုင်တယ်လို့ သူတို့ရဲ့ ရှေ့နေ အဖွဲ့ဝင် တဦးက အင်္ဂါနေ့မှာ AFP ကို ပြောပါတယ်။ ဌာနေပြန်ပို့ခံရရင်တော့ သူတို့ အတွက် အန္တရာယ် ရှိနိုင်တာပါ။

ဒီမိုကရက်တစ် မြန်မာ့အသံ DVB သတင်းထောက်တွေနဲ့ တက်ကြွလှုပ်ရှားသူ ၂ ဦးကို ပြီးခဲ့တဲ့ မေလ အတွင်း ချင်းမိုင်မြို့မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး တရားမဝင် နိုင်ငံတွင်း ဝင်ရောက်မှုနဲ့ စွဲချက်တင်ခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ သောကြာနေ့က သူတို့ကို ထိုင်းတရားရုံးက ငွေဒဏ် ဘတ် ၄,၀၀၀ ဒဏ်ရိုက်ခဲ့ပြီး ဆိုင်းငံ့ ထောင်ဒဏ် တနှစ် ပြစ်ဒဏ် ချမှတ်မှတ်ခဲ့ကြောင်း လူ့အခွင့်အရေး ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက ရှေ့နေ Nadthasiri Bergman က ပြောပါတယ်။ အလားတူ ပြစ်မှု ထပ်မံကျူးလွန်ရင် ထောင်ဒဏ် ၇ လ ချမှတ်ခံရနိုင်ကြောင်းလည်း တရားရုံးက ပြောဆိုခဲ့ပါတယ်။ ဥပဒေကြောင်း အရတော့ ပြစ်ဒဏ်ချမှတ်ပြီး ၇၂ နာရီ အတွင်းမှာ သူတို့ကို နိုင်ငံရင်းကို ပြန်ပို့နိုင်ကြောင်းလည်း ရှေ့နေ Bergman က AFP ကို ပြောပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ သောကြာနေ့မှာဘဲ သူတို့ကို နိုင်ငံရင်းကို ပြန်ပို့တာ ဆိုင်းငံ့ပေးထားဖို့ လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်တွေထံ အယူခံ လျှောက်လွှာတင်ခဲ့ပြီး ဖြစ်ကြောင်းလည်း ရှေ့နေက ပြောပါတယ်။ အခုတော့ တတိယ နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့်ရရေး အတွက် စောင့်ဆိုင်းနေကြကြောင်းလည်း သူက ပြောပါတယ်။ DVB သတင်းထောက် သုံးဦးကို ဌာနေပြန်ပို့ရေး ရှောင်ရှားနိုင်မယ့် လူသားချင်း စာနာထောက်ကူမှုနဲ့ ဖြေရှင်းနိုင်ရေး ကြိုးစားနေကြောင်း ထိုင်းဘက်ကလည်း ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG