သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းျပန္ ျမန္မာအက်ဥ္းသားေတြထဲ ကိုဗစ္ဓာတ္ခဲြအတည္ျပဳ ၃၇ ဦးထက္မနည္း


မယ္ဆိုင္-တာခ်ီလိတ္ နယ္စပ္ကေန လဲႊေျပာင္းေပးေနတဲ့ ျပစ္ဒဏ္က်ၿပီးသား ျမန္မာႏုိင္ငံသားမ်ား။ (ဇြန္ ၁၊ ၂၀၂၁။ ဓာတ္ပုံ - မယ္ဆိုင္လဝက)

(Zawgyi / Unicode)

ထိုင္းႏုိင္ငံကေန အက်ဥ္းက်ၿပီးသား ၁၀၀ ေက်ာ္ကို ဇြန္လ ၁ ရက္ေန႔မွာ ထိုင္း-ျမန္မာနယ္စပ္ တာခ်ီလိတ္ၿမိဳ႕ကို ထိုင္းဘက္က ျပန္လဲႊေျပာင္းရာမွာ ဒီရက္ထဲမွာ ကုိ႐ိုနာဗုိင္းရပ္စ္ ကူးစက္သူ ၃၇ ဦးထိ ရွိသြားၿပီလို႔ ဆုိပါတယ္။ အျပည့္အစုံကုိ မေအးေအးမာ တင္ျပေပးထားပါတယ္။

ကုိဗစ္တတိယလႈိင္း ကူးစက္မႈအတြင္း ေန႔စဥ္ အတည္ျပဳလူနာ ေထာင္ခ်ီတိုးေနတဲ့ ထုိင္းႏို္င္ငံမွာ ေရႊ႕ေျပာင္း ျမန္မာအလုပ္သမားေတြၾကားမွာေရာ အက်ဥ္းေထာင္ေတြမွာပါ ကူးစက္မႈေတြ ရွိေနတာပါ။ ဇြန္လ ၁ ရက္ေန႔က ထိုင္း-ျမန္မာနယ္စပ္ၿမိဳ႕ျဖစ္တဲ့ မယ္ဆုိင္ၿမိဳ႕ကေန ျမန္မာႏိုင္ငံ တာခ်ီလိတ္ၿမိဳ႕ကို လႊဲေျပာင္းေပးခဲ့တဲ့ လြတ္ရက္ေစ့ အက်ဥ္းသမားေတြထဲမွာ ၃၇ ဦးဟာ ျမန္မာႏို္င္ငံဘက္က စစ္ေဆးခ်ိန္မွာေတာ့ ကုိဗစ္ကပ္ေရာဂါပိုး ေတြ႔ရေၾကာင္း တာခ်ီလိတ္ၿမိဳ႕မွာ ထိုင္းျပန္ေတြကို အကူအညီေပးေနတဲ့ ေစတနာ့ဝန္ထမ္းတဦးက ေျပာျပပါတယ္။

“အဲဒီထဲက လႊဲရာမွာ ပထမ ၁ ရက္ေန႔က အမ်ိဳးသား ၆ ဦး၊ အမ်ိဳးသမီး ၁ ဦး၊ ေပါင္း ၇ ဦး ကနဦး စိစစ္ေတြ႔ရွိတယ္။ စိစစ္ေတြ႔ရိွၿပီးေတာ့ တာခ်ီလိတ္ မုိးကုတ္ေစာင့္ၾကည့္စင္တာမွာ ေစာင့္ၾကည့္ေတာ့ အကုန္လံုးကို ထပ္စစ္ေတာ့ အေယာက္ ၃၀ ထပ္ေတြ႔တယ္။ ေတြ႔တာကေတာ့ အမ်ိဳးသား ၁၉ ဦး၊ အမ်ိဳးသမီး ၁၁ ဦး ေတြ႔တယ္။ ၿပီးခဲ့တဲ့တေခါက္က လဲႊလာတဲ့အထဲမွာ ၄ ေယာက္ေတြ႔တယ္။ ေနာက္ထပ္တခါစစ္ေတာ့ ၄ ေယာက္ထပ္ေတြ႔တယ္၊ ၈ ေယာက္ျဖစ္သြားတာေပါ့။ ထိုင္းကလဲႊတာေတြ ဒီလိုဟာမ်ိဳးေတြ ပါေကာင္းပါလာႏုိင္တာေပါ့။ ေနရာေဒသ အသီးသီးကေန ျပန္ပုိ႔ခံရတာဆိုေတာ့။”

ျမန္မာစစ္ေကာင္စီ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ဇြန္လ ၄ ရက္ေန႔ ထုတ္ျပန္ခ်က္မွာေတာ့ ၂၄ နာရီအတြင္း လူေပါင္း ၁,၇၇၀ ေက်ာ္ကို စမ္းသပ္စစ္ေဆးရာမွာ ၂၁၂ ဦးမွာ ကိုဗစ္ေရာဂါပိုးရွိေၾကာင္း ဓာတ္ခဲြအတည္ျပဳခ်က္ရတယ္လို႔ ဆိုပါတယ္။ အဲဒီထဲမွာ တာခ်ီလိတ္မွာရွိတဲ့ ထိုင္းႏုိင္ငံျပန္ေတြထဲက လူ ၃၀ လည္း ပါဝင္ပါတယ္။

ကိုဗစ္တတိယလႈိင္းမွာေတာ့ အတည္ျပဳလူနာ ေန႔စဥ္ ေထာင္ခ်ီတုိးလာေနတဲ့ ထုိင္းႏုိင္ငံမွာ အခုခ်ိန္ထိ ကူးစက္သူ ၁၇၅,၀၀၀ နီးပါးထိရိွလာၿပီး ေသဆံုးသူကေတာ့ ၁,၂၀၀ ေက်ာ္ထိရွိပါတယ္။ ဇြန္လ ၅ ရက္ေန႔ တေန႔တည္းမွာပဲ ကူးစက္သူ ၂,၈၀၀ ေက်ာ္ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------

(Unicode)

ထိုင်းပြန် မြန်မာအကျဉ်းသားတွေထဲ ကိုဗစ်ဓာတ်ခွဲအတည်ပြု ၃၇ ဦးထက်မနည်း

ထိုင်းနိုင်ငံကနေ အကျဉ်းကျပြီးသား ၁၀၀ ကျော်ကို ဇွန်လ ၁ ရက်နေ့မှာ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ကို ထိုင်းဘက်က ပြန်လွဲှပြောင်းရာမှာ ဒီရက်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၃၇ ဦးထိ ရှိသွားပြီလို့ ဆိုပါတယ်။ အပြည့်အစုံကို မအေးအေးမာ တင်ပြပေးထားပါတယ်။

ကိုဗစ်တတိယလှိုင်း ကူးစက်မှုအတွင်း နေ့စဉ် အတည်ပြုလူနာ ထောင်ချီတိုးနေတဲ့ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေကြားမှာရော အကျဉ်းထောင်တွေမှာပါ ကူးစက်မှုတွေ ရှိနေတာပါ။ ဇွန်လ ၁ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မယ်ဆိုင်မြို့ကနေ မြန်မာနိုင်ငံ တာချီလိတ်မြို့ကို လွှဲပြောင်းပေးခဲ့တဲ့ လွတ်ရက်စေ့ အကျဉ်းသမားတွေထဲမှာ ၃၇ ဦးဟာ မြန်မာနိုင်ငံဘက်က စစ်ဆေးချိန်မှာတော့ ကိုဗစ်ကပ်ရောဂါပိုး တွေ့ရကြောင်း တာချီလိတ်မြို့မှာ ထိုင်းပြန်တွေကို အကူအညီပေးနေတဲ့ စေတနာ့ဝန်ထမ်းတဦးက ပြောပြပါတယ်။

“အဲဒီထဲက လွှဲရာမှာ ပထမ ၁ ရက်နေ့က အမျိုးသား ၆ ဦး၊ အမျိုးသမီး ၁ ဦး၊ ပေါင်း ၇ ဦး ကနဦး စိစစ်တွေ့ရှိတယ်။ စိစစ်တွေ့ရှိပြီးတော့ တာချီလိတ် မိုးကုတ်စောင့်ကြည့်စင်တာမှာ စောင့်ကြည့်တော့ အကုန်လုံးကို ထပ်စစ်တော့ အယောက် ၃၀ ထပ်တွေ့တယ်။ တွေ့တာကတော့ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၁၁ ဦး တွေ့တယ်။ ပြီးခဲ့တဲ့တခေါက်က လွဲှလာတဲ့အထဲမှာ ၄ ယောက်တွေ့တယ်။ နောက်ထပ်တခါစစ်တော့ ၄ ယောက်ထပ်တွေ့တယ်၊ ၈ ယောက်ဖြစ်သွားတာပေါ့။ ထိုင်းကလွဲှတာတွေ ဒီလိုဟာမျိုးတွေ ပါကောင်းပါလာနိုင်တာပေါ့။ နေရာဒေသ အသီးသီးကနေ ပြန်ပို့ခံရတာဆိုတော့။”

မြန်မာစစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၄ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ၂၄ နာရီအတွင်း လူပေါင်း ၁,၇၇၀ ကျော်ကို စမ်းသပ်စစ်ဆေးရာမှာ ၂၁၂ ဦးမှာ ကိုဗစ်ရောဂါပိုးရှိကြောင်း ဓာတ်ခွဲအတည်ပြုချက်ရတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ တာချီလိတ်မှာရှိတဲ့ ထိုင်းနိုင်ငံပြန်တွေထဲက လူ ၃၀ လည်း ပါဝင်ပါတယ်။

ကိုဗစ်တတိယလှိုင်းမှာတော့ အတည်ပြုလူနာ နေ့စဉ် ထောင်ချီတိုးလာနေတဲ့ ထိုင်းနိုင်ငံမှာ အခုချိန်ထိ ကူးစက်သူ ၁၇၅,၀၀၀ နီးပါးထိရှိလာပြီး သေဆုံးသူကတော့ ၁,၂၀၀ ကျော်ထိရှိပါတယ်။ ဇွန်လ ၅ ရက်နေ့ တနေ့တည်းမှာပဲ ကူးစက်သူ ၂,၈၀၀ ကျော် ရှိနေပါတယ်။

XS
SM
MD
LG