သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုလမဟာမင္းႀကီးရဲ႕ထုတ္ျပန္ခ်က္မွန္ကန္ျပည့္စံုမႈမရွိဟု စစ္ေကာင္စီတုန္႔ျပန္


ကုလသမဂၢ လူ ့အခြင့္ အ ေရး ေကာ္မရွင္နာမင္းၾကီး Michelle Bachelet (ဓာတ္ပံု- Reuters)

(Zawgyi/Unicode)
လူ့အခြင့္အေရးဆိုင္ရာကုလသမဂၢမဟာမင္းႀကီး Michelle Bachelet ရဲ႕ ၿပီးခဲ့တဲ့ ဇြန္လ ၁၁ ရက္ေန႔ ထုတ္ျပန္ခ်က္ဟာ မွန္ကန္ျပည့္စံုမႈမရွိပဲ ဘက္လိုက္မႈေတြရွိေနတယ္လို႔ ျမန္မာစစ္ေကာင္စီက တုန္႔ျပန္လိုက္ပါတယ္။

ျမန္မာႏုိင္ငံအႏွံ႔ စစ္အင္အားေတြ တပ္ျဖန္႔ခ်ထားေနတာနဲ႔ ခရစ္ယာန္ဘုရားေက်ာင္းေတြအပါအဝင္ လက္နက္ကိုင္ အုပ္စုေတြနဲ႔အရပ္သားေတြကိုပစ္မွတ္ထားၿပီး လက္နက္ႀကီးေတြသံုး တိုက္ခုိက္မႈေတြ တုိးလာေနတဲ့အေၾကာင္း မဟာမင္းႀကီး Bachelet က ၿပီးခဲ့တဲ့ အပတ္က ေျပာဆိုခဲ့ပါတယ္။ ဒီ အစီရင္ခံစာဟာ တပ္မေတာ္အေပၚ အထင္ျမင္လြဲမွားေစတဲ့ ထုတ္ျပန္ခ်က္ျဖစ္ၿပီး မတရားအသင္းနဲ႔ အၾကမ္းဖက္အဖြဲ႔အစည္းေတြရဲ႕ အၾကမ္းဖက္လုပ္ရပ္ေတြကိုေတာ့ ေဖာ္ျပ ရႈတ္ခ်တာမ်ဳိး မေတြ႕ရဘူးလို႔ တုံ႔ျပန္ထားတာပါ။

NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ PDF ျပည္သူ႔ကာကြယ္ေရးတပ္နဲ႔ သူတို႔ကို ေထာက္ခံသူေတြဟာ ေက်ာင္းေတြကို ဗံုးခဲြတိုက္ခိုက္တာ မီးရိႈ့တာအျပင္၊ အုပ္ခ်ဳပ္ေရးမႈးေတြကို လုပ္ၾကံသတ္ျဖတ္တာေတြရွိေနတယ္လို႔ စစ္ေကာင္စီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။ NUG ဖက္ကေတာ့ သူတို႔အေနနဲ႔ ဥပေဒမဲ့တဲ့အၾကမ္းဖက္လုပ္ရပ္ေတြကို အားေပးအားေႁမွာက္ကူညီလံႈေဆာ္တာမလုပ္တဲ့အျပင္ ဒီလုပ္ရပ္ေတြကို ျပင္းျပင္းထန္ထန္ရႈတ္ခ်ကန္႔ကြက္တယ္လို႔ ထုတ္ျပန္ထားပါတယ္။ ကုလ မဟာမင္းႀကီး Michelle Bachelet ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာေတာ့ စစ္တပ္ကအာဏာသိမ္းၿပီးေလးလအတြင္းမွာ ျမန္မာႏိုင္ငံဟာ လူ႔အခြင့္အေရးဆိုင္ရာအၾကပ္အတည္းဆိုးႀကီးထဲ ဆိုက္ေရာက္လာတယ္လို႔သတိေပးထားၿပီး၊ ဒီကိစၥေတြအေပၚ စစ္ေခါင္းေဆာင္ေတြမွာ အဓိက တာ၀န္ရွိတယ္လို႔ ေထာက္ျပထားတာပါ။

စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ပိုင္း ႏုိ္င္ငံတ၀ွမ္း ၿမိဳ႔ႀကီးအေတာ္မ်ားမ်ားမွာေရာ ျပည္နယ္န႔ဲတုိင္းေဒသေတြမွာပါ အေျခအေနမတည္မၿငိမ္ျဖစ္ေနပါတယ္။ တဆက္တည္းမွာပဲ ကရင္ျပည္နယ္ ျမ၀တီခ႐ိုင္အတြင္း ေဒသဖြံ႔ၿဖိဳးေရးလုပ္ငန္းေတြမွာ ပါ၀င္ေဆာင္ရြက္ေနတဲ့ အလုပ္သမား ၄၇ ေယာက္ကို ၿပီးခဲ့တဲ့ ေမလ အတြင္း ကရင္အမ်ဳိးသားကာကြယ္ေရးအဖြဲ႔ (KNDO) အဖြဲ႔က ဖမ္းဆီးေခၚေဆာင္သြားၿပီး ၂၅ ေယာက္ကို သတ္ျဖတ္ခဲ့တယ္လို႔ ျမန္မာ့အလင္းသတင္းစာမွာ ဓါတ္ပုံေတြနဲ႔ တကြ ေဖၚျပပါတယ္။ ကနဲေလး-ေမာ္ခီးသြားကားလမ္းေပၚက အူဟူေခ်ာင္းတံတားတည္ေဆာက္ေရးလုပ္ငန္းခြင္ထဲက အမ်ဳိးသမီးနဲ႔ ကေလးငယ္ေတြအပါအ၀င္ အလုပ္သမားေတြကို ဖမ္းဆီးသြားၿပီး ရက္ရက္စက္စက္ သတ္ျဖတ္ခဲ့တာလို႔ သတင္းစာမွာ ေရးပါတယ္။ KNDO ဘက္က တုံ႔ျပန္ခ်က္ တစုံတရာေတာ့ ထြက္လာတာ မရွိေသးပါဘူး။

ႏိုင္ငံတ၀ွမ္း စစ္အုပ္ခ်ဳပ္ေရးေကာင္စီက အၾကမ္းဖက္ႏွိမ္နွင္းဖမ္းဆီးမႈေတြရွိေနေပမယ့္လည္း ဆႏၵျပပြဲေတြလည္း ႏုိင္ငံအႏွံ႔ ၾကိဳၾကားေပၚေပါက္ေနပါတယ္။(Nat) ရန္ကုန္၊ မႏၱေလး၊မုံရြာနဲ႔ ၿမိဳ ႔နယ္တခ်ိဳ ႔မွာ သပိတ္စုံ၊ သူပုန္ထဆိုတဲ့ ေခါင္းစဥ္နဲ႔ စစ္အာဏာရွင္ကို ဆန္႔က်င္ခဲ့ၾကပါတယ္။ မႏၱေလးက မဟာမိတ္တပ္ေပါင္းစု သပိတ္စစ္ေၾကာင္း မစခင္၊ လူစုေနတဲ့မနက္အေစာပိုင္းမွာပဲ အရပ္၀တ္နဲ႔လက္နက္ကုိင္တခ်ိဳ ႔ေရာက္လာၿပီး ပစ္ခတ္ၿဖိဳခြင္းခဲ့တာေၾကာင့္ တခ်ိဳ ႔ဒဏ္ရာရၿပီး လူ၅ ဦးထက္မနည္းအဖမ္းခံခဲ့ရတယ္လို႔ မ်က္ျမင္ေတြ႔သူေတြက ေျပာပါတယ္။

.............................................................................

ကုလမဟာမင်းကြီးရဲ့ထုတ်ပြန်ချက်မှန်ကန်ပြည့်စုံမှုမရှိဟု စစ်ကောင်စီတုန့်ပြန်

(Unicode)

လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet ရဲ့ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ ထုတ်ပြန်ချက်ဟာ မှန်ကန်ပြည့်စုံမှုမရှိပဲ ဘက်လိုက်မှုတွေရှိနေတယ်လို့ မြန်မာစစ်ကောင်စီက တုန့်ပြန်လိုက်ပါတယ်။


မြန်မာနိုင်ငံအနှံ့ စစ်အင်အားတွေ တပ်ဖြန့်ချထားနေတာနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေအပါအဝင် လက်နက်ကိုင် အုပ်စုတွေနဲ့အရပ်သားတွေကိုပစ်မှတ်ထားပြီး လက်နက်ကြီးတွေသုံး တိုက်ခိုက်မှုတွေ တိုးလာနေတဲ့အကြောင်း မဟာမင်းကြီး Bachelet က ပြီးခဲ့တဲ့ အပတ်က ပြောဆိုခဲ့ပါတယ်။ ဒီ အစီရင်ခံစာဟာ တပ်မတော်အပေါ် အထင်မြင်လွဲမှားစေတဲ့ ထုတ်ပြန်ချက်ဖြစ်ပြီး မတရားအသင်းနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကိုတော့ ဖော်ပြ ရှုတ်ချတာမျိုး မတွေ့ရဘူးလို့ တုံ့ပြန်ထားတာပါ။ NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ PDF ပြည်သူ့ကာကွယ်ရေးတပ်နဲ့ သူတို့ကို ထောက်ခံသူတွေဟာ ကျောင်းတွေကို ဗုံးခွဲတိုက်ခိုက်တာ မီးရှို့တာအပြင်၊ အုပ်ချုပ်ရေးမှုးတွေကို လုပ်ကြံသတ်ဖြတ်တာတွေရှိနေတယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

NUG ဖက်ကတော့ သူတို့အနေနဲ့ ဥပဒေမဲ့တဲ့အကြမ်းဖက်လုပ်ရပ်တွေကို အားပေးအားမြှောက်ကူညီလှုံဆော်တာမလုပ်တဲ့အပြင် ဒီလုပ်ရပ်တွေကို ပြင်းပြင်းထန်ထန်ရှုတ်ချကန့်ကွက်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ကုလ မဟာမင်းကြီး Michelle Bachelet ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ စစ်တပ်ကအာဏာသိမ်းပြီးလေးလအတွင်းမှာ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးဆိုင်ရာအကြပ်အတည်းဆိုးကြီးထဲ ဆိုက်ရောက်လာတယ်လို့သတိပေးထားပြီး၊ ဒီကိစ္စတွေအပေါ် စစ်ခေါင်းဆောင်တွေမှာ အဓိက တာဝန်ရှိတယ်လို့ ထောက်ပြထားတာပါ။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝှမ်း မြို့ကြီးအတော်များများမှာရော ပြည်နယ်နဲ့တိုင်းဒေသတွေမှာပါ အခြေအနေမတည်မငြိမ်ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ အလုပ်သမား ၄၇ ယောက်ကို ပြီးခဲ့တဲ့ မေလ အတွင်း ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ၂၅ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ မြန်မာ့အလင်းသတင်းစာမှာ ဓါတ်ပုံတွေနဲ့ တကွ ဖေါ်ပြပါတယ်။ ကနဲလေး-မော်ခီးသွားကားလမ်းပေါ်က အူဟူချောင်းတံတားတည်ဆောက်ရေးလုပ်ငန်းခွင်ထဲက အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် အလုပ်သမားတွေကို ဖမ်းဆီးသွားပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာလို့ သတင်းစာမှာ ရေးပါတယ်။ KNDO ဘက်က တုံ့ပြန်ချက် တစုံတရာတော့ ထွက်လာတာ မရှိသေးပါဘူး။

နိုင်ငံတဝှမ်း စစ်အုပ်ချုပ်ရေးကောင်စီက အကြမ်းဖက်နှိမ်နှင်းဖမ်းဆီးမှုတွေရှိနေပေမယ့်လည်း ဆန္ဒပြပွဲတွေလည်း နိုင်ငံအနှံ့ ကြိုကြားပေါ်ပေါက်နေပါတယ်။(Nat) ရန်ကုန်၊ မန္တလေး၊မုံရွာနဲ့ မြို့နယ်တချို့မှာ သပိတ်စုံ၊ သူပုန်ထဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြပါတယ်။ မန္တလေးက မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်း မစခင်၊ လူစုနေတဲ့မနက်အစောပိုင်းမှာပဲ အရပ်ဝတ်နဲ့လက်နက်ကိုင်တချို့ရောက်လာပြီး ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် တချို့ဒဏ်ရာရပြီး လူ၅ ဦးထက်မနည်းအဖမ်းခံခဲ့ရတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG