သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာသတင္းသမားမ်ား ဖမ္းဆီးခံရမႈ ကုလ စိုးရိမ္


မွတ္တမ္းဓါတ္ပံု- ေဖေဖာ္၀ါရီ ၂၇ ေန႔က ရန္ကုန္ဆႏၵျပပြဲကို ျဖိဳခြဲစဥ္ သတင္းသမားမ်ားကို ေတြ႔ရစဥ္

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ အနည္းဆုံး သတင္းသမား ၉၂ ဦးဖမ္းဆီးခံခဲ့ရၿပီး အခုထိ ဆက္လက္ ထိန္းသိမ္းခံရသူ ၅၆ ဦးရွိေသးတယ္လို႔လည္း ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ေျပာေရးဆိုခြင့္ရွိသူ Stephane Dujarric က မေန႔က ေျပာဆိုပါတယ္။ ဆက္လက္ၿပီး သတင္းလြတ္လပ္ခြင့္နဲ႔လည္း ေဝဖန္ေျပာဆို လိုက္ပါတယ္။

“ ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီ ၁ ရက္ စစ္အာဏာသိမ္းၿပီးကတည္း သတင္း လြတ္လပ္ခြင့္ ကို စနစ္တက် တင္းၾကပ္ကန႔္သတ္ထားတာနဲ႔လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ကို တားျမစ္ ေနတာေတြဟာအလြန္အမင္းကို စိုးရိမ္စရာေကာင္းတယ္” လို႔ ကုလသမဂၢက ေျပာဆိုလိုက္ပါတယ္။

ၿပီးခဲ့တဲ့ ေမလ ၁၂ ရက္ေန႔ကဆိုရင္ သတင္းသမားတဦးကို ေထာင္ ၃ ႏွစ္ခ်မွတ္လိုက္ခဲ့ၿပီး ဇြန္လ ၂ ရက္ေန႔က သတင္းသမား ၂ ဦးကိုေထာင္ဒဏ္ ၂ ႏွစ္ခ်မွတ္ခဲ့ပါတယ္။

“က်ေနာ္တို႔ရဲ႕ ျမန္မာႏိုင္ငံက မိတ္ေဆြေတြက သတင္းသမားေတြအပါအဝင္ မတရားဖမ္းဆီးခံရသူ အားလုံးကို ျပန္လႊတ္ေပးဖို႔ စစ္အာဏာသိမ္း ဗိုလ္ခ်ဳပ္ေတြကို ေတာင္းဆိုေနၾကပါတယ္” လို႔လည္း ေျပာပါတယ္။

လြတ္လပ္စြာ ေျပာဆိုခြင့္ဟာ ဒီမိုကေရစီရဲ႕အုတ္ျမစ္ျဖစ္တဲ့အတြက္ ကာကြယ္ရမယ္လို႔လည္း သူတို႔က အေလးထားေတာင္းဆိုေနၾကပါတယ္လို႔လည္း သူက ေျပာဆိုလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

မြန်မာသတင်းသမားများ ဖမ်းဆီးခံရမှု ကုလစိုးရိမ်

(Unicode)

မြန်မာနိုင်ငံမှာ အနည်းဆုံး သတင်းသမား ၉၂ ဦးဖမ်းဆီးခံခဲ့ရပြီး အခုထိ ဆက်လက် ထိန်းသိမ်းခံရသူ ၅၆ ဦးရှိသေးတယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က မနေ့က ပြောဆိုပါတယ်။ ဆက်လက်ပြီး သတင်းလွတ်လပ်ခွင့်နဲ့လည်း ဝေဖန်ပြောဆို လိုက်ပါတယ်။

“ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးကတည်း သတင်း လွတ်လပ်ခွင့် ကို စနစ်တကျ တင်းကြပ်ကန့်သတ်ထားတာနဲ့လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တားမြစ် နေတာတွေဟာအလွန်အမင်းကို စိုးရိမ်စရာကောင်းတယ်” လို့ ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ကဆိုရင် သတင်းသမားတဦးကို ထောင် ၃ နှစ်ချမှတ်လိုက်ခဲ့ပြီး ဇွန်လ ၂ ရက်နေ့က သတင်းသမား ၂ ဦးကိုထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။

“ကျနော်တို့ရဲ့ မြန်မာနိုင်ငံက မိတ်ဆွေတွေက သတင်းသမားတွေအပါအဝင် မတရားဖမ်းဆီးခံရသူ အားလုံးကို ပြန်လွှတ်ပေးဖို့ စစ်အာဏာသိမ်း ဗိုလ်ချုပ်တွေကို တောင်းဆိုနေကြပါတယ်” လို့လည်း ပြောပါတယ်။

လွတ်လပ်စွာ ပြောဆိုခွင့်ဟာ ဒီမိုကရေစီရဲ့အုတ်မြစ်ဖြစ်တဲ့အတွက် ကာကွယ်ရမယ်လို့လည်း သူတို့က အလေးထားတောင်းဆိုနေကြပါတယ်လို့လည်း သူက ပြောဆိုလိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG