သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တက္ၾကြလႈပ္ရွားသူေတြရဲ့ မိသားစု၀င္ေတြကို ဓါးစာခံလုပ္ဖမ္းဆီးေနဟု HRW ထုတ္ျပန္


ရန္ကုန္က ဆႏၵျပသူေတြကို ညအခ်ိန္ ဖမ္းဆီးရာမွာ အသံုးျပဳတဲ့ စစ္ကားတစီး (ဓာတ္ပံု- STR / AFP) March 6, 2021

(Zawgyi/Unicode)

ျမန္မာ တက္ၾကြလႈပ္ရွားသူေတြ၊ ဆႏၵျပသူေတြနဲ႔ အတုိက္အခံေတြကို အျပစ္ေပးတဲ့အေနနဲ႔ သူတို႔မိသားစု၀င္ေတြနဲ႔ မိတ္ေဆြသူငယ္ခ်င္းေတြကိုပါ စစ္ေကာင္စီကက တရား လက္လြတ္ဖမ္းဆီးေနတယ္လို႔ လူ႔အခြင့္အေရးေလ့လာေစာင့္ၾကည့္ေရးအဖြဲ႔ HRW ရဲ ႔ ဂၽြန္လ ၁၄ ရက္ေန႔ထုတ္ေၾကျငာခ်က္မွာေဖာ္ျပပါတယ္။

အျပည္ျပည္ဆုိ္င္ရာ လူ႔အခြင့္အေရးေတြခ်ိဳးေဖာက္ေနတဲ့ ဒီလုပ္ရပ္ေတြကို ရပ္တန္႔ၿပီး ဖမ္းဆီးထားသူအားလံုးကို ျခြင္းခ်က္မရွိခ်က္ခ်င္းျပန္လႊတ္ေပးဖို႔လည္း HRW ကေတာင္းဆိုထားပါတယ္။ ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္း AAPP ရဲ ႔စာရင္းအရ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ေနာက္ပိုင္း စစ္ေကာင္စီက အိမ္ေတြထဲထိ ၀င္ေရာက္ စီးနင္းဖမ္းဆီးေနတာမွာ ဓားစာခံအျဖစ္ မတရား အဖမ္းခံရသူ ၇၆ ေယာက္ထက္မနည္းရွိေနၿပီး ဒီထဲမွာ အသက္ ၂ ႏွစ္နဲ႔ ၄ ႏွစ္အရြယ္ လူမမယ္ကေလးငယ္ေတြေတာင္ပါ၀င္တယ္လို႔လည္း ေၾကျငာခ်က္မွာ ေျပာထားပါတယ္။ လက္ရွိခိ်န္ထိဖမ္းခံထားရသူ ၄၈ ဦးထဲမွာတခ်ိဳ႔လူေတြကို ၃ လေက်ာ္ထိ ဖမ္းခံထားရသူေတြလည္းွရိတယ္လို႔ေျပာပါတယ္။

မိသားစုနဲ႔မိတ္ေဆြသူငယ္ခ်င္းေတြကို ဓားစာခံအျဖစ္ဖမ္းဆီးေနတာဟာ ျမန္မာစစ္တပ္ရဲ ႔ အရမ္းကားဆုံးနည္းလမ္း ျဖစ္တယ္လို႔္လည္း HRW ရဲ ႔ အာရွေဒသဆုိင္ရာ ဒုတိယအႀကီးအကဲ Phil Robertson က ေၾကျငာခ်က္မွာ ေျပာထားပါတယ္။ စစ္ေကာင္စီက သူတို႔ဖမ္းခ်င္တဲ့လူကိုမေတြ႔ရင္ သူတို႔ကိုယ္စား မိဘ၊ သားသမီး၊ ေဆြမ်ိဳး နဲ႔မိတ္ေဆြသူငယ္ခ်င္းေတြကို ဖမ္းဆီးေနတဲ့ ေန႔စြဲနဲ႔နာမည္တခိ်ဳ ႔ကိုပါ HRW ရဲ ႔ေၾကျငာခ်က္မွာ ေဖာ္ျပထားပါတယ္။

CDM လႈပ္ရွားမႈမွာပါ၀င္တဲ့ သူေတြထိတ္လန္႔သြားေအာင္ စစ္ေကာင္စီက ခုလိုလုပ္ကိုင္ေနတာျဖစ္တယ္လို႔လည္း HRW က ေျပာထားပါတယ္။ ဒီလုပ္ရပ္ဟာ လူတဦးရဲ ႔လြတ္လပ္မႈနဲ႔လုံၿခဳံမႈအျပင္ မ ွ်တတဲ့တရားစီရင္မႈရေရး ဆိုတဲ့ႏုိင္ငံတကာလူ႔ အခြင့္အေရးကို ခ်ိဳးေဖာက္လိုက္ တာျဖစ္တယ္လို႔လည္း HRW ကေထာက္ျပထားပါတယ္။ ဒီလိုၾကမ္းတမ္းရက္စက္တဲ့ ျမန္မာစစ္တပ္ကို ပစ္မွတ္ထားအေရးယူတာ၊ လက္နက္ေရာင္းခ်တာေတြမလုပ္ဖို႔ HRW ကႏုိင္ငံတကာကို ေၾကျငာခ်က္မွာ တုိက္တြြန္းထားပါတယ္။

...............................................................................

တတ်ကြွလှုပ်ရှားသူတွေရဲ့ မိသားစုဝင်တွေကို ဓါးစာခံလုပ်ဖမ်းဆီးနေဟု HRW ထုတ်ပြန်

(Unicode)

မြန်မာ တက်ကြွလှုပ်ရှားသူတွေ၊ ဆန္ဒပြသူတွေနဲ့ အတိုက်အခံတွေကို အပြစ်ပေးတဲ့အနေနဲ့ သူတို့မိသားစုဝင်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုပါ စစ်ကောင်စီကက တရား လက်လွတ်ဖမ်းဆီးနေတယ်လို့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ ဂျွန်လ ၁၄ ရက်နေ့ထုတ်ကြေငြာချက်မှာဖော်ပြပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးတွေချိုးဖောက်နေတဲ့ ဒီလုပ်ရပ်တွေကို ရပ်တန့်ပြီး ဖမ်းဆီးထားသူအားလုံးကို ခြွင်းချက်မရှိချက်ချင်းပြန်လွှတ်ပေးဖို့လည်း HRW ကတောင်းဆိုထားပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့စာရင်းအရ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း စစ်ကောင်စီက အိမ်တွေထဲထိ ဝင်ရောက် စီးနင်းဖမ်းဆီးနေတာမှာ ဓားစာခံအဖြစ် မတရား အဖမ်းခံရသူ ၇၆ ယောက်ထက်မနည်းရှိနေပြီး ဒီထဲမှာ အသက် ၂ နှစ်နဲ့ ၄ နှစ်အရွယ် လူမမယ်ကလေးငယ်တွေတောင်ပါဝင်တယ်လို့လည်း ကြေငြာချက်မှာ ပြောထားပါတယ်။ လက်ရှိချိန်ထိဖမ်းခံထားရသူ ၄၈ ဦးထဲမှာတချို့လူတွေကို ၃ လကျော်ထိ ဖမ်းခံထားရသူတွေလည်းှရိတယ်လို့ပြောပါတယ်။

မိသားစုနဲ့မိတ်ဆွေသူငယ်ချင်းတွေကို ဓားစာခံအဖြစ်ဖမ်းဆီးနေတာဟာ မြန်မာစစ်တပ်ရဲ့ အရမ်းကားဆုံးနည်းလမ်း ဖြစ်တယ်လို့်လည်း HRW ရဲ့ အာရှဒေသဆိုင်ရာ ဒုတိယအကြီးအကဲ Phil Robertson က ကြေငြာချက်မှာ ပြောထားပါတယ်။ စစ်ကောင်စီက သူတို့ဖမ်းချင်တဲ့လူကိုမတွေ့ရင် သူတို့ကိုယ်စား မိဘ၊ သားသမီး၊ ဆွေမျိုး နဲ့မိတ်ဆွေသူငယ်ချင်းတွေကို ဖမ်းဆီးနေတဲ့ နေ့စွဲနဲ့နာမည်တချို့ကိုပါ HRW ရဲ့ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

CDM လှုပ်ရှားမှုမှာပါဝင်တဲ့ သူတွေထိတ်လန့်သွားအောင် စစ်ကောင်စီက ခုလိုလုပ်ကိုင်နေတာဖြစ်တယ်လို့လည်း HRW က ပြောထားပါတယ်။ ဒီလုပ်ရပ်ဟာ လူတဦးရဲ့လွတ်လပ်မှုနဲ့လုံခြုံမှုအပြင် မ ျှတတဲ့တရားစီရင်မှုရရေး ဆိုတဲ့နိုင်ငံတကာလူ့ အခွင့်အရေးကို ချိုးဖောက်လိုက် တာဖြစ်တယ်လို့လည်း HRW ကထောက်ပြထားပါတယ်။ ဒီလိုကြမ်းတမ်းရက်စက်တဲ့ မြန်မာစစ်တပ်ကို ပစ်မှတ်ထားအရေးယူတာ၊ လက်နက်ရောင်းချတာတွေမလုပ်ဖို့ HRW ကနိုင်ငံတကာကို ကြေငြာချက်မှာ တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG