သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာပိုင္ေတြရဲ႕ ေသဒဏ္စီရင္ခ်က္ လူ႔အခြင့္အေရးအဖဲြ႔ေတြနဲ႔ ႏုိင္ငံတကာေ၀ဖန္


Phil Robertson, HRW

[ Zawgyi/ Unicode ]

အာဏာသိမ္းထားတဲ့ စစ္တပ္က ရန္ကုန္- ေျမာက္ဥကၠလာမွာ ဖမ္းမိသူ ၁၉ ဦးကို ေသဒဏ္ျပစ္ဒဏ္ ခ်မွတ္လိုက္တာအတြက္ HRW (Human Rights Watch) လူ႔အခြင့္ေရးအဖြဲ႔ႀကီးက ျပစ္တင္ရႈတ္ခ်လုိက္ပါတယ္။

ဒါဟာ ေဖေဖၚဝါရီလ ၁ ရက္ အာဏာသိမ္းၿပီးခ်ိန္ကစၿပီး ေသဒဏ္ျပစ္ဒဏ္ ခ်မွတ္စီရင္မႈကို ပထမဆံုးအႀကိမ္ စစ္တပ္ပိုင္ သတင္းမီဒီယာေတြကေန ေၾကညာခဲ့တာျဖစ္ပါတယ္။ သူတို႔ဟာ ဓါးျမမႈနဲ႔လူသတ္မႈေတြ က်ဴးလြန္ခဲ့တာေၾကာင့္ စစ္ခံုရံုးကေန ေသဒဏ္ျပစ္ဒဏ္ ခ်မွတ္ခဲ့တာျဖစ္ၿပီး သူတို႔ထဲက ၁၇ ဦးကိုေတာ့ မ်က္ကြယ္မွာ စီရင္ခ်က္ခ်ခဲ့တာပါ။

စစ္အာဏာပိုင္ေတြက စစ္အုပ္ခ်ဳပ္ေရးဥပေဒ ေၾကညာထားတဲ့ ရန္ကုန္ၿမိဳ႕နယ္ ၆ ခုထဲက တခုျဖစ္တဲ့ ေျမာက္ဥကၠလာပၿမိဳ႕နယ္မွာ သူတို႔ကို ဖမ္းဆီးခဲ့ပါတယ္။

ျမန္မာႏိုင္ငံရဲ့ ျပစ္မႈဆိုင္ရာ ဥပေဒအရ ေသဒဏ္ျပစ္ဒဏ္ စီရင္ခြင့္ရွိေပမယ့္ ႏွစ္ေပါင္း ၃၀ ေက်ာ္ မက်င့္သံုးပဲ ထားရာကေန အခုျပန္သံုးဖို႔ လုပ္လာတာေၾကာင့္ အာဏာသိမ္းထားတဲ့ စစ္တပ္ဟာ ဟိုအရင္ ေသဒဏ္စီရင္တဲ့ ေခတ္ကို ျပန္သြားဖို႔ ျပင္ေနတာ ျဖစ္ၿပီး အခုလုိ စစ္ခံုရံုးမွာ တရားစီရင္တာေၾကာင့္ အယူခံဝင္ခြင့္ မရွိသလို လြတ္လပ္ၿပီးမွ်တတဲ့ တရားစီရင္မႈအတြက္ အာမခံႏိုင္မွာ မဟုတ္ေၾကာင္း Human Rights Watch အဖြဲ႔ရဲ့ အာရွေဒသဆိုင္ရာ ဒုတိယအႀကီးအကဲ Phil Robertson က ေျပာပါတယ္။

ဒါ့အျပင္ စစ္တပ္က အင္အားသံုးအၾကမ္းဖက္ေနတာဟာ လူထုလမ္းမေပၚ ထြက္ ဆႏၵမျပေအာင္နဲ႔ CDM လႈပ္ရွားမႈေတြကို ၿဖိဳခြဲဖို႔ အဓိက လုပ္ေနတာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ေနာ္ေဝ ႏိုင္ငံျခားေရးဝန္ႀကီး Ine Eriksen Soreide ကလည္း ျမန္မာစစ္တပ္အေနနဲ႔ အခုလို ေသဒဏ္စီရင္ခ်က္မခ်ဖို႔ စေနေန႔မွာပဲ အျပင္းအထန္ တိုက္တြန္းလိုက္ၿပီး ဒါဟာ လက္ခံႏိုင္စရာ မရွိသလို အခုျဖစ္ပြါးေနတဲ့ ျမန္မာႏိုင္ငံရဲ့ အေျခေနေတြနဲ႔ပတ္သက္ၿပီး အထူးစိုးရိမ္ေၾကာင္း ေျပာပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္ေနမႈေတြ ရပ္ပစ္ဖို႔နဲ႔ ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ရဲ့ ျမန္မာႏုိင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener ကို ႏိုင္ငံတြင္း လာေရာက္ခြင့္ ေပးဖို႔ပါ ေတာင္္းဆို လိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


[ Unicode ]

စစ်အာဏာပိုင်တွေရဲ့ သေဒဏ်စီရင်ချက် လူ့အခွင့်အရေးအဖွဲ့တွေနဲ့ နိုင်ငံတကာဝေဖန်

အာဏာသိမ်းထားတဲ့ စစ်တပ်က ရန်ကုန်- မြောက်ဥက္ကလာမှာ ဖမ်းမိသူ ၁၉ ဦးကို သေဒဏ်ပြစ်ဒဏ် ချမှတ်လိုက်တာအတွက် HRW (Human Rights Watch) လူ့အခွင့်ရေးအဖွဲ့ကြီးက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဒါဟာ ဖေဖေါ်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးချိန်ကစပြီး သေဒဏ်ပြစ်ဒဏ် ချမှတ်စီရင်မှုကို ပထမဆုံးအကြိမ် စစ်တပ်ပိုင် သတင်းမီဒီယာတွေကနေ ကြေညာခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ ဓါးမြမှုနဲ့လူသတ်မှုတွေ ကျူးလွန်ခဲ့တာကြောင့် စစ်ခုံရုံးကနေ သေဒဏ်ပြစ်ဒဏ် ချမှတ်ခဲ့တာဖြစ်ပြီး သူတို့ထဲက ၁၇ ဦးကိုတော့ မျက်ကွယ်မှာ စီရင်ချက်ချခဲ့တာပါ။

စစ်အာဏာပိုင်တွေက စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာထားတဲ့ ရန်ကုန်မြို့နယ် ၆ ခုထဲက တခုဖြစ်တဲ့ မြောက်ဥက္ကလာပမြို့နယ်မှာ သူတို့ကို ဖမ်းဆီးခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြစ်မှုဆိုင်ရာ ဥပဒေအရ သေဒဏ်ပြစ်ဒဏ် စီရင်ခွင့်ရှိပေမယ့် နှစ်ပေါင်း ၃၀ ကျော် မကျင့်သုံးပဲ ထားရာကနေ အခုပြန်သုံးဖို့ လုပ်လာတာကြောင့် အာဏာသိမ်းထားတဲ့ စစ်တပ်ဟာ ဟိုအရင် သေဒဏ်စီရင်တဲ့ ခေတ်ကို ပြန်သွားဖို့ ပြင်နေတာ ဖြစ်ပြီး အခုလို စစ်ခုံရုံးမှာ တရားစီရင်တာကြောင့် အယူခံဝင်ခွင့် မရှိသလို လွတ်လပ်ပြီးမျှတတဲ့ တရားစီရင်မှုအတွက် အာမခံနိုင်မှာ မဟုတ်ကြောင်း Human Rights Watch အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ဒုတိယအကြီးအကဲ Phil Robertson က ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က အင်အားသုံးအကြမ်းဖက်နေတာဟာ လူထုလမ်းမပေါ် ထွက် ဆန္ဒမပြအောင်နဲ့ CDM လှုပ်ရှားမှုတွေကို ဖြိုခွဲဖို့ အဓိက လုပ်နေတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Ine Eriksen Soreide ကလည်း မြန်မာစစ်တပ်အနေနဲ့ အခုလို သေဒဏ်စီရင်ချက်မချဖို့ စနေနေ့မှာပဲ အပြင်းအထန် တိုက်တွန်းလိုက်ပြီး ဒါဟာ လက်ခံနိုင်စရာ မရှိသလို အခုဖြစ်ပွါးနေတဲ့ မြန်မာနိုင်ငံရဲ့ အခြေနေတွေနဲ့ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း အကြမ်းဖက်နေမှုတွေ ရပ်ပစ်ဖို့နဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကို နိုင်ငံတွင်း လာရောက်ခွင့် ပေးဖို့ပါ တောင်းဆို လိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG