သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘာသာေရး အေဆာက္အဦေတြကို မတိုက္ခိုက္ဖို႔ ျမန္မာခရစ္ယာန္ ဘုန္းေတာ္ႀကီးမ်ား ေတာင္းဆို


ျမန္မာစစ္တပ္ ပစ္ခတ္တဲ့ လက္နက္ႀကီးက်ည္ ထိမွန္ၿပီး ပ်က္စီးခဲ့တဲ့ လြိဳင္ေကာ္ၿမိဳ႕က ဘုရားေက်ာင္းတခု။ (ဓာတ္ပုံ - AFP PHOTO / KANTARAWADDY TIMES)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ အာဏာသိမ္းမႈကို ဆန္႔က်င္ေနသူေတြကို စစ္တပ္က အၾကမ္းဖက္ ႏွိမ္နင္းမႈေတြ အဆံုးသတ္ဖို႔၊ ဘုရားေက်ာင္းေတြကို မတိုက္ခိုက္ဖုိ႔နဲ႔ လူသားခ်င္းစာနာမႈ အကူအညီေပးမႈကို ခြင့္ျပဳဖို႔ ျမန္မာခရစ္ယာန္ ဘုန္းေတာ္ႀကီးေတြက ေၾကညာခ်က္ ထုတ္ျပန္ ေတာင္းဆိုလိုက္ပါတယ္။

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕မွာ ခရစ္ယာန္ဘုရားေက်ာင္းေတြ အတိုက္ခိုက္ခံရတဲ့အတြက္ ေသဆံုးဒဏ္ရာရမႈေတြ ရွိေနတဲ့အျပင္ ေဒသခံ ေထာင္ေပါင္းမ်ားစြာ ေတာေတာင္ေတြထဲ ထြက္ေျပး ပုန္းေရွာင္ေနရတာျဖစ္ၿပီး အခုအခ်ိန္မွာ စားနပ္ရိကၡာျပတ္လပ္မယ့္ အေနအထားနဲ႔ ရင္ဆိုင္ေနရတယ္လို႔လည္း ဇြန္လ ၁၁ ရက္ေန႔က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုုက္ပြဲေတြ၊ ပဋိပကၡေတြ ျဖစ္ပြားခ်ိန္မွာ ခရစ္ယာန္ Church ေက်ာင္းေတြ၊ ေစတီပုထိုး ဘုရားေက်ာင္းကန္ေတြ၊ ေဆး႐ုံေတြနဲ႔ ေက်ာင္းေတြကို မတိုက္ခိုက္ဖို႔ ႏိုင္ငံတကာက သတ္မွတ္ထားတာကို ေလးစားလိုက္နာဖို႔လည္း ပန္ၾကားခဲ့ပါတယ္။

CBCM ျမန္မာ ကက္သလစ္ဘုန္းေတာ္ႀကီးမ်ားအဖြဲ႔ ဥကၠ႒ျဖစ္တဲ့ ရန္ကုန္ ႐ုိမန္ကက္သလစ္ဂိုဏ္းခ်ဳပ္ Cardinal ခ်ားလ္စ္ေမာင္ဘို ဦးေဆာင္တဲ့ ျမန္မာကက္သလစ္ ဘုန္းေတာ္ႀကီးေတြက ျမန္မာႏိုင္ငံမွာ ေရရွည္ၿငိမ္းခ်မ္းေရး ရေအာင္ ဦးတည္ေဆာင္ရြက္ၾကဖုိ႔နဲ႔ ေဒသခံေတြရဲ႕ လူသားဂုဏ္သိကၡာကို ေလးစားဖုိ႔ ျမန္မာျပည္သူအားလံုးနဲ႔တကြ စစ္ေကာင္စီနဲ႔ အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) တို႔ကိုပါ ေတာင္းဆိုလိုက္တာ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံမွာ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းကို ေဖာ္ေဆာင္ႏိုင္ဆဲ ျဖစ္ေၾကာင္းနဲ႔ ျပႆနာေတြကို ၿငိမ္းခ်မ္းစြာ အေျဖရွာေရးကသာ လမ္းေၾကာင္းမွန္ျဖစ္ေၾကာင္းလည္း Cardinal ခ်ားလ္စ္ေမာင္ဘိုက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ဘာသာရေး အဆောက်အဦတွေကို မတိုက်ခိုက်ဖို့ မြန်မာခရစ်ယာန် ဘုန်းတော်ကြီးများ တောင်းဆို

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကို ဆန့်ကျင်နေသူတွေကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းမှုတွေ အဆုံးသတ်ဖို့၊ ဘုရားကျောင်းတွေကို မတိုက်ခိုက်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီပေးမှုကို ခွင့်ပြုဖို့ မြန်မာခရစ်ယာန် ဘုန်းတော်ကြီးတွေက ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ခရစ်ယာန်ဘုရားကျောင်းတွေ အတိုက်ခိုက်ခံရတဲ့အတွက် သေဆုံးဒဏ်ရာရမှုတွေ ရှိနေတဲ့အပြင် ဒေသခံ ထောင်ပေါင်းများစွာ တောတောင်တွေထဲ ထွက်ပြေး ပုန်းရှောင်နေရတာဖြစ်ပြီး အခုအချိန်မှာ စားနပ်ရိက္ခာပြတ်လပ်မယ့် အနေအထားနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဇွန်လ ၁၁ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေ၊ ပဋိပက္ခတွေ ဖြစ်ပွားချိန်မှာ ခရစ်ယာန် Church ကျောင်းတွေ၊ စေတီပုထိုး ဘုရားကျောင်းကန်တွေ၊ ဆေးရုံတွေနဲ့ ကျောင်းတွေကို မတိုက်ခိုက်ဖို့ နိုင်ငံတကာက သတ်မှတ်ထားတာကို လေးစားလိုက်နာဖို့လည်း ပန်ကြားခဲ့ပါတယ်။

CBCM မြန်မာ ကက်သလစ်ဘုန်းတော်ကြီးများအဖွဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ရန်ကုန် ရိုမန်ကက်သလစ်ဂိုဏ်းချုပ် Cardinal ချားလ်စ်မောင်ဘို ဦးဆောင်တဲ့ မြန်မာကက်သလစ် ဘုန်းတော်ကြီးတွေက မြန်မာနိုင်ငံမှာ ရေရှည်ငြိမ်းချမ်းရေး ရအောင် ဦးတည်ဆောင်ရွက်ကြဖို့နဲ့ ဒေသခံတွေရဲ့ လူသားဂုဏ်သိက္ခာကို လေးစားဖို့ မြန်မာပြည်သူအားလုံးနဲ့တကွ စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကိုပါ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးလမ်းကြောင်းကို ဖော်ဆောင်နိုင်ဆဲ ဖြစ်ကြောင်းနဲ့ ပြဿနာတွေကို ငြိမ်းချမ်းစွာ အဖြေရှာရေးကသာ လမ်းကြောင်းမှန်ဖြစ်ကြောင်းလည်း Cardinal ချားလ်စ်မောင်ဘိုက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG