သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ကူညီေျဖရွင္းေပးဖုိ႔ G-7 ထိပ္သီးညီလာခံကုိ ေတာင္းဆုိ


ၿဗိတိန္ႏုိင္ငံမွာ ဆႏၵျပေနတဲ့ ျမန္မာ့အေရး လႈပ္ရွားသူမ်ား။ (ဇြန္ ၁၂၊ ၂၀၂၁။ ဓာတ္ပုံ - GMSR)

(Zawgyi / Unicode)

ကမာၻ႔အင္အားႀကီး ၇ ႏုိင္ငံ G-7 အဖဲြ႔ဝင္ႏုိင္ငံေတြက ေခါင္းေဆာင္ေတြ ထိပ္သီးညီလာခံ အဂၤလန္မွာ က်င္းပေနခ်ိန္မွာပဲ ျမန္မာ့အေရး ကူညီေျဖရွင္းေပးဖုိ႔ တက္ႂကြလႈပ္ရွားသူေတြက ေတာင္းဆုိလုိက္ၾကပါတယ္။ ၿဗိတိန္ႏုိင္ငံေရာက္ ျမန္မာ့အေရး လႈပ္ရွားသူေတြသာမက ဥေရာပနဲ႔ အေမရိကတုိက္မွာ ရွိေနသူေတြပါ G-7 အဖဲြ႔ႀကီးက ျမန္မာ့အေရးမွာ တက္တက္ႂကြႂကြ ဦးေဆာင္ေျဖရွင္းဖုိ႔နဲ႔ အမ်ဳိးသားညီညြတ္ေရးအစုိးရ (NUG) ကုိ အသိအမွတ္ျပဳ လက္ခံၾကဖုိ႔ ေတာင္းဆုိလုိက္ၾကတာပါ။ အျပည့္အစုံကုိေတာ့ ဆက္သြယ္ေမးျမန္းထားတဲ့ ကုိဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

ၿဗိတိန္ႏုိင္ငံ Cornwall ၿမိဳ႕မွာ က်င္းပေနတဲ့ G-7 ထိပ္သီးညီလာခံမွာ ႏုိင္ငံတကာေရးရာ ကိစၥေတြကုိ ကုိင္တြယ္ရာမွာ ျမန္မာ့အေရးကုိလည္း ဦးစားေပးဖုိ႔ ႏုိင္ငံတကာေရာက္ ျမန္မာ့အေရး လႈပ္ရွားသူေတြ ေတာင္းဆုိလုိက္ၾကတာပါ။

G-7 ထိပ္သီးအစည္းအေဝးပဲြလုပ္ရာ Cornwall ၿမိဳ႕ ကမ္းေျခနားမွာ ကိုယ္တိုင္သြားေရာက္ ဆႏၵျပ ေတာင္းဆိုခဲ့သူေတြထဲက တဦးျဖစ္တဲ့ ျမန္မာ့အေရးလႈပ္ရွားသူ ေဒါက္တာသက္ကိုကိုကေတာ့ ကမာၻ႔အင္အားႀကီးႏုိင္ငံေတြ ဦးေဆာင္ၿပီး ျမန္မာ့အေရးကုိ ထိထိေရာက္ေရာက္ ေျဖရွင္းေပးဖုိ႔ ေတာင္းဆုိခဲ့ၾကတာလုိ႔ ေျပာပါတယ္။

"က်ေနာ္တို႔ရဲ႕ ျမန္မာ့အေရးကို G-7 လာတက္ေသာ ေခါင္းေဆာင္မ်ား အားလုံးကေနၿပီးေတာ့ အာ႐ုံစိုက္ေအာင္လို႔ က်ေနာ္တုိ႔ ဆႏၵလာျပတာပါ။ နံပါတ္ ၁ က NUG ကို ျမန္မာျပည္ရဲ႕ အစိုးရအျဖစ္ အသိအမွတ္ျပဳ လက္ခံေပးေရးေပါ့။ နံပါတ္ ၂ က ျမန္မာႏိုင္ငံမွာ စစ္အာဏာရွင္စနစ္ ျပဳတ္က်ေရးေပါ့၊ အျမန္ဆုံး ၿပီးဆုံးေအာင္ ကူညီေဆာင္ရြက္ေပးေရးေပါ့ေနာ္၊ နံပါတ္ ၃ ကက်ေတာ့ ျမန္မာစစ္တပ္နဲ႔ သူတို႔ ဆက္ဆံေနတာေတြကို အျမန္ဆုံး ရပ္တန္႔ေပးဖို႔ေပါ့ေနာ္၊ ၿပီးတဲ့အခါ နံပါတ္ ၄ ကေတာ့ ျမန္မာစစ္တပ္ကို ပိတ္ဆုိ႔ဒဏ္ခတ္မႈေတြ ပိုလုပ္ဖို႔၊ ပုိၿပီး အေရးယူေဆာင္ရြက္မႈ Action ေတြလုပ္ဖို႔ဆိုၿပီး အဲဒါေတြကို ေတာင္းဆိုပါတယ္။ ေၾကညာခ်က္ေတြပဲ ထုတ္တာက ဘာမွ မထိေရာက္ပါဘူး၊ Action ယူပါဆိုၿပီး က်ေနာ္တို႔ေတြ ေတာင္းဆိုခဲ့ပါတယ္။ ဆႏၵျပပဲြမွာ က်ေနာ္တို႔ လူ ၅၀၀ ေလာက္ ရွိပါတယ္။"

ကမၻာလုံးဆိုင္ရာ ျမန္မာ့ေႏြဦးေတာ္လွန္ေရး အထိမ္းအမွတ္ လႈပ္ရွားမႈအျဖစ္ ဇြန္လ ၁၂-၁၃ ေန႔ေတြမွာ ဥေရာပ၊ အာရွနဲ႔ အေမရိကတုိက္က ႏိုင္ငံေပါင္း ၂၀ ေက်ာ္အတြင္း ဆႏၵျပ ေတာင္းဆိုၾကတဲ့အထဲ အေမရိကန္ျပည္ေထာင္စု ဝါရွင္ဒီစီၿမဳိ႕ ျမန္မာစစ္သံ႐ုံးေရွ႕ ဆႏၵျပပဲြနဲ႔ ပတ္သက္ၿပီး ဦးရင္ေအးက ခုလို ရွင္းျပပါတယ္။

"ဒီေန႔ပြဲကလည္း အဲဒီ G-7 က ႏုိင္ငံ့ေခါင္းေဆာင္ေတြကို အဓိက ဦးတည္ၿပီးေတာ့ က်ေနာ္တို႔ ဆႏၵျပပြဲလုပ္ေနတာ ျဖစ္ပါတယ္။ တကမၻာလုံးမွာလုပ္တာ ျဖစ္ပါတယ္။ အထူးသျဖင့္ေတာ့ G-7 တိုင္းျပည္ေတြမွာ လုပ္တာေပါ့ေနာ္။ စစ္ေကာင္စီက ေခါင္းေဆာင္ေတြကို ပစ္မွတ္ထားၿပီးေတာ့ ထိေရာက္တဲ့ အေရးယူ ပိတ္ဆို႔မႈေတြ၊ ၿပီးေတာ့ UN မွာ တင္ထားတဲ့ ျမန္မာစစ္တပ္ကို ကမၻာလုံးဆုိင္ရာ လက္နက္ေရာင္းခ်မႈ ပိတ္ဆုိ႔ေရးအခ်က္ကို G-7 အေနနဲ႔ ျပန္ၿပီး ျပင္းျပင္းထန္ထန္ ထည့္သြင္းေတာင္းဆိုသြားဖို႔၊ G-7 အေနနဲ႔ ဒီထက္ပိုၿပီး အျပစ္ေပး ေဆာင္ရြက္မႈေတြ လုပ္ဖို႔ကို က်ေနာ္တုိ႔ ေတာင္းဆိုတာ ျဖစ္ပါတယ္။ တခ်ိန္တည္းမွာပဲ ျပည္သူလူထုကို ကုိယ္စားျပဳထားတဲ့ NUG အမ်ဳိးသားညီညြတ္ေရး အစိုးရကိုလည္း G-7 ႏိုင္ငံေတြအေနနဲ႔ အသိအမွတ္ျပဳ ဆက္ဆံၿပီးေတာ့ ကူညီပံ့ပိုးေပးသြားဖို႔ဆိုတဲ့ အခ်က္ေတြက ဒီေန႔ဆႏၵျပပဲြရဲ႕ အဓိက ဦးတည္ခ်က္ပါ။"

အေမရိကန္ျပည္ေထာင္စုအတြင္း ဝါရွင္တန္ဒီစီ၊ နယူးေယာက္၊ ဆန္ဖရန္စစၥကိုနဲ႔ ေဘာ့စတြန္ၿမဳိ႕ေတြမွာ ကမၻာလုံးဆိုင္ရာ လႈပ္ရွားမႈ ဆႏၵျပပဲြကို ဇြန္ ၁၂ ရက္ေန႔မွာ တၿပဳိင္နက္တည္း လုပ္ခဲ့တာပါ။

နယ္သာလန္ႏုိင္ငံမွာ ဆႏၵျပေနတဲ့ ျမန္မာ့အေရး လႈပ္ရွားသူမ်ား။ (ဇြန္ ၁၂၊ ၂၀၂၁။ ဓာတ္ပုံ Screenshot - GMSR)
နယ္သာလန္ႏုိင္ငံမွာ ဆႏၵျပေနတဲ့ ျမန္မာ့အေရး လႈပ္ရွားသူမ်ား။ (ဇြန္ ၁၂၊ ၂၀၂၁။ ဓာတ္ပုံ Screenshot - GMSR)

နယ္သာလန္ႏိုင္ငံ ဒန္းဟတ္ၿမဳိ႕မွာ ျပဳလုပ္တဲ့ ဆႏၵျပေတာင္းဆိုပဲြမွာေတာ့ ကမၻာ့ႏိုင္ငံႀကီးေတြ အေနနဲ႔ ျမန္မာစစ္တပ္ကို လက္နက္ပစၥည္းေတြ မေရာင္းခ်ဖို႔ ေတာင္းဆိုခဲ့တယ္လို႔ မသင္းသင္းေဆြက ေျပာပါတယ္။

"G-7 ကို ဘာတိုက္တြန္းခ်င္သလဲ ဆိုေတာ့ ဒီအာဏာ႐ူး စစ္တပ္ကို လက္နက္ေတြ မေရာင္းဖို႔ က်မတို႔အေနနဲ႔ တိုက္တြန္းခ်င္တယ္။ NUG / CRPH ကို အသိအမွတ္ ျပဳေပးေစခ်င္တယ္။ အဲဒီဟာက က်မတို႔အတြက္ အဓိကပါပဲ။"

အလားတူ ကေနဒါႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားေတြကလည္း G-7 ထိပ္သီးေခါင္းေဆာင္ေတြကို ေတာင္းဆိုခဲ့ၾကပါတယ္။ ကိုတင္မသီေဇာ္ေဇာ္ ေျပာတာက-

"G-7 မွာ က်ေနာ္တို႔ ကေနဒါက အဓိကအားျဖင့္ေပါ့ေနာ္၊ အျခားႏိုင္ငံေတြနဲ႔ တဲြၿပီး ျမန္မာ့အေရးမွာ ပိုမိုတက္ႂကြစြာ လႈပ္ရွားဖို႔ဆိုၿပီး က်ေနာ္တို႔ ေတာင္းဆိုထားပါတယ္။ စစ္ေကာင္စီနဲ႔ ပတ္သက္တဲ့ သူတို႔အသိုင္းအဝုိင္းေတြ မိသားစုဝင္ေတြက အစေပါ့ေနာ္ ဗီဇာသက္တမ္း တိုးမေပးတာေတြ၊ ပိတ္တာေတြ ဒါေတြလုပ္သင့္တယ္။ ေနာက္တခ်က္က ကေနဒါအစုိးရ၊ အျခားႏိုင္ငံႀကီးမွာရွိတဲ့ အစိုးရေတြက သူတို႔ သက္ဆုိင္ရာႏိုင္ငံေတြမွာ ရွိေနတဲ့ ျမန္မာသံ႐ုံးက သံအမတ္ေတြကို ေခၚၿပီးေတာ့ ဖိအားေပး ေျပာဆုိဖို႔ က်ေနာ္တို႔ ေတာင္းဆိုပါတယ္။"

အာရွမွာဆုိရင္ ေတာင္ကုိရီးယားနဲ႔ ဂ်ပန္ႏို္င္ငံေတြမွာလည္း စေနေန႔က ကမၻာလုံးဆိုင္ရာ ျမန္မာ့ေႏြဦးေတာ္လွန္ေရး အထိမ္းအမွတ္ လႈပ္ရွားမႈ လုပ္ခဲ့ၾကပါတယ္။

ေရွ႕တပတ္ ဇြန္လ ၁၉ ရက္ေန႔ဟာ ျမန္မာ့ဒီမုိကေရစီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေမြးေန႔ျဖစ္တာမို႔ တကမၻာလုံး အတုိင္းအတာနဲ႔ လႈပ္ရွားမႈေတြ လုပ္ၾကမယ္လို႔ ျမန္မာ့အေရး ေဆာင္ရြက္သူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

မြန်မာ့အရေး ကူညီဖြေရှင်းပေးဖို့ G-7 ထိပ်သီးညီလာခံကို တောင်းဆို

ကမ္ဘာ့အင်အားကြီး ၇ နိုင်ငံ G-7 အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေ ထိပ်သီးညီလာခံ အင်္ဂလန်မှာ ကျင်းပနေချိန်မှာပဲ မြန်မာ့အရေး ကူညီဖြေရှင်းပေးဖို့ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုလိုက်ကြပါတယ်။ ဗြိတိန်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူတွေသာမက ဥရောပနဲ့ အမေရိကတိုက်မှာ ရှိနေသူတွေပါ G-7 အဖွဲ့ကြီးက မြန်မာ့အရေးမှာ တက်တက်ကြွကြွ ဦးဆောင်ဖြေရှင်းဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိအမှတ်ပြု လက်ခံကြဖို့ တောင်းဆိုလိုက်ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ဗြိတိန်နိုင်ငံ Cornwall မြို့မှာ ကျင်းပနေတဲ့ G-7 ထိပ်သီးညီလာခံမှာ နိုင်ငံတကာရေးရာ ကိစ္စတွေကို ကိုင်တွယ်ရာမှာ မြန်မာ့အရေးကိုလည်း ဦးစားပေးဖို့ နိုင်ငံတကာရောက် မြန်မာ့အရေး လှုပ်ရှားသူတွေ တောင်းဆိုလိုက်ကြတာပါ။

G-7 ထိပ်သီးအစည်းအဝေးပွဲလုပ်ရာ Cornwall မြို့ ကမ်းခြေနားမှာ ကိုယ်တိုင်သွားရောက် ဆန္ဒပြ တောင်းဆိုခဲ့သူတွေထဲက တဦးဖြစ်တဲ့ မြန်မာ့အရေးလှုပ်ရှားသူ ဒေါက်တာသက်ကိုကိုကတော့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ ဦးဆောင်ပြီး မြန်မာ့အရေးကို ထိထိရောက်ရောက် ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြတာလို့ ပြောပါတယ်။

"ကျနော်တို့ရဲ့ မြန်မာ့အရေးကို G-7 လာတက်သော ခေါင်းဆောင်များ အားလုံးကနေပြီးတော့ အာရုံစိုက်အောင်လို့ ကျနော်တို့ ဆန္ဒလာပြတာပါ။ နံပါတ် ၁ က NUG ကို မြန်မာပြည်ရဲ့ အစိုးရအဖြစ် အသိအမှတ်ပြု လက်ခံပေးရေးပေါ့။ နံပါတ် ၂ က မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးပေါ့၊ အမြန်ဆုံး ပြီးဆုံးအောင် ကူညီဆောင်ရွက်ပေးရေးပေါ့နော်၊ နံပါတ် ၃ ကကျတော့ မြန်မာစစ်တပ်နဲ့ သူတို့ ဆက်ဆံနေတာတွေကို အမြန်ဆုံး ရပ်တန့်ပေးဖို့ပေါ့နော်၊ ပြီးတဲ့အခါ နံပါတ် ၄ ကတော့ မြန်မာစစ်တပ်ကို ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပိုလုပ်ဖို့၊ ပိုပြီး အရေးယူဆောင်ရွက်မှု Action တွေလုပ်ဖို့ဆိုပြီး အဲဒါတွေကို တောင်းဆိုပါတယ်။ ကြေညာချက်တွေပဲ ထုတ်တာက ဘာမှ မထိရောက်ပါဘူး၊ Action ယူပါဆိုပြီး ကျနော်တို့တွေ တောင်းဆိုခဲ့ပါတယ်။ ဆန္ဒပြပွဲမှာ ကျနော်တို့ လူ ၅၀၀ လောက် ရှိပါတယ်။"

ဝါရွင္တန္ဒီစီမွာ ဆႏၵျပေနတဲ့ ျမန္မာ့အေရး လႈပ္ရွားသူမ်ား။ (ဇြန္ ၁၂၊ ၂၀၂၁။ ဓာတ္ပုံ Screenshot - GMSR)
ဝါရွင္တန္ဒီစီမွာ ဆႏၵျပေနတဲ့ ျမန္မာ့အေရး လႈပ္ရွားသူမ်ား။ (ဇြန္ ၁၂၊ ၂၀၂၁။ ဓာတ္ပုံ Screenshot - GMSR)

ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် ဇွန်လ ၁၂-၁၃ နေ့တွေမှာ ဥရောပ၊ အာရှနဲ့ အမေရိကတိုက်က နိုင်ငံပေါင်း ၂၀ ကျော်အတွင်း ဆန္ဒပြ တောင်းဆိုကြတဲ့အထဲ အမေရိကန်ပြည်ထောင်စု ဝါရှင်ဒီစီမြို့ မြန်မာစစ်သံရုံးရှေ့ ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဦးရင်အေးက ခုလို ရှင်းပြပါတယ်။

"ဒီနေ့ပွဲကလည်း အဲဒီ G-7 က နိုင်ငံ့ခေါင်းဆောင်တွေကို အဓိက ဦးတည်ပြီးတော့ ကျနော်တို့ ဆန္ဒပြပွဲလုပ်နေတာ ဖြစ်ပါတယ်။ တကမ္ဘာလုံးမှာလုပ်တာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ G-7 တိုင်းပြည်တွေမှာ လုပ်တာပေါ့နော်။ စစ်ကောင်စီက ခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီးတော့ ထိရောက်တဲ့ အရေးယူ ပိတ်ဆို့မှုတွေ၊ ပြီးတော့ UN မှာ တင်ထားတဲ့ မြန်မာစစ်တပ်ကို ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ဆို့ရေးအချက်ကို G-7 အနေနဲ့ ပြန်ပြီး ပြင်းပြင်းထန်ထန် ထည့်သွင်းတောင်းဆိုသွားဖို့၊ G-7 အနေနဲ့ ဒီထက်ပိုပြီး အပြစ်ပေး ဆောင်ရွက်မှုတွေ လုပ်ဖို့ကို ကျနော်တို့ တောင်းဆိုတာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ပြည်သူလူထုကို ကိုယ်စားပြုထားတဲ့ NUG အမျိုးသားညီညွတ်ရေး အစိုးရကိုလည်း G-7 နိုင်ငံတွေအနေနဲ့ အသိအမှတ်ပြု ဆက်ဆံပြီးတော့ ကူညီပံ့ပိုးပေးသွားဖို့ဆိုတဲ့ အချက်တွေက ဒီနေ့ဆန္ဒပြပွဲရဲ့ အဓိက ဦးတည်ချက်ပါ။"

အမေရိကန်ပြည်ထောင်စုအတွင်း ဝါရှင်တန်ဒီစီ၊ နယူးယောက်၊ ဆန်ဖရန်စစ္စကိုနဲ့ ဘော့စတွန်မြို့တွေမှာ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု ဆန္ဒပြပွဲကို ဇွန် ၁၂ ရက်နေ့မှာ တပြိုင်နက်တည်း လုပ်ခဲ့တာပါ။

နယ်သာလန်နိုင်ငံ ဒန်းဟတ်မြို့မှာ ပြုလုပ်တဲ့ ဆန္ဒပြတောင်းဆိုပွဲမှာတော့ ကမ္ဘာ့နိုင်ငံကြီးတွေ အနေနဲ့ မြန်မာစစ်တပ်ကို လက်နက်ပစ္စည်းတွေ မရောင်းချဖို့ တောင်းဆိုခဲ့တယ်လို့ မသင်းသင်းဆွေက ပြောပါတယ်။

"G-7 ကို ဘာတိုက်တွန်းချင်သလဲ ဆိုတော့ ဒီအာဏာရူး စစ်တပ်ကို လက်နက်တွေ မရောင်းဖို့ ကျမတို့အနေနဲ့ တိုက်တွန်းချင်တယ်။ NUG / CRPH ကို အသိအမှတ် ပြုပေးစေချင်တယ်။ အဲဒီဟာက ကျမတို့အတွက် အဓိကပါပဲ။"

အလားတူ ကနေဒါနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကလည်း G-7 ထိပ်သီးခေါင်းဆောင်တွေကို တောင်းဆိုခဲ့ကြပါတယ်။ ကိုတင်မသီဇော်ဇော် ပြောတာက-

"G-7 မှာ ကျနော်တို့ ကနေဒါက အဓိကအားဖြင့်ပေါ့နော်၊ အခြားနိုင်ငံတွေနဲ့ တွဲပြီး မြန်မာ့အရေးမှာ ပိုမိုတက်ကြွစွာ လှုပ်ရှားဖို့ဆိုပြီး ကျနော်တို့ တောင်းဆိုထားပါတယ်။ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ သူတို့အသိုင်းအဝိုင်းတွေ မိသားစုဝင်တွေက အစပေါ့နော် ဗီဇာသက်တမ်း တိုးမပေးတာတွေ၊ ပိတ်တာတွေ ဒါတွေလုပ်သင့်တယ်။ နောက်တချက်က ကနေဒါအစိုးရ၊ အခြားနိုင်ငံကြီးမှာရှိတဲ့ အစိုးရတွေက သူတို့ သက်ဆိုင်ရာနိုင်ငံတွေမှာ ရှိနေတဲ့ မြန်မာသံရုံးက သံအမတ်တွေကို ခေါ်ပြီးတော့ ဖိအားပေး ပြောဆိုဖို့ ကျနော်တို့ တောင်းဆိုပါတယ်။"

အာရှမှာဆိုရင် တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေမှာလည်း စနေနေ့က ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး အထိမ်းအမှတ် လှုပ်ရှားမှု လုပ်ခဲ့ကြပါတယ်။

ရှေ့တပတ် ဇွန်လ ၁၉ ရက်နေ့ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်တာမို့ တကမ္ဘာလုံး အတိုင်းအတာနဲ့ လှုပ်ရှားမှုတွေ လုပ်ကြမယ်လို့ မြန်မာ့အရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG