သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ကောင်စီအပေါ် တညီတညွတ်တည်း ဖိအားပေးဖို့ အမေရိကန် ထပ်မံတိုက်တွန်း


မှတ်တမ်းဓါတ်ပုံ မတ်လ ၂၇ ရက်နေ့က ကျင်းပတဲ့ တပ်မတော်နေ့တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိုင်ကို တွေ့ရစဉ်
မှတ်တမ်းဓါတ်ပုံ မတ်လ ၂၇ ရက်နေ့က ကျင်းပတဲ့ တပ်မတော်နေ့တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိုင်ကို တွေ့ရစဉ်

(Zawgyi/Unicode)
မြန်မာစစ်ကောင်စီရဲ့ လုပ်ရပ်တွေကို နိုင်ငံတကာ အသိုင်းအဝန်းက တညီတညွတ်တည်း ဆန့်ကျင်ကြောင်း ပြသကြဖို့ အမေရိကန်က ထပ်မံတိုက်တွန်းလိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ တရားဥပေးစိုးမိုးရေးကို လေးစားမှု မရှိသလို မြန်မာပြည်သူတွေရဲ့ ဆန္ဒကိုလည်း လေးစားမှု မရှိတာ အတွက် အမေရိကန်ဘက်က အဓိက စိုးရိမ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ဒုတိယပြောခွင့်ရ Jalina Porter က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာစစ်တပ်ဟာ ဒါဇင်နဲ့ချီတဲ့ ကလေးငယ် တွေအပါအဝင် လူပေါင်းရာနဲ့ချီ သတ်ဖြတ်တာနဲ့ ထောင်ပေါင်းများစွာကို တရားလက်လွတ်ဖမ်းဆီးနေတာ လိုမျိုး တရားဥပဒေကို လေးစားလိုက်နာမှု သိပ်မရှိကြောင်း ပြသနေတယ်လို့ ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနက မြန်မာအရေး ကိုင်တွယ်ဆောင်ရွက်မယ့် သီးသန့်ကိုယ်စားလှယ် ခန့်အပ်ထားတာ မရှိပေမယ့် မြန်မာနိုင်ငံမှာ လက်ရှိကြုံနေရတဲ့ အခြေနေနဲ့ ပတ်သက်ပြီး အမေရိကန်ဘက်က အထူးစိုးရိမ်နေဆဲဖြစ်ကြောင်း လည်း ပြောပါတယ်။

အမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေကို ဆက်လက် အားပေးသွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေ ခံစားနေရတာကို သိရှိဖို့နဲ့ မြန်မာစစ်တပ်ရဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို ဆန့်ကျင်ကြောင်း တညီတညွတ်ထည်း ပြသကြဖို့ ကမ္ဘာ့နိုင်ငံအားလုံးကို တိုက်တွန်းနေမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း သောကြာနေ့မှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီး Yang Jiechi နဲ့ ၂ နိုင်ငံအရေးကိစ္စအပြင် မြန်မာ့အရေးကိုပါ တယ်လီဖုန်းနဲ့ ဆက်သွယ် ဆွေးနွေးခဲ့တာပါ။

တိုက်ရိုက် လင့်ခ်


..........


(Unicode)






ဆက်စပ်သတင်းများ ...

XS
SM
MD
LG