သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပုသိမ္နဲ႔ ဖ်ာပံုၿမိဳ႕ေတြမွာ ေပါက္ကြဲမႈေတြရွိခဲ့


လွုိင္သာယာက တရုတ္နိုင္ငံသားပိုင္စက္ရံုမ်ား မီးေလာင္စဥ္ ( မတ္လ-၁၄/၂၀၂၁) (ဓာတ္ပံု- AP)

(Zawgyi/Unicode)
ဧရာ၀တီတိုင္း ပုသိမ္ၿမိဳ႕က တရုတ္ႏိုင္ငံသားပိုင္ စက္ရံုတခုမွာ ဒီေန႔ ဇြန္လ ၁၁ ရက္မွာ အေသးစား ေပါက္ကြဲမႈ ျဖစ္ခဲ့ပါတယ္။ ဖ်ာပံုၿမိဳ႕မွာလည္း စစ္ေကာင္စီ အရာရွိရိပ္သာအနီး ေပါက္ကြဲမႈျဖစ္ခဲ့ပါတယ္။ က်ဳံေပ်ာ္ၿမိဳ႕နားမွာ ပစ္ခတ္တိုက္ခိုက္မႈေတြ ျဖစ္ခဲ့ၿပီးေနာက္ လက္နက္ေတြ႐ွိရင္ ဇြန္လ ၁၀ ရက္ေနာက္ဆံုးထား အပ္ၾကဖုိ႔ ဧရာဝတီတိုင္းထဲက ၿမိဳ႕ေတြမွာ အာဏာပိုင္ေတြက တိုက္တြန္းခဲ့ပါတယ္။ အဲဒီရက္လြန္ၿပီး ေနာက္တရက္မွာ ခုလိုေပါက္ကဲြမႈေတြ ျဖစ္ခ့ဲတ့ဲအေၾကာင္း ရန္ကုန္က လာတဲ့ သတင္းကို ကိုေက်ာ္ေက်ာ္သိန္းကေျပာျပပါမယ္။

ပုသိမ္ၿမိဳ႕ စက္မႈဇုန္မွာရွိတဲ့ တရုတ္ႏိုင္ငံသားပိုင္ ဟြာပိုတိုင္း အထည္ခ်ဳပ္စက္ရံုမွာ ဒီကေန႔ ဇြန္ ၁၁ ရက္ မနက္ပိုင္းက ဗံုးေပါက္ကြဲမႈျဖစ္ပြားခဲ့တာပါ။ ေပါက္ကြဲမႈျဖစ္ၿပီးေနာက္ပိုင္း ပုသိမ္ၿမိဳ႔ေပၚမွာ စစ္ေကာင္စီတပ္ေတြ လံုၿခံဳေရးတင္းၾကပ္စြာ ခ်ထားၿပီး စစ္ေဆးေနတယ္လို႔ ပုသိမ္ ေဒသခံတဦးက အခုလိုေျပာပါတယ္။
“မနက္က ၈ နာရီေလာက္မွာ တရုတ္ပိုင္တဲ့ အထည္ခ်ဳပ္စက္ရံုတခုေပါ့ေနာ္။ ဗံုးေပါက္ကြဲတယ္ဆိုၿပီး သိရတယ္။ သူက ပုသိမ္ရဲ႕ၿမိဳ႕အစြန္မွာရွိတာ ဆီဆံုတို႔ စက္မႈဇုန္တို႔က ပုသိမ္ရဲ႕ၿမိဳ႕အ၀င္မွာ ရွိတဲ့အတြက္ လူေန ေနရာနဲ႔ေတာ့ ေတာ္ေတာ္ေ၀းပါတယ္။ ေဖာက္ခြဲမႈျဖစ္စဥ္ သိသိခ်င္းမွာပဲ လံုၿခံဳေရးတပ္ေတြ အဖြဲ႕ေတြ ေရာက္လာၿပီးေတာ့ အလုပ္သမားေတြ စက္ရံု အလုပ္ရံုေတြကို တံခါးပိတ္ၿပီးစစ္တယ္ေျပာတယ္။ ပုသိမ္ၿမိဳ႕ရဲ႕ အခ်က္အျခာက်တဲ့ လမ္းဆံုလမ္းဂြေတြမွာ ရဲရယ္ စစ္တပ္ရယ္ အင္အားေတာ္ေတာ္မ်ားမ်ား ပိတ္ဆို႔ၿပီးမွ ဆိုင္ကယ္ ပံုးေတြ လွန္ရွာတာေတြ လုပ္တယ္ခင္ဗ်။”

ေမလတုန္းကလည္း ရန္ကုန္တုိင္း လိႈင္သာယာၿမိဳ႕နယ္မွာရွိတဲ့ တရုတ္စက္ရံု ၂ ရံု မီး႐ႈိ႕ ဖ်က္စီးခံခဲ့ရပါတယ္။ အဲဒီေနာက္မွာပဲ စစ္ေကာင္စီက လိႈင္သာယာၿမိဳ႕နယ္မွာ မာရွယ္ေလာ စစ္အုပ္ခ်ဳပ္ေရး ေၾကျငာခဲ့ၿပီး ဆႏၵျပမႈေတြကို အင္အားသံုး ႏွိမ္ႏွင္းခဲ့လို႔ လူအမ်ားအျပား ေသဆံုး၊ ဖမ္းဆီးခံခဲ့ရပါတယ္။
ဧရာဝတီတုိင္းထဲက ဖ်ာပံုၿမိဳ႕မွာလည္း စစ္တပ္ အရာရွိရိပ္သာဝန္း အနီးမွာ ဒီေန႔မနက္ အေသးစားေပါက္ကြဲမႈျဖစ္ပြားခဲ့ပါတယ္။ ဒီအျဖစ္အပ်က္နဲ႔ပတ္သက္လို႔ ဖ်ာပံု ေဒသခံတဦးက ခုလိုေျပာပါတယ္။

“မနက္က ဖ်ာပံုၿမိဳ႕ ကြ်န္ေတာ္တို႔ ေရႊရတု အရာရွိဧည့္ရိပ္သာ ပန္းၿခံေပါ့ ေရႊရတု ဧည့္ရိပ္သာ အနီးမွာ ေပါက္ကြဲ တာေပါ့။ ထိခိုက္ဒဏ္ရာ ရတာေတာ့မရွိဘူး။ ၁၁ နာရီ ၂၀ အဲ့ေလာက္၀န္းက်င္မွာ ေပါက္တာ။ အဲ့ေနရာက အရာရွိ ဧည့္ရိပ္သာ ျဖစ္တဲ့အတြက္ အစိုးရပိုင္းက လာတဲ့အရာရွိေတြ ေတာ္ေတာ္မ်ားမ်ား အဲ့မွာပဲ တည္းၾကတာ။ ေနာက္ၿပီးေတာ့ တရားရံုးနဲ႔လည္း မ်က္ႏွာခ်င္းဆိုင္ ရဲစခန္းနဲ႔ဆိုရင္လည္း နီးနီးေလး ရဲစခန္းနဲ႔ဆို ကိုက္ ၆၀ ၈၀ အဲ့၀န္းက်င္ေလာက္ပဲရွိတယ္။ အဲ့ေပါက္ကြဲၿပီးေတာ့ ၁၂ နာရီ ၁ ခ်က္၀န္းက်င္ေလာက္မွာ ၿမိဳ႕ထဲမွာ ဆိုင္ကယ္ေတြ ကားေတြအကုန္လံုး ဆိုင္ကယ္ေတြဆိုလည္း Toolbox ေတြဘာေတြ ဖြင့္ၿပီး စစ္တယ္။ ကားေတြဆိုလည္း ရပ္ခိုင္းၿပီးစစ္တယ္။ ဘာပစၥည္းပါလဲ ဘယ္သြားမွာလည္း ဆိုၿပီး ရဲနဲ႔စစ္သားေပါ့ သူတို႔ အဖြဲ႕ေတြက စစ္တယ္ခင္ဗ်။”

အခုလို ေပါက္ကြဲတာေတြမျဖစ္ခင္ ဇြန္လ ၅ ရက္ေန႔က ဧရာ၀တီတိုင္း က်ံဳေပ်ာ္ၿမိဳ႕မွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံေတြ အျပန္အလွန္ ပစ္ခတ္ တိုက္ခိုက္မႈျဖစ္ခ့ဲၾကပါတယ္။ က်ံဳေပ်ာ္ၿမိဳ႕ရဲ႕သံုးမိုင္အကြာ ေလွဆြဲေက်းရြာမွာ ျဖစ္တဲ့ ပစ္ခတ္မႈအတြင္း ႐ြာသား ၄ ေယာက္ေသဆံုးခဲ့ပါတယ္။
ပစ္ခတ္မႈေတြျဖစ္ၿပီးေနာက္ ဧရာ၀တီတိုင္းထဲက ၿမိဳ႕ႀကီးေတြမွာ ဇြန္ ၁၀ ရက္ ေနာက္ဆံုးထားၿပီး လက္နက္ေတြ အပ္ဖို႔ စစ္ေကာင္စီက ခန္႔အပ္ထားတဲ ့အုပ္ခ်ဳပ္ေရးမွဴးေတြက လိုက္လံေျပာၾကားခဲ့ပါတယ္။

“က်ံဳေပ်ာ္ျဖစ္စဥ္ျဖစ္ၿပီးတဲ့ေနာက္ပိုင္းမွာေပါ့ေနာ္ ၁၀ ရက္ေန႔ကို ေနာက္ဆံုးထားၿပီး ဧရာ၀တီတုိင္းမွာရွိတဲ့ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ ျပည္သူေတြဆီမွာ လက္နက္ရွိရင္ လာ အပ္ဖို႔ ရပ္ကြက္ေတြမွာ ကားေတြနဲ႔ ျဖစ္ျဖစ္ ဆိုက္ကားေတြနဲ႔ ျဖစ္ျဖစ္ လိုက္ေၾကျငာတယ္။ သတင္းအရေတာ့ တစံုတေယာက္မွ သူတို႔ဆီကို အပ္တယ္ မၾကားဘူး။”
ပုသိမ္ေဒသခံတေယာက္ေျပာျပတာပါ။ ပုသိမ္ၿမိဳ႕အပါအဝင္ ဧရာဝတီတိုင္းထဲက ၿမိဳ႕ေတြမွာ လံုၿခံဳေရး အေတာ္ေလး တင္းၾကပ္ေနတယ္လို႔ ေဒသခံေတြက ေျပာျပၾကပါတယ္။

............................................................................

တိုက္႐ိုက္ လင့္ခ္


ပုသိမ်နဲ့ ဖျာပုံမြို့တွေမှာ ပေါက်ကွဲမှုတွေရှိခဲ့

(Unicode)
ဧရာဝတီတိုင်း ပုသိမ်မြို့က တရုတ်နိုင်ငံသားပိုင် စက်ရုံတခုမှာ ဒီနေ့ ဇွန်လ ၁၁ ရက်မှာ အသေးစား ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ ဖျာပုံမြို့မှာလည်း စစ်ကောင်စီ အရာရှိရိပ်သာအနီး ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ကျုံပျော်မြို့နားမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက် လက်နက်တွေရှိရင် ဇွန်လ ၁၀ ရက်နောက်ဆုံးထား အပ်ကြဖို့ ဧရာဝတီတိုင်းထဲက မြို့တွေမှာ အာဏာပိုင်တွေက တိုက်တွန်းခဲ့ပါတယ်။ အဲဒီရက်လွန်ပြီး နောက်တရက်မှာ ခုလိုပေါက်ကွဲမှုတွေ ဖြစ်ခဲ့တဲ့အကြောင်း ရန်ကုန်က လာတဲ့ သတင်းကို ကိုကျော်ကျော်သိန်းကပြောပြပါမယ်။

ပုသိမ်မြို့ စက်မှုဇုန်မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် ဟွာပိုတိုင်း အထည်ချုပ်စက်ရုံမှာ ဒီကနေ့ ဇွန် ၁၁ ရက် မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း ပုသိမ်မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေ လုံခြုံရေးတင်းကြပ်စွာ ချထားပြီး စစ်ဆေးနေတယ်လို့ ပုသိမ် ဒေသခံတဦးက အခုလိုပြောပါတယ်။
“မနက်က ၈ နာရီလောက်မှာ တရုတ်ပိုင်တဲ့ အထည်ချုပ်စက်ရုံတခုပေါ့နော်။ ဗုံးပေါက်ကွဲတယ်ဆိုပြီး သိရတယ်။ သူက ပုသိမ်ရဲ့မြို့အစွန်မှာရှိတာ ဆီဆုံတို့ စက်မှုဇုန်တို့က ပုသိမ်ရဲ့မြို့အဝင်မှာ ရှိတဲ့အတွက် လူနေ နေရာနဲ့တော့ တော်တော်ဝေးပါတယ်။ ဖောက်ခွဲမှုဖြစ်စဉ် သိသိချင်းမှာပဲ လုံခြုံရေးတပ်တွေ အဖွဲ့တွေ ရောက်လာပြီးတော့ အလုပ်သမားတွေ စက်ရုံ အလုပ်ရုံတွေကို တံခါးပိတ်ပြီးစစ်တယ်ပြောတယ်။ ပုသိမ်မြို့ရဲ့ အချက်အခြာကျတဲ့ လမ်းဆုံလမ်းဂွတွေမှာ ရဲရယ် စစ်တပ်ရယ် အင်အားတော်တော်များများ ပိတ်ဆို့ပြီးမှ ဆိုင်ကယ် ပုံးတွေ လှန်ရှာတာတွေ လုပ်တယ်ခင်ဗျ။”

မေလတုန်းကလည်း ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာရှိတဲ့ တရုတ်စက်ရုံ ၂ ရုံ မီးရှို့ ဖျက်စီးခံခဲ့ရပါတယ်။ အဲဒီနောက်မှာပဲ စစ်ကောင်စီက လှိုင်သာယာမြို့နယ်မှာ မာရှယ်လော စစ်အုပ်ချုပ်ရေး ကြေငြာခဲ့ပြီး ဆန္ဒပြမှုတွေကို အင်အားသုံး နှိမ်နှင်းခဲ့လို့ လူအများအပြား သေဆုံး၊ ဖမ်းဆီးခံခဲ့ရပါတယ်။
ဧရာဝတီတိုင်းထဲက ဖျာပုံမြို့မှာလည်း စစ်တပ် အရာရှိရိပ်သာဝန်း အနီးမှာ ဒီနေ့မနက် အသေးစားပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ ဖျာပုံ ဒေသခံတဦးက ခုလိုပြောပါတယ်။

“မနက်က ဖျာပုံမြို့ ကျွန်တော်တို့ ရွှေရတု အရာရှိဧည့်ရိပ်သာ ပန်းခြံပေါ့ ရွှေရတု ဧည့်ရိပ်သာ အနီးမှာ ပေါက်ကွဲ တာပေါ့။ ထိခိုက်ဒဏ်ရာ ရတာတော့မရှိဘူး။ ၁၁ နာရီ ၂၀ အဲ့လောက်ဝန်းကျင်မှာ ပေါက်တာ။ အဲ့နေရာက အရာရှိ ဧည့်ရိပ်သာ ဖြစ်တဲ့အတွက် အစိုးရပိုင်းက လာတဲ့အရာရှိတွေ တော်တော်များများ အဲ့မှာပဲ တည်းကြတာ။ နောက်ပြီးတော့ တရားရုံးနဲ့လည်း မျက်နှာချင်းဆိုင် ရဲစခန်းနဲ့ဆိုရင်လည်း နီးနီးလေး ရဲစခန်းနဲ့ဆို ကိုက် ၆၀ ၈၀ အဲ့ဝန်းကျင်လောက်ပဲရှိတယ်။ အဲ့ပေါက်ကွဲပြီးတော့ ၁၂ နာရီ ၁ ချက်ဝန်းကျင်လောက်မှာ မြို့ထဲမှာ ဆိုင်ကယ်တွေ ကားတွေအကုန်လုံး ဆိုင်ကယ်တွေဆိုလည်း Toolbox တွေဘာတွေ ဖွင့်ပြီး စစ်တယ်။ ကားတွေဆိုလည်း ရပ်ခိုင်းပြီးစစ်တယ်။ ဘာပစ္စည်းပါလဲ ဘယ်သွားမှာလည်း ဆိုပြီး ရဲနဲ့စစ်သားပေါ့ သူတို့ အဖွဲ့တွေက စစ်တယ်ခင်ဗျ။”

အခုလို ပေါက်ကွဲတာတွေမဖြစ်ခင် ဇွန်လ ၅ ရက်နေ့က ဧရာဝတီတိုင်း ကျုံပျော်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုဖြစ်ခဲ့ကြပါတယ်။ ကျုံပျော်မြို့ရဲ့သုံးမိုင်အကွာ လှေဆွဲကျေးရွာမှာ ဖြစ်တဲ့ ပစ်ခတ်မှုအတွင်း ရွာသား ၄ ယောက်သေဆုံးခဲ့ပါတယ်။
ပစ်ခတ်မှုတွေဖြစ်ပြီးနောက် ဧရာဝတီတိုင်းထဲက မြို့ကြီးတွေမှာ ဇွန် ၁၀ ရက် နောက်ဆုံးထားပြီး လက်နက်တွေ အပ်ဖို့ စစ်ကောင်စီက ခန့်အပ်ထားတဲ့အုပ်ချုပ်ရေးမှူးတွေက လိုက်လံပြောကြားခဲ့ပါတယ်။

“ကျုံပျော်ဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာပေါ့နော် ၁၀ ရက်နေ့ကို နောက်ဆုံးထားပြီး ဧရာဝတီတိုင်းမှာရှိတဲ့ မြို့တော်တော်များများမှာ ပြည်သူတွေဆီမှာ လက်နက်ရှိရင် လာ အပ်ဖို့ ရပ်ကွက်တွေမှာ ကားတွေနဲ့ ဖြစ်ဖြစ် ဆိုက်ကားတွေနဲ့ ဖြစ်ဖြစ် လိုက်ကြေငြာတယ်။ သတင်းအရတော့ တစုံတယောက်မှ သူတို့ဆီကို အပ်တယ် မကြားဘူး။”
ပုသိမ်ဒေသခံတယောက်ပြောပြတာပါ။ ပုသိမ်မြို့အပါအဝင် ဧရာဝတီတိုင်းထဲက မြို့တွေမှာ လုံခြုံရေး အတော်လေး တင်းကြပ်နေတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG