သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရႊႀတိဂံကလာတဲ႔ မူးယစ္ေဆးနဲ႔ ဂိုဏ္းဝင္ ၈ ဦး ထိုင္းရဲ ဖမ္းဆီး


စိတ္ၾကြေဆးျပားမ်ားေတြကို ေရခဲမုန္ ့ထည့္တဲ့ အေအးေသတၱာေတြ ထဲ ဖြက္ယူသယ္ေဆာင္လာတဲ့ကားတစ္စီးကို ထိုင္းေတာင္ပုိင္းဆံုခလာျပည္နယ္ ထဲမွာ မူးယစ္နိမ္နင္းတပ္ဖြဲ ့က ဖမ္းမိ ပံု ဇြန္လ ၉ ရက္ ၂၀၂၁ (police)

(Zawgyi/Unicode)

ေရႊၾတိဂံ ေဒသ ထုတ္ မူးယစ္ေဆး၀ါးေတြကို အဓိက ျဖန္ ့ျဖဴးေနတဲ့ မူးယစ္ေမွာင္ခို ဂိုဏ္းႏွစ္ဂိုဏ္းက လူ၈ဦးနဲ႔ ကာလတန္ဖိုးဘတ္ေငြ သန္း ၈၀၀ေက်ာ္ တန္ဖိုးရွိတဲ့မူးယစ္ေဆး၀ါးေတြကိုဖမ္းဆီးနိုင္ခဲ့ေၾကာင္း ထိုင္းရဲတပ္ဖြဲ ့က ဇြန္လ ၁၀ရက္ေန႔ က သတင္းထုတ္ျပန္ခဲ့ပါတယ္။ ဒီသတင္းကိုဗြီအိုေအသတင္းေထာက္မေအးေအးမာက ေျပာျပေပးမွာပါ။

ထိုင္းႏို္င္ငံမွာ ကိုဗစ္ကပ္ေဘးကာလ လံုျခံုေရးတင္းက်ပ္စြာခ်ထားတဲ့ၾကားက ပဲ ေရႊႀတိဂံေဒသကလာတဲ့ မူးယစ္ေဆးေတြဆက္တိုက္၀င္ေရာက္လာေနတာေၾကာင့္ ထုိင္းအစိုးရ မူးယစ္နိမ္နင္း ေရး ရဲတပ္ဖြဲ ့၀င္ေတြက မူးယစ္ေဆး၀ယ္သူအျဖစ္အသြင္ေဆာင္ျပီး ဖမ္းဆီးမူေတြလုပ္ခဲ့တာပါ ဒီရက္ပိုင္းမွာပဲ ထိုင္းေတာင္ပုိင္းမွာ စိတ္ၾကြေဆး ျပား သံုးသန္းငါးသိန္ း အိုက္စ္လို့ေခၚတဲ့မူးယစ္ေဆးကီိလို ၁၃၀ေက်ာ္ အတူ မူးယစ္ေမွာင္ခိုဂိုဏ္း၀င္ေတြကို ဖမ္းဆီးနိုင္ခဲ့တယ္လို့ ဆုန္ခလာ ျပည္နယ္ ရဲမွဴး Phalo Ket Kaew ဖလို ကက္ ကဲ့အိုက ဇြန္လ ၁၀ရက္ေန့မွာအခုလိုေျပာသြားပါတယ္။

"ဒီရက္ပိုင္းအတြင္း ထိုင္းနိုင္ငံ ေတာင္ပုိင္းဆုန္ခလာ ျပည္နယ္နဲ ့ပထုံ ဌာနီ ျပည္နယ္ေတြမွာ မူးယစ္ေမွာင္ခို ဂိုဏ္း၀င္ (၈) ဦးကုိ ဖမ္းမိခဲ့ပါတယ္။ ဖမ္းမိတဲ့မူးယစ္ေဆး၀ါးေတြကကာလတန္ဖိုး ဘတ္ေငြ သန္း ေပါင္း ၈၀၀ေက်ာ္ တန္ဖိုး ရွိ ပါတယ္။ မူးယစ္ေဆး၀ါး ေတြကို ဖမ္းဆီးနိုင္ခဲ့တာဟာ နယ္ေျမရဲတပ္ဖြဲ ့၀င္ေတြက မူးယစ္ကုန္သည္အေယာင္ေဆာင္ျပီး စိတ္ၾကြေဆးအလံုးေရ သံုးေသာင္းကို အရင္၀ယ္ခဲ့ျပီး မူယစ္ေမွာင္ခိုဂိုဏ္းကို ဖမ္းဆီးလိုက္တာျဖစ္ေၾကာင္း" ထိုင္းဘာသာနဲ႔ ေျပာဆုိသြားပါတယ္။

ဖမ္းမိခဲ့တဲ့ သူေတြထဲမွာ ထိုင္းမူးယစ္ႏွိမ္နင္းေရးတပ္ဖဲြ ့က အလိိုရွိေနတဲ့ မူးယစ္တရားခံ ေတြပါ၀င္တယ္လို့လည္းဆိုပါတယ္ သူတို႔ကိုဖမ္းမိျပီးတဲ့ေနာက္ မူးယစ္ေဆး၀ါးေတြသုိေလွာင္ထားရာေနရာေတြကို ဆက္တုိက္ဖမ္းဆီးခဲ့တယ္လို့ဆိုပါတယ္။ မူးယစ္ေမွာင္ခိုဂိုဏ္းဟာ ထိုင္းျမန္မာ-လာအို (၃) ႏိုင္ငံဆံုရာ ေရႊႀတိဂံေဒသကေန ထုိင္း ေျမာက္ပိုင္း ခ်င္းရိုင္ ေဒသကိုျဖတ္ျပီး မူးယစ္ေဆး၀ါးမ်ိဳးစံုကို နိုင္ငံအတြင္းပိုင္း ျပည္နယ္ေတြအထိ သယ္ေဆာင္လာၾကတယ္လို႔ လည္းဆုိပါတယ္။

အဲဒီကေန ထိုင္း ေတာင္းပိုင္း မေလးရွားနယ္စပ္အထိ မွာ ျဖန္ ့ခ်ီခဲ့ရာ စိတ္ၾကြေဆးေတြကို ကားေဘာ္ဒီ ေအာက္ပိုင္းမွာ အံ၀ွက္ေတြ လုပ္ ျပီး တေနရ ာကေန တေနရာကို ပို ့ေဆာင္ေနၾကတာျဖစ္တယ္လို ့ ရဲတပ္ဖဲြ ့က သတင္းထုတ္ျပန္သြားခဲ့ပါတယ္။

ထုိင္း- ျမန္မာနယ္စပ္ ျမန္မာႏိုင္ငံရွမ္းျပည္ တာခ်ီလိပ္ျမိဳ ့ပါဆတ္ရပ္ကြက္မွာ ဘိန္းျဖဴ (၁) တန္နီးပါးအပါအဝင္ မူးယစ္ေဆးဝါးမ်ိဳးစုံ လက္နက္ခဲယမ္းမ်ားကို ဇြန္လ ၈ ရက္ေန့ကပဲ ဖမ္းမိခဲ့ပါတယ္။

ကုိဗစ္ကပ္ေဘးကာလမွာ အသြားအလာေတြ ကန္႔သတ္ထိန္းခ်ဳပ္ထားေပမဲ့ မူးယစ္ေဆး၀ါး ေမွာင္ခုိသူေတြကေတာ့ လမ္းေၾကာင္းသစ္ေတြနဲ႔ တင္သြင္းေနဆဲျဖစ္ေၾကာင္းလည္း ကုလသမဂၢ မူးယစ္ေဆး၀ါးနဲ႔ ရာဇ၀တ္မႈဆုိင္ရာ႐ုံး (UNODC) က ေျပာဆုိထားပါတယ္္။

ေရႊႀတိဂံေဒသမွာ မူးယစ္ေဆးေတြ အမ်ားအျပား ဖမ္းဆီးမိေနတာကုိၾကည့္ရင္ ကမာၻတ၀န္း ကပ္ေရာဂါထိန္းခ်ဳပ္ေရး အာ႐ုံစုိက္ေနခ်ိန္ မူးယစ္ေဆးေမွာင္ခုိဂုိဏ္းေတြက အခြင့္ေကာင္းယူေနတဲ့ လကၡဏာတရပ္ ျဖစ္ေၾကာင္းလည္း UNODC က သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

ရွှေတြိဂံကလာတဲ့ မူးယစ်ဆေးနဲ့ ဂိုဏ်းဝင် ၈ ဦး ထိုင်းရဲဖမ်းဆီး

(Unicode)

ရွှေတြိဂံ ဒေသ ထုတ် မူးယစ်ဆေးဝါးတွေကို အဓိက ဖြန့်ဖြူးနေတဲ့ မူးယစ်မှောင်ခို ဂိုဏ်းနှစ်ဂိုဏ်းက လူ၈ဦးနဲ့ ကာလတန်ဖိုးဘတ်ငွေ သန်း ၈၀၀ကျော် တန်ဖိုးရှိတဲ့မူးယစ်ဆေးဝါးတွေကိုဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဇွန်လ ၁၀ရက်နေ့ က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာက ပြောပြပေးမှာပါ။

ထိုင်းနိုင်ငံမှ ာကိုဗစ်ကပ်ဘေးကာလ လုံခြုံရေးတင်းကျပ်စွာချထားတဲ့ကြားက ပဲ ရွှေတြိဂံဒေသကလာတဲ့ မူးယစ်ဆေးတွေဆက်တိုက်ဝင်ရောက်လာနေတာကြောင့် ထိုင်းအစိုးရ မူးယစ်နိမ်နင်း ရေး ရဲတပ်ဖွဲ့ဝင်တွေက မူးယစ်ဆေးဝယ်သူအဖြစ်အသွင်ဆောင်ပြီး ဖမ်းဆီးမူတွေလုပ်ခဲ့တာပါ ဒီရက်ပိုင်းမှာပဲ ထိုင်းတောင်ပိုင်းမှာ စိတ်ကြွဆေး ပြား သုံးသန်းငါးသိန် း အိုက်စ်လို့ခေါ်တဲ့မူးယစ်ဆေးကီလို ၁၃၀ကျော် အတူ မူးယစ်မှောင်ခိုဂိုဏ်းဝင်တွေကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆုန်ခလာ ပြည်နယ် ရဲမှူး Phalo Ket Kaew ဖလို ကက် ကဲ့အိုက ဇွန်လ ၁၀ရက်နေ့မှာအခုလိုပြောသွားပါတယ်။

"ဒီရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ တောင်ပိုင်းဆုန်ခလာ ပြည်နယ်နဲ့ပထုံ ဌာနီ ပြည်နယ်တွေမှာ မူးယစ်မှောင်ခို ဂိုဏ်းဝင် (၈) ဦးကို ဖမ်းမိခဲ့ပါတယ်။ ဖမ်းမိတဲ့မူးယစ်ဆေးဝါးတွေကကာလတန်ဖိုး ဘတ်ငွေ သန်း ပေါင်း ၈၀၀ကျော် တန်ဖိုး ရှိ ပါတယ်။ မူးယစ်ဆေးဝါး တွေကို ဖမ်းဆီးနိုင်ခဲ့တာဟာ နယ်မြေရဲတပ်ဖွဲ့ဝင်တွေက မူးယစ်ကုန်သည်အယောင်ဆောင်ပြီး စိတ်ကြွဆေးအလုံးရေ သုံးသောင်းကို အရင်ဝယ်ခဲ့ပြီး မူယစ်မှောင်ခိုဂိုဏ်းကို ဖမ်းဆီးလိုက်တာဖြစ်ကြောင်း" ထိုင်းဘာသာနဲ့ ပြောဆိုသွားပါတယ်။

ဖမ်းမိခဲ့တဲ့ သူတွေထဲမှာ ထိုင်းမူးယစ်နှိမ်နင်းရေးတပ်ဖွဲ့က အလိုရှိနေတဲ့ မူးယစ်တရားခံ တွေပါဝင်တယ်လို့လည်းဆိုပါတယ် သူတို့ကိုဖမ်းမိပြီးတဲ့နောက် မူးယစ်ဆေးဝါးတွေသိုလှောင်ထားရာနေရာတွေကို ဆက်တိုက်ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ မူးယစ်မှောင်ခိုဂိုဏ်းဟာ ထိုင်းမြန်မာ-လာအို (၃) နိုင်ငံဆုံရာ ရွှေတြိဂံဒေသကနေ ထိုင်း မြောက်ပိုင်း ချင်းရိုင် ဒေသကိုဖြတ်ပြီး မူးယစ်ဆေးဝါးမျိုးစုံကို နိုင်ငံအတွင်းပိုင်း ပြည်နယ်တွေအထိ သယ်ဆောင်လာကြတယ်လို့ လည်းဆိုပါတယ်။

အဲဒီကနေ ထိုင်း တောင်းပိုင်း မလေးရှားနယ်စပ်အထိ မှာ ဖြန့်ချီခဲ့ရာ စိတ်ကြွဆေးတွေကို ကားဘော်ဒီ အောက်ပိုင်းမှာ အံဝှက်တွေ လုပ် ပြီး တနေရ ာကနေ တနေရာကို ပို့ဆောင်နေကြတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သွားခဲ့ပါတယ်။

ထိုင်း- မြန်မာနယ်စပ် မြန်မာနိုင်ငံရှမ်းပြည် တာချီလိပ်မြို့ပါဆတ်ရပ်ကွက်မှာ ဘိန်းဖြူ (၁) တန်နီးပါးအပါအဝင် မူးယစ်ဆေးဝါးမျိုးစုံ လက်နက်ခဲယမ်းများကို ဇွန်လ ၈ ရက်နေ့ကပဲ ဖမ်းမိခဲ့ပါတယ်။

ကိုဗစ်ကပ်ဘေးကာလမှာ အသွားအလာတွေ ကန့်သတ်ထိန်းချုပ်ထားပေမဲ့ မူးယစ်ဆေးဝါး မှောင်ခိုသူတွေကတော့ လမ်းကြောင်းသစ်တွေနဲ့ တင်သွင်းနေဆဲဖြစ်ကြောင်းလည်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ပြောဆိုထားပါတယ်။

ရွှေတြိဂံဒေသမှာ မူးယစ်ဆေးတွေ အများအပြား ဖမ်းဆီးမိနေတာကိုကြည့်ရင် ကမ္ဘာတဝန်း ကပ်ရောဂါထိန်းချုပ်ရေး အာရုံစိုက်နေချိန် မူးယစ်ဆေးမှောင်ခိုဂိုဏ်းတွေက အခွင့်ကောင်းယူနေတဲ့ လက္ခဏာတရပ် ဖြစ်ကြောင်းလည်း UNODC က သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG