သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံကနေ အိန္ဒိယဘက်ထွက်ပြေးသူ တိုးလာတဲ့အပေါ် ဒေသအာဏာပိုင်တွေစိုးရိမ်နေ


စစ်ဘေးကြောင်း ထွက်ပြေးနေကြတဲ့ ချင်းဒေသခံများ (ဓာတ်ပုံ-Chin World)
စစ်ဘေးကြောင်း ထွက်ပြေးနေကြတဲ့ ချင်းဒေသခံများ (ဓာတ်ပုံ-Chin World)

(Zawgyi/Unicode)
မြန်မာနိုင်ငံက ထောင်ပေါင်းများစွာသော ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ အိန္ဒိယနိုင်ငံဘက်ခြမ်းကို ထွက်ပြေးလာခဲ့ကြတာကြောင့် ဒီလူတွေက အိန္ဒိယနယ်စပ်ဒေသတွေမှာ ခြေကုတ်ယူပြီး လှုပ်ရှားလာမှာနဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာမယ့်အရေး ဒေသခံ အာဏာပိုင်တွေအကြား စိုးရိမ်မှုတွေ ထွက်ပေါ်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံဘက်အခြမ်းက Mizoram ၊ Manipur နဲ့ Nagaland ပြည်နယ်တွေထဲမှာ လတ်တလော မြန်မာနိုင်ငံက ထွက်ပြေးလာသူ ၁၆,၀၀၀ လောက်ရှိတယ်လို့ အဲဒီ ပြည်နယ်တွေက အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ အစိုးရအရာရှိတွေက ခန့်မှန်းထားကြပြီး အဲဒီ အရေအတွက်ဟာ မကြာခင်မှာ ထပ်တိုးလာနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာဘက်က ထွက်ပြေးလာသူ အများအပြား ရောက်ရှိနေတဲ့ မီဇိုးရမ်းပြည်နယ်ဘက်မှာဆိုရင်လည်း နယ်စပ် တယောချောင်းကို ဖြတ်ပြီး ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေနဲ့အတူ ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသူတွေ ပါလာမှာကို အာဏာပိုင်တွေက အနီးကပ် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

သူတို့အနေနဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေကြောင်း၊ မီဇိုးရမ်းပြည်နယ်ကို ခြေကုတ်ယူပြီး စစ်သင်တန်းတက်မယ်၊ ပြည်နယ်ရဲ့အခြေအနေ တည်ငြိမ်မှုပျက်ပြားအောင် လုပ်ခဲ့မယ်ဆိုရင် ဒုက္ခသည်တွေအတွက် အခက်အခဲ ဖြစ်စေနိုင်တယ်လို့ ပြည်နယ်အစိုးရ အကြံပေးတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးထားပါတယ်။ အစောပိုင်းတုန်းက ဒီမိုကရေစီအရေး တိုက်ပွဲဝင်သူတွေ နယ်စပ်ဖြတ်ပြီး မီဇိုးရမ်းပြည်နယ်ထဲကို ဝင်ခဲ့တာရှိပေမယ့် အဲဒီလူတွေ အခုတော့ ပြန်သွားကြပြီလို့ ဆိုပါတယ်။

မေလအစောပိုင်းမှာ မြန်မာနိုင်ငံဘက်က တော်လှန်ရေးအဖွဲ့ဝင် ၅၀ လောက် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုးရမ်းပြည်နယ်ထဲက ကျန်ဖိုင်းခရိုင်အတွင်းမှာ စစ်သင်တန်းတက်တာ ရှိခဲ့ပေမယ့် အိန္ဒိယ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက မေးမြန်း စုံစမ်းမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် သူတို့တွေ မြန်မာပြည်ဘက်ကို ပြန်သွားကြပြီလို့ မီဇိုးရမ်းအစိုးရဘက်က တာဝန်ရှိသူတွေကရော၊ တော်လှန်ရေးအုပ်စုဘက်ကပါ ရိုက်တာသတင်းဌာနကို ပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။

..............................................................................


(Unicode)




XS
SM
MD
LG