သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ဒုကၡသည္စခန္းေတြ ပိတ္သိမ္းႏိုင္မယ့္ အလားအလာ


ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္က ေညာင္ေခ်ာင္းစစ္ေရွာင္စခန္း ျမင္ကြင္း။ (ဓာတ္ပုံ - CJ)

(Zawgyi/Unicode)

ရခိုင္ျပည္၊ ႐ွမ္းျပည္နယ္နဲ႔ ကရင္ျပည္နယ္ေတြထဲမွာ႐ွိတဲ့ ျပည္တြင္းဒုကၡသည္ IDP စခန္းေတြ ပိတ္သိမ္းေရးနဲ႔ ေနရပ္စြန္႔ခြာသူေတြ ျပန္လည္ေနရာခ်ထားေရးအတြက္ ေဆာင္႐ြက္ေနတယ္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္ထားပါတယ္။

ျပည္တြင္းဒုကၡသည္ IDP ၁ သိန္းေက်ာ္႐ွိေနတဲ့ ရခိုင္ျပည္နယ္တြင္းက ယာယီစခန္းေတြမွာ ခိုလႈံေနရသူေတြ ေနရပ္ျပန္ႏိုင္ဖုိ႔ လက္ေတြ႔မွာ အခက္အခဲေတြ႐ွိေနဆဲျဖစ္တယ္လို႔ ရခိုင္ျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ေျပာပါတယ္။ ဘယ္လိုအခက္အခဲေတြလဲဆိုတာ ရခိုင္ကလာတဲ့သတင္းကို ကိုရန္ႏုိင္က ေျပာျပပါမယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ၾကား တိုက္ပြဲေတြ ရပ္ဆုိင္းေနတာ ၇ လနီးပါးရွိေနေပမယ့္ စစ္ေဘးဒုကၡသည္ တသိန္းေက်ာ္ေလာက္ ယာယီခိုလႈံေရးစခန္းေတြမွာ အခုခ်ိန္ထိ ေနရပ္ မျပန္ႏိုင္ၾကေသးပါဘူး။

လုံျခံဳေရးအရ ေနရပ္မျပန္ႏိုင္ေသးတဲ့ စစ္ေဘးဒုကၡသည္ေတြအတြက္ ကူညီေထာက္ပံ့မႈေတြ ဆက္ၿပီး လုပ္ေဆာင္သြားမယ္လို႔ စစ္ေကာင္စီက ေျပာထားပါတယ္။ ေက်ာက္ေတာ္နဲ႔ ေျမာက္ဦးၿမိဳ႕နယ္က ေက်းရြာတခ်ိဳ႕ မွာ စစ္ေဘးဒုကၡသည္ေတြအတြက္ ေနအိမ္ေတြ ေဆာက္ေပးေနတာရွိပါတယ္။

ေလာေလာဆယ္ ျပည္တြင္းဒုကၡသည္ IDP ေတြအတြက္ ရခိုင္ျပည္နယ္မွာ ကူညီေပးေနတာနဲ႔ပတ္သက္လို႔ ရခိုင္ျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႔ဝင္ ရခိုင္ျပည္နယ္ဥပေဒခ်ဳပ္ ဦးလွသိန္းက ဗီြအိုေအကို ခုလိုေျပာပါတယ္။

“ေျမာက္ဦးနားမွာရွိတဲ့ လက္ကာတို႔ ဘာတို႔က အိမ္ေဆာက္တယ္။ ျပန္မယ္။ ေနာက္ၿပီး ေတာ့ ကားလမ္းေဘးေတြမွာ ရွိတဲ့ အမ္းၿမိဳ႕နယ္ထဲက တခ်ို႕ျပန္တယ္။ သူတို႔ျပန္တဲ့အခါ သူတို႔ေတာင္းဆိုခ်က္အရ အိမ္ေထာင္စုတစ္ခုကို ေငြငါးသိန္းစီေထာက္ပံ့တာေတြရွိတယ္ေလ။ အမ္းၿမိဳ႕နယ္မွာ ျပန္တာရွိတယ္။ မင္းျပားၿမိဳ႕နယ္မွာ ျပန္တာရွိတယ္။ ေက်ာက္ေတာ္ၿမိဳ႕နယ္ထဲမွာ အဲလို ျပန္ၾကတာေတြရွိတယ္။ ဒါေပမယ့္ စခန္းဘယ္ေလာက္မွာ ဘယ္ရြာေတြ ျပန္တယ္ဆိုတာေတာ့ အတိအက် က်ေနာ္အကုန္လံုးေတာ့ မေျပာႏိုင္ဘူးခင္ဗ်ာ။”

စစ္ေဘးဒုကၡသည္ေတြအေနနဲ႔ မိမိေနရပ္ကို ျပန္ခ်င္ၾကေပမယ့္လည္း သူတို႔ေနရပ္မွာ ေနအိမ္ေတြ မရွိေတာ့တာ၊ စစ္က်န္လက္နက္ေတြနဲ႔ ေျမျမဳပ္မိုင္းေတြ မရွင္းရေသးတာေၾကာင့္ လံုၿခံဳေရးစိုးရိမ္မႈေတြ ႐ွိေနၾကတယ္လို႔ ရခိုင္ျပည္နယ္ ဥပေဒခ်ဳပ္ ဦးလွသိန္းကေျပာပါတယ္။

"ေနရပ္မျပန္ႏိုင္ေသးတာေတြလည္းရွိ္ပါတယ္။ ခုနားကေမးတဲ့ထဲမွာလည္း ပါသြားတယ္ ေပါ့ ေနာ္။ အဓိကေတာ့ မို္င္းေပါ့ေနာ္။ မိုင္းကို တပ္က ရွင္းလင္းေပးရမယ့္ အပိုင္းေတြ ရွိေသး တာ ေတြရွိတယ္။ စိတ္မခ်ရတဲ့ ေနရာေတြကို တပ္က clear ျဖစ္တယ္လို႔ ေျပာမွ က်ေနာ္တို႔က ျပန္ေနရာခ်ထားမွာျဖစ္ပါတယ္။ အဲလို ေနရာေတြမွာ ရွိေနတဲ့ စစ္ေဘး ေရွာင္ ေတြကို အရင္ပံု မွန္အတိုင္းပဲ ေထာက္ပံ့မွုေတြ ျပဳလုပ္ရမွာ ျဖစ္ပါတယ္။"

သူတုိ႔စြန္႔ခြာခဲ့ၾကရတဲ့ ေနရပ္ေဒသေတြမွာ လံုၿခံဳေရး အာမခံခ်က္ မ႐ွိတာေၾကာင့္ ေနရပ္မျပန္ၾကေသးတဲ့ စစ္ေဘးဒုကၡသည္ တသိန္းေက်ာ္ေလာက္ ရွိေနေသးတယ္လို႔ စာရင္းေကာက္ယူေနတဲ့ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ား အစည္းအရံုး REC ေျပာခြင့္ရ ကိုေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။

“ျပန္တဲ့သူေတြေတာ့ အနည္းငယ္ရွိပါတယ္။ဒါေပမယ့္ အရမ္းကို နည္းပါးေသးတယ္။ မ်ားေသာအားျဖင့္ေတာ့ မျပန္ႏိုင္ၾကေသးဘူးေပါ့ေနာ္။ မိုးရာသီၿပီးမွပဲ ျပန္မယ္လို႔ ေျပာၾကပါတယ္။ စစ္ေရွာင္ေတြ ေနရပ္ျပန္ဖို႔ ကိစၥမွာ အဓိက စိန္ေခၚမွု နွစ္ခုရွိပါတယ္။ အဲတာကေတာ့ တိုက္ပြဲေတြ ျပန္လည္မျဖစ္လာဖို႔အတြက္ ခိုင္မာတဲ့ အေျခအေန တစ္ခုရွိဖို႔လိုပါတယ္။ ေနာက္တစ္ခုကေတာ့ စစ္ေဘးေရွာင္ေတြရဲ႕ ေက်းရြာေတြနဲ႔ ေက်းရြာအနီးအနား သူတို႔ လုပ္ကိုင္စားေသာက္ၾကတဲ့ေနရာေတြမွာ မိုင္းရွင္းလင္းေရးေတြကို အာမခံခ်က္ တခုရွိေအာင္အထိ လုပ္ေပးဖို႔ လိုပါတယ္။ ဒါမွပဲ သူတို႔ လံုၿခံဳ စိတ္ခ်စြာနဲ႔ ျပန္ႏိုင္ၾကပါလိမ့္မယ္။ က်ေနာ္တို႔ ၿပီးခဲ့တဲ့ လက ေကာက္ယူထားတဲ့ စာရင္းအရေတာ့ တသိန္းနဲ႔ တေသာင္းေလာက္ရွိေနပါေသးတယ္။”

ျပည္နယ္ေကာင္စီနဲ႔ လုူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနတို႔ ပူးေပါင္းၿပီး စစ္ေဘးဒုကၡသည္ေတြ ေနရပ္ျပန္ေရးအတြက္ စီစဥ္ေဆာင္ရြက္ေနတယ္လို႔ အာဏာပိုင္ေတြဘက္ကေျပာ ဆိုထားေပမဲ့ စစ္ေဘးဒုကၡသည္ေတြအေနနဲ႔ စားနပ္ရိကၡာမလံုေလာက္တာေတြ မိုးရာသီအတြက္ အမိုးအကာလံုၿခံဳတဲ့ ေနအိမ္ေတြ ျပန္လည္တည္ေဆာက္ဖို႔ လုိအပ္ေနတာေတြလည္း ရွိေနေသးတယ္လို႔ စစ္ေဘးဒုကၡသည္ေတြက ေျပာေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


...

ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းနိုင်မယ့် အလားအလာ

(Unicode)

ရခိုင်ပြည်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေထဲမှာရှိတဲ့ ပြည်တွင်းဒုက္ခသည် IDP စခန်းတွေ ပိတ်သိမ်းရေးနဲ့ နေရပ်စွန့်ခွာသူတွေ ပြန်လည်နေရာချထားရေးအတွက် ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ပြည်တွင်းဒုက္ခသည် IDP ၁ သိန်းကျော်ရှိနေတဲ့ ရခိုင်ပြည်နယ်တွင်းက ယာယီစခန်းတွေမှာ ခိုလှုံနေရသူတွေ နေရပ်ပြန်နိုင်ဖို့ လက်တွေ့မှာ အခက်အခဲတွေရှိနေဆဲဖြစ်တယ်လို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ပြောပါတယ်။ ဘယ်လိုအခက်အခဲတွေလဲဆိုတာ ရခိုင်ကလာတဲ့သတင်းကို ကိုရန်နိုင်က ပြောပြပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား တိုက်ပွဲတွေ ရပ်ဆိုင်းနေတာ ၇ လနီးပါးရှိနေပေမယ့် စစ်ဘေးဒုက္ခသည် တသိန်းကျော်လောက် ယာယီခိုလှုံရေးစခန်းတွေမှာ အခုချိန်ထိ နေရပ် မပြန်နိုင်ကြသေးပါဘူး။

လုံခြုံရေးအရ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့မှုတွေ ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်က ကျေးရွာတချို့ မှာ စစ်ဘေးဒုက္ခသည်တွေအတွက် နေအိမ်တွေ ဆောက်ပေးနေတာရှိပါတယ်။

လောလောဆယ် ပြည်တွင်းဒုက္ခသည် IDP တွေအတွက် ရခိုင်ပြည်နယ်မှာ ကူညီပေးနေတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဗွီအိုအေကို ခုလိုပြောပါတယ်။

“မြောက်ဦးနားမှာရှိတဲ့ လက်ကာတို့ ဘာတို့က အိမ်ဆောက်တယ်။ ပြန်မယ်။ နောက်ပြီး တော့ ကားလမ်းဘေးတွေမှာ ရှိတဲ့ အမ်းမြို့နယ်ထဲက တချို့ပြန်တယ်။ သူတို့ပြန်တဲ့အခါ သူတို့တောင်းဆိုချက်အရ အိမ်ထောင်စုတစ်ခုကို ငွေငါးသိန်းစီထောက်ပံ့တာတွေရှိတယ်လေ။ အမ်းမြို့နယ်မှာ ပြန်တာရှိတယ်။ မင်းပြားမြို့နယ်မှာ ပြန်တာရှိတယ်။ ကျောက်တော်မြို့နယ်ထဲမှာ အဲလို ပြန်ကြတာတွေရှိတယ်။ ဒါပေမယ့် စခန်းဘယ်လောက်မှာ ဘယ်ရွာတွေ ပြန်တယ်ဆိုတာတော့ အတိအကျ ကျနော်အကုန်လုံးတော့ မပြောနိုင်ဘူးခင်ဗျာ။”

စစ်ဘေးဒုက္ခသည်တွေအနေနဲ့ မိမိနေရပ်ကို ပြန်ချင်ကြပေမယ့်လည်း သူတို့နေရပ်မှာ နေအိမ်တွေ မရှိတော့တာ၊ စစ်ကျန်လက်နက်တွေနဲ့ မြေမြုပ်မိုင်းတွေ မရှင်းရသေးတာကြောင့် လုံခြုံရေးစိုးရိမ်မှုတွေ ရှိနေကြတယ်လို့ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကပြောပါတယ်။

"နေရပ်မပြန်နိုင်သေးတာတွေလည်းရှိပါတယ်။ ခုနားကမေးတဲ့ထဲမှာလည်း ပါသွားတယ် ပေါ့ နော်။ အဓိကတော့ မိုင်းပေါ့နော်။ မိုင်းကို တပ်က ရှင်းလင်းပေးရမယ့် အပိုင်းတွေ ရှိသေး တာ တွေရှိတယ်။ စိတ်မချရတဲ့ နေရာတွေကို တပ်က clear ဖြစ်တယ်လို့ ပြောမှ ကျနော်တို့က ပြန်နေရာချထားမှာဖြစ်ပါတယ်။ အဲလို နေရာတွေမှာ ရှိနေတဲ့ စစ်ဘေး ရှောင် တွေကို အရင်ပုံ မှန်အတိုင်းပဲ ထောက်ပံ့မှုတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။"

သူတို့စွန့်ခွာခဲ့ကြရတဲ့ နေရပ်ဒေသတွေမှာ လုံခြုံရေး အာမခံချက် မရှိတာကြောင့် နေရပ်မပြန်ကြသေးတဲ့ စစ်ဘေးဒုက္ခသည် တသိန်းကျော်လောက် ရှိနေသေးတယ်လို့ စာရင်းကောက်ယူနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC ပြောခွင့်ရ ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“ပြန်တဲ့သူတွေတော့ အနည်းငယ်ရှိပါတယ်။ဒါပေမယ့် အရမ်းကို နည်းပါးသေးတယ်။ များသောအားဖြင့်တော့ မပြန်နိုင်ကြသေးဘူးပေါ့နော်။ မိုးရာသီပြီးမှပဲ ပြန်မယ်လို့ ပြောကြပါတယ်။ စစ်ရှောင်တွေ နေရပ်ပြန်ဖို့ ကိစ္စမှာ အဓိက စိန်ခေါ်မှု နှစ်ခုရှိပါတယ်။ အဲတာကတော့ တိုက်ပွဲတွေ ပြန်လည်မဖြစ်လာဖို့အတွက် ခိုင်မာတဲ့ အခြေအနေ တစ်ခုရှိဖို့လိုပါတယ်။ နောက်တစ်ခုကတော့ စစ်ဘေးရှောင်တွေရဲ့ ကျေးရွာတွေနဲ့ ကျေးရွာအနီးအနား သူတို့ လုပ်ကိုင်စားသောက်ကြတဲ့နေရာတွေမှာ မိုင်းရှင်းလင်းရေးတွေကို အာမခံချက် တခုရှိအောင်အထိ လုပ်ပေးဖို့ လိုပါတယ်။ ဒါမှပဲ သူတို့ လုံခြုံ စိတ်ချစွာနဲ့ ပြန်နိုင်ကြပါလိမ့်မယ်။ ကျနော်တို့ ပြီးခဲ့တဲ့ လက ကောက်ယူထားတဲ့ စာရင်းအရတော့ တသိန်းနဲ့ တသောင်းလောက်ရှိနေပါသေးတယ်။”

ပြည်နယ်ကောင်စီနဲ့ လုူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ အာဏာပိုင်တွေဘက်ကပြော ဆိုထားပေမဲ့ စစ်ဘေးဒုက္ခသည်တွေအနေနဲ့ စားနပ်ရိက္ခာမလုံလောက်တာတွေ မိုးရာသီအတွက် အမိုးအကာလုံခြုံတဲ့ နေအိမ်တွေ ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေတာတွေလည်း ရှိနေသေးတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG